သရေရလာဒ်
Vol. 3 Ch. 227
ဝမ်းတ၏လက်ဝါးချက်မှာ အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေကာ ရွှမ်းမင်ကိုယ်တော်၏သိုင်းကွက်များမှာမူ ရွှေရောင်ဖျော့ဖျော့လင်းလက်လျက်ရှိသည် ။
ရွှမ်းမင်ကိုယ်တော်၏ ဗုဒ္ဓလက်ဝါးသိုင်းပညာမှာ ရှောင်လင်မှလွန်စွာသန့်စင်သည့် သိုင်းပညာတစ်ရပ်ဖြစ်ကာ လေ့ကျင့်ရလွန်စွာခက်ခဲသလိုအောင်မြင်လျှင်လည်း လွန်စွာအစွမ်းထက်သည် ။
ဗုဒ္ဓလက်ဝါးသိုင်းမှာ ခုခံမှုအသားပေးကျင့်စဉ်တစ်ခုဖြစ်သည့်အပြင် ရွှမ်းမင်ကိုယ်တော်၏ တည်ငြိမ်သည့်စိတ်ဓာတ်နှင့်လိုက်ဖက်လှသည် ။
ထို့ကြောင့်လည်း ရှေးဟောင်းအနက်ရောင်သိုင်းပညာတစ်ရပ်ဖြစ်သည့် ဝမ်းတ၏မိစ္ဆာအမှောင်လက်ဝါးသိုင်းကို လက်ရည်တူယှဉ်ပြိုင်နိုင်ခြင်းဖြစ်ပေသည် ။
တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ သူတို့၏တိုက်ကွက်များပို၍ပြင်းထန်လာကာ ကြည့်ရှုနေကြသူများမှာ အံဩမဆုံးရှိကြသည်။
တိုက်ခိုက်နေကြသူနှစ်ယောက်၏အတွင်းအားများမှာ မကုန်ခမ်းနိုင်ဟုပင်တွေးလိုက်မိကြကာ အချိန်ကြာမြင့်စွာတိုက်ခိုက်နေသော်လည်း တစ်ဆထက်တစ်ဆပို၍ပြင်းထန်လာသည် ။
အမှန်မှာ ဝမ်းတ၏ခန္တာကိုယ်ထဲတွင် အတွင်းအားထက်ဝက်သာကျန်တော့သည်။ သို့သော် သူအနည်းငယ် အားပျော့သွားသည်နှင့် တစ်ဖက်လူမှအနိုင်ယူသွားမည်ဖြစ်သည့်အတွက် ပြင်းထန်စွာတိုက်ခိုက်နေရခြင်းဖြစ်သည်။
ဝမ်းတလည်း တိုက်ခိုက်နေရင်း သူ၏မျက်နှာပို၍တည်ငြိမ်လာကာ စိတ်ထဲတွင်လည်း သက်ပြင်းတစ်ချက်ချ၍ ပေါ့ပါးစွာလှည့်ပတ်တိုက်ခိုက်နေခြင်းအားရပ်တန့်ကာ ရွှမ်းမင်ကိုယ်တော်ဆီသို့ တရှိန်ထိုး တိုးဝင်သွားသည် ။
တစ်ဆက်တည်း သူ၏ညာလက်ဝါးကိုရင်ဘက်ရှေ့တွင်ကပ်ကာ ခန္တာကိုယ်ထဲမှအတွင်းအားများကို စုစည်းလိုက်သည်။
ဝမ်းတမှ ထိုသိုင်းကွက်ကိုယခုအချိန်တွင် အသူံမပြုလိုသေးဘဲ အကွက်ကောင်းရောက်မှလျှပ်တပြတ်အသုံးပြုလိုခြင်းဖြစ်သည် ။
သို့သော် ရွှမ်းမင်ကိုယ်တော်၏ခံစစ်မှာ သူထင်ထားသည်ထက်များစွာပို၍ကောင်းမွန်နေကာ ယခုအချိန်အထိ တစ်ချက်မှပင်ဒဏ်ရာရအောင်မတိုက်နိုင်သေးပေ။
ထို့ကြောင့်ပင် သူ၏အစွမ်းအထက်ဆုံးသိုင်းကွက်ဖြစ်သည့် အမှောင်အထိအတွေ့ကို အသုံးပြုရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည် ။
အမှောင်အထိအတွေ့သိုင်းကွက်
ထိုသိုင်းကွက်မှာ ခန္တာကိုယ်ထဲမှအတွင်းအားများကို လက်ဝါးတွင်စုဆုံစေကာ တစ်ဖက်လူကို အတွင်းဒဏ်ရာအကြီးအကျယ်ရစေသည့်သိုင်းကွက်ဖြစ်စေ ။
အတွင်းဒဏ်ရာထက်ပို၍ကြောင်မက်ဖွယ်ကောင်းသည်ကား ထိုသိုင်းကွက်ဖြင့်ခန္တာကိုယ်တစ်နေရာရာသို့ထိမိသည်နှင့် ဖျက်ဆီးအားကောင်းသည့် ဆန်းကြယ်သော အမှောင်အတွင်းအားများမှာ တစ်ဖက်လူ၏ခန္တာကိုယ်အတွင်းတိုးဝင်သွားမည်ဖြစ်သည် ။
ထိုအချက်မှာ အမှောင်မထိအတွေ့သိုင်းကွက်၏ မြုပ်ကွက်ဖြစ်ကာ အတွင်းအားလွန်စွာကောင်းသည့်ရှောင်ကျန်းမင်လိုလူမျိုးပင် မခုခံနိုင်ဘဲ ဒုက္ခိတဖြစ်သွားရသည်။
အကယ်၍ သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးဦးသာဆိုပါက ထိုသိုင်းကွက်ဖြင့်တိုက်ခိုက်ခံရသည်နှင့် အမှောင်အတွင်းအားများ၏ နှောင့်ယှက်ဖျက်စီးမှုကြောင့် ကိုယ်တွင်းအစိတ်အပိုင်းများပျက်စီးကာ ချက်ခြင်းသေဆုံးသွားနိုင်သည် ။
ဝမ်းတလည်း ထိုသိုင်းကွက်ကိုထုတ်သုံးလိုက်ခြင်းဖြစ်ကာ အခွင့်ကောင်းမရသော်လည်း ရွှမ်းမင်ကိုယ်တော်မှ ထိတ်တိုက်ရင်ဆိုင်ပါက အမှောင်အတွင်းအားများ၏ ဖျက်ဆီးမှုကြောင့် ဆိုးဆိုးရွားရွားခံစားရပေမည် ။
“ လက်ဝါးတစ်ထောင်ဗုဒ္ဓ “
ရွှမ်းမင်ကိုယ်တော်မှ လက်ဝါးနှစ်ဖက်ကိုရိပ်ခနဲလှုပ်ရှားလိုက်ရာ များပြားလှသည့်လက်ဝါးချက်များထွက်ပေါ်လာပြီး ရွှေရောင်လက်ဝါးတစ်ခုအဖြစ်ပေါင်းစုံသွားကာ ဝမ်းတ၏ အနက်ရောင်လက်ဝါးကို ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်လိုက်သည်။
“ ဝုန်း..... “
သူတို့နှစ်ဦးထိတ်တိုက်ရင်ဆိုင်မိသည်မှာ တတိယအကြိမ်ဖြစ်ကာ ပြင်းထန်မှာမှု ယခင်အကြိမ်များထက် နှစ်ဆကျော်ကျော်များပြားလေသည် ။
သူတို့၏လ်ဝါးချင်းထိတ်တိုက်တွေ့ဆုံမှုမှ အတွင်းအားလှိုင်းများမှာ ခပ်ဝေးဝေးသို့ပင်ပျံနှံ့သွားကာာအနည်းငယ်ကွာဝေးသည့်နေရာမှရပ်ကြည့်နေကြသူများပင် ဖိအားတစ်ခုကိုခံစားမိလိုက်ကြသည်။
ရွှမ်းမင်ကိုယ်တော်နှင့်ဝမ်းတတို့သည်လည်း အခြေအနေမကောင်းပေ ။
ရွှမ်းမင်ကိုယ်တော်မှာ နောက်ဘက်သို့ခြေသုံးလှမ်းတိတိဆုတ်ပေးလိုက်ရကာ မျက်နှာအနည်းငယ်ဖြူဖျော့သွားသည် ။
ထို့နောက် ချက်ခြင်းပင် ခြေချိတ်ထိုင်ကာ သူ၏ခန္တာကိုယ်ထဲသို့ တိုးဝင်ဖျက်ဆီးလာသည့်အတွင်းအားလှိုင်းများကို ခုခံတိုက်ခိုက်လိုက်သည်။
ယခုအကြိမ်မှာ ပထမဦးဆုံးအကြိမ်အဖြစ်ရွှမ်းမင်ကိုယ်တော်နောက်ဆုတ်ပေးလိုက်ရခြင်းဖြစ်ကာ သူ၏ပုံစံမှာ အနည်းငယ်ဆိုးရွားနေသည်။
ဝမ်းတမှာ ရွှမ်းမင်ကိုယ်တော်ထက်ပင်ပို၍ဆိုးသေးသည် ။ သူ၏ခန္တာကိုယ်တစ်ခုလုံးနောက်ဘက်သို့လွင့်စင်သွားကာ မြေပြင်နှင့်ပြင်းထန်စွာရိုက်မိသွားသည် ။
ဝမ်းတမှာ လဲကျနေရာမှကြိုးစား၍ထလိုက်သေည်လည်း မဟန်နိုင်ဘဲ သူ၏ပါးစပ်မှသွေးတစ်လုပ်အန်ထုတ်လိုက်ရသည် ။။
ဝမ်းတ၏ပုံမှာ အတွင်းဒဏ်ရာပြင်းထန်စွာရရှိကာ ဆက်လက်တိုက်ခိုက်နိုင်တော့မည့်ပုံမပေါ်ပေ။ ရွှမ်းမင်ကိုယ်တော်နှင့် ထိတ်တိုက်ရက်ဆိုင်ခြင်းမှာ သူတွေးထားသည်ထက် ပို၍ဆိုးရွားပေသည် ။
အမှောင်အထိအတွေ့သိုင်းကွက်ကြောင့်သူ၏အတွင်းအားများလျော့နည်းနေကာ ထိုအချိန်တွင် ကြီးမားလှသည့်အတွင်းအားထုကြီးကြောင့် အတွင်းဒဏ်ရာပြင်းထန်စွာရသွားခြင်းဖြစ်သည် ။
တစ်ခုကောင်းသည်မှာ ရွှမ်းမင်ကိုယ်တော်လည်း ဝမ်းတ၏အမှောင်အတွင်းအားများ ခန္တာကိုယ်အတွင်းတိုးဝင်လာခြင်းကြောင့် ဆက်လက်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
သူတို့၏တိုက်ပွဲမှာ အနိုင်အရှုံးခွဲရခက်ကာ နှစ်ဦးနှစ်ဖက် ဒဏ်ရာအသီးသီးရနေကြသည်ဟုဆိုရပေမည် ။
“ အော့မီတောဖု ဒကာကြီး ဒီတစ်ပွဲကိုတော့ သရေပွဲပဲထားတာပေါ့ “
ရှောင်လင်ဒုကိယကျောင်းထိုင်ရွှမ်းချန်ကဆရာတော်မှ လက်အုပ်ချီ၍ပြောလိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်မှ ရွှမ်းချန်ဆရာတော်၏စကားကိုသဘောတူဟန်ဖြင့် စကားတစ်ခွန်းမှမဆိုပေ။
ထို့နောက် လက်ကိုဝေ့ယမ်းလိုက်ရာ ပြန်လည်အားအင်ဖြည့်နေသည့်ဝမ်းတုမှာ ရှေ့သို့ထွက်လာကာ သူ၏ဆရာတူညီကို သယ်၍လျှင်မြန်စွာနောက်ဆုတ်သွားသည်။
ကြည့်ရှုနေကြသူများထိတ်လန့်သွားသည့်အချက်မှာ စန်းဟုန်းလျန်၏ဓားချက်ကြောင့် ဘယ်ဘက်ပခုံးကိုထုတ်ချင်းပေါက်ခဲ့ရသည့် ဝမ်းတ၏ဒဏ်ရာမှာ ဒဏ်ရာရှိနေသေးသော်လည်း သွေးတစ်စက်မှမထွက်တော့ဘဲ သာမန်ဒဏ်ရာအသေးအမွှားကဲ့သို့ဖြစ်နေသည် ။
ထိုသို့လျှင်မြန်စွာပြန်လည်ကုသနိုင်စွမ်းမှာ သိုင်းလောကထဲရှိသမားတော်များပင်လက်ဖျားခါနိုင်ပေသည်။
သို့သော် ဝမ်းတု၏ဒဏ်ရာလျှင်မြန်စွာသက်သာခြင်းမှာ ရှားပါးလှသည့်သွေးတိတ်ဆေးကြောင့်ဖြစ်သည်ကိုတော့ သူတို့မသိကြပေ။
ရွှမ်းမင်ကိုယ်တော်ကိုလည်း ရှောင်လင်ဂိုဏ်းသားများမှ ပြန်၍သယ်ဆောင်သွားပြီဖြစ်သည်။
ပြီးခဲ့သည့်တိုက်ပွဲများမှာ နည်းပါးလှသော်လည်းသိုင်းလောကသားများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏အစွမ်းထက်မှုကိုကောင်းစွာသိလိုက်ကြသည် ။
သိုင်းဝိဇ္ဇာအဆင့်များဟုကျော်ကြားနေသည့် ဘုရင်ငါးပါးရောက်မလာဘဲ ၊ ဂိုဏ်းချုပ်နှင်းငွေ့မိစ္ဆာသခင်သည်လည်း မလှုပ်ရှားသေးသော်လည်း အာဏာရှင်နှစ်ယောက်ဟု ကျော်ကြသည့် ဝမ်းတုနှင့်ဝမ်းတတို့၏သိုင်းပညာမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့နှစ်ယောက်အနက်တစ်ယောက်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းဝင်တစ်ယောက်ကို ပြက်ပြက်သားသားအနိုင်ယူပြကာ ကျန်တစ်ယောက်မှာ ပျောက်ဆုံးနေသည့် သိုင်းထိပ်သီးနံပါတ်တစ်မှအပ လူငယ်မျိုးဆက်အနက် အစွမ်းအထက်ဆုံးဟုပြော၍ရမည့် ရှောင်လင်မှဗုဒ္ဓလက်ဝါးကိုယ်တော်ကို သရေတိုက်ပြထားသည်။
သိုင်းထိပ်သီးဆယ်ယောက်မှ နံပါတ်တစ်ဖြစ်သူ အဖြူရောင်သွေးမိစ္ဆာမှာ လွန်ခဲ့သည့်နှစ်နှစ်ထဲကပျောက်ဆုံးနေခြင်းဖြစ်ကာ သူ၏မျက်နှာကိုမြင်ဖူးသူလည်းနည်းပါးလှသည် ။
ထို့ကြောင့်ပင် သိုင်းထိပ်သီးဆယ်ယောက်ထဲကမှလူငယ်မျိုးဆက်တွင် ရွှမ်းမင်ကိုယ်တော်မှာ အစွမ်းအထက်ဆုံးဟုဆိုရပေမည်။
ထိုအချိန်တွင် တစ်စုံတစ်ခုဖြစ်ပျက်တော့မည်ကဲ့သို့ သိုင်းလောကသားများမှာ တိတ်ကျသွားကာာသူတို့၏အာရုံများမှာ အေးဆေးသည့်ဟန်ပန်ဖြင့်ရှိနေသည့် မျက်နှာဖုံးစွပ်ပုဂ္ဂိုလ်ပေါ်သို့ ကျရောက်နေကြသည် ။
“ ကစားတာတွေတော်လောက်ပြီ ။ကျုပ်တို့ တိုက်ခိုက်ကြတာပေါ့ “
နှင်းငွေ့မိစ္ဆာသခင်မှ တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်ကာ သူ၏လေသံမှာ များစွာမကျယ်သော်လည်း လူအများ၏နားထဲတွင် ပီသစွာကြားနေရသည်။
‘ ကစားနေခြင်းလော ‘
ဤမျှပြင်းထန်လှသည့်တိုက်ပွဲများမှာ နှင်းငွေ့မိစ္ဆာသခင်၏မျက်စေ့ထဲတွင်ကစားနေခြင်းဖြစ်သည်ဟုဆိုထားသည် ။
ဤသို့ဆိုလျှင် နှင်းငွေ့မိစ္ဆာသခင်၏ပညာမှာမည်သည့်အဆင့်တိုင်အောင် ရောက်နေမည်နည်း။
သူတို့အားလုံး အတွေးကိုယ်စီဖြင့် ရှုပ်ထွေးနေကြစဉ် နှင်းငွေ့မိစ္ဆာသခင်မှ မြေကွက်လပ်သို့ဖြေးညင်းစွာတက်လာကာ အဖြူအနက်သိုင်းလောကသားများနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှလူများကို အထက်စီးဆန်သည့်အကြည့်ဖြင်ကြည့်လိုက်သည်။
ထို့နောက် ဂိုဏ်းကြီးငါးဂိုဏ်းအားဦးတည်၍ပြောလိုက်သည် ။
“ ကျူပ်တို့ဖိတ်စာပို့ထားသလိုပဲ အလယ်ပိုင်းသိုင်းလောကထဲရဲ့ အဖြူအနက်နှိုင်းယှဉ်ပွဲကို စကြတာပေါ့ “