← Chapters

မှင်တက်သွားခြင်း

Vol. 182 Ch. 2718

မှင်တက်သွားခြင်း

Vol. 182 Ch. 2718

“ဂါး…”

လေဟာနယ်ယက္ခမှာ ပြင်းထန်ကြမ်းတမ်းသော အမူအရာတစ်ခု ရှိနေ၏။ သူသည် ခါးသက်စိမ့်စမ်းရေနှင့် သိုင်းတာအိုငရဲခန်းကြောင့် ဒဏ်ရာရရှိထားလျှင်တောင် သူက သိုင်းတာအိုပင်မခန္ဓာကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ကာ မာန်ဖီဟိန်းဟောက်နေဆဲဖြစ်၏။

“မင်း ငါ့ကို အညံ့ခံစေချင်တယ်ဆိုရင် အဲဒီ ခါးသက်စိမ့်စမ်းရေကို မသုံးနဲ့”

လေဟာနယ်ယက္ခက အံကိုကြိတ်ကာ ခပ်စူးစူးအော်ပြောလိုက်၏။

“မင်းမှာ သတ္တိရှိတယ်ဆိုရင် ဒီမီးတောက်အတားအဆီးကို ဖယ်ပြီး ငါနဲ့ ပေါ်ပေါ်ထင်ထင်တိုက်ခိုက်လိုက်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ အတွေးတစ်ချက်နှင့်အတူ သိုင်းတာအိုငရဲခန်းက ချက်ချင်းပင် ပျက်ပြယ်သွား၏။

“ဟမ်”

ဤတစ်ခေါက်မှာ လေဟာနယ်ယက္ခက မှင်တက်သွား၏။

သူသည် မည်သည့်ထွက်ပေါက်မှ မရှိတော့သည့်အတွက် ထိုစကားကို သာမန်ကာလျှံကာ ပြောလိုက်ခြင်းမျှသာဖြစ်၏။ ယခု ဤလူသားသည် ဘေးပတ်လည်မှာရှိသော မီးတောက်များကို တကယ်ပင် ဖယ်ရှားပေးလိုက်လေသည်။

သူ၏ ပင်ကိုနတ်ဘုရားစွမ်းအားအရ သူက ထွက်ပြေးလွတ်မြောက်ချင်သည်ဆိုလျှင် ဤလူသားက သူ့ကို သေချာပေါက် ဖမ်းဆီးနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ဤလူက ဤမျှအထိ ပမာမခန့် မောက်မာပြနေခြင်းသည် သူ့ကို ဒီအတိုင်းထွက်သွားရမှာကို အရှက်ရစေ၏။

သူသည် ယက္ခမျိုးနွယ်၏ ဘုရင်ပညာရှင်တစ်ဦး၊ လေဟာနယ်ယက္ခ ဖြစ်လေသည်။

သူ့လိုမျိုး လေဟာနယ်ယက္ခတစ်ကောင်က လူသားတစ်ယောက်နှင့် ရင်ဆိုင်ရချိန်မှာ လှည့်ထွက်ပြေးမည်ဆိုလျှင် အဲဒါသည် သူ့အတွက် အကြီးမားဆုံး အရှက်ရစရာ ဖြစ်လာပေလိမ့်မည်။

“ရူးမိုက်တဲ့ လူသား…. မင်းတို့ လူသားမျိုးနွယ်နဲ့ ငါတို့ယက္ခမျိုးနွယ်ကြားက ကွာဟချက်က ဘာလဲဆိုတာ ဒီနေ့ မင်းကို ငါပြပေးမယ်”

လေဟာနယ်ယက္ခက သူ၏ လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး မကောင်းဆိုးဝါးဆန်ဆန် သွားဖြီးပြလိုက်၏။

“မင်းက မင်းရဲ့ ရူးမိုက်မှုအတွက် အကြီးမားဆုံးတန်ဖိုးကို ပေးဆပ်ရတော့မယ်”

လေဟာနယ်ယက္ခ၏ ထင်မြင်ချက်အရ သိုင်းတာအိုပင်မခန္ဓာသည် ဤမျှအထိ မောက်မာနေခြင်းမှာ ထိုသူသည် သူ၏ ရန်စလိုက်သောစကားမှာ ကျဆင်းသွားသောကြောင့် ဖြစ်ရပေမည်။

သူ၏ ပကတိကောင်းကင်လိုဏ်ဂူသည် ကြေမွသွားခဲ့ပြီဖြစ်ပြီး ဤလူကလည်း မီးတောက်အဟန့်အတားကို အသုံးမပြုတော့ပေ။ သူက သူ၏ အကြီးမားဆုံး လှုပ်ရှားကွက်ကို စွန့်လွှတ်လိုက်ခြင်းနှင့် တူလေသည်။

ကောင်းကင်လိုဏ်ဂူ၏ ထောက်ပံ့မှုမရှိဘဲ အရာရာတိုင်းသည် သူတို့၏ ကိုယ်ကာယ၊ မျိုးဆက်သွေး နတ်ဘုရားစွမ်းအားနှင့် လျှို့ဝှက်အတတ်တို့အပေါ် မူတည်လာပေလိမ့်မည်။

သူသည် ထိုအချိုးအစားတိုင်းမှာ အသာစီးရရှိနိုင်၏။

“တစ္ဆေတစ်ရာ ညဘက်ဟန်ရေးပြ”

လေဟာနယ်ယက္ခက ထူးဆန်းသော ဓမ္မပညာရပ်တစ်ခုကို လက်နှစ်ဖက်ဖြင့် ဆင့်ခေါ်ပြီး သူ၏ ပုံရိပ်က ယိမ်းထိုးသွားလေသည်။

သူ၏ ခန္ဓာကိုယ် ယိမ်းထိုးသွားစဉ် တစ္ဆေသရဲဆန်ဆန် အရိပ်တစ်ရာကျော်က သူ၏ ခန္ဓာကိုယ်ကနေ ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပြေးဝင်လာ၏။

တစ္ဆေများသည် လေဟာနယ်ယက္ခနှင့် အတိအကျတူညီနေပြီး တစ္ဆေသရဲဆန်ဆန် အော်ရာများဖြင့် ပြည့်နှက်နေ၏။ သူတို့၏ မျက်နှာများက ရုပ်ဆိုးအကျည်းတန်ပြီး သူတို့ကို ခွဲခြားဖို့က ခက်ခဲလေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ သူ၏ မျက်လုံးနှစ်ဖက်က ခရမ်းရောင်မီးတောက်နှစ်ခုဖြင့် တောက်လောင်လာခဲ့၏။ မီးတောက်များ၏ အလင်းရောင်အောက်မှာ တစ္ဆေသရဲဆန်ဆန် အရိပ်တစ်ရာကျော်ကျော်က ထွင်းဖောက်မတတ် ကြည်လင်၍ ဝေဝါးလာခဲ့၏။

သူ့မျက်လုံးထဲရှိ ခရမ်းရောင်မီးတောက်များ၏ အလင်းရောင်အောက်မှာ ပုံရိပ်တစ်ခုကသာလျှင် အစစ်အမှန်ပုံစံအတိုင်း ကျန်ရစ်ခဲ့လေသည်။

ထိုအရာသည် လေဟာနယ်ယက္ခ၏ အစစ်အမှန်ခန္ဓာဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးထဲရှိ မီးတောက်လုံးနှစ်လုံးက ထူးခြားဆန်းကြယ်ပြီး အချိန်တိုအတွင်းမှာ နတ်ဘုရားစွမ်းအားများအားလုံးကို အရည်ဖျော်ချ၍ လျှို့ဝှက်အတတ်များနှင့် သုတ္တန်များကို အစိတ်စိတ်အမွှာမွှာ ဖြိုခွဲနိုင်လေသည်။

ဂမ္ဘီရမိုးကောင်းကင်နန်းတော်မှာတုန်းက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သိုင်းတာအိုပင်မခန္ဓာ၏ ခရမ်းရောင်မီးတောက်များအပေါ် မှီခိုပြီး လင်းလုံချောင်ပိတ်ကွက်များထဲမှ အဋ္ဌမမြောက်ချောင်ပိတ်ကွက်ကို ဖြေရှင်းနိုင်ခဲ့၏။

လေဟာနယ်ယက္ခ၏ လျှို့ဝှက်အတတ် တစ္ဆေတစ်ရာ ညဘက်ဟန်ရေးပြသည် တကယ်ပင် စွမ်းအားကြီးမားလေသည်။ အကောင်းဆုံးပုံရိပ်ယောင်နည်းစနစ်နှင့် အကောင်းဆုံးကိုယ်ပွားနည်းစနစ်ကို ပေါင်းစပ်ထားပြီး ၎င်းသည် လောကရှိ လူတိုင်းကို လှည့်စားနိုင်လေသည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ခရမ်းရောင်မီးတောက်များအောက်မှာ သူ၏ အစစ်အမှန်ပုံစံက ချက်ချင်းပင် ထွက်ပေါ်လာရ၏။

တစ္ဆေတစ်ရာက မတူညီသော ဦးတည်ဘက်များခွဲ၍ သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်လာကြ၏။ မကောင်းဆိုးဝါးဆန်ဆန် လေလှိုင်းများက သူ၏ မျက်နှာကို ရိုက်ခတ်ပြီး အရာရာတိုင်းကို ထိုးဖောက်ကာ သိုင်းတာအိုပင်မခန္ဓာ၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်ချင်နေ၏။

“ငါသိပြီ”

သိုင်းတာအိုပင်မခန္ဓာက သူ့ဘာသာသူ ခေါင်းညိတ်လိုက်၏။

တစ္ဆေတစ်ရာ ညဘက်ဟန်ရေးပြသည် ပုံရိပ်ယောင်နည်းစနစ်နှင့် ကိုယ်ပွားနည်းစနစ်ကို ပေါင်းစည်းထားခြင်းမျှသာ မဟုတ်ပေ။ အဲဒါသည် သူ့အစစ်အမှန်ခန္ဓာ၏ လမ်းကြောင်းကို ဖုံးကွယ်ထားရုံမျှသာ မဟုတ်ပေ။

တစ္ဆေတစ်ရာမှာ အေးစက်တစ္ဆေချီ၏ ကြီးမားသော ပမာဏတစ်ခုလည်း ပါဝင်နေ၏။

ကျင့်ကြံသူများသည် တစ္ဆေပုံရိပ်ယောင်များကို လျစ်လျူရှုပြီး ဆင့်သက်ခွင့်ပေးကာ တစ္ဆေချီက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင် သူတို့၏ မျိုးဆက်သွေးက တစ္ဆေချီဖြင့် ချဉ်းနင်းဝင်ရောက်ခံရပြီး သူတို့၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားပေလိမ့်မည်။

အားနည်းသော မျိုးဆက်သွေးနှင့်သူများသည် ဒဏ်ရာအပြင်းအထန်ရရှိခြင်းနှင့် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကိုပင် ဆုံးရှုံးရနိုင်၏။

သို့သော်လည်း လေဟာနယ်ယက္ခ ရင်ဆိုင်နေရသောလူက သိုင်းတာအိုပင်မခန္ဓာဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာ၏ မျိုးဆက်သွေးက အနည်းငယ်သာ လည်ပတ်သွားပြီး ချစ်ချစ်တောက် ပူလောင်သော သွေးချီက သူ့ခန္ဓာကိုယ်၏ ချွေးပေါက်များကနေတစ်ဆင့် တိုးထွက်လာပြီး တစ္ဆေပုံရိပ်များကို လောင်ကျွမ်းပြာချပစ်လိုက်၏။

“မင်းမှာ အစွမ်းအစတချို့ ရှိသားပဲ”

လေဟာနယ်ယက္ခက အော်ဟစ်၍ ရယ်မောလိုက်၏။ သူ၏ အစစ်အမှန်ခန္ဓာက ချဥ်းကပ်လာခဲ့ပြီဖြစ်ပြီး သူ၏ ပြူထွက်နေသော မျက်လုံးများက နီရဲနေ၏။ သူ၏ ခန္ဓာကိုယ်က နောက်တစ်ဖန် ယိမ်းထိုးသွားပြီး သူက အော်ပြောလိုက်၏။

“အမွှာတစ္ဆေ တံခါးရိုက်ခြင်း”

လေဟာနယ်ယက္ခက ယိမ်းထိုးသွားစဉ် ထက်ရှသောလက်သည်းများဖြင့် ပြည့်နှက်နေသည့် တစ္ဆေသရဲလက်များနှင့်အတူ မြင့်မား၍ တုတ်ခိုင်သော ပုံရိပ်နှစ်ခုက ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမိုကို ဖမ်းဆွဲလာခဲ့လေသည်။

ဤတစ်ခေါက်မှာ ထိုအရာသည် ပုံရိပ်ယောင်တစ်ခု မဟုတ်သလို ထင်ယောင်ထင်မှားတစ်ခုလည်း မဟုတ်ပေ။

အဲဒါက အစစ်အမှန်ကိုယ်ပွားတစ်ခုဖြစ်၏။

လေဟာနယ်ယက္ခနှစ်ဦးက တစ်ချိန်ထဲမှာ ပေါ်ထွက်လာပြီး မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားသော အော်ရာများကို ထုတ်ဖော်လိုက်ကြ၏။ သူတို့၏ ခွန်အားက ကြောက်စရာကောင်းပြီး သူတို့သည် တစ္ဆေနှစ်ကောင်၏ တိုက်ခိုက်ရည်စွမ်းအားကို ထုတ်ဖော်ပြသလိုက်၏။

တစ္ဆေတစ်ရာ ညဘက်ဟန်ရေးပြဖြစ်စေ၊ အမွှာတစ္ဆေ တံခါးရိုက်ခြင်းဖြစ်စေ၊ သူတို့သည် လေဟာနယ်ယက္ခမျိုးနွယ်၏ သန်မာသော သတ်ဖြတ်ကွက်များ ဖြစ်လေသည်။

ကျင့်ကြံမှုနယ်ပယ်တူမှာ ထိုသတ်ဖြတ်ကွက်နှစ်ကွက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့်သက်ရှိ များစွာမရှိပေ။

မျိုးနွယ်စုတစ်သောင်းကြားမှာ နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်ကဲ့သို့ စွမ်းအားကြီးမားသော မျိုးနွယ်များပင်လျှင် ယက္ခမျိုးနွယ်၏ ထိုသတ်ဖြတ်ကွက်နှစ်ကွက်ကို ရှောင်တိမ်းရပေလိမ့်မည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာကတော့ မှင်သေသေဖြင့်ရှိနေသည်။ သူက ရှောင်တိမ်းခြင်းမရှိသလို၊ နတ်ဘုရားစွမ်းအား သို့မဟုတ် လျှို့ဝှက်အတတ်များကိုလည်း အသုံးပြုခြင်းမရှိပေ။ တစ္ဆေနှစ်ကောင်က ရောက်ရှိလာပြီး လက်မအနည်းငယ်ပင် ကွာဝေးတော့သည့်အချိန်မှာ ရုတ်တရက် သူ၏ လက်ကို ရုတ်တရက် မြှောက်ပြီး နှစ်ကြိမ် ပစ်ထိုးလိုက်၏။

လေဟာနယ်ယက္ခ၏ အမူအရာက တုန်လှုပ်စွာဖြင့် ပြောင်းလဲသွား၏။

သူ့မျက်လုံးထဲမှာ ထိုလူက သေလူတစ်ယောက်ဖြစ်နေခဲ့လေပြီ။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက တိုက်ခိုက်လိုက်ပြီးနောက် အဲဒါသည် လောကရှိ အရာရာတိုင်းကို ခြေမွှဖျက်ဆီးပစ်နိုင်သည့်အလား လေဟာနယ်ယက္ခ၏ မြင်ကွင်းထဲတွင် ပူပြင်းတောက်လောင်နေသော ဧရာမလက်သီးတစ်ဖက်သာလျှင် ကျန်ခဲ့လေသည်။

ဤကဲ့သို့သော စွမ်းအားကို ခုခံနိုင်သည့် မည်သည့်အသက်၊ မည်သည့်စွမ်းအား၊ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်ကိုယ်ကာယနှင့် မည်သည့်မျိုးဆက်သွေးမှ မရှိပေ။

မနှိုင်းယှဉ်သာအောင် ချောက်ချားစရာကောင်းသော စွမ်းအားတစ်ခုက တလိပ်လိပ်တိုးဝင်လာပြီး လေဟာနယ်ယက္ခက မွန်းကျပ်ဖွယ်ရာ ခံစားလာရ၏။

သူသည် ကျင့်ကြံမှုနယ်ပယ်တူမှ သက်ရှိများကြားတွင် ဤကဲ့သို့သော စွမ်းအားကို ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

စွမ်းအားကြီးမားသော ကိုယ်ကာယများနှင့် မျိုးဆက်သွေးများကို ပိုင်ဆိုင်ထားသည့် နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်တို့ပင်လျှင် ဤကဲ့သို့သော စွမ်းအားကို သေချာပေါက် မထုတ်ဖော်နိုင်ကြပေ။

လေဟာနယ်ယက္ခက သူ၏ လက်နှစ်ဖက်ကို အလောတကြီးဆင့်ထပ်ပြီး သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကို ပိတ်ဆို့တားဆီးလို၏။

ဘန်း… ဘန်း…

အဲဒီမှာ မသဲမကွဲအသံနှစ်သံ ထွက်ပေါ်လာ၏။

လေဟာနယ်ယက္ခက ရှေ့သို့ အလွန်တရာ လျင်မြန်စွာ ပြေးဝင်လာသော်လည်း ပို၍ပင်မြန်ဆန်စွာ နောက်ပြန်လန်ကျသွား၏။

ယခုတွင် သူစုဖွဲ့ထားသော ကိုယ်ပွားက သိုင်းတာအိုပင်မခန္ဓာထံမှာ ထိုးချက်တစ်ချက်ဖြင့် ကြေမွပျက်စီးသွားပြီး သူ၏ အစစ်အမှန်ခန္ဓာကလည်း လွင့်စင်ထွက်သွား၏။ သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ကျပြီး ကြီးမားသော တွင်းချိုင့်တစ်ခု ဖြစ်ပေါ်သွားစေ၏။

သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ထက်ကနေ ရိပ်ခနဲ ဆင်းသက်လာ၏။

ကြီးမားသော တွင်းချိုင့်ထဲမှာ လေဟာနယ်ယက္ခက သူ၏ လက်နှစ်ဖက်မှ နာကျင်မှုကို တောင့်ခံရင်း ဒေါသချောင်းချောင်းထွက်နေ၏။ သို့သော်လည်း သူသည် အညံ့မခံဘဲ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ကာ ထပ်မံ၍ တိုက်ခိုက်လိုလေသည်။

သူ၏ မျိုးဆက်သွေးနယ်မြေက မြင့်မားသော ပုံရိပ်ယောင်တစ်ခုဖြစ်၏။

သို့သော်လည်း ထိုပုံရိပ်ယောင် ထွက်ပေါ်လာသည့် ခဏမှာပင် ၎င်းသည် ကောင်းကင်ထက်ကနေ ဆင်းသက်လာသော ပူပြင်းတောက်လောင်နီရဲသည့် မီးဖိုတစ်လုံးဖြင့် ဖိနှိမ်ခံရပြီး ဒေါသူပုန်ထနေသော မီးတောက်များက လျှံထွက်လာ၏။

အသက်ရှုချိန်၏ အနည်းငယ်မှာ အဲဒါက လောင်ကျွမ်းပြာကျသွား၏။

သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က ပြန်လည်ပေါ်ထွက်လာပြီး တွင်းချိုင့်ထဲသို့ ဆင်းသက်ကာ လေဟာနယ်ယက္ခ၏ ရင်ဘတ်ကို တက်နင်းလိုက်လေသည်။

သိပ်သည်းပြင်းထန်ကြီးမားသော အင်အားတစ်ရပ်က လေဟာနယ်ယက္ခအပေါ်သို့ ဖိခြေကျဆင်းလာ၏။

လေဟာနယ်ယက္ခသည် လုံးဝပြန်မလှန်နိုင်ဘဲ အဆက်မပြတ် ရုန်းကန်နေရသည်။ သူက သူ၏ သွားစွယ်များကို ဖြဲပြီး သိုင်းတာအိုပင်မခန္ဓာကို မာန်ဖီဟိန်းဟောက်နေ၏။

သိုင်းတာအိုပင်မခန္ဓာက မှင်သေသေဖြင့်ရှိနေပြီး သူ၏ အကြည့်က အေးစက်နေ၏။ သူက သူ၏ လက်သီးကို မြှောက်ပြီး လေဟာနယ်ယက္ခ၏ ထက်ရှသော သွားစွယ်များကို ပစ်ထိုးချလိုက်၏။

ဖျောက်…

ကြွပ်ဆတ်ဆတ်အသံတစ်သံနှင့်အတူ တွဲဖက်၍ လေဟာနယ်ယက္ခ၏ သွားစွယ်များက သိုင်းတာအိုပင်မခန္ဓာထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားလေသည်။

ထိုထိုးချက်သည် လေဟာနယ်ယက္ခကို မှင်တက်သွားစေရုံသာမက သူ့ကို ကောင်းကောင်းအပိုးကျိုးသွားစေလေသည်။

ချက်ချင်းပင် သူက မာန်ဖီဟိန်းဟောက်နေခြင်းကို ရပ်တန့်ပြီး သည်းထန်စွာ မောဟိုက်ကာ သူ၏ အကြည့်က ကြောက်ရွံ့မှုအဖြစ် ပြောင်းလဲလာ၏။

သူ့ရှေ့မှ လူသားက ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ လေဟာနယ်ယက္ခက နောက်ဆုံး နားလည်သဘောပေါက်လိုက်၏။

ထိုထိုးချက်က သူ၏ သွားများကို မဟုတ်ဘဲ သူ၏ ဦးခေါင်းကို ချိန်ရွယ်ခဲ့မည်ဆိုလျှင် သူ၏ ဦးခေါင်းက ယခုအချိန်မှာ ကြေမွသွားပေလိမ့်မည်။

All Chapters