← Chapters

ငရဲကနေထွက်ခွာခြင်း

Vol. 182 Ch. 2719

ငရဲကနေထွက်ခွာခြင်း

Vol. 182 Ch. 2719

သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်သီးကို လေဟာနယ်ယက္ခ၏ ဦးခေါင်းထက်မှာ မြှောက်ပြီး နောက်တစ်ခါပစ်ထိုးဖို့ အဆင်သင့်ဖြစ်နေ၏။

“မယုတ်... မယုတ်ဘာနဲ့ရှော့”

လေဟာနယ်ယက္ခက သူ၏ လက်ကို အလောတကြီးကာပြီး ဗလုံးဗထွေးလေသံဖြင့် ပြောလိုက်၏။

“ရာ.. ရာ အရှုံး... ဝန်ရှံ.. ဘီ”

“ဟမ့်”

သိုင်းတာအိုပင်မခန္ဓာက မျက်မှောင်အနည်းငယ်ကြုတ်ပြီး သူပြောသည့်စကားကို ကောင်းကောင်းနားမလည်ပေ။ သို့သော်လည်း လေဟာနယ်ယက္ခက အလျှော့ပေးသွားပုံရသည်ကို တွေ့မြင်သောအခါ သူက ရပ်တန့်ပြီး အေးစက်စွာမေးလိုက်၏။

“ကောင်းကောင်းပြောစမ်း”

လေဟာနယ်ယက္ခသည် အနည်းငယ်စိတ်ထိခိုက်ခံစားနေရပြီး ကျိုးနေသောသွားများစွာကို ထွေးထုတ်လိုက်၏။ သူက သွားကျိုးများဖြင့် ပြည့်နှက်နေသည့် သူ၏ ပါးစပ်ကို လက်ညှိုးထိုးပြပြီး ရှင်းပြလိုက်၏။

“အဲချာ အာ့အမှားဘာ… အာ ဝန်ရှံဒယ်… ငါဆာအို စစ်စာတစ်ခု ကျိန်ဆိုပေးမယ်”

သိုင်းတာအိုပင်မခန္ဓာက အဲဒါကို သေသေချာချာ စဉ်းစားတွေးတောပြီးနောက် နားလည်သဘောပေါက်လိုက်၏။

လေဟာနယ်ယက္ခ၏ သွားများက သူ၏ ထိုးချက်ဖြင့် ကြေမွသွားပြီး သူ၏ စကားလုံးများက မသဲမကွဲဖြစ်နေ၏။

သိုင်းတာအိုပင်မခန္ဓာက မတ်တတ်ထရပ်ပြီး သူ၏ ခြေထောက်ကို မြှောက်ပေးလိုက်၏။

လေဟာနယ်ယက္ခက အလောတကြီးကျုံးထပြီး ဘေးမှာ နာခံစွာမတ်တတ်ရပ်ကာ သိုင်းတာအိုပင်မခန္ဓာကို ကြောက်ရွံ့ထိတ်လန့်စွာဖြင့် ကြည့်နေ၏။

သိုင်းတာအိုပင်မခန္ဓာက လေဟာနယ်ယက္ခကို တိတ်တဆိတ်စိုက်ကြည့်နေ၏။

လေဟာနယ်ယက္ခသည် တကယ်ပင် စွမ်းအားကြီးမားလေသည်။ သူသည် စောစောက သူ၏ ထိုးချက်၏ စွမ်းအား ၇၀ရာခိုင်နှုန်းကို အမှန်တကယ်ခုခံနိုင်ခဲ့ပြီး သူ၏ လက်နှစ်ဖက်က ကျိုးသွားခြင်းမရှိပေ။

ဤကဲ့သို့သော ကိုယ်ကာယနှင့် မျိုးဆက်သွေးသည် မျိုးနွယ်စုတစ်သောင်းကြားမှာပင် ထိပ်တန်းအဆင့်မှာရှိလေသည်။

ထိုလျှို့ဝှက်အတတ် ထူးခြားအံ့မခန်းနှင့်အတူ သူသည် နဂါးမျိုးနွယ်နှင့် နတ်ဘုရားမျိုးနွယ်၏ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများထက် မနိမ့်ကျပေ။

သိုင်းတာအိုပင်မခန္ဓာသည် လေဟာနယ်ယက္ခကို ချိုးနှိမ်ဖို့ စိတ်ကူးရှိထား၏။ သို့သော်လည်း လေဟာနယ်ယက္ခက စရိုက်ဆိုးပြီး ထိန်းမနိုင်သိမ်းမရသောပုံစံမှာ ရှိလေသည်။ ထိုသူက အလွယ်တကူ အညံ့ခံလိမ့်မည် မဟုတ်သည်မှာ သိသာလေသည်။

သူသည် ယခုအချိန်မှာ အညံ့ခံဖို့ ဖိအားပေးခံထားရသည်ဆိုလျှင်တောင် သိုင်းတာအိုပင်မခန္ဓာ ထွက်ခွာသွားသည်နှင့်အမျှ လေဟာနယ်ယက္ခကလည်း ထွက်ပြေးသွားပေဦးမည်။

သိုင်းတာအိုပင်မခန္ဓာက လောလောဆယ်မှာ ထိုအတွေးများကို ဘေးဖယ်ထားလိုက်၏။

ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးအရာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားကာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ကယ်တင်ရန်ဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။

“မင်း ငါ့ကို ငရဲကမ္ဘာကနေခေါ်ထုတ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်ပို့ပေးနိုင်တာနဲ့ ငါမင်းရဲ့လွတ်လပ်ခွင့်ကို ပြန်ပေးမယ်… မင်းစိတ်ရှိတိုင်း ထွက်သွားလို့ရတယ်… ငါ မင်းကို ဖိအားမပေးတော့ဘူး”

ထိုစကားကိုကြားသောအခါ လေဟာနယ်ယက္ခ၏ မျက်လုံးထဲတွင် ဝမ်းသာပျော်ရွှင်မှုအကြည့်တစ်ခု ပေါ်ထွက်လာ၏။

သူက ခန္ဓာကိုယ်ကိုမတ်ပြီး သူ၏ ရင်ဘတ်ကိုပုတ်ပြကာ အော်ပြောလိုက်၏။

“မပူပါနဲ့… ကျုပ်သစ္စာဆိုခဲ့ပြီးပြီဆိုမှတော့ ကျုပ်ကတိကိုကျုပ်တည်ပြီး ခင်ဗျားကို ဒီနေရာကနေထုတ်ပေးမယ်”

ထိုသို့ပြောရင်း လေဟာနယ်ယက္ခက ငရဲအဝါရောင်စိမ့်စမ်းရှိရာဘက်သို့ ဦးဆောင်သွားလေသည်။

သိုင်းတာအိုပင်မခန္ဓာက နောက်ကနေ လိုက်ပါသွား၏။

သိပ်မကြာခင် သူတို့နှစ်ယောက်သည် ငရဲအဝါရောင်စိမ့်စမ်း၏ အရင်းအမြစ်သို့ ရောက်ရှိလာ၏။

လေဟာနယ်ယက္ခက တွေဝေတုံ့ဆိုင်းမနေဘဲ ငရဲအဝါရောင်စိမ့်စမ်းထဲသို့ ခုန်ချသွား၏။

ငရဲစိမ့်စမ်းကိုးခုထဲမှာ ခါးသက်စိမ့်စမ်းမှ ရေကသာလျှင် သူ့အပေါ်မှာ သိသာထင်ရှားသော ပျက်စီးထိခိုက်မှုဖြစ်စေ၏။ အခြားသော စိမ့်စမ်းများ၏ စွမ်းအားများက သန်မာသော်လည်း သူတို့က သူခံနိုင်သည့် အတိုင်းအတာအတွင်းမှာ ရှိလေသည်။

သိုင်းတာအိုပင်မခန္ဓာသည် သူ့ဘေးရှိ ကျောက်စာတိုင်ပေါ်မှ အဝါရောင်စိမ့်စမ်းအတွဲကို တစ်ချက်ကြည့်ပြီးနောက် ငရဲအဝါရောင်စိမ့်စမ်းထဲသို့ ခုန်ချကာ လေဟာနယ်ယက္ခနောက်သို့ လိုက်ပါသွား၏။

ဤတစ်ခေါက်မှာ သူတို့နှစ်ယောက်သည် ပို၍ပင်မြန်ဆန်သော အလျင်အဟုန်ဖြင့် မြစ်ထဲသို့ဆင်းလာခဲ့လေသည်။

အချိန်တစ်ခုကြာသွားပြီးနောက် လေဟာနယ်ယက္ခ၏ ပုံရိပ်က တဖြည်းဖြည်းနှေးကွေးသွား၏။

သူ့ရှေ့မှာ နံရံတစ်ခုကို ထောင်ထားသကဲ့သို့ မရေမတွက်နိုင်သော အလင်းစက်များကနေဖြစ်ပေါ်နေသည့် အဟန့်အတားတစ်ခု ပေါ်ထွက်လာ၏။

ပုံမှန်အခြေအနေအောက်မှာဆို ယှက်ဖြာထားသော လောကနိယာမများကနေ ဖြစ်ပေါ်နေသည့် အဟန့်အတားကို သာမန်မျက်စိဖြင့် မတွေ့မြင်နိုင်ပေ။

သို့သော်လည်း ငရဲအဝါရောင်စိမ့်စမ်းသည် အဟန့်အတား၏ အခြားတစ်ဖက်သို့ အဆက်မပြတ်တိုးဝင်နေသောကြောင့် နိယာမအဟန့်အတားကို တွေ့မြင်လာရလေသည်။

သူတို့နှစ်ယောက်သည် ငရဲအဝါရောင်စိမ့်စမ်းမှာ ရောက်ရှိနေကြ၏။

လေဟာနယ်ယက္ခက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ငရဲအဝါရောင်စိမ့်စမ်းက ဒီနေရာမှာ စီးဆင်းနေတော့ လောကနှစ်ခုကြားက နိယာမတွေက ဒီနေရာမှာ အားအနည်းဆုံးဖြစ်လိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက အနည်းငယ်ခေါင်းညိတ်ပြီး ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်၏။ သူ၏ မျက်လုံးထဲမှာ မီးတောက်နှစ်လုံးက လောင်ကျွမ်းလာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ မီးတောက်များ တလိပ်လိပ်ထိုးတက်နေသည့် ဧရာမမီးဖိုတစ်လုံးက သူ၏ ခန္ဓာကိုယ်ပတ်လည်မှာ ခပ်ရေးရေးပေါ်ထွက်လာ၏။

တစ်ခဏချင်းမှာပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ သွေးချီကို အကန့်အသတ်ထိ လှည့်ပတ်လိုက်၏။

ဝုန်း…

သိုင်းတာအိုပင်မခန္ဓာသည် ရှေ့သို့ခြေတစ်လှမ်းတိုးပြီး ငရဲအဝါရောင်စိမ့်စမ်းနှင့် လောကနိယာမများ ဆုံစည်းရာနေရာကို ပြင်းထန်ကြမ်းတမ်းစွာ ပစ်ထိုးလိုက်၏။

ရှေ့မှာရှိသော နိယာမအဟန့်အတားက အနည်းငယ်ယိမ်းထိုးသွားပြီး အတောမသတ် အရောင်အဝါတစ်ခုဖြင့် တောက်ပလာကာ သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်စွမ်းအားကို လုံးလုံးလျားလျား ဝါးမျိုပစ်လိုက်၏။

လေဟာနယ်ယက္ခက ထိုသည်ကို တွေ့မြင်သောအခါ တိတ်တဆိတ် ဆွံ့အသွား၏။

ထိုအခါမှသာ ဤလူသားသည် စောစောက သူ့ကို ခွန်အားကုန်ဖြင့် မတိုက်ခိုက်ခဲ့ကြောင်း သူက နားလည်သဘောပေါက်လိုက်၏။

ယခုတင် ထိုလူထုတ်ဖော်လိုက်သည့် ထိုးချက်သည် လောကနိယာမအဟန့်အတားကိုပင် အမှန်တကယ်လှုပ်ခတ်စေနိုင်လေသည်။

ထိုစွမ်းအားသည် ဧကရာဇ်နယ်ပယ်နှင့် အရမ်းကို နီးကပ်နေပြီဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာသည် အနည်းငယ်အားယူပြီးနောက် ရှေ့သို့နောက်တစ်ဖန်တက်လှမ်းလိုက်၏။ သူ၏ ပိုင်နက်နယ်မြေက ခပ်ရေးရေးပေါ်ထွက်လာပြီး သူ၏ မျိုးဆက်သွေးနယ်မြေနှင့် အတူတကွပေါင်းစည်းသွား၏။ သူက ငရဲဖိနှိမ်မီးဖိုကို ကိုင်မြှောက်ပြီး မည်သည့်ထိန်ချန်မှုမှ မရှိဘဲ ရှေ့တည့်တည့်မှာရှိသော နိယာမများအဟန့်အတားကို ပစ်ရိုက်ချလိုက်၏။

ဘန်း…

သိုင်းတာအိုပင်မခန္ဓာ၏ ရိုက်ချက်သည် နိယာမအဟန့်အတား၏ အကန့်အသတ်ကို ရောက်ရှိသွားသည့်ပုံပင်။ ပို၍ပင် ကျိန်းစပ်နေသော အလင်းတစ်ခုက ဖြန့်ကြက်ထွက်ပေါ်လာပြီး သူ၏ ရိုက်ချက်ကနေ ထွက်ပေါ်လာသည့်စွမ်းအားကို ချေဖျက်ဝါးမျိုပစ်နေ၏။

လေဟာနယ်ယက္ခ၏ အကြည့်အောက်မှာ နိယာမအဟန့်အတားက သိသိသာသာချိုင့်ဝင်သွားလေသည်။

ဟာ…

လေဟာနယ်ယက္ခက ပင့်သက်ကိုရှိုက်လိုက်ပြီး သူ၏ ပါးစပ်ထဲသို့ အဝါရောင်စိမ့်စမ်းရေများစွာက ဝင်ရောက်လာ၏။

စောစောက တိုက်ခိုက်မှုသည် နိယာမအဟန့်အတားကို ထိုးဖောက်နိုင်လုနီးပါးဖြစ်ခဲ့လေသည်။

“ဒါက မလုံလောက်သေးဘူးပဲ”

သိုင်းတာအိုပင်မခန္ဓာက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ဘေးမှာရှိသော လေဟာနယ်ယက္ခကို ကြည့်လိုက်လေသည်။

လေဟာနယ်ယက္ခက အလွန်တရာ ပါးရည်နပ်ရည်ရှိပြီး သိုင်းတာအိုပင်မခန္ဓာ၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။

သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးပြီး သိုင်းတာအိုပင်မခန္ဓာနှင့် ပခုံးချင်းယှဉ်ရပ်လိုက်၏။ သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာ တိုက်ခိုက်ပြီး နိယာမအဟန့်အတားကို နောက်တစ်ဖန် တိုက်ခိုက်လိုက်လေသည်။

ဖျတ်ခနဲပေါ်ထွက်လာသော အလင်းရောင်တစ်ချက်နှင့်အတူ သူတို့၏ စွမ်းအားများသည် လောကနိယာမ၏ နောက်တစ်ဖန်ချေဖျက်ခြင်းခံလိုက်ရ၏။

သတ်မှတ်ထားသော အဆင့်တစ်ခုထက် ကျော်လွန်သော ခွန်အားမရှိသရွေ့ လူဘယ်လောက်များများ တိုက်ခိုက်သည်ဖြစ်စေ… နိယာမအဟန့်အတားကို ကိုင်လှုပ်နိုင်မည်မဟုတ်ကြောင်း သိုင်းတာအိုပင်မခန္ဓာက ခပ်ရေးရေး နားလည်သဘောပေါက်လိုက်၏။

သူသည် ငရဲအဝါရောင်စိမ့်စမ်းကို မဖြတ်ကျော်နိုင်ဘူးဆိုလျှင် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်သွားဖို့နေနေသာ… ငရဲကမ္ဘာကနေပင် ထွက်ခွာနိုင်လိမ့်မည် မဟုတ်ပေ။

လေဟာနယ်ယက္ခက ပခုံးတွန့်ပြီး သူ၏ လက်နှစ်ဖက်ကို ဖြန့်ကာ ဘာမှမတတ်နိုင်သည့် အမူအရာ ထုတ်ဖော်ပြသလိုက်၏။

သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက် အမြုတေသိုင်းကောင်းကင်လိုဏ်ဂူထဲကနေ တမလွန်ဘုံရတနာကြေးမုံကို ဆွဲယူထုတ်လိုက်၏။

“အမ်…”

လေဟာနယ်ယက္ခက ညိုမှောင်နေသော ရှေးဟောင်းကြေးမုံကို တွေ့မြင်သောအခါ စိတ်ဝင်စားသွားလေသည်။ သူက သူ့လက်ကို အလိုလိုဆန့်ထုတ်ပြီး အဲဒါကို ထိကြည့်ချင်၏။

ရုတ်တရက်ဆိုသလို…

ထူးဆန်းသော သွေးရောင်အလင်းတစ်ခုက ကြေးမုံပေါ်မှာ ပေါ်ထွက်လာ၏။

လေဟာနယ်ယက္ခ၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားလေသည်။ သူသည် တမလွန်ဘုံရတနာကြေးမုံ၏ မူလဇာစ်မြစ်ကို မှတ်မိသိရှိသွားသည့်အလားပင်။ သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူ၏ လက်ကို အလောတကြီး ရုတ်သိမ်းလိုက်၏။

သိုင်းတာအိုပင်မခန္ဓာကို သူကြည့်ရှုပုံက ပို၍ပင် စိုးရိမ်ထိတ်လန့်လာ၏။

ဤလူသားသည် ငရဲကိုးခုကနေ ကြည်ညိုလေးစားရသော ငရဲအရှင် ဘာကြောင့်ဖြစ်လာသလဲ သူနောက်ဆုံးနားလည်သဘောပေါက်လာ၏။

တမလွန်ဘုံရတနာကြေးမုံသည် တစ်ခါက အမြူတေသွေးပမာဏများစွာကို ဝါးမျိုထားခဲ့၏။ ငရဲအရှင်ညှဉ်းပန်းနှိမ်စက်စိမ့်စမ်းကို သတ်ဖြတ်ပြီးနောက် ကြေးမုံပေါ်ရှိ သွေးရောင်အလင်းက သိသိသာသာမှေးမှိန်သွားခဲ့သည်။

သို့သော်လည်း သူသည် အဲဒါကို နောက်တစ်ခါအသက်သွင်းနိုင်သေးသည်ဟု သိုင်းတာအိုပင်မခန္ဓာက အာရုံခံမိနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ဘုံရတနာကြေးမုံကိုလှည့်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို စေညွှန်လိုက်၏။ သွေးရောင်အလင်းတစ်ခုက ညိုမှောင်နေသော ကြေးမုံပေါ်မှာ တဖြည်းဖြည်းပေါ်ထွက်လာပြီး သွေးရောင်သူငယ်အိမ်တစ်ခုကဲ့သို့ ပို၍ပို၍သိသာထင်ရှားလာသည်။

တမလွန်ဘုံမျက်လုံး...

သွေးသူငယ်အိမ် ပေါ်ထွက်လာပြီးနောက် တမလွန်ဘုံရတနာကြေးမုံတစ်ခုလုံးက ကြောက်စရာကောင်း၍ မကောင်းဆိုးဝါးဆန်သော အော်ရာတစ်ခုကို ထုတ်ဖော်ပေးလိုက်၏။

လေဟာနယ်ယက္ခမှာ ထိတ်လန့်တကြား အမူအရာရှိနေပြီး အလိုလိုလှုပ်ရှားလိုက်လေသည်။ သူက သွေးသူငယ်အိမ်ဖြင့် ပစ်မှတ်ထားခံရမှာကိုစိုးပြီး သိုင်းတာအိုပင်မခန္ဓာ၏ နောက်သို့ အလိုလိုပုန်းကွယ်လိုက်၏။

ရုတ်တရက် တမလွန်ဘုံမျက်လုံးကနေ သွေးရောင်အလင်းတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး ငရဲအဝါရောင်စိမ့်စမ်းအလွှာများကို ထိုးဖောက်ကာ ရှေ့မှာရှိသော လောကအဟန့်အတားပေါ် ဆင်းသက်သွားလေသည်။

ချက်ချင်းပင် မရေမတွက်နိုင်သော အလင်းများက လောကအဟန့်အတားကနေ တလိပ်လိပ်ထိုးတက်လာပြီး သွေးအလင်းကို ချေဖျက်ဝါးမျိုပစ်ချင်နေ၏။

သို့သော်လည်း သွေးအလင်း၏ စွမ်းအားကလည်း အလွန်တရာ ကြောက်စရာကောင်းပြီး လောကအဟန့်အတားမှာ အပေါက်တစ်ပေါက်အဖြစ် တဖြည်းဖြည်းတိုက်စားပစ်လိုက်၏။

အောင်မြင်လေပြီ…

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွား၏။ သူက တစ်ဖက်သို့လှည့်ပြီး လေဟာနယ်ယက္ခကို ဖမ်းဆွဲကာ ထိုအပေါက်ထဲသို့ အရင်ဆုံးပစ်ထည့်လိုက်၏။ ထို့နောက် သူက နောက်ကနေ လိုက်ပါပြီး ငရဲအဝါရောင်စိမ့်စမ်းတစ်လျှောက် လောကအဟန့်အတားကို ဖြတ်ကျော်လိုက်၏။

သူတို့နှစ်ယောက် ဖြတ်ကျော်လာသည့် ခဏမှာပင် တမလွန်ဘုံမျက်လုံး၏ သွေးအလင်းစွမ်းအားက အားပျော့သွားခဲ့ပြီဖြစ်သည်။ လောကအဟန့်အတားပေါ်ရှိ အပေါက်က ပိတ်ဆို့သွာပြီး ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့လေသည်။

All Chapters