အနက်ရောင်အနိစ္စနှင့် အဖြူရောင်အနိစ္စ
Vol. 182 Ch. 2722
ဆူဇီမိုသည် အရှိန်ကိုလျှော့ပြီး လူအုပ်ကြီး၏ နောက်ဘက်မှာ တဖြည်းဖြည်း ခိုကပ်နေ၏။
သိပ်မကြာခင် လူတိုင်းသည် တစ်ဟုန်ထိုးစီးဆင်းနေသည့် မြစ်တစ်စင်းရှေ့သို့ ရောက်ရှိလာကြ၏။ မြစ်ပေါ်မှာ အခြားတစ်ဘက်သို့ သွယ်တန်းထားသည့် အိုမင်းဟောင်းနွမ်းနေသောကျောက်တံတားတစ်စင်းရှိနေသည်။
ကျောက်တံတား၏ ဘေးမှာ အတိတ်မေ့တံတားဟုစာလုံးများ ရေးထိုးထားသည့် ကျောက်စာတိုင်တစ်တိုင်ကို စိုက်ထူထားလေသည်။
“ဒါက အတိတ်မေ့မြစ်ပဲ... မင်းတို့တွေ အဲဒီတံတားကနေဖြတ်ကျော်ရမယ်”
တမလွန်ဘုံမှတစ္ဆေငယ်က လှုံ့ဆော်တိုက်တွန်းလိုက်၏။
ဤအနေရာအရောက်မှာ သက်ရှိများစွာသည် နောက်ဆုတ်စရာနေရာမရှိတော့ဘဲ တံတားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းကာ တစ်ဘက်သို့ လျှောက်လှမ်းသွားရလေသည်။
အတိတ်မေ့မြစ်ဟုခေါ်သော ထိုမြစ်သည် တကယ်တော့ ငရဲအဝါရောင်စိမ့်စမ်းဖြစ်သည်ကို ဆူဇီမိုသည် သိုင်းတာအိုပင်မခန္ဓာထံမှ သိရှိထားခဲ့ပြီဖြစ်သည်။
အတိတ်မေ့တံတားပေါ်သို့ တက်လှမ်းသွားသော ဝိညာဥ်များသည် ငရဲအဝါရောင်စိမ့်စမ်း၏ မြူခိုးများဖြင့် ဆေးကြောသန့်စင်ခံရပြီး သူတို့၏ ယခင်ဘဝမှတ်ဉာဏ်များက ဖယ်ရှားရှင်းလင်းခံလိုက်ရ၏။ ဗလာကျင်းသွားသောအခြေအနေဖြင့် သူတို့က ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ ဝင်ရောက်ရမည်ဖြစ်သည်။
သက်ရှိများစွာသည် အတိတ်မေ့တံတားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက်လျှောက်လှမ်းသွားစဥ် ဆူဇီမိုက နေရာမှာတင် မတ်တတ်ရပ်နေ၏။
“မင်းအဲဒီမှာ ဘာလုပ်နေတာလဲ”
တမလွန်ဘုံ၏ တစ္ဆေငယ်တစ်ကောင်က ဆူဇီမိုက နေရာမှာတင်မတ်တတ်ရပ်နေသည်ကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်ကာ အော်ငေါက်လိုက်၏။
“တစ်ယောက်ယောက်ကိုစောင့်နေတာ”
ဆူဇီမိုက ပြန်ဖြေလိုက်၏။
“ဟားဟား”
တမလွန်ဘုံမှ တစ္ဆေငယ်တချို့က ထိုစကားကိုကြားသောအခါ ရယ်မောလိုက်ကြ၏။
တစ္ဆေငယ်တစ်ဦးက လှောင်ပြောင်သရော်လိုသောအမူအရာဖြင့် နောက်ပြောင်ကျီစယ်ကာ မေးလိုက်၏။
“ဘာလို့လဲ... မင်းနဲ့အတူ အဖော်ပြုပြီးလိုက်ပါပေးမယ့် တစ်ယောက်ယောက်ရှိလို့လား”
“လေးကန်မနေနဲ့... တံတားပေါ်ကို မြန်မြန်တက်”
နောက်ထပ်တစ္ဆေငယ်တစ်ဦးက စိတ်မရှည်နိုင်စွာဖြင့် အော်ငေါက်လိုက်၏။
ဆူဇီမိုက မည်သည့်စကားမှမဆိုဘဲ နေရာမှာပင်မတ်တတ်ရပ်နေဆဲဖြစ်၏။
“မင်းကတော့ သေချင်နေတာဖြစ်ရမယ်”
တမလွန်ဘုံမှ တစ္ဆေငယ်က ရှေ့သို့လျှောက်လှမ်းပြီး သူ၏ လက်ထဲရှိ ကျာပွတ်ကိုမြှောက်ကာ ဆူဇီမိုကိုပစ်ရိုက်ချလိုက်၏။
အခြားသူများက ဤမြင်ကွင်းနှင့်အသားကျနေပြီဖြစ်သည်။
အခြားသောတစ္ဆေငယ်များကလည်း အဲဒါနှင့် အသားကျနေခဲ့လေပြီ။
ဤနေရာသို့ ဝိညာဥ်တစ်သုတ်ရောက်ရှိလာတိုင်း သူတို့ထဲမှာ နာခံမှုမရှိဘဲ ခုခံငြင်းဆန်လိုသော သူတချို့က ရှိတတ်လေသည်။
တချို့သည် တစ္ဆေငယ်များ၏ သေသည့်တိုင်အောင်ညှင်းပန်းနှိပ်စက်ခြင်းကို ခံရတတ်သည်။
သူတို့၏ ဝိညာဥ်များက အတိတ်မေ့မြစ်ထဲသို့ ပစ်ချခံရပြီး သူတို့က ပြန်ဝင်စားခြင်းလမ်းကြောင်းသို့ မဝင်ရောက်နိုင်ကြတော့ပေ။
တမလွန်ဘုံမှ တစ္ဆေငယ်များသည် ဆူဇီမိုကဲ့သို့ လူများစွာကို တွေ့မြင်ခဲ့ဖူးသည်။
ကျာပွတ်က လေထဲကနေဆင်းသက်လာ၏။ ထိုကျာပွတ်ကို ဝိညာဥ်များကိုဖိနှိမ်ရန် အထူးတလည်ပြုလုပ်ထားသည်ကို ဆူဇီမိုက သိရှိထားလေသည်။
သူက အရှက်ခွဲမခံလိုဘဲ ကျာပွတ်ကို ဖမ်းဆွဲရန်လက်လှမ်းလိုက်၏။
ဖြောင်း...
ကျာပွတ်က သူ၏ လက်ဖဝါးပေါ်သို့ ဆင်းသက်လာခဲ့သည်။
သူသည် ထိတွေ့ရိုက်ခတ်မှုများစွာကို မခံစားရပေ။ ထိုအစား ထူးဆန်းသောအရောင်အဝါများက ဓမ္မတာအိုအမှတ်အသားများနှင့်အတူ သူ၏ ခန္ဓာကိုယ်ပေါ်မှာ ပေါ်ထွက်လာ၏။
“ဟမ်...”
ထိုမြင်ကွင်းသည် တမလွန်ဘုံမှ တစ္ဆေငယ်များစွာကို မျက်မှောင်အနည်းငယ်ကြုတ်သွားစေ၏။
ဆူဇီမိုပင်လျှင် မှင်တက်သွားရ၏။
ပုံမှန်အခြေအနေမှာဆို သူသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။ သူက မည်ကဲ့သို့သောဓမ္မတာအိုကို ကျင့်ကြံထားသည်ဖြစ်စေ အဲဒါသည် သူ၏ အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ သေဆုံးသွားခဲ့ပြီဖြစ်ပြီး တမလွန်ဘုံသို့ ယူဆောင်မလာနိုင်ပေ။
လူတစ်ယောက် သေဆုံးသည့်အခါ သူတို့၏ တာအိုများက ပျက်ပြယ်သွားရမည်ဟု ဆိုလိုလေသည်။
သို့သော်ယခု... သူ၏ ဝိညာဥ်ပေါ်မှာ တမလွန်ဘုံသို့ သူနှင့်အတူလိုက်ပါလာသော ဓမ္မတာအိုအမှတ်အသားတချို့ တကယ်ပင်ရှိနေ၏။
ထိုအရာသည် တစ္ဆေငယ်များ၏ ကျာပွတ်ရိုက်ချက်ကနေ ဖြစ်ပေါ်လာမည့် ပျက်စီးထိခိုက်မှုကို ခုခံရန် သူ့ကို ကူညီပေးလိုက်လေသည်။
“ကောင်းကင်သင်္ချိုင်းသုတ္တန်လား”
ဆူဇီမိုက အံအားသင့်သွား၏။
သူသည် ကောင်းကင်သင်္ချိုင်းသုတ္တန်ကို ကျင့်ကြံထားခဲ့သည်မှာ နှစ်များစွာကြာခဲ့ပြီဖြစ်၏။ သူသည် အဲဒါကို အတော်များများနားလည်ဆင်ခြင်မိခဲ့သော်လည်း သူ့မှာ သံသယတချို့ရှိနေဆဲပင်။ ဤကျင့်ကြံမှုနည်းစနစ်သည် တကယ်ပင် စွမ်းအားကြီးမားလေသည်။
သို့သော်လည်း သူကျင့်ကြံထားသည့် အခြားသောတဗူးဂမ္ဘီရကျင့်စဥ်များနှင့်ယှဥ်လျှင် ကောင်းကင်သင်္ချိုင်းသုတ္တန်သည် တဗူးဂမ္ဘီရကျင့်စဥ်တစ်ခု၏ အဆင့်သို့ မရောက်ရှိသေးသည့်ပုံပင်။
ထိုအခိုက်အတန့်မှသာ ကောင်းကင်သင်္ချိုင်းသုတ္တန်ကို တဗူးဂမ္ဘီရကျင့်စဥ်တစ်ခုဟု ဘာ့ကြောင့်ခေါ်ဆိုသလဲ ဆူဇီမိုက တဖြည်းဖြည်းနားလည်သဘောပေါက်လာ၏။
ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုက သူ၏ ဝိညာဥ်ပေါ်မှာ ခတ်နှိပ်ထားခဲ့လေသည်။ သူသေဆုံးသွားသော်လည်း ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုက ပျောက်ကွယ်မသွားပေ။
ဒါ့အပြင် ၎င်းသည် သူ၏ ဝိညာဥ်နှင့်အတူ တမလွန်ဘုံသို့ လိုက်ပါလာခဲ့လေသည်။
ဤအခြေအနေသည် ပကတိအင်မော်တယ်တစ်ဦး ပြန်ဝင်စားခြင်းဖြစ်စဥ်နှင့် အနည်းငယ်ဆင်တူလေသည်။
ပုံမှန်အားဖြင့် ပကတိအင်မော်တယ်များ ပြန်ဝင်စားသည့်အခါ အင်မော်တယ်ဘုရင်ပညာရှင်များသည် ဓမ္မအစီအရင်များကို ခင်းကျင်းပြီး ဓမ္မတာအိုအမှတ်အသားများကို ချန်ရစ်ပေးရလေသည်။ သူတို့ပြန်ဝင်စားပြီးနောက် အဲဒါသည် သူတို့ကို လမ်းညွှန်ပေးရန် များစွာပိုမိုလွယ်ကူလာပေလိမ့်မည်။
ယခု... ဆူဇီမိုသည် ကောင်းကင်သင်္ချိုင်းသုတ္တန်၏ ဓမ္မတာအိုပေါ်မှီခိုပြီး မည်သူတစ်ဦးတစ်ယောက်၏ အကူအညီမှမရှိဘဲ ဤကဲ့သို့သောအခြေအနေတစ်ရပ်ကို ရရှိလာသည်။
“ဟမ့်...”
တမလွန်ဘုံမှ တစ္ဆေငယ်တစ်ဦးငယ်တစ်ဦးက လှောင်ရယ်လိုက်၏။
“ပညာရှင်တစ်ဦးက အမှတ်အသားတစ်ခုကို ချန်ပေးပြီး မင်းကိုပြန်ဝင်စားအောင် လမ်းညွှန်ပေးချင်တာပဲ... ငါဒီလိုမျိုးအခြေအနေတွေ အများကြီးတွေ့မြင်ဖူးတယ်”
“မင်းက နာခံတတ်မယ်ဆိုရင် ငါက စိတ်ကောင်းဝင်နေတဲ့အခါ မင်းကိုကူးသန်းခွင့်ပေးချင်ပေးမိမှာ... ဒါပေမဲ့ မင်းက တမလွန်ဘုံမှာခုခံဆန့်ကျင်ရဲတယ်ဆိုမှတော့ မင်းက အသက်ရှင်ရတာငြီးငွေ့နေတာပဲဖြစ်ရမယ်”
တမလွန်ဘုံမှ နောက်ထပ်တစ္ဆေငယ်က သူ့လက်ထဲရှိချိန်းကြိုးကို လှုပ်ခါပြီး တင်းမာခက်ထန်စွာ ပြောလိုက်သည်။
“အားလုံးပဲ... အတူပူးပေါင်းတိုက်ခိုက်ပြီး ဒီလူ့ပေါ်မှာ ခတ်နှိပ်ထားတဲ့ ဓမ္မတာအိုကို ဖယ်ရှားရှင်းလင်းကြ.. သူ့ကိုသတ်ဖြတ်ရမယ်”
ဝုန်း...
ချိန်ကြိုးများစွာက လေးထဲကနေ ဆင်းသက်လာပြီး ကြီးမားသောပိုက်ကွန်တစ်ခုအဖြစ်ယှက်ဖြာကာ သိပ်အကြာခင် ဆူဇီမိုကို အုပ်မိုးလာခဲ့၏။
ဆူဇီမိုက တမလွန်ဘုံမှ တစ္ဆေငယ်များကိုကြည့်ပြီး အေးစက်စွာပြောလိုက်၏။
“အသက်ရှင်ရတာငြီးငွေ့နေတဲ့သူတွေက မင်းတို့တွေပဲဖြစ်မယ်လို့ ငါထင်တယ်”
ထိုသို့သူပြောလိုက်သည့်ခဏမှာပင် လူတိုင်း၏ ဦးခေါင်းအထက် လေဟာနယ်မှာ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာ၏။
မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက်က အေးစက်နေသောအော်ရာတစ်ခုနှင့်အတူ အထဲကနေထိုးထွက်လာ၏။
ထို့နောက်ချက်ချင်းပင် ပုံရိပ်နှစ်ခုက ဆင်းသက်ရောက်ရှိလာခဲ့လေသည်။
သူတို့ထဲမှတစ်ယောက်သည် ကျယ်ပြန့်သောခြုံထည်တစ်ခုကို ရစ်ပတ်ထားပြီး သူ့ခန္ဓာကိုယ်ကို ရှင်းလင်းစွာမတွေ့မြင်ရပေ။
အခြားတစ်ယောက်က ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ငွေရောင်မျက်နှာဖုံးတစ်ခုကို တပ်ထား၏။ ခပ်ဖျော့ဖျော့ခရမ်းရောင်မီးတောက်နှစ်ခုက မျက်နှာဖုံးတွင် ပေါ်နေသော မျက်လုံးများထဲမှာ လောင်ကျွမ်းနေလေသည်။
သူတို့နှစ်ယောက်၏ အော်ရာက တမလွန်ဘုံနှင့် သိသိသာသာကွဲပြားခြားနားနေ၏။
“မင်းတို့ဘယ်သူတွေလဲ”
တစ္ဆေငယ်တစ်ဦးက တင်းမာခက်ထန်စွာ အော်ငေါက်လိုက်၏။
“သွားစမ်း”
သိုင်းတာအိုပင်မခန္ဓာက သူ၏ ဝတ်ရုံစကို လွှဲယမ်းပြီး ချစ်ချစ်တောက်ပူပြင်းသော လေလှိုင်းတစ်ခုကို ခတ်ထုတ်လိုက်၏။
တမလွန်ဘုံမှ တစ္ဆေငယ်များသည် ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။
သူ့ဘေးမှ ခြုံထည်နှင့်မြင့်မားသော ပုံရိပ်က လေဟာနယ်ယက္ခဖြစ်လေသည်။
ထိုအခိုက်အတန့်မှာ သူ၏ အမူအရာက ပျက်ယွင်းသွားပြီး ရေရွတ်လိုက်၏။
“ဒီလိုမျိုး ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ်နဲ့ဆိုရင် တမလွန်ဘုံကပညာရှင်တွေက ဒီနေရာကို အသည်းအသန်လာနေကြလောက်ပြီ”
ထိုစဥ်မှာပင် မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက်က တိုက်ခတ်သွား၏။
မလှမ်းမကမ်းမြူခိုးများကြားထဲကနေ ပုံရိပ်နှစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။ တစ်ယောက်က အရပ်ရှည်ရှည်ပိန်ပိန်ပါးပါးဖြစ်ပြီး နောက်တစ်ယောက်က ပုပုဝဝဖြစ်လေသည်။
ဘယ်ဘက်မှာရှိသောတစ်ယောက်က အရပ်ရှည်၍ပိန်ပါးပြီး သူ၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသည်။ သို့သော်လည်း သူ၏ မျက်နှာက ကြောက်စရာကောင်းလောက်အောင် ဖြူဖျော့နေပြီး ရှေ့မှာ ကောင်းကြိုးအတွက်ကြွယ်ဝခြင်းဟူသော စာလုံးကို ရေးထိုးထားသည့် ခမောက်တစ်လုံးကို သူကဆောင်းထားလေသည်။
ညာဘက်မှာရှိသောလူတွင် တင်းမာခက်ထန်သောအမူအရာရှိပြီး သူက ပုပုဝဝဖြစ်လေသည်။ သူ့မှာ ညိုမည်းနေသောမျက်နှာရှိပြီး သူက လောကငြိမ်းချမ်းရေးဟု ရေးထိုးထားသည့် ခမောက်တစ်လုံးကို ဆောင်းထားလေသည်။
ချွင်...
သူတို့နှစ်ယောက်က လက်ထိပ်များနှင့် သံခြေကျင်းများကို သူတို့၏ လက်ထဲမှာ ကိုင်ဆွဲထားပြီး သိုင်းတာအိုပင်မခန္ဓာရှိရာသို့ လျှောက်လှမ်းလာ၏။
“အနက်ရောင်အနိစ္စနဲ့ အဖြူရောင်အနိစ္စ”
လေဟာနယ်ယက္ခက သူတို့နှစ်ယောက်ကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
“သတိထား... သူတို့လက်ထဲက လက်ထိပ်တွေနဲ့သံခြေကျင်းတွေက အမြုတေစိတ်ဝိညာဥ်တွေနဲ့ဝိညာဥ်တွေကို ချည်နှောင်နိုင်တယ်”
“တမလွန်ဘုံမှာ လာသောင်းကျန်းနေတာ ဘယ်သူလဲ”
အနက်ရောင်အနိစ္စ၏ အမူအရာက သုန်မှုန်နေပြီး သူက သိုင်းတာအိုပင်ခန္ဓာနှင့် လေဟာနယ်ယက္ခကိုကြည့်ကာ ဖြည်းဖြည်းချင်းပြောလိုက်၏။
“မင်းတို့ရဲ့အစစ်အမှန်ပုံစံကိုပြစမ်း”
အဖြူရောင်အနိစ္စက တစ်ချိန်လုံးပြုံးရွှင်နေ၏။
“ငါတို့က ငါတို့ဘာသာငါတို့ ကြည့်လည်းရပါတယ်”
အဖြူရောင်အနိစ္စက ပြောလိုက်သည့်ခဏမှာပင် နီရဲနေသောလျှာတစ်ခုက ဆင်းသက်လာပြီး လေထုကိုဆုတ်ဖြဲကာ သိုင်းတာအိုပင်မခန္ဓာနှင့် လေဟာနယ်ယက္ခရှိရာသို့ ရစ်ပတ်လာခဲ့လေသည်။
ညှီစို့စို့အနံ့တစ်ခုက ထွက်ပေါ်လာ၏။
အနက်ရောင်အနိစ္စက တစ်ချိန်တည်းမှာတိုက်ခိုက်ပြီး သူ၏ လက်ထဲရှိ လက်ထိပ်များနှင့်သံခြေကျင်းများကို ရှေ့သို့လွှဲယမ်းလိုက်သည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ မာရ်နတ်မျက်နှာဖုံးကို ချိုးဖျက်ပြီး သူ၏ အသိစိတ်ထဲသို့ ဆင်းသက်လာချင်နေသည့် ထူးဆန်းသောစွမ်းအားတစ်ခုကို ရှင်းရှင်းလင်းလင်းအာရုံခံမိလိုက်၏။
မာရ်နတ်မျက်နှာဖုံးပေါ်မှာ ဝဲဂယက်များပေါ်ထွက်၍ တစ္ဆေမျက်နှာများစွာက ပေါ်ထွက်လာလေသည်။
အမြုတေစိတ်ဝိညာဥ်နှင့်ဝိညာဥ်များကို ပစ်မှတ်ထားသော တိုက်ခိုက်မှုများသည် မာရ်နတ်မျက်နှာဖုံး၏ အဟန့်အတားကို မချိုးဖျက်နိုင်ကြပေ။
လေဟာနယ်ယက္ခက ဟိန်းဟောက်ပြီး သူ၏ ခြုံထည်ကို ဆုတ်ဖြဲပစ်လိုက်၏။ သူ၏ စိတ်ဝိညာဥ်အသိစိတ်က သူ၏ နှာရောင်မှာ သိပ်သည်းစုဖွဲ့လာပြီး သူက တိုက်ခိုက်ဖို့ပြင်လိုက်လေသည်။
သိုင်းတာအိုပင်မခန္ဓာက လှုပ်ရှားခြင်းမရှိဘဲ သူ၏ စိတ်ဝိညာဥ်အသိစိတ်ကိုသာ လှည့်ပတ်လိုက်၏။
ရွှစ်...
ခရမ်းရောင်မီးတောက်တစ်ခုက အနက်ရောင်အနိစ္စ၏ လက်ထိပ်နှင့်သံခြေကျင်းတို့နှင့် အဖြူရောင်အနိစ္စ၏ ရှည်လျားသောလျှာပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာလေသည်။