← Chapters

လမ်းခြောက်သွယ်၏ အမှန်တရား

Vol. 182 Ch. 2724

လမ်းခြောက်သွယ်၏ အမှန်တရား

Vol. 182 Ch. 2724

ကောင်းကင်၊ လူသား၊ အဆူရာ၊ သားရဲ၊ တစ္ဆေနှင့် ငရဲ...။

ဧရာမဝဲကတော့၏ နယ်မြေဒေသခြောက်ခုပေါ်ရှိ ထူးဆန်းသောမှော်စာလုံးခြောက်ခုသည် လမ်းခြောက်သွယ်၏ ဓမ္မတာအိုများကို ကိုယ်စားပြုပေးနေသည်။

အစစ်အမှန်ခန္ဓာနှစ်ခုသည် အန္တိမနတ်ဘုရားစွမ်းအားတစ်ခု ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို နားလည်ဆင်ခြင်ထားခဲ့ပြီဖြစ်သည်။ သို့သော်လည်း အစစ်အမှန်ခန္ဓာနှစ်ခုစလုံးသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ခြင်းမရှိကြပေ။

ပြန်ဝင်စားခြင်းလမ်းလျှောက်သွယ်သည် အနှိုင်းမဲ့နတ်ဘုရားစွမ်းအားတစ်ခုဖြစ်ခဲ့ဖူးသည်ဟုဆိုသည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ အစစ်အမှန်စွမ်းအားကို မည်သူကမှ မထုတ်ဖော်နိုင်ခဲ့ကြပေ။

အဲဒါသည် နောက်ပိုင်း အန္တိမနတ်ဘုရားစွမ်းအားတစ်ခုအဖြစ် လျှောကျသွားခဲ့သည်။

ယခုအခါမှသာ သိုင်းတာအိုပင်မခန္ဓာသည် သူ့ရှေ့မှမြင်ကွင်းကိုကြည့်ပြီး နားလည်သဘောပေါက်လာ၏။

အစစ်အမှန်ခန္ဓာနှစ်ခုနှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ နားလည်ဆင်ခြင်းထားသည့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သည် သူ့ရှေ့မှ အစစ်အမှန်လမ်းခြောက်သွယ်နှင့် မိုးနှင့်မြေလို ကွာခြားလေသည်။

ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို ကိုယ်တိုင်တွေ့မြင်ခြင်းဖြင့်သာ သူတို့သည် ၎င်း၏ အစစ်အမှန်သဘောတရားကို နားလည်ဆင်ခြင်မိပြီး ၎င်း၏ အစစ်အမှန်စွမ်းအားကို ထုတ်ဖော်နိုင်ပေလိမ့်မည်။

သူတို့သည် အဲဒါကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရခြင်းမရှိလျှင် သူတို့သည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကနေ ဆောင်ကြဥ်းပေးလာသည့် စိတ်ခံစားချက်မျိုးကို ရရှိနိုင်လိမ့်မည်မဟုတ်ပေ။

ဤမျှ နှစ်ပေါင်းများစွာကြာအောင် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ပကတိစွမ်းအားကို မည်သူကမှ မထုတ်ဖော်နိုင်ကြတော့သည်မှာ အံ့ဩစရာမရှိတော့ပေ။

မည်သူကမှ တမလွန်ဘုံသို့ ရောက်ရှိလာပြီး ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ မြင်ကွင်းကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ရမည်မဟုတ်သောကြောင့်ပင်။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ အောက်ဘက်ရှိ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကိုကြည့်ပြီး သူနားလည်ဆင်ခြင်ထားသည့် လမ်းခြောက်သွယ်ကို ပယ်ချလိုက်လေသည်။ သူက နောက်တစ်ဖန်နားလည်ဆင်ခြင်ပြီး ငေးငိုင်စွာဖြင့် ဈာန်ဝင်စားသည့်အခြေအနေတစ်ရပ်သို့ ဝင်ရောက်သွား၏။

ထိုစဥ်မှာပင် မနှိုင်းယှဥ်သာအောင် လွှမ်းမိုးမှုရှိသောအော်ရာများက သူတို့၏ ဘေးပတ်လည်မှာ ပေါ်ထွက်လာ၏။

ပေါဓူတောင်ပေါ် သူတို့၏ ဆင်းသက်မှုသည် နောက်ဆုံးမှာ တမလွန်ဘုံမှပညာရှင်များကို ဆွဲဆောင်မိသွားခဲ့လေသည်။

“သွားကြတာပေါ့”

လေဟာနယ်ယက္ခက အလောတကြီးလှုံ့ဆော်လိုက်၏။

“ကျုပ်က တစ်ခုခုကိုခံစားမိနေပြီ... ဒီတစ္ဆေတောင်ကို တစ္ဆေဧကရာဇ်တစ်ပါးအုပ်စိုးနေတာဖြစ်ရမယ်”

သိုင်းတာအိုပင်မခန္ဓာသည် ဈာန်ဝင်စားနေသော အစိမ်းရောင်ကြာပန်းဝိညာဥ်ကို တစ်ချက်ကြည့်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ဤကဲ့သို့သောအခွင့်အလမ်းတစ်ရပ်က အလွန်တရာရှားရှားပါးပါးဖြစ်သည်။

ဟန့်တားနှောက်ယှက်လိုက်သည်နှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာအနေဖြင့် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ကို နားလည်ဆင်ခြင်ဖို့ အင်မတန်ခဲယဥ်းသွားပေတော့မည်။

“နဲနဲလောက်ထပ်ပြီးစောင့်ကြတာပေါ့”

သိုင်းတာအိုပင်မခန္ဓာက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အဆက်မပြတ်မြင့်တက်လာသည့် တစ္ဆေပုံရိပ်များကိုကြည့်ကာ လေးနက်သောအသံဖြင့် ပြောလိုက်၏။

လေဟာနယ်ယက္ခကအနည်းငယ် စိုးရိမ်ကြောင့်ကြကာ ထိတ်လန့်နေသော်လည်း သူကတစ်ယောက်တည်းထွက်ခွာမသွားပေ။

“တမလွန်ဘုံမှာ ဘယ်သူလာပြီးမောက်မာရဲနေတာလဲ”

မလှမ်းမကမ်းမှာ တစ္ဆေဘုရင်တစ်ဦးက လေထဲမှာ မတ်တတ်ရပ်ပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်ရှိရာဘက်သို့ အော်ငေါက်လိုက်လေသည်။

လေဟာနယ်ယက္ခက အနည်းငယ်သွားဖြီးကာ ရယ်မောပြောလိုက်၏။

“ကျုပ်တို့သုံးယောက်က ဒီနေရာကို အမှတ်တမဲ့ဝင်ရောက်လာမိတာ... အားလုံးပဲ စိတ်လိုက်မာန်ပါမလုပ်ကြပါနဲ့... ကျုပ်တို့အခုပဲထွက်သွားပါမယ်”

“ဟမ့်...”

နောက်ထပ်တစ္ဆေဘုရင်တစ်ဦးက ပြောလိုက်၏။

“မင်းတို့တွေက ထွက်သွားချင်သေးတာလား... တမလွန်ဘုံက မင်းတို့ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာလို့ ထင်နေလို့လား”

“သူတို့ကိုတားလိုက်”

ထိုစဥ်မှာပင် နောက်ထပ်အသံတစ်သံက ထွက်ပေါ်လာ၏။

“သူတို့က စောစောကပဲ အနက်ရောင်နိစ္စနဲ့ အဖြူရောင်နိစ္စကို ဒဏ်ရာရရှိစေပြီး အရှင်စွေ့ကိုလည်း ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်”

ထိုအသံထွက်ပေါ်လာသောအခါ တမလွန်ဘုံမှ မရေမတွက်နိုင်သောပညာရှင်များက ဒေါသချောင်းချောင်းထွက်သွားကြ၏။

ဘေးပတ်ဝန်းကျင်သည် သတ်ဖြတ်လိုစိတ်ဖြင့်ပြည့်နှက်လာပြီး တမလွန်ဘုံတစ္ဆေများစွာက သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်ကို စိမ်းစိမ်းဝါးဝါးစိုက်ကြည့်နေကြသည်။

“သူတို့ကိုလှဲချလိုက်”

တစ္ဆေဘုရင်တစ်ဦးက သူ၏ လက်ကိုဝေ့ယမ်းပြီး အမိန့်ပေးလိုက်၏။

ချက်ချင်းပင်မရေမတွက်နိုင်သော တစ္ဆေပုံရိပ်များက ပေါ်ထွက်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အခြားနှစ်ယောက်ရှိရာသို့ ခုန်ဝင်လာကြ၏။

တမလွန်ဘုံနှင့် မလွဲမသွေအတိုက်အခံဖြစ်ရတော့မည်ကို လေဟာနယ်ယက္ခတွေ့မြင်သောအခါ သူက စိတ်ထဲကနေကြိတ်၍ ကျိန်ဆဲလိုက်၏။

သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်က လှုပ်ရှားသွားပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သိုင်းတာအိုငရဲခန်းကို ထုတ်ဖော်ကာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့် လေဟာနယ်ယက္ခကို အုပ်မိုးပေးလိုက်၏။

“အား... အား... အား...”

တစ္ဆေပုံရိပ်များစွာသည် သိုင်းတာအိုငရဲခန်းထဲသို့ ဝင်ရောက်လာမိပြီး စူးစူးဝါးဝါးအော်ဟစ်လိုက်ကြ၏။

တစ္ဆေပုံရိပ်တချို့က ချက်ချင်းပင် လောင်ကျွမ်းပြာကျသွား၏။

တစ္ဆေပုံရိပ်တချို့က စွမ်းအားကြီးမားသောနည်းလမ်းများပေါ်မှီခိုပြီး သိုင်းတာအိုငရဲခန်းထဲကနေ ထွက်ပြေးလွတ်မြောက်သွားနိုင်ကြသည်။

သိုင်းတာအိုငရဲခန်းက တမလွန်ဘုံမှာ ဖိနှိမ်ခံထားရသော်လည်း အထဲမှာပါဝင်သည့် ဓမ္မတာအိုက မရေမတွက်နိုင်သောတစ္ဆေများကို ခုခံကာ ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော တစ္ဆေဘုရင်များကိုပင် ဖိနှိမ်နိုင်ဆဲဖြစ်လေသည်။

တိုက်ပွဲဖြစ်ပွားလာသည့်ခဏမှာပင် တမလွန်ဘုံတစ္ဆေများစွာက ဒဏ်ရာအပြင်းအထန်ရရှိပြီး သိုင်းတာအိုပင်မခန္ဓာ၏ ပိုင်နက်နယ်မြေကို မဖြတ်ကျော်နိုင်ကြပေ။

ဟမ့်...

ထိုစဥ်မှာပင် အေးစက်နေသောရယ်သံတစ်သံ ထွက်ပေါ်လာ၏။

“မင်းက တမလွန်ဘုံရဲ့ ပေါဓူတောင်ပေါ်မှာ ဘယ်လိုတောင်မောက်မာရဲတာလဲ... မင်းက အသက်ရှင်ရတာငြီးငွေ့နေတာပဲ”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် စွမ်းအားကြီးမား၍ အေးစက်နေသော စိတ်ဝိညာဥ်အသိစိတ်ဖိအားတစ်ရပ်က ဆင်းသက်လာသည်။

ရှဲ... ရှဲ... ရှဲ...

သိုင်းတာအိုငရဲခန်းထဲရှိမီးတောက်များက အဲဒါကို မခုခံနိုင်ဘဲ တစ်ခဏချင်းမှာပင် ထက်ဝက်ကျော်က ငြိမ်းသေသွားပြီး ထူးဆန်းသောအသံတစ်သံ ထွက်ပေါ်လာ၏။

​ဧကရာဇ်နယ်ပယ်စိတ်ဝိညာဥ်အသိစိတ်...။

ဧကရာဇ်နယ်ပယ်မှာရှိသောစွမ်းအားကသာ သိုင်းတာအိုပင်မခန္ဓာ၏ ပိုင်နက်နယ်မြေကို ဖိနှိမ်နိုင်လေသည်။

ဧကရာဇ်တစ်ပါး၏ စွမ်းပကားကိုမပြောနှင့် ငရဲကမ္ဘာမှာတုန်းက ဧကရာဇ်တစ်ပိုင်းအဆင့်၏ စွမ်းအားကပင် သိုင်းတာအိုပိုင်နက်နယ်မြေအပေါ် ထိတွေ့ရိုက်ခတ်မှုရှိခဲ့လေသည်။

နောက်ခဏ၌ သိုင်းတာအိုပင်မခန္ဓာ၏ မြင်ကွင်းက မှောင်မိုက်လာခဲ့သည်။

သူ၏ ဦးခေါင်းထက်မှာ တစ္ဆေအရိပ်တစ်ခုက ပေါ်ထွက်လာပြီး သူ၏ ဦးခေါင်းကို အနည်းငယ်ငုံ့ထားလေသည်။ ဆိုးယုတ်၍ ကြောက်စရာကောင်းသော တစ္ဆေမျက်နှာက သိုင်းတာအိုငရဲခန်း၏ အထက်မှာ ရောက်ရှိလာပြီး လေကိုညင်သာစွာမှုတ်ထုတ်လိုက်၏။

ရှဲ...

မကောင်းဆိုးဝါးဆန်ဆန်လေပြင်းတစ်ချက် တိုက်ခတ်လာခဲ့၏။

သိုင်းတာအိုငရဲခန်းထဲရှိ မီးတောက်များက ထိုတစ္ဆေပုံရိပ်၏ လေမှုတ်ချက်ဖြင့် ငြိမ်းသေသွားလေသည်။

တစ္ဆေဧကရာဇ်၏ နည်းလမ်းများက ကြောက်စရာကောင်းလေသည်။

“ပေါဓူတောင်ရဲ့ တစ္ဆေဧကရာဇ် ကျိုးချီ”

လေဟာနယ်ယက္ခက ပင့်သက်ကိုရှိုက်ပြီး အော်ပြောလိုက်၏။

ပေါဓူတောင်ကို အုပ်စိုးနေသည့် တစ္ဆေဧကရာဇ်ကျိုးချီသည် အဓိကကျသော တစ္ဆေဧကရာဇ်အဖြစ်ကျော်ကြားလေသည်။ သူသည် တစ္ဆေဧကရာဇ်ငါးဦးထဲမှ ခေါင်းဆောင်ဖြစ်ပြီး တမလွန်ဘုံအရှင်ပြီးလျှင် ဒုတိယနေရာမှာရှိလေသည်။

သို့သော်လည်း ထူးခြားသောအကြောင်းအရင်းတချို့ကြောင့် မြောက်ဘက်အရပ်မှ တစ္ဆေဧကရာဇ်ယန်ယွင်၏ နာမည်ဂုဏ်သတင်းသည် ဤနှစ်များမှာ ကျိုးချီ၏ နာမည်ဂုဏ်သတင်းကို ကျော်တက်လာခဲ့ပြီဖြစ်လေသည်။

“အို...”

တစ္ဆေပုံရိပ်က အံအားသင့်သွားပုံရလေသည်။ သူ၏ အကြည့်က လေဟာနယ်ယက္ခပေါ် ဆင်းသက်ရောက်ရှိသွား၏။

“ယက္ခလေး... မင်းက ငါ့နာမည်ကို သိတယ်ဆိုတော့ ဗဟုသုတရှိသားပဲ”

“မင်းက လေဟာနယ်ယက္ခတစ်ကောင်ပဲ.. မင်းက တစ္ဆေကမ္ဘာမှာ အေးအေးဆေးဆေးနေရမယ့်အစား တမလွန်ဘုံကို ဘာလို့ရောက်လာလဲ”

တစ္ဆေဧကရာဇ်ကျိုးချီက တစ်ချက်ကြည့်ရုံဖြင့် လေဟာနယ်ယက္ခ၏ မူလဇာစ်မြစ်ကိုပြောနိုင်ပြီး မေးမြန်းလိုက်လေသည်။

“ကျုပ်က...”

လေဟာနယ်ယက္ခက တွေဝေတုံ့ဆိုင်းနေပြီး ဘယ်ကစပြောရမည်မသိဘဲ သိုင်းတာအိုပင်မခန္ဓာကို လှည့်ကြည့်လိုက်၏။

“သူတို့ကို အရင်သတ်လိုက်”

တစ္ဆေဧကရာဇ်ကျိုးချီက သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို အေးစက်စွာတစ်ချက်ကြည့်ပြီး ​မှင်သေသေဖြင့်ပြောလိုက်၏။

“အလယ်အလတ်ကမ္ဘာတစ်ထောင်ကလူသားတွေက တမလွန်ဘုံမှာ ဘယ်လိုတောင်လာပြီးမောက်မာရဲတာလဲ”

တစ္ဆေဧကရာဇ် တိုက်ခိုက်ခဲ့စဉ်က သိုင်းတာအိုငရဲခန်းက ကြေမွသွားခဲ့ပြီဖြစ်သည်။

တစ္ဆေဧကရာဇ်ကျိုးချီသည် အမိန့်ပေးလိုက်ပြီးနောက် တမလွန်ဘုံမှ မရေမတွက်နိုင်သောတစ္ဆေများက ကျိုင်းကောင်အုပ်များကဲ့သို့ ရှေ့သို့ပြေးတက်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကို ခုန်အုပ်လိုက်လေသည်။

သိုင်းတာအိုပင်မခန္ဓာက တည်ငြိမ်နေပြီး သူ၏ လက်ဖဝါးကိုလှန်ကာ သူ၏ သိုလှောင်အိတ်ထဲက ဝိညာဥ်မီးအိမ်ကို ဆင့်ခေါ်လိုက်၏။

ရွှေရောင်မီးတောက်များက တောက်လောင်လာပြီး အစစ်အမှန်ခန္ဓာနှစ်ခုကို ကာကွယ်ပေးထား​သည့် ရွှေရောင်ရောင်လျှံစက်ဝန်းတစ်ခု ဖြန့်ကြက်ထွက်ပေါ်လာ၏။

“အား... အား... အား...”

တစ္ဆေများစွာက ရှေ့သို့ပြေးဝင်လာသည့်ခဏမှာပင် သူတို့သည် ရွှေရောင်ရောင်လျှံစက်ဝန်းဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။

စူးစူးဝါးဝါးအော်သံများနှင့်အတူ သူတို့သည် ဘာမှမကျန်အောင်ပျောက်ကွယ်သွားပြီး ဝိညာဥ်မီးအိမ်၏ စုပ်ယူဝါးမျိုခြင်း ခံလိုက်ရလေသည်။

ဝိညာဥ်မီးအိမ်၏ ရွှေရောင်မီးတောက်များသည် ပိုမိုတောက်ပစွာလောင်ကျွမ်းလာပြီး ဘေးပတ်လည်ရောင်လျှံစက်ဝန်း၏ အဝန်းဝိုင်းကလည်း ကျယ်ပြန့်လာခဲ့၏။

သာမန်တမလွန်တစ္ဆေများကို မပြောနှင့် တစ္ဆေဘုရင်ပညာရှင်များပင်လျှင် အချိန်မီမရှောင်တိမ်းနိုင်ပါက သူတို့သည် နေရာမှာပင် ဝိညာဥ်မီးအိမ်၏ ဝါးမျိုခြင်းခံရပြီး လောင်စာဆီအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

“ဟမ်..”

တစ္ဆေဘုရင်ကျိုးချီက သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲရှိ ဝိညာဥ်မီးအိမ်ကို တွေ့မြင်သောအခါ တုန်လှုပ်ချောက်ချားသွား၏။

ဧရာမတစ္ဆေပုံရိပ်က ရွှေရောင်ရောင်လျှံစက်ဝန်း၏ လွှမ်းခြုံမှုအောက်မှာ ပုံမှန်အတိုင်းပြန်ဖြစ်လာပြီး သိုင်းတာအိုပင်မခန္ဓာနှင့် သိပ်မကွာသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ရွှေ​ရောင်ရောင်လျှံစက်ဝန်း၏ အစပ်မှာ မတ်တတ်ရပ်နေ၏။

“ဒီမီးအိမ်က...”

တစ္ဆေဧကရာဇ်ကျိုးချီသည် သိုင်းတာအိုပင်မခန္ဓာ၏ လက်ထဲရှိ ဝိညာဥ်မီးအိမ်ကို အိုးတိုးအမ်းတမ်းအမူအရာဖြင့် မမှိတ်မသုန်စိုက်ကြည့်နေပြီး တီးတိုးရေရွတ်လိုက်၏။

“အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

All Chapters