← Chapters

ဧကရာဇ်ဂူသင်္ချိုင်းသို့

Vol. 182 Ch. 2726

ဧကရာဇ်ဂူသင်္ချိုင်းသို့

Vol. 182 Ch. 2726

“ဟမ်...”

တစ္ဆေဧကရာဇ်ယန်ယွင်၏ အမူအရာက ပြောင်းလဲသွားသည်။

ဤအပြောင်းအလဲသည် သိုင်းတာအိုပင်၏ တိုက်ခိုက်မှုကြောင့်မဟုတ်ဘဲ အခြားသော အကြောင်းပြချက်တစ်ခုကြောင့်ဖြစ်သည်။

တစ္ဆေဧကရာဇ်ယန်ယွင်သည် သိုင်းတာအိုပင်မခန္ဓာထုတ်ဖော်လိုက်သည့် ​ခြေနင်းကွက်ကို ငေးငိုင်စွာဖြင့်ကြည့်နေ၏။ သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှုက ဆင်းသက်လာသောအခါ သူ၏ ပုံရိပ်က ရိပ်ခနဲလှုပ်သွားပြီး နေရာကနေ ပျောက်ကွယ်သွား၏။

တစ္ဆေဧကရာဇ်ယန်ယွင်သည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်မှု​များကို အလွယ်တကူဖြေရှင်းလိုက်လေသည်။

သူတို့နှစ်ယောက်ကြားကွာဟချက်က ကြီးမားနေ၏။

သိုင်းတာအိုပင်မခန္ဓာက အလောတကြီနောက်သို့ဆုတ်ခွာသွားသည်။

တစ္ဆေဧကရာဇ်ယန်ယွင် ပြန်လည်ပေါ်ထွက်လာပြီးနောက် သူက တည်တံ့သောအမူအရာဖြင့် ဝိုင်ဘူးတောင်းကို သူ၏ ခါးမှာချိတ်ဆွဲကာ သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်းမှုကို ပြန်လည်ရရှိလာပြီဖြစ်သည်။ သူက သိုင်းတာအိုပင်မခန္ဓာကို ငေးကြည့်နေပြီး ဖြည်းဖြည်းချင်းမေးလိုက်၏။

“မင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သွေးလိပ်ပြာနဲ့ ဘယ်လိုပတ်သက်လဲ”

သိုင်းတာအိုပင်မခန္ဓာ မတုံ့ပြန်နိုင်ခင်မှာပင် သူ့ကိုဝိုင်းပတ်ထားသည့် တစ္ဆေဧကရာဇ်လေးဦးက တုန်လှုပ်၍ သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ကြ၏။

“ဟမ့်...”

သိုင်းတာအိုပင်မခန္ဓာက တုန်လှုပ်သွားပြီး တစ္ဆေဧကရာဇ်ယန်ယွင်ကို မယုံကြည်နိုင်စွာဖြင့်ကြည့်နေ၏။ သူက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“ခင်ဗျား သူ့ကို သိလို့လား”

တစ္ဆေဧကရာဇ်ယန်ယွင်ရည်ညွှန်းသည့် သွေးလိပ်ပြာ​က သေချာပေါက် တျဲယွဲ့ကိုပြောတာဖြစ်ပေမည်။ သို့သော်လည်း တျဲယွဲ့၏ နာမည်သည် တမလွန်ဘုံထိပင် ပျံ့နှံ့နေလိမ့်မည်ဟု သိုင်းတာအိုပင်မခန္ဓာက ထင်မှတ်မထားပေ။

အခြားသော တစ္ဆေဧကရာဇ်လေးဦး၏ အမူအရာများအရ သူတို့သည်လည်းပဲ သွေးလိပ်ပြာကို ကြားဖူးထားပုံရသည်။

“သိတာထက် ပိုတာပေါ့ “

တစ္ဆေဧကရာဇ်ယန်ယွင်က တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုကို ထုတ်ဖော်ပြီး သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ရယ်မောလိုက်၏။

“သူက တမလွန်ဘုံကို အရင်က ရောက်လာခဲ့တယ်”

ခဏမျှရပ်တန့်ပြီးနောက် သူက ဆက်ပြောလိုက်သည်။

“နောက်ပြီး သူက တမလွန်ဘုံကို အသက်ရှင်လျက်ဝင်ရောက်ပြီး အသက်ရှင်လျက်ပြန်ထွက်သွားနိုင်တဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်က တစ်ဦးတည်းသောသူပဲ”

သိုင်းတာအိုပင်မခန္ဓာက နှုတ်ဆိတ်နေ၏။

သူ၏ ကျင့်ကြံမှုက မြင့်တက်လာပြီး သူက တျဲယွဲ့နှင့် ပိုမိုနီးကပ်လာသည်နှင့်အမျှ သူမက ဘယ်လောက်စွမ်းအားကြီးမားပြီး ဘယ်လောက်ကြောက်စရာကောင်းသလဲ သိရှိလာခဲ့ရ၏။

သို့သော်လည်း တျဲယွဲ့သည် ထိုစဥ်တုန်းက တမလွန်ဘုံကို မည်သို့မည်ပုံရောက်လာသလဲနှင့် သူမက ဘာ့ကြောင့်ရောက်လာခဲ့သလဲ သူက သိချင်မိလေသည်။

ပုံမှန်အခြေအနေမှာဆို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် တမလွန်ဘုံအကြား နိယာမများအဟန့်အတားက ရှိနေသည်။ ထိုစဥ်တုန်းက တျဲယွဲ့၏ နည်းလမ်းများအရ သူမသည် ထိုအဟန့်အတားကိူ ချိုးဖျက်နိုင်ခြင်း မရှိလောက်ပေ။

လေဟာနယ်ယက္ခက ထိုစကားကိုကြားသောအခါ ပင့်သက်ကိုရှိုက်လိုက်၏။

တမလွန်ဘုံသို့ အသက်ရှင်လျက်ဝင်ရောက်ပြီး အသက်ရှင်လျက် ပြန်ထွက်သွားနိုင်သော အလယ်အလတ်ကမ္ဘာတစ်ထောင်မှ တစ်စုံတစ်ယောက် တကယ်ပဲရှိခဲ့သည်လား။

“ဟမ့်...”

တစ္ဆေဧကရာဇ်ကျိုးချီ၏ အမူအရာက သုန်မှုန်သွားပြီး အေးစက်စွာ နှာတစ်ချက်မှုတ်လိုက်၏။ သူက အံကိုတင်းတင်းကြိတ်ကာ ​ပြောလိုက်လေသည်။

“အဲဒါ သူက ကံကောင်းသွားလို့ပါ.. တမလွန်ဘုံအရှင်က တိုက်ခိုက်လာမယ်ဆိုရင် သူက တမလွန်ဘုံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်နိုင်ခဲ့မှာမဟုတ်ဘူး”

သိုင်းတာအိုပင်မခန္ဓာက ထိုစကားကိုကြားသောအခါ တုန်လှုပ်သွားရ၏။

တျဲယွဲ့သည် ဤနေရာကို ရောက်ရှိလာခဲ့ရုံသာမက သူမသည် တမလွန်ဘုံမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကိုပင် စတင်ခဲ့သည်လား။

လေဟာနယ်ယက္ခကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

သိုင်းတာအိုပင်မခန္ဓာသည် ဝေခွဲမရဖြစ်နေသည်ကို ပြောနိုင်သည့်အလား တစ္ဆေဧကရာဇ်ယန်ယွင်က ရှင်းပြလိုက်၏။

“အဲဒီတုန်းကအခြေအနေက နဲနဲရှုပ်ထွေးနေတယ်... အဲဒါကို စကားလုံးတချို့နဲ့ ရှင်းပြဖို့ မလွယ်ဘူး... သူက တမလွန်ဘုံမှာ သိပ်ကြာကြာနေမသွားဘူး... ဒါပေမဲ့သူက ဧကရာဇ်ဆယ်ပါးကျော်ကို သတ်ဖြတ်ခဲ့တယ်... တစ္ဆေဧကရာဇ်ငါးဦးထဲက ထက်ဝက်ကျော်က သတ်ဖြတ်ခံခဲ့ရတယ်”

“အစတုန်းက အရပ်မျက်နှာငါးဘက်မှာ အုပ်စိုးနေတဲ့ တစ္ဆေဧကရာဇ်ဆယ်ပါးရှိခဲ့တယ်... အဲဒီတုန်းကတိုက်ပွဲမှာ သူတို့ထဲက ငါးယောက်က သူရဲ့လက်ထဲမှာ သေဆုံးခဲ့ရတယ်... အခုချိန်မှာတောင် အဲဒီနေရာငါးနေရာကို ပြန်မဖြည့်ရသေးဘူး”

သိုင်းတာအိုပင်မခန္ဓာက ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်၏။

သွေးလိပ်ပြာဟူသောစကားကိုကြားရပြီးနောက် တစ္ဆေဧကရာဇ်လေးဦးက သူ့အပေါ်ပို၍ပင်ရန်လိုစိတ်ရှိလာသည်မှာ မထူးဆန်တော့ပေ။

သို့သော်လည်း သူ့အပေါ် တစ္ဆေဧကရာဇ်ယန်ယွင်၏ စိတ်နေသဘောထားက နူးညံ့ပျော့ပျောင်းလာပုံရသည်ကို သူက ထူးဆန်းဖွယ်ရာတွေ့ရှိလိုက်ရ၏။

တစ္ဆေဧကရာဇ်ယန်ယွင်က ဆက်ပြောလိုက်၏။

“အရင်တုန်းက ငါကသူ့ကိုတားဖို့ ကြိုးစားခဲ့တယ်... ဒါပေမဲ့ သူ့လက်ချက်နဲ့ ငါက ဒဏ်ရာအပြင်းအထန် ရသွားခဲ့တယ်... ဒါပေမဲ့ သူက ငါ့ကို မသတ်ဘဲ ငါ့အသက်ကို ချမ်းသာပေးခဲ့တယ်”

“အမ်း...”

သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်သွား၏။

“သူထွက်မသွားခင် စကားတစ်ခုချန်ထားခဲ့တယ်”

ထိုစဥ်တုန်းကမြင်ကွင်းကို ပြန်လည်မြင်ယောင်မိနေပုံရသည်။

“နင်... ငါ့လက်ကနေ အသက်ရှင်နိုင်ခဲတဲ့အချက်က နင့်အတွက် အကြီးမားဆုံးဂုဏ်ယူဖွယ်ရာဖြစ်လာလိမ့်မယ်”

တကယ်တမ်းမှာလည်း နောက်ပိုင်းထိုသို့ဖြစ်ခဲ့လေသည်။

ထိုတိုက်ပွဲမှာတုန်းက တျဲယွဲ့နှင့်ကြုံတွေ့ခဲ့ပြီးနောက် တစ္ဆေဧကရာဇ်ယန်ယွင်ကသာ အသက်ရှင်လျက်ကျန်ရစ်ခဲ့သည့်အချက်သည် တမလွန်ဘုံမှာ သူ၏ နာမည်ဂုဏ်သတင်းကို မြင့်တက်လာစေပြီး သူက အဓိကတစ္ဆေဧကရာဇ်ကျိုးချီထက်ပင် ကျော်လွန်လာခဲ့​ပြီဖြစ်လေသည်။

သိုင်းတာအိုပင်မခန္ဓာက အံ့အားသင့်မသွားပေ။

တျဲယွဲ့ကသာ ထိုကဲ့သို့သောစကားကို ပြောဆိုနိုင်ပေမည်။

ယန်ယင်က အတိတ်အကြောင်းကို ပြောဆိုနေချိန်မှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သူ၏ ဈာန်ဝင်စား​ရာ အခြေအနေကနေ တဖြည်းဖြည်းနိုးထလာခဲ့ပြီဖြစ်သည်။

ကျိုးချီနှင့် အခြားသောတစ္ဆေဧကရာဇ်သုံးဦးက တစ်စုံတစ်ရာလွဲမှားနေသည်ကို သတိထားမိသွားပုံရသည်။ တစ္ဆေဧကရာဇ်ကျိယန်က မျက်မှောင်ကြုတ်ကာပြောလိုက်၏။

“ယန်ယွင်... ဒီလူက သွေးလိပ်ပြာနဲ့ပတ်သက်ဆက်စပ်နေတယ်ဆိုမှတော့... ငါတို့က သူ့ကို ထွက်ခွာခွင့်ပေးလို့ မဖြစ်ဘူး”

တစ္ဆေဧကရာဇ်ယန်ယွင်က သူ၏ ခေါင်းကိုခါပြီး ရုတ်တရက်ရပ်တန့်လိုက်၏။

ဝိညာဥ်မီးအိမ်ကို လွှမ်းခြုံထားသည့် မြူခိုးများက ရုတ်တရက်ပျက်ပြယ်သွားပြီး ဝိညာဥ်မီးအိမ်ပေါ်ရှိမီးတောက်များက တစ်ဖန်ပြန်၍ပြင်းထန်ကြမ်းတမ်းလာ၏။ ရွှေရောင်ရောင်လျှံစက်ဝန်းက လျင်မြန်စွာဖြန့်ကြက်ပြီး တစ္ဆေဧကရာဇ်လေးဦးကို နောက်သို့ပြန်တွန်းထုတ်လိုက်လေသည်။

“ယန်ယွင်... မင်းဘာလုပ်နေတာလဲ”

တစ္ဆေဧကရာဇ်ကျိုးချီက အော်ငေါက်လိုက်၏။

တစ္ဆေဧကရာဇ်ယန်ယွင်က သိုင်းတာအိုပင်မခန္ဓာကို တွေဝေရှုပ်ထွေးသောအမူအရာဖြင့် ကြည့်ပြီးပြောလိုက်၏။

“အရင်တုန်းက... သူက ငါ့အသက်ကို ချမ်းသာပေးခဲ့တယ်... ဒီနေ့ ငါကလည်း မင်းကိုပြန်ပြီး လွှတ်ပေးမယ်”

တစ္ဆေဧကရာဇ်ယန်ယွင်သည် သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့အကြားဆက်ဆံရေးကို မသိရှိပေ။

သို့သော်လည်း ကောင်းကင်ထယ်သွားခြေလှမ်း၏ အော်ရာနှင့် ဓမ္မတာအိုကို အသုံးပြုနိုင်သော တစ်စုံတစ်ယောက်သည် တျဲယွဲ့၏ ဓမ္မအမွေအနှစ်ကို သေချာပေါက်ဆက်ခံရရှိထားပြီး သူမနှင့် အရင်းနှီးဆုံးလူ သေချာပေါက်ဖြစ်ပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ်”

သိုင်းတာအိုပင်မခန္ဓာက လက်နှစ်ဖက်ကို အနည်းငယ်ယှက်ပြလိုက်၏။

“ယန်ယွင်... မင်း ဘာလုပ်နေတယ်ဆိုတာ မင်းသိရဲ့လား”

တစ္ဆေဧကရာဇ်ဝမ်ဟဲက လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒီလူက သွေးလိပ်ပြာနဲ့ ပတ်သက်ဆက်စပ်ရုံတင်မကဘူး... သူကလည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကပဲ... သူက တမလွန်ဘုံအရှင်ရဲ့ ဧကရာဇ်လက်နက်ကိုတောင်မှ ကိုင်ဆွဲထားသေးတယ်... မင်းက ဒီလူ့ကို ထွက်ခွာ​ခွင့်ပေးလိုက်မယ်ဆိုရင် မင်းက ခွင့်လွှတ်လို့မရလောက်အောင် ကြီးလေးတဲ့ပြစ်မှုတစ်ခုကို ကျူးလွန်လိုက်တာပဲ”

တစ္ဆေဧကရာဇ်လေးဦး၏ ဆူပူအော်ငေါက်မှုမှာ တစ္ဆေဧကရာဇ်ယန်ယွင်က လုံးဝဂရုမစိုက်ပေ။ သူက ဝိုင်ဘူးတောင်းကို ဖြုတ်ယူပြီး နောက်တစ်ဖန်မော့သောက်ကာ ပခုံးတွန့်ပြလိုက်၏။

“ဘာပဲဖြစ်ဖြစ်လေ... ငါဂရုမစိုက်ဘူး”

“မြန်မြန်သွားကြရအောင်... ဒါကအချိန်ကောင်းပဲ”

လေဟာနယ်ယက္ခက သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဥ်အသိစိတ်ထံ အသံတစ်ခုကို အလောတကြီးပို့လွှတ်ပြီး လှုံ့ဆော်လိုက်၏။

သိုင်းတာအိုပင်မခန္ဓာသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာနှင့်အတူ ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ဝင်ပေါက်ဝကိုဖြတ်ကျော်ကာ တစ္ဆေကမ္ဘာသို့ ခုန်ဝင်တော့မည့်ဆဲဆဲဖြစ်လေသည်။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာဘက်မှာ ထူးဆန်းသောတစ်စုံတစ်ရာဖြစ်ပွားလာခဲ့၏။

သိုင်းတာအိုပင်မခန္ဓာက အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာနှင့်အတူ ထွက်ခွာတော့မည့်ဆဲဆဲမှာပင် ထိုသူ့ထံကနေ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မတာအိုတစ်ခု ပစ်လွင့်ထွက်ပေါ်လာပြီး သူ့ကို ပိတ်ဆို့တားဆီးလိုက်လေသည်။

ထို့နောက်ချက်ချင်းပင် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် ဓမ္မတာအိုများ၏ လမ်းညွှန်မှုအောက်မှာ လေထဲသို့ ပျံတက်သွား၏။

သိုင်းတာအိုပင်မခန္ဓာက သူ့ကိုတားဆီးတော့မည့်ဆဲဆဲမှာပင် သူက ရင်တစ်ချက်ထိတ်သွား၏။

အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေပြီး ဤအခြေအနေသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပေါ် ခြိမ်းခြောက်မှုတစ်ရပ် မဟုတ်လောက်ပေ။

တစ္ဆေဧကရာဇ်လေးဦးက ထိုသည်ကို တွေ့မြင်သောအခါ သူတို့ကလည်း သူ့ကိုတားဆီးချင်ကြ၏။

သို့သော့လည်း တစ္ဆေဧကရာဇ်လေးဦး၏ တိုက်ခိုက်မှုများက အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာပေါ်သို့ ဆင်းသက်မလာခင် သူတို့ကို ဝိညာဥ်မီးအိမ်၏ ရွှေရောင်ရောင်လျှံစက်ဝန်းက ပိတ်ဆို့တားဆီးလိုက်၏။

အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက အလွန်တရာလျင်မြန်စွာတက်လှမ်းသွားပြီး တစ်ခဏချင်းမှာပင် မိုးကောင်းကင်ထက်သို့ ရောက်ရှိလာ၏။

ထို့နောက်ချက်ချင်းပင် ​အားလုံး၏ အကြည့်များအောက်မှာ မိုးကောင်းကင်၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ပွင့်ထွက်လာ၏။

ထိုအက်ကွဲကြောင်းပေါ်ထွက်လာသည်မှာ အလွန်တရာတိုတောင်းသော်လည်း သိုင်းတာအိုပင်မခန္ဓာက ၎င်းထံကနေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အော်ရာကို အာရုံခံမိလိုက်ဆဲဖြစ်သည်။

အတိအကျဆိုရလျှင် အဲဒါသည် ဧကရာဇ်ဂူသင်္ချိုင်း၏ အော်ရာဖြစ်လေသည်။

“ဒါက...”

သိုင်းတာအိုပင်မခန္ဓာ၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏ တုံ့ပြန်မှုက အလွန်တရာလျင်မြန်လေသည်။ သူက ကြင်ယာတော်ယု ယူဆောင်လာပေးခဲ့သည့် ငရဲကန့်သတ်မဲ့စိမ့်စမ်းရေကို အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ လက်ထဲသို့ အလောတကြီး ပို့ပေးလိုက်၏။

ထို့နောက် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက အက်ကွဲကြောင်းထဲသို့ ဆွဲယူသွင်းခံလိုက်ရလေသည်။

တစ်ခဏချင်းမှာပင် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက ပျောက်ကွယ်ကာ အက်ကွဲကြောင်းကလည်း ပြန်လည်ပိတ်ဆို့သွား၏။

အစစ်အမှန်ခန္ဓာနှစ်ခုကြား ချိတ်ဆက်မှုက နောက်တစ်ဖန်ပြန်လည် ပြတ်တောက်သွားလေသည်။

သို့သော်လည်း အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာသည် နောက်ထပ်ကြီးမားသည့် အခွင့်အလမ်းတစ်ခုကို ရရှိနိုင်ခြေရှိကြောင်း သိုင်းတာအိုပင်မခန္ဓာက သိရှိလိုက်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ အဆင်ပြေသည်ကို သိရှိပြီးနောက် သိုင်းတာအိုပင်မခန္ဓာကလည်း တွေဝေတုံ့ဆိုင်း​မနေတော့ပေ။ သူက လေဟာနယ်ယက္ခကို ခေါ်ဆောင်ပြီး လမ်းခြောက်သွယ်၏ တစ္ဆေကမ္ဘာထဲသို့ ခုန်ဝင်လိုက်လေသည်။

သူ၏ ပုံရိပ်ကို ဝဲကတော့ခြောက်ခုက ဝါးမျိုပြီး ပျောက်ကွယ်သွား၏။

ဝိညာဥ်မီးအိမ်၏ ကာကွယ်မှုနှင့်အတူ တစ္ဆေဧကရာဇ်လေးဦးသည်ပင် သူ့ကို မည်သည့်အရာမှ မလုပ်နိုင်ဘဲ သူ့ကို လမ်းခြောက်သွယ်က ဝါးမျိုသွားသည်ကို ဒီတိုင်းသာ ငေးကြည့်နေရ၏။

All Chapters