← Chapters

မြို့သားများ၏ လေးစားမှု

Vol. 2 Ch. 22

မြို့သားများ၏ လေးစားမှု

Vol. 2 Ch. 22

လေနက်ဂိုဏ်းမှ ထွက်လာပြီး သံမဏိသစ်မြို့ကို ဖြတ်သောအခါ ရှန်မိုတစ်ယောက် မြို့အဝင်ဂိတ်၌ မြို့သူမြို့သားများကို နွားလှည်းများဘေးတွင် တွေ့ရသည်။

နွားလှည်းများပေါ်တွင် ပစ္စည်းကောင်းများလည်း တင်ထား၏။

ဆန်စေ့၊ အသားခြောက်နှင့် အခြားအဖိုးတန်ပစ္စည်းများ ပါဝင်ပြီး ပင်ပင်ပန်းပန်း ရှာဖွေထားသမျှ ပစ္စည်းများ ဖြစ်သည်။

ထိုအချိန်တွင် အချို့မိဘများမှာ သူတို့၏ သမီးများအား မျက်ရည်များဝဲ၍ နှုတ်ဆက်နေကြ၏။

ထိုအချိန်တွင် ရှန်မို၏ အစိမ်းရင့်ရောင်ဝတ်စုံကြောင့် လူအများ သတိထားမိသွားကြသည်။

ထို့နောက် အဘိုးအိုတစ်ဦးမှာ အလောတကြီး လဲကျမတတ် ပြေးလာပြီး

“အင် အင်မော်တယ် လူလေးက ချင်းရွှမ်ဂိုဏ်းက တပည့်လား”

ရှန်မို ခေါင်းငြိမ့်ပြ၏။

ထိုအခါ အဘိုးအို ဒူးထောက်ချလိုက်ပြီး

“အင်မော်တယ်ကြီးရယ် ကျွန်တော်တို့ သံမဏိသစ်မြို့ကို ကယ်တင်ပေးပါဦး။ လေနက်ဂိုဏ်းက ကျွန်တော်တို့ကို အနိုင်ကျင့်နေတာ နှစ်ပေါင်းများစွာ ရှိပါပြီ။ သူတို့ကို စားစရာတွေ ပေးရလွန်းလို့ ကျွန်တော်တို့တောင် ငတ်ပြီးသေရပါတော့မယ်…”

သူ့စကားအဆုံးတွင် အခြားမြို့သားများပါ ဒူးထောက်၍ တရှုံ့ရှုံ့ ငိုနေကြ၏။

ရှန်မို သူတို့ကိုကြည့်ရင်း ရင်ထဲ တင်းကြပ်လာသည်။

လေနက်ဂိုဏ်းမှာ သူ့အတွက် လွယ်ကူစွာ ရှင်းလင်းနိုင်သော်လည်း မြို့သားများမှာတော့ နှစ်ပေါင်းများစွာ သည်းခံခဲ့ကြရ၏။

ထိုစဉ် လူငယ်လေးတစ်ဦး ပြေးလာပြီး

“အဘိုး သူ့ကို ဒူးမထောက်ပါနဲ့။ လေနက်ဂိုဏ်းက ဒုက္ခပေးနေတာ (၆) နှစ်လောက်ရှိပြီ။ ချင်းရွှမ်ဂိုဏ်းက ဘယ်သူများ လာကူညီရှင်းလင်းပေးတာ တွေ့ဖူးလို့လဲ။ ဘာလို့ အခုမှ ဒူးထောက်တောင်းဆိုနေရမှာလား”

လူငယ်လေးမှာ သူ့ကို မျက်စောင်းထိုး၍ ပြော၏။

ရှန်မို လူငယ်လေးကို အပြစ်မမြင်နိုင်ပါ။ အဘိုးအိုကိုသာ ကူ၍တွဲထူလိုက်သည်။

ရှန်မိုမှ

“လေနက်ဂိုဏ်းဆိုတာ အခုကစပြီး မရှိတော့ပါဘူး။ အားလုံး အေးဆေးနေကြပါ”

အဘိုးအိုအပါအဝင် အားလုံး လန့်ဖျပ်သွားကြသည်။

အဘိုးအိုမှ

“တကယ်ပြောတာလားဟင်။ လေနက်ဂိုဏ်းကို တကယ် ရှင်းလိုက်ပြီလား”

ရှန်မို လက်ယမ်းပြ၍ ထွက်သွားရင်း လှမ်းပြောသည်။

“လေနက်ဂိုဏ်း ဂိုဒေါင်မှာ စားစရာတွေ အပြည့်ပဲ။ ကိုယ်တိုင် သွားယူလိုက်ကြပါ”

သူ အခြားအရေးကြီးကိစ္စကို သွားရဦးမည်။

“မဖြစ်နိုင်တာ။ သူတစ်ယောက်တည်း ဘယ်လို ရှင်းနိုင်မှာလဲ။ လာကြွားနေတယ်”

လူငယ်လေး နှာခေါင်းရှုံ့ကာ ပြော၏။

“သွားကြည့်ရင် သိရမှာပေါ့ကွယ်”

အဘိုးအိုမှ ချော့၏။

“ကျွန်တော် သွားမယ်”

ထို့နောက် ထိုလူငယ်နှင့် အခြား (၄) ယောက်တို့ ဂိုဏ်းနေရာကို သွားကြည့်ကြလေသည်။

မကြာမီ (၅) ယောက်သား ပျော်ရွှင်စွာ ပြန်ပြေးလာကြပြီး

“အဘိုးရေ လေနက်ဂိုဏ်းက တကယ် ပျက်စီးသွားပြီဗျ”

အဘိုးအိုမှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာသည်။ ထို့နောက် ရှန်မိုထွက်သွားရာဘက်သို့ ဒူးထောက်ကာ ဦးညွှတ်လေ၏။

“ကျေးဇူးတင်ပါတယ် အင်မော်တယ်ရယ်”

သူ့အနောက်မှ အခြားမြို့သားများလည်း ဒူးထောက်လိုက်ကြပြီး စိတ်ရင်းအပြည့်ဖြင့် အော်ကြ၏။

“ကျေးဇူးတင်ပါတယ် အင်မော်တယ်”

ထိုအခါ လူငယ်လေးလည်း ခုနက ပြောခဲ့မိသည့်အတွက် အပြစ်တင်စိတ်ဖြင့် ပြန်တောင်းပန်နေမိသည်။

…

ထိုအချိန်တွင် ရှန်မိုမှာ ချင်းရွှမ်ဂိုဏ်းသို့ ပြန်ရောက်နေလေပြီ။

“သစ်သားအခြေခံတော့ ရပြီဆိုတော့ နောက် (၄) မျိုး လိုဦးမယ်”

“ကဲ အခုတော့ ကျင့်ကြံတာပေါ့။ ချီစုစည်းခြင်း ထိပ်ဆုံးရောက်အောင် လုပ်နိုင်ရင် တော်တော် အဆင်ပြေပြီ”

ရှန်မို တင်ပျဉ်ခွေထိုင်ကာ ငရဲမီးတောက် ဖျက်စီးခြင်း ကျင့်စဉ်အား ကျင့်ကြံလေသည်။

ထို့နောက် ဆေးရည်များပါ ကူရင်း (၃) ရက်မျှအကြာတွင် ချီစုစည်းခြင်း ထိပ်ဆုံးအဆင့်သို့ တကယ် ရောက်ရှိသွားတော့၏။

ရှန်မို မျက်လုံးပြန်ဖွင့်လာသည်နှင့် စိတ်ဝိညာဉ် စွမ်းအင်များ ပြည့်ဝနေသည်ကို ခံစားမိကာ ကျေနပ်နေမိသည်။

“ဒါဆိုရင် တာဝန်ခွဲဝေရေးအဆောင် သွားရမယ့်အချိန်ပဲ”

တာဝန်တိုင်းတွင် အချိန်သတ်မှတ်ထားပြီး အများဆုံး (၇) ရက်သာ ပေး၏။

တာဝန်တစ်ခုသည် (၇) ရက်အတွင်း မအောင်မြင်ပါက ဆုလာဘ်မရရုံသာမက နောက်ဆက်တွဲများပါ ရှိ၏။

ရှန်မို တာဝန်ခွဲဝေရေးအဆောင်သို့ ထပ်ရောက်လာပြန်သည်။

ကောင်တာမှ မျက်နှာဝိုင်းဝိုင်းအမျိုးသမီးကို ထပ်တွေ့ရ၏။

သူ စားပွဲကို အသာခေါက်လျက်

“စီနီယာ ကျွန်တော် တာဝန်အတွက် လာခဲ့တာပါ”

သူ ပြောပြောဆိုဆိုနှင့် တိုကင်ပြား (၂) ခုကို ထုတ်ပြသည်။

အမျိုးသမီးလေးမှာ အိပ်ချင်မူးတူး လှမ်းကြည့်၍ ဆုလာဘ်များ ထုတ်ပေးလိုက်သည်။

ထို့နောက် ရှန်မို အဆောင်မှ ထွက်ခွါကာ လျှိုယွန်းရွှမ်၏ ရေခဲခြင်ဆီကို သွားယူရန် ပြင်လေသည်။

ထိုအချိန်တွင် သိုင်းပြိုင်ကွင်းထဲ၌ တပည့်များ စုရုံးနေကြသည်ကို သတိထားမိ၏။

အများစုမှာ အတွင်းဂိုဏ်းတပည့်များဖြစ်ပြီး တစ်ခုခုကို ဆွေးနွေးနေကြသည်။

သူတို့အပေါ်တွင် အကြီးအကဲအမျိုးသမီးတစ်ဦး ရှိပြီး ရှန်မို သူ့ကို မြင်ဖူးနေသလို ထင်လိုက်သည်။

သူ့အရင်လူ အဆိပ်မိစဉ်က စုံစမ်းပေးသူ ဖြစ်၏။

အခြေအနေကို သိရရန် တပည့်တစ်ဦးအား ခေါ်ထုတ်၍ မေးလိုက်သည်။

“တပည့်အစစ် (၄) ယောက်က အတွင်းဂိုဏ်းတပည့်တွေ ခန့်မလို့တဲ့”

ရှန်မို မျက်မှောင်ကြုတ်လျက်

“ငါလည်း မသိရပါလား”

တပည့်လေးမှာ ခေါင်းကုတ်ရင်း

“လွန်ခဲ့တဲ့ (၂) ရက်ကမှ ထုတ်ပြန်တာပါ။ သူတို့နဲ့ ပူးပေါင်းခွင့်ရတဲ့ အတွင်းဂိုဏ်းတပည့်က ဆုလာဘ်တွေ အများကြီး ရမှာတဲ့။ အဲ့တာကြောင့် တပည့်တွေ အများကြီး ရောက်နေကြတာ”

ရှန်မို သဘောပေါက်လာ၏။

သူ ထိုရက်ပိုင်း ကျင့်ကြံရေးတွင် အာရုံစိုက်နေ၍ ပြင်ပအခြေအနေကို မသိလိုက်ခြင်းပင်။

သို့သော် တပည့်အစစ်များမှ ထိုသို့ အတွင်းဂိုဏ်းတပည့် ထပ်ခေါ်ခြင်းမှာ ဂိုဏ်းအတွင်း အစုငယ်များ ကွဲစေနိုင်၏။

မူယုံးယွီ ဘာလို့ သဘောတူလိုက်တာလဲ။

ရှန်မို ခေါင်းယမ်းကာ ထွက်သွားရန် ပြင်လိုက်စဉ် တပည့်မ (၂) ဦး သူ့အရှေ့တွင် လာရပ်၍

“ဂျူနီယာက ဟိုတစ်လောက လဲ့ရှောင်းကျန်ကို နိုင်သွားတဲ့ ရှန်မိုမလား”

ရှန်မို ခေါင်းယမ်းပြ၍

“လူမှားနေပါပြီ။ ကျွန်တော်က ကျန်းယိတီပါ”

ထိုအခါ ညာဘက်ရှိ မိန်းကလေးမှ နေရခက်စွာပြုံး၍

“ဂျူနီယာရှန် လိမ်မနေပါနဲ့။ မင်းကို သိပြီးသားပါ”

“ဘာလိုချင်တာလဲ”

ရှန်မို မျက်မှောင်ကြုတ်ကာ ဆို၏။

“ပြောရရင်တော့ စီနီယာစုန်းကျန့်ကျဲရဲ့အပိုင်းမှာ ပူးပေါင်းဖို့ ခေါ်ချင်တာပဲ”

“စီနီယာစုန်းရဲ့အဖေက အကြီးအကဲ စုန်းချောင်ဖုန်နော်။ အလားအလာကောင်းတွေ အများကြီးရှိတယ်”

“ဂျူနီယာရှန်ရဲ့ အင်အားကလည်း အသိအမှတ်ပြုစရာပါ။ မင်း ပူးပေါင်းမယ်ဆိုရင် ချီစုစည်းခြင်းဆေး (၃) လုံးနဲ့ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁) တုံးရမယ်။ ဘယ်လိုလဲ”

ရှန်မို တိတ်ဆိတ်နေမိသည်။

စိတ်ထဲတွင်တော့ ဒေါသများ လှိုက်လာ၏။

ဤမျှဆုလာဘ်ဖြင့် နောက်လိုက်ခေါ်ခြင်းမှာ စော်ကားနေသလိုပင်။ သူ့တွင်ရှိပြီးသား ရတနာများပင် သာ၍ များသေးသည်။

All Chapters