← Chapters

ကျားရိုင်းတော

Vol. 2 Ch. 24

ကျားရိုင်းတော

Vol. 2 Ch. 24

ရှန်မို သိုင်းပြိုင်ကွင်းထဲမှ ထွက်လာပြီးနောက် ကံကြမ္မာတစ်ခုကို မျက်စိထဲ မြင်ယောင်နေမိသည်။

[အမည်: စုန်းကျန့်ကျဲ]

[အဆင့်: ခြေတည်အဆင့် အစပိုင်း]

[ကံကြမ္မာ: အံ့ဩစရာကောင်းသောကံ၊ ချောမောသူ၊ ဓားသိုင်းကျွမ်းကျင်သူ၊ လေနှင့်မိုးကြိုးဓားခန္ဓာကိုယ်]

[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် အောင်မြင်မှုကြီးတွင် ရပ်တန့်မည်။ နတ်ဓားဂိုဏ်း၏ အတွင်းဂိုဏ်းအကြီးအကဲအဖြစ် ထမ်းဆောင်ကာ (၅၆) နှစ်အကြာတွင် အဆင့်တက်ရန် ကြိုးစားစဉ် ပြိုင်ဘက်ဂိုဏ်းမှ အကြီးအကဲ၏ အလစ်တိုက်ခိုက်မှုကြောင့် သေဆုံးမည်]

[လတ်တလောအခွင့်အရေး (၁): ရှန်မိုအား အဖွဲ့ထဲဝင်ရန် ခေါ်ရင်း ပြဿနာတက်ကြမည်။ ထိုအခါ အကြီးအကဲလီ၏ စေခိုင်းချက်ဖြင့် ဓားချောက်ကမ်းပါး၌ ကျင့်ကြံရင်း လေဓားသိုင်း အဆင့် (၃) အား နားလည်တတ်မြောက်မည်]

[လတ်တလောအခွင့်အရေး (၂): (၃) ရက်အကြာတွင် ဒေါသဖြေရန် ချင်းကန်တောင်သို့ သွားရင်း မတော်တဆ အလောင်းတစ်လောင်းတွေ့မည်။ ထိုအလောင်းတွင် အဆင့်နိမ့် သိုလှောင်လက်စွပ်ပါရှိပြီး အထဲတွင် ရတနာများစွာ ပါဝင်သည်]

“အဆင့်မြင့် သိမ်မွေ့နက်နဲခြင်း ရွှေကျားရတနာတဲ့။ တကယ့် အဖိုးတန်ပစ္စည်းပဲ”

ရှန်မို ပြုံးသွား၏။

သူသာ စုန်းကျန့်ကျဲနှင့် ပြဿနာ မတက်ခဲ့ပါက ထိုအခွင့်အရေးကြီးကို လွတ်သွားတော့မည် ဖြစ်သည်။

ထိုပစ္စည်းမှာ သူ့ တာအိုအခြေခံအတွက် သတ္ထုတစ်ခုအနေဖြင့် အရေးပါလှ၏။

“ဒါပေမဲ့ ကံကြမ္မာကြည့်ရတာတော့ သူလည်း သစ္စာဖောက်ပဲ”

ရှန်မို နှာခေါင်းရှုံ့ကာ တွေးမိ၏။

“အခု မြေအောက်ရေခဲကန်ကို သွားပြီးရင် ကျားရိုင်းတော ဆက်သွားမှပဲ”

“အချိန်စီစဉ်တတ်ပုံကတော့ ငါ တကယ် ပါရမီရှင် ထင်တယ်”

ရှန်မို သူ့ကိုယ်သူ ချီးကျူး၍ မြေအောက် ရေခဲကန်သို့ ဆက်ထွက်လာခဲ့သည်။

လျှိုယွန်းရွှမ်၏ ကံကြမ္မာကြောင့်သာ မဟုတ်လျှင် မည်သူမျှပင် ရှာတွေ့မည် မဟုတ်ပါ။

သူ ရောက်သွားချိန်၌ သေချာပေါက် မည်သူမျှ မရှိပေ။

ပတ်ဝန်းကျင်မှာလည်း အေးစက်နေ၍ တော်ရုံ သက်ရှိများ မနေကြချေ။

သူကိုယ်တိုင် ခန္ဓာကိုယ်နွေးထွေးစေသည့် ဆေးများ ထုတ်သောက်လိုက်ရ၏။

ထို့နောက် အသက်ရှူအောင့်နိုင်သည့်ဆေးပါ ဆက်သုံးရသည်။ ထိုမှသာ ရေခဲကန်အောက်ထဲ ဝင်ရောက်နိုင်ပေမည်။

မကြာမီ ယင်ဓာတ် ရေခဲခြင်ဆီကို ရေခဲကန်အောက်ခြေနားမှ ရလာလေ၏။

ပစ္စည်းကို သိုလှောင်လက်စွပ်ထဲ သိမ်းပြီးနောက် ကျားရိုင်းတောသို့ အမြန် ထွက်လာခဲ့သည်။

ကျားရိုင်းတောမှာ ချင်းကန်တောင်အတွင်း တည်ရှိသော်လည်း ချင်းရွှမ်ဂိုဏ်းတပည့်များအတွက် မရင်းနှီးဘဲ အခြားပြင်ပ ကျင့်ကြံသူများလည်း ရှိ၏။

အခြေအနေအရလည်း မှန်ပါသည်။

ချင်းရွှမ်ဂိုဏ်းသည် ချင်းကန်တောင်၏ သခင်ဖြစ်သော်လည်း အလွန်ကျယ်ပြန့်သော နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် မလွယ်ပေ။

ထို့ကြောင့် ချင်းရွှမ်ဂိုဏ်းမှ အချို့တပည့်များပင် လူပြတ်သော ထိုတော၌ လုယက်သတ်ဖြတ်ခြင်း ခံရတတ်၏။

ထို့ကြောင့် ပြင်ပကျင့်ကြံသူများအား တရားဝင် ဝင်ထွက်ခွင့်ပြုလိုက်ရ၏။

သဘောတူညီချက်မှာ ချင်းရွှမ်တပည့်များအား မတိုက်ခိုက်ရန်ပင်။

တောထဲ၌ နာမည်အတိုင်း ကျားများပေါပြီး အဖိုးလည်းတန်၏။

ကျားအရေခွံ၊ အရိုး၊ အသား၊ သွေးနှင့် မျိုးပွါးအင်္ဂါအထိ ဈေးကောင်းရတတ်သည်။

ထို့ကြောင့် ပြင်ပကျင့်ကြံသူများ အရောက်များခြင်း ဖြစ်သည်။

ချင်းရွှမ်တပည့်များမှာမူ ဆေးပင်များ ခူးရန်သာ လာလေ့ရှိသည်။

ရှန်မို တောအဝင်သို့ရောက်သောအခါ ဈေးငယ်လေးတစ်ခုရှိပြီး ကျင့်ကြံသူများ ဝင်သူ၊ ထွက်သူနှင့် ပြည့်နေသည်။

ပစ္စည်းမျိုးစုံကို အော်ဟစ်ရောင်းချနေကြသော်လည်း အများစုမှာ အတုများဖြစ်လေ၏။

ရှန်မို လူအုပ်ကိုဖြတ်၍ စိတ်ဝင်တစားကြည့်ရင်း လျှောက်လာသည်။

သူ့ဘယ်ဘက်မှ ဆိုင်ရှင်က

“တာအိုပညာရှင်တို့ ဒီမှာကြည့်ကြပါ။ ရွှေစပါးကြီးမြွေဥ (၃) လုံး ရှိတယ်နော်။ ပေါက်လာရင် အနည်းဆုံး တတိယအဆင့်လောက် ရှိမှာ။ အခွင့်အရေး မလွတ်စေနဲ့နော်။ (၃) လုံးစလုံးမှ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀) ပဲပေး”

သူ့အရှေ့တွင် ဥဝါဝါ (၃) လုံး ချထားလေသည်။

ကျင့်ကြံသူတစ်ဦးမှ ဖြတ်သွားရင်း

“ဈေးလျှော့ပါဦးဗျ”

“ရတယ်လေ”

အင်း… အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး (၁၀၀)”

“ရတယ်လေ။ အခု မြန်မြန်ပေး”

ကျင့်ကြံသူမှာ ချက်ချင်း နောင်တရသွားသလိုဖြင့်

“ကျွန်တော့်ဘက်က ရှုံးနေသေးသလိုပဲ”

ဘေးပတ်ဝန်းကျင်မှ ရယ်သံများ ထွက်လာ၏။

ရှန်မိုလည်း ဆက်လျှောက်လာရင်း တောစပ်သို့ ရောက်လာလေသည်။

ဤနေရာတွင် ကိုယ်တိုင် အားနည်းသည် ခံစားရပါက အဖွဲ့လည်း ဖွဲ့နိုင်သေးသည်။

အချို့မှာ သူစိမ်းနှင့် အဖွဲ့ဖွဲ့သောအခါ အန္တရာယ်များလှ၏။

အကျိုးအမြတ် မရလာလျှင် ကိစ္စမရှိသော်လည်း ပစ္စည်းကောင်းရလာပါက ပြဿနာတက်ကြသည်။

ရှန်မို ရောက်လာသည်ကိုတွေ့သောအခါ မိန်းမချောတစ်ဦး မျက်လုံးအရောင်လက်သွားပြီး သူ့အနား လျှောက်လာကာ

“အစ်ကိုလေး ကျွန်မက ရှီယန်ပါ။ ကျွန်မနဲ့ အဖွဲ့ဖွဲ့ချင်လား”

ထို့နောက် နှစ်ကိုယ်သား ကြားရုံမျှ ခပ်တိုးတိုး ကပ်ပြောလေ၏။

“ရွှေကျားရှိတဲ့ လျှို့ဝှက်နေရာကို သိထားတယ်။ ကျွန်မတို့ တစ်ဝက်စီ ခွဲယူမယ်လေ”

သူ တမင် အသားချင်းထိအောင် တိုး၍ပြော၏။

ရှန်မို မျက်မှောင်ကြုတ်မိသွားသည်။

ထိုကဲ့သို့ ရက်ရောသူမှာ မကောင်းသည့်အကြံ ရှိလောက်သည်။

သူ့ကံကြမ္မာကို ကြည့်ကြည့်လိုက်၏။

[အမည်: ဝူလန်]

[အဆင့်: ချီစုစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်း]

[ကံကြမ္မာ: အံ့ဩစရာကောင်းသောကံ၊ အဆိပ်ပြင်းသူ၊ အဆိပ်များကို ချစ်သူ၊ သဘာဝ အဆိပ်ခန္ဓာကိုယ်]

[အနာဂတ်: ခြေတည်အဆင့် ပြီးပြည့်စုံခြင်းတွင် ရပ်တန့်ကာ (၁၆) နှစ်အကြာတွင် မိုးကြိုးမီးလျှံဂိုဏ်းမှ တပည့်ကို အဆိပ်သုံးမိ၍ ထိုဂိုဏ်းအကြီးအကဲ၏ အမျက်ရှကာ ရက်ရက်စက်စက် အသတ်ခံရမည်]

[လတ်တလောအခွင့်အရေး (၁): မာနကြီးသော ကျင့်ကြံသူတစ်ဦးနှင့် အဖွဲ့ဖွဲ့ကာ အလစ်သတ်နိုင်ပြီး အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃) တုံးနှင့် အဆင့်မြင့် အဝါအဆင့် လက်နက်များ ရရှိမည်]

[လတ်တလောအခွင့်အရေး (၂): တစ်လအကြာတွင် ချင်းရွှမ်ဂိုဏ်းတပည့်အစစ် ကျောက်ထင်အား မြှူဆွယ်ရန် ကြိုးစားရင်း ထွက်ပြေးရကာ မြေအောက် လိုဏ်ဂူထဲ ပြုတ်ကျမည်။ ကံကောင်းစွာဖြင့် မြေဓာတ်ခြင်ဆီရရှိပြီး ချီစုစည်းခြင်း ထိပ်ဆုံး ရောက်ရှိမည်]

ရှန်မို အံ့ဩနေမိသည်။

လူလိမ်မပဲ။

နာမည်မှအစ လိမ်ပြောထား၏။

သို့သော် သူ့အခွင့်အရေးမှာတော့ မက်လောက်စရာပင်။

“မင်းနဲ့ မပူးပေါင်းဘူး”

ရှန်မို အပြတ်ငြင်း၍ တောထဲဝင်သွား၏။

ဝူလန် နှုတ်ခမ်းလေးစူ၍ ကျန်ခဲ့လေသည်။

ထက်မြက်သူများမှာ ဆွဲဆောင်ရန် ခက်ပါသည်။

မကြာမီ လူငယ်လေးတစ်ဦးကို ထပ်တွေ့၏။

“သခင်လေးကြည့်ရတာ မိသားစုအဖွဲ့ တပည့်ထင်တယ်။ ကျွန်မက စုန်းလီပါ။ သခင်လေးနာမည် ဘယ်လိုခေါ်လဲ မသိဘူး။ ဒီကျားရိုင်းတောထဲကို ဘယ်လို့ ရောက်လာတာလဲဟင်”

ဝူလန် အနားကပ်၍ ပြော၏။

လူငယ်လေးမှာ ချက်ချင်း ထောင်ချောက်ထဲ ကျသွားတော့သည်။

“ကျွန်တော်က လောင်ဖေးပါ… ရှေးဟောင်းလေမြို့က လောင်အိမ်တော်ကပါ။ ကျားဘုရင်ကို အမဲလိုက်ဖို့ လာတာလေ။ ဒီ (၃) ယောက် ကျွန်တော် ခန့်ထားတဲ့သူတွေ”

ဝူလန် အနောက်မှ (၃) ဦးကို ခိုးကြည့်ပြီးမှ ရယ်မောလျက်

“ကျားဘုရင်လား။ ကျွန်မ သိတယ်။ အတူတူ ပူးပေါင်းမလားဟင်”

“ကောင်းတာပေါ့။ ကျေးဇူးပါပဲဗျာ”

လောင်ဖေး ပြုံးလျက် ပြောလိုက်သည်။

All Chapters