← Chapters

ချင်းရွှမ်လိုဏ်ဂူထဲမှ အနန္တမီးတောက်

Vol. 2 Ch. 29

ချင်းရွှမ်လိုဏ်ဂူထဲမှ အနန္တမီးတောက်

Vol. 2 Ch. 29

အကြီးအကဲလီသည် စိတ်လှုပ်ရှားစွာဖြင့်

“ကျွန်မ စမ်းကြည့်ပါဦးမယ်။ တကယ်ပဲ တာအိုအခြေခံလား”

ဘေးမှ အကြီးအကဲကလည်း အလွန်ပျော်ရွှင်လျက်

“ငါလည်း စမ်းကြည့်မယ်”

ရှန်မိုသည် ပြုံးရွှင်နေရာမှ ထိုစကားများကြောင့် နင်သွားသည်။

မူယုံးယွဲ့မို့လို့ ပေးထိတာလေ။ ခင်ဗျားတို့ရောလား။

ထိုစဉ် လျှိုယွမ်ဖုန်မှ ရုတ်တရက်

“ဂိုဏ်းခေါင်းဆောင်ရဲ့ စမ်းသပ်ချက်ကို ယုံပေမဲ့ အရမ်းစိတ်လှုပ်ရှားလွန်းတော့ မှားသွားတာလည်း ဖြစ်နိုင်တယ်လေ။ အဲ့တာကြောင့် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ချင်ပါတယ်”

စုန်းချောင်ဖုန်လည်း ခေါင်းငြိမ့်ပြ၍

“ကျွန်တော်လည်း အဲ့လိုပဲ တွေးတယ်”

အမျိုးသားကြီး (၂) ဦးမှာ ရှန်မိုအနီး လျှောက်လာကြ၏။

ရှန်မိုလည်း လန့်ကာ သတိကပ်ထားရသည်။

ထိုနှစ်ဦးမှာ သူ့အခြေခံ စစ်ဆေးချင်ရုံထက် မကောင်းသည့်အကြံ ရှိနိုင်သည်။

‘ဆရာမရေ ကယ်ပါဦး’

ရုတ်တရက် လေညင်းလေး တိုက်ခတ်သွားပြီး မူယုံးယွဲ့ သူ့အနား ရောက်လာသည်။

“ကျွန်မတပည့်က ကျွန်မအတွက် အရမ်း အရေးကြီးတယ်။ ရှင်တို့ စစ်ဆေးနေတုန်း တစ်ခုခု ထိခိုက်သွားမှာ စိုးရိမ်ပါတယ်။ ထိုင်နေကြပါ”

မူယုံးယွဲ့ မျက်လုံးလှလှလေးဖြင့် စိုက်ကြည့်ရင်း ပြောလေ၏။

“ဂိုဏ်းခေါင်းဆောင်က အတွေးလွန်နေတာပဲ။ ကျွန်တော်တို့က ဂိုဏ်းအတွက် လုပ်နေတာပဲလေ။ ဘယ်လိုလုပ် ထိခိုက်အောင် လုပ်ရမှာလဲ”

လျှိုယွမ်ဖုန် လက်ယမ်းရင်း ပြော၏။

စုန်းချောင်ဖုန်မှာလည်း

“ကျွန်တော်လည်း ဂိုဏ်းကိစ္စပဲ အလေးပေးပါတယ်။ ချင်းရွှမ်ဂိုဏ်းမှာ ထူးချွန်တဲ့သူ ပေါ်လာတာကို ထိခိုက်အောင် မလုပ်ပါဘူး။ ဂိုဏ်းခေါင်းဆောင်ရဲ့ စကားက ဝမ်းနည်းမိပါတယ်”

နှစ်ယောက်သား ပြန်ထိုင်လိုက်ကြ၏။

ရှန်မို ရင်ထဲ နွေးထွေးသွားလေသည်။

‘ငါ့ဆရာမက တကယ်ကောင်းတာပဲ’

“ခေါင်းဆောင်က ဒီကိစ္စပြောဖို့ ခေါ်တာလား။ ကျွန်တော်တို့ရဲ့ အဖိုးတန်တဲ့အချိန်တွေကို လာဖြုန်းနေတာပဲ”

အကြီးအကဲတစ်ဦးမှ ရုတ်တရက် ပြောလိုက်သည်။

မူယုံးယွဲ့ လှမ်းကြည့်လိုက်ရာ လျှိုယွမ်ဖုန်၏ လူဖြစ်ကြောင်း သိလိုက်ရ၏။

“အဲ့တာပဲ မဟုတ်ဘူး”

မူယုံးယွဲ့ အားလုံးကို ဝေ့ကြည့်၍

“ချင်းရွှမ်လိုဏ်ဂူက ပွင့်လာပြီ။ ရှေးဘိုးဘေးတွေရဲ့ စည်းမျဉ်းအရ ခြေတည်အဆင့်ရှိတဲ့ တပည့်တွေနဲ့ အထူးအရည်အချင်းရှိတဲ့သူပဲ ဝင်ခွင့်ရှိမှာ”

“ဒီနေ့ ကျွန်မရဲ့ သီးသန့်တပည့်ရှန်မိုက ခြေတည်အဆင့် ရောက်ပြီဆိုတော့ သူလည်း ချင်းရွှမ်လိုဏ်ဂူထဲ ဝင်ရမှာပေါ့”

သူ့စကားကြောင့် အကြီးအကဲများ အချင်းချင်း မျက်စပစ်နေကြ၏။

ရှန်မိုလည်း ကျိတ်ပြုံးနေသည်။

ငါ့ဆရာမလှလှလေးက အစီအစဉ်ကောင်းတွေ ရှိတာပဲ။

အကြီးအကဲများထဲတွင် အချို့ ဘက်မရွေးရသေးသူများလည်း ရှိပြီး ယခု မူယုံးယွဲ့၏ ကြေညာချက်ကြောင့် သူတို့အတွေးရသွားနိုင်သည်။

ယခု အစည်းအဝေးခေါ်ရသည့် အကြောင်းအရင်းမှာ သူ့သီးသန့်တပည့်ကို ချင်းရွှမ်လိုဏ်ဂူ ဝင်စေမည့်ကိစ္စ ဖြစ်နေ၏။

ရှန်မို၏ အရည်အချင်းနှင့် အလားအလာမှာ အားလုံးထဲတွင် အကောင်းဆုံး ဖြစ်နေခြင်းသည် မငြင်းနိုင်ပေ။

လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့ ပို၍ မျက်နှာပျက်လာကြ၏။

ရှန်မိုမှာ ခြေတည်အဆင့်သို့ ရုတ်တရက် တက်လာကြောင်း ယခုမှ သိရ၍ သူတို့အနေဖြင့် ဖယ်ထုတ်ရန်အစီအစဉ်လည်း မမှီတော့ပေ။

အချိန်ရလျှင်တော့ ကျောက်ထင်နှင့် လောင်ရှန်နန်တို့လို စီစဉ်နိုင်၏။

ယခုတော့ မဲပေးသည့်အခွင့်အရေးသာ ကျန်တော့သည်။

မည်သို့ပင်ဖြစ်စေ သူတို့ဘက်လိုက်ပေးမည့် အကြီးအကဲများ ရှိသည့်အပြင် မဆုံးဖြတ်ထားရသေးသော အကြီးအကဲ (၂) ဦးထံမှလည်း အခွင့်အရေး ရနိုင်၏။

စုန်းချောင်ဖုန် ချောင်းဟန့်လျက် တစ်ခုခု ပြောရန် ပြင်လိုက်စဉ် မူယုံးယွဲ့မှ

“ဒီအစည်းအဝေးမှာ ဆက်ပြီး ဆွေးနွေးစရာကိစ္စ မရှိတော့ပါဘူး။ ဒါ ကြေညာအသိပေးတာပါ။ ကျွန်မရဲ့ တပည့်လည်း အထူးအခွင့်အရေးနဲ့ ထိုက်တန်ပါတယ်။ မနက်ဖြန် ရှန်မို၊ လျှိုယွန်းရွှမ်နဲ့ စုန်းကျန့်ကျဲတို့ ချင်းရွှမ်လိုဏ်ဂူထဲ ဝင်ကြပါမယ်”

“အစည်းအဝေး ပြီးပါပြီ”

ထိုသို့ပြော၍ ရှန်မို့ကိုခေါ်ကာ ထွက်သွားလေသည်။

မဲပေးရန် ကြံနေသော စုန်းချောင်ဖုန်နှင့် လျှိုယွမ်ဖုန်တို့ အချင်းချင်း စိတ်ပျက်လက်ပျက်ကြည့်ရင်း ကျန်ခဲ့တော့၏။

အကြီးအကဲလီမှာ ရယ်မောလျက်

“လက်ထောက်ခေါင်းဆောင်နဲ့ အကြီးအကဲချုပ်။ ဒီအစည်းအဝေးက ရှန်မို့ကို (၅) ယောက်မြောက် တပည့်အစစ် ရွေးချယ်ရေး မဟုတ်ဘူးလေ။ အဲ့တော့ မဲပေးစရာ မလိုဘူး”

“ချင်းရွှမ်လိုဏ်ဂူထဲဝင်ဖို့က အရည်အချင်း ပြည့်မီရင် ရပြီလေ။ ခေါင်းဆောင်စကားက အတည်ပဲ။ ဘယ်သူက ဂိုဏ်းခေါင်းဆောင်လဲဆိုတာ မမေ့နဲ့ဦး”

သူ ရယ်မော၍ ပြောကာ ထွက်သွားသည်။

လျှိုယွမ်ဖုန်တို့အုပ်စုသာ ကျန်ခဲ့၏။

“အကြီးအကဲစုန်း ချင်းရွှမ်လိုဏ်ဂူထဲက ရတနာကို လုံးဝ ရှန်မို့လက်ထဲ ရောက်လို့မဖြစ်ဘူး”

လျှိုယွမ်ဖုန် တည်ငြိမ်စွာ ဆိုသည်။

စုန်းချောင်ဖုန် နှာခေါင်းရှုံ့လျက်

“သိပါတယ်။ အဲ့တာအထိ သတိပေးစရာ မလိုဘူး။ ကျန့်ကျဲက ကံကောင်းပြီးသားဆိုတော့ သူပဲ ရမှာ”

လျှိုယွမ်ဖုန် ဂရုမစိုက်သလို မတ်တပ်ထရပ်၍

“ငါပြောချင်တာက လိုအပ်ရင် နည်းလမ်းတွေ ထုတ်သုံးဖို့ ပြောတာ”

စုန်းချောင်ဖုန် သဘောပေါက်သွားသလိုဖြင့် ပြုံးကြည့်နေသည်။

…

တောင်ထိပ်ရှိ ခြံဝန်း၌။

မူယုံးယွဲ့နှင့် ရှန်မိုတို့ ဖြည်းညင်းစွာ ဆင်းလာကြသည်။

မိန်းမလှလေးမှာ မောပန်းသွားသလိုဖြင့် ခုံပေါ်တွင် သွားထိုင်၏။

“မင်းလည်း ထိုင်ဦးလေ”

ရှန်မို ခေါင်းငြိမ့်လျက် ဝင်ထိုင်၏။

“မင်း မနက်ဖြန် ချင်းရွှမ်လိုဏ်ဂူထဲ ဝင်တဲ့အခါ လိုဏ်ဂူက (၃) လ ပိတ်သွားလိမ့်မယ်။ အဲ့အချိန်အတွင်း အထဲမှာ ဘာတွေဖြစ်နေလဲ ငါတို့ သိရမှာ မဟုတ်ဘူး။ အဲ့တော့ အထူး ဂရုစိုက်ပါ”

ရှန်မို ခေါင်းငြိမ့်ပြ၏။

သူ စုန်းကျန့်ကျဲကိုတော့ အဆင့်တူချင်းဖြစ်၍ သိပ်မစိုးရိမ်လှပေ။

တာအိုအခြေခံလည်း ရှိသောကြောင့် ရှန်မိုက ပိုသာသည်ဟုပင် ဆိုနိုင်သည်။

လျှိုယွန်းရွှမ်ကိုသာ စိတ်ပူရ၏။

မူယုံးယွဲ့ သူ့အမူအရာကို နားလည်ကာ ပြုံးလျက်

“ဘာမှ မစိုးရိမ်ပါနဲ့။ ငါပေးထားတဲ့ ဆက်သွယ်ရေး ကျောက်တုံးရှိနေရင် မင်းကို သတ်လို့တော့ မရပါဘူး”

“နောက်ပြီး အဲ့ဒီရတနာကိုသာ မင်း အရင်ရသွားရင် လျှိုယွန်းရွှမ်ကိုလည်း နိုင်ပြီ”

မူယုံးယွဲ့ သူ့ကိုကြည့်၍ ဆက်ပြောသည်။

“အနန္ထမီးတောက်လေ”

“ချင်းရွှမ်လိုဏ်ဂူရဲ့ အနက်ရှိုင်းဆုံးမှာ ကြာမီးတောက်နီဆိုတာ ရှိတယ်။ မြေအောက် မီးစွမ်းအင်ကို နှစ်ပေါင်းများစွာ စုပ်ယူထားတာပေါ့”

“သူ့အစွမ်းက တော်တော်လေး ထက်တယ်။ မင်းအရည်အချင်းနဲ့ဆို တစ်ဟုန်ထိုး တက်သွားမှာ”

All Chapters