← Chapters

ချင်းရွှမ်လိုဏ်ဂူ တရားဝင် ပွင့်လာခြင်း

Vol. 2 Ch. 30

ချင်းရွှမ်လိုဏ်ဂူ တရားဝင် ပွင့်လာခြင်း

Vol. 2 Ch. 30

မူယုံးယွဲ့ ပြောပြီးသည်နှင့် ရှန်မို စိတ်ဝင်စားမှု မြင့်တက်လာသည်။

“ဆရာမ အနန္တမီးတောက်အကြောင်း ထပ်ရှင်းပြပါလား။ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး”

မူယုံးယွဲ့ ပြုံးလျက်

“အနန္တမီးတောက်ဆိုတာ ကောင်းကင်ကနေ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ မီးတောက်မျိုးပေါ့။ ပေါ်လာတဲ့ပုံစံကတော့ အမျိုးမျိုး ရှိတယ်။ တချို့က စိတ်ကို ထိန်းချုပ်နိုင်တယ်။ တချို့က ပေါက်ကွဲစေနိုင်ပြီး လောင်ကျွမ်းစေတာလည်း သက်သက်ရှိတယ်။ တချို့က ရေခဲစေတာမျိုး၊ အလင်းရောင် တောက်တာမျိုးတွေပေါ့”

“ကမ္ဘာပေါ်မှာ အမျိုးအစားပေါင်း (၄၉) မျိုးရှိပေမဲ့ တော်တော်ကံကောင်းတဲ့သူတွေပဲ ရနိုင်တာ”

“အနန္တမီးတောက်က အဆင့်နဲ့တော့ စီထားပြီး အဆင့်မြင့်လေ အားကောင်းလေပဲ”

“ဒါပေမဲ့ တစ်ခါတစ်လေ သက်တမ်းပေါ်လည်း မူတည်သေးတယ်”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။

မူယုံးယွဲ့ ပြုံးလျက်

“မင်းကိုတော့ ယုံပါတယ်။ မင်းရဲ့ နေမီးတောက် ခန္ဓာကိုယ်နဲ့ဆိုရင် ကြာနီမီးတောက်ကို သေချာပေါက် ရမှာ”

“ဆရာမ စိတ်မပျက်စေရပါဘူး”

ရှန်မို ဦးညွှတ်ကာ ပြော၏။

သူသာ ကြာနီမီးတောက်ကို မွမ်းမံနိုင်လျှင် အင်အားမှာ အတိုင်းအဆမရှိ မြင့်သွားတော့မည်။

…

နောက်တစ်နေ့။

တပည့်များအားလုံး ချင်းရွှမ်ဂိုဏ်း ရေကန််အနီးတွင် စုဝေးနေကြသည်။

ရေတံခွန်အနောက်ဘက်တွင် ချင်းရွှမ်လိုဏ်ဂူ ဝင်ပေါက်ရှိ၏။

ထိုဝင်ပေါက်နေရာတွင် အပြာရောင်မီးများ တောက်လောင်နေပြီး အလွန်ကြောက်စရာ ကောင်းလေသည်။ မြုတေဖွဲ့စည်းခြင်းအဆင့်များပင် အနားမကပ်ရဲချေ။

မူယုံးယွဲ့၊ လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့ စိတ်ဝိညာဉ်စွမ်းအင်များသုံး၍ ဝင်ပေါက်ရှိ မီးတောက်များကို တိုက်ခိုက်နေ၏။

သူတို့အစွမ်းကြောင့် မီးတောက်များ တဲဖြည်းဖြည်း အားနည်းလာလေသည်။

အနောက်တွင်မူ ရှန်မို၊ လျှိုယွန်းရွှမ်နှင့် စုန်းကျန့်ကျဲတို့ ရပ်နေ၏။

ထို (၃) ဦးမှာ ချင်းရွှမ်လိုဏ်ဂူထဲဝင်ရန် ရွေးချယ်ထားသူများ ဖြစ်လေသည်။

“ငါလည်း သူတို့ထဲက တစ်ယောက်ဖြစ်ရမှာ”

တပည့်တစ်ဦးမှ စိတ်ထဲတွင် မကျေမနပ် တွေးနေမိသည်။

လျှိုဖေးလည်း သူ့အမူအရာကို သတိပြုမိကာ

“အစ်ကိုရှောင်ဖန်က ကျွန်မအတွက်တော့ အတော်ဆုံးပါပဲ”

“ချင်းရွှမ်လိုဏ်ဂူထဲ မဝင်ရလို့ ဘာမှမဖြစ်ပါဘူး။ ကျွန်မအဖေက ကျင့်ကြံမှု အရင်းအမြစ်တွေ ပေးထားသားပဲ”

ရှောင်ဖန် အားတင်း၍ ပြန်ပြုံးပြမိသည်။

“ကိုက ကံမကောင်းဘူး ထင်ပါတယ်”

ရှောင်ဖန် တွေးရင်း ဆက်ပြောလေ၏။

“ငါက တကယ် ပါရမီရှင်လား။ တကယ်ရော ကံကောင်းတဲ့သူ ဟုတ်လို့လား”

ရှန်မို လူအုပ်ထဲမှ ရှောင်ဖန်ကို လှမ်းကြည့်မိလိုက်သည်။

ပထမဆုံး တွေ့သည့်အခါက သူ့ကံကြမ္မာကို ကြည့်လိုက်စဉ် ချင်းရွှမ်လိုဏ်ဂုထဲဝင်၍ ကြာနီမီးတောက် ရရှိမည်ဟု ပါသည်။

သို့သော် သူ့ကောင်းကင်အဆင့် ကျင့်စဉ်အား ရှန်မိုမှ လုယူလိုက်သောကြောင့် ထိုကဲ့သို့ အားနည်းသွားခြင်း ဖြစ်သည်။

ကံကြမ္မာမှာ အလွယ်တကူ ပြောင်းလဲနိုင်လေသည်။ အနည်းငယ် လွဲချော်မှုမှာ ဘဝလမ်းကြောင်းတွင် လုံးဝ သွေဖယ်သွားနိုင်၏။

ရှန်မို သူ့ဆီမှ အကြည့်လွှဲ၍ သူ့ကံကြမ္မာသူ ပြန်ကြည့်လိုက်သည်။

[အမည်: ရှန်မို]

[အဆင့်: ခြေတည်အဆင့် အစပိုင်း]

[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ ကံကောင်းသူ၊ နေမီးတောက် ခန္ဓာကိုယ်]

[အနာဂတ်: ခြေတည်အဆင့် ထိပ်ဆုံးအထိ ကျင့်ကြံနိုင်မည်။ (၅) နှစ်အကြာတွင် နတ်ဓားဂိုဏ်း၏ ဝင်ရောက်တိုက်ခိုက်မှုဖြင့် သေဆုံးမည်]

[လတ်တလော အခွင့်အရေး: ယနေ့ ချင်းရွှမ်လိုဏ်ဂူသို့ ဝင်ရောက်မည်]

[အပြောင်းအလဲ (၁): တစ်လအကြာတွင် ချင်းရွှမ်လိုဏ်ဂူထဲ ကျင့်ကြံရင်း ကြာနီမီးတောက် ရထားသော လျှိုယွန်းရွှမ်ကြောင့် အပြင်းအထန် ထိခိုက်မည်။ အဆင့်တက်မြောက်နိုင်ခြင်းမရှီ]

[အပြောင်းအလဲ (၂): တစ်လခွဲအကြာတွင် ချင်းရွှမ်လိုဏ်ဂူထဲမှ ထွက်လာပြီးနောက် စုန်းကျန့်ကျဲ သေဆုံးမှုမှာ ရှန်မိုကြောင့် ဖြစ်သည်ဟု လျှိုယွန်းရွှမ်မှ စွပ်စွဲမည်]

ရှန်မို ထိုအချက်အလက်များ သိရှိပြီးနောက် စိတ်ပျက်သွားမိ၏။ သူ့ကံမှာ အရမ်းမကောင်းသေးပေ။

ကြာနီမီးတောက်ကိုလည်း လျှိုယွန်းရွှမ် အရင်ရလိမ့်မည်။

မည်သို့ရရှိသည်ကို သိရှိနိုင်ရန် လျှိုယွန်းရွှမ်ကံကြမ္မာကို လှမ်းကြည့်လိုက်၏။

[အမည်: လျှိုယွန်းရွှမ်]

[အဆင့်: ခြေတည်အဆင့် အောင်မြင်မှုကြီး]

[ကံကြမ္မာ: ကံအလွန်ကောင်းသူ၊ ချောမော ကျက်သရေရှိသူ၊ အန္တရာယ်များ ရှောင်ကွင်း၍ ချောမွေ့စွာ ဖြတ်သန်းနိုင်ခြင်း၊ ယင်ဓာတ်ရေခဲခန္ဓာကိုယ်]

[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးအထိ ရောက်ရှိပြီး နတ်ဓားဂိုဏ်း အကြီးအကဲ ဖြစ်လာမည်။ နှစ် (၄၀) အကြာတွင် မြေဓာတ်အဆင့်မြင့်ရတနာ ရယူရန် ပြင်ရင်း တိုက်ခိုက်ခံရကာ ဒဏ်ရာများရရှိ သေဆုံးမည်]

[လတ်တလောအခွင့်အရေး (၁): ယနေ့ ချင်းရွှမ်လိုဏ်ဂူထဲ ဝင်ခွင့်ရမည်]

[လတ်တလောအခွင့်အရေး (၂): တစ်လအကြာတွင် အဖေ လျှိုယွမ်ဖုန်ပေးသော အနန္တမီးတောက်ကျောက် အကူအညီဖြင့် ချင်းရွှမ်လိုဏ်ဂူ၏ နောက်ဆုံး (၄) ခုမြောက်ဂူတွင် ကြာနီမီးတောက် ရှာတွေ့ကာ အင်အားကောင်း၍ ကိုယ်တွင်းဒဏ်ရာများ သက်သာမည်]

“အနန္တမီးတောက်ကျောက်လား။ တစ်ခါမှ မကြားဖူးဘူး။ ဒါပေမဲ့ မီးတောက်နက်ကျောက်နဲ့ တူမယ်ထင်တယ်”

“အနန္တမီးတောက်အတွက်တော့ အရေးပါမှာဆိုတော့ အဲ့တာကြောင့် မြန်မြန် ရှာတွေ့တာ ဖြစ်ရမယ်”

“ငါ ထင်တာ မှန်နေတာပဲ”

ထို့နောက် ကံဆိုးသွားသည့် စုန်းကျန့်ကျဲအား ထပ်ကြည့်လိုက်သည်။

[အမည်: စုန်းကျန့်ကျဲ]

[အဆင့်: ခြေတည်အဆင့် အစပိုင်း]

[ကံကြမ္မာ: ကံကောင်းသူ၊ ရုပ်ရည်ချောမော၍ ဓားသိုင်း ကျွမ်းကျင်သူ၊ လေနှင့်မိုးကြိုး ဓားခန္ဓာကိုယ်]

[ကံကြမ္မာ: တစ်လအကြာတွင် အနန္တမီးတောက်ကျောက်ဖြင့် ကြာနီမီးတောက်ကို ရှာတွေ့ခဲ့သော်လည်း လျှိုယွန်းရွှမ်မှ လုယူမည်။ ထို့နောက် ပြန်လည်ရယူရန် ကြိုးစားရင်း လျှိုယွန်းရွှမ်၏ အသတ်ခံရမည်]

[လတ်တလောအခွင့်အရေး: ယနေ့ ချင်းရွှမ်လိုဏ်ဂူထဲ ဝင်ရောက်ခွင့် ရရှိမည်]

ရှန်မို ခေါင်းယမ်းမိ၏။

ကံဆိုးလိုက်တဲ့ ကောင်လေး။

မင်းခေါင်းကို ရိုက်မခွဲတာပဲ ကံကောင်းတယ်မှတ်ဦး။

ထိုအချိန်တွင် ဝင်ပေါက်ရှေ့မှ မီးတောက်ပြာများ အားနည်း၍ ပျောက်ကွယ်လုနီးပါးဖြစ်ကာ အကြီးအကဲ (၃) ဦးလည်း ပင်ပန်းနေလေပြီ။

မူယုံးယွဲ့မှ

“ချင်းရွှမ်လိုဏ်ဂူရဲ့ မီးတောက်ပြာတွေ ပျောက်တော့မယ်။ မင်းမှာ အခု အချိန် စက္ကန့် (၃၀) ဝန်းကျင်ပဲ ကျန်တော့တယ်”

“နောက် (၂) လအကြာမှာ ငါရယ်၊ လက်ထောက် ဂိုဏ်းခေါင်းဆောင်ရယ်၊ အကြီးအကဲချုပ်ရယ် လာဖွင့်ပေးမယ်။ အချိန်ကို မှတ်ထားနော်”

“အဲ့အချိန်ကို လွတ်သွားရင် ပြန်ထွက်ဖို့ နောက်ထပ် နှစ် (၅၀) ထပ်စောင့်ရတော့မှာနော်”

“ဟုတ်ကဲ့ပါ”

မကြာမီ မီးတောက်ပြာများ လုံးဝ ပျောက်ကွယ်သွားပြီး တပည့် (၃) ဦး လိုဏ်ဂူထဲ ဝင်သွားကြသည်။

သူတို့ ဝင်သွားသည်နှင့် မူယုံးယွဲ့တို့လည်း စိတ်ဝိညာဉ်စွမ်းအင် အသုံးပြုမှု ရပ်လိုက်သောကြောင့် မီးတောက်ပြာများ ချက်ချင်း ပြန်တောက်လာ၏။

လျှိုယွမ်ဖုန် ရုတ်တရက် ရယ်မောလျက်

“ခေါင်းဆောင် မပြန်သေးဘူးလား”

မူယုံးယွဲ့ ထိုနေရာ၌ပင် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး

“ဒီမှာပဲ (၂) လလုံး စောင့်မှာ”

လျှိုယွမ်ဖုန်နှင့် စုန်းချောင်ဖုန်တို့ အချင်းချင်း လှမ်းကြည့်၍ ဒေါသထွက်ကာ ပြန်သွားကြလေသည်။

မူယုံးယွဲ့ တစ်ဦးတည်း တိတ်ဆိတ်စွာထိုင်၍ ကျန်ခဲ့၏။

All Chapters