ရှောင်ဖန်၏ အခွင့်အရေးအသစ်ကို ရယူခြင်း
Vol. 2 Ch. 19
ရှန်မို ထိုအရာကို ငရဲမီးတောက်ဖျက်ဆီးခြင်း ကျင့်စဉ်မှန်း သိလိုက်သည်။
ထို့နောက် တွေဝေမနေဘဲ ချက်ချင်း ထိုအလင်းလုံးအား ယူလိုက်၏။
ထိုအခါ ရွှေရောင်အလင်းများ သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်သွားပြီး ရုတ်တရက် ခေါင်းပေါက်ထွက်မတတ် နာကျင်မှုကို ခံစားရသည်။
ရှန်မို အံကြိတ်ကာ သည်းခံရန် ကြိုးစားနေ၏။
နေမီးတောက်ခန္ဓာကိုယ်လည်း အလိုအလျောက် လုပ်ဆောင်၍ လိုဏ်ဂူထဲမှ မီးစိတ်ဝိညာဉ်ချီများအား စုပ်ယူ၍ ခေါင်းထဲမှ နာကျင်မှုများကို ပြန်လည် လျှော့ချပေးလေသည်။
ခဏအကြာတွင် နာကျင်မှုလည်း တဖြည်းဖြည်း ပျောက်ကင်းသွားပြီး နေမီးတောက်ခန္ဓာကိုယ်မှ စွမ်းအင်များ အားလုံးကို လုံးဝ စုပ်ယူလိုက်နိုင်သည်။
ရှန်မိုလည်း ရေအောက်တွင် ဒီထက်ကြာအောင် ဆက်နေပါက တပည့်များ သံသယဝင်တော့မည် ဖြစ်၍ အပေါ် အမြန်ပြန်တက်လာသည်။
သူ ပြန်ရောက်သောအခါ ကျောက်ရူတို့ စိုးရိမ်စွာဖြင့် လိုက်ရှာရန် ပြင်နေကြလေပြီ။
ရေမျက်နှာပြင်ပေါ်၌ ရှန်မိုကိုတွေ့မှ ကျောက်ရူလည်း စိတ်အေးတော့၏။
“စီနီယာရှန်ရယ် ဘယ်တွေ သွားနေတာလဲ။ လန့်ပြီး သေအောင် လုပ်နေတာပဲ”
ရှန်မို ပြုံးလျက်
“ဒီအတိုင်း စိတ်ဝင်စားလို့ ရေနက်ထဲအထိ သွားနေတာပါ။ ဒါပေမဲ့ ဘာရတနာမှလည်း မတွေ့ခဲ့ပါဘူး”
ကျောက်ရူ မျက်စောင်းလှလှလေးထိုးလျက်
“ဒီရေကန်က ပျက်စီးသွားတာ ကြာလှပြီ။ စီနီယာရှန်အနေနဲ့ တွေ့လာရင်တောင် ထူးဆန်းဦးမယ်”
အခြားတပည့်များလည်း ရယ်မောလျက်
“ဟုတ်တယ် ဟုတ်တယ်။ ဒီရေကန်အောက်ခြေမှာ ရတနာတွေရှိမယ်ထင်ပြီး လူတွေ ခဏခဏ ဆင်းဖူးတယ်။ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်လာရတာပဲ”
ရှန်မို ကုန်းပြင်ပေါ် တက်လာသောအခါ ကျောက်ရူမှ သဘက်တစ်ထည် ကမ်းပေးသည်။
ရှန်မို မွှေးပျံ့သော ပုဝါကို ပြုံးကာ လှမ်းယူလိုက်၏။
ကျောက်ရူ၏ ကြီးမားသောရည်မှန်းချက်ကိုလည်း ရိပ်မိပါသည်။
အမှန်တော့ ကျောက်ရူမှာ ကျားသစ်ပျိုမလေးကဲ့သို့ ခါးသွယ်သွယ်နှင့် ကြည့်ကောင်းပါသည်။
သို့သော် မူယုံးယွဲ့ကို တွေ့ပြီးသည့်အခါ ကျောက်ရူသည် အနည်းငယ် ဆွဲဆောင်မှု လျော့သွား၏။
“ငါ့စံနှုန်းတွေ မြင့်သွားတာပဲ”
ရှန်မို စိတ်ထဲမှ တွေးမိသည်။
သူ ရေခြောက်အောင် သုတ်နေစဉ် ရှောင်ဖန်နှင့် လျှိုဖေးတို့ ရောက်လာသည်ကို တွေ့ရ၏။
ရှောင်ဖန်၏ တက်ကြွသောအမူအရာမှာ ရေကန်အောက်ထဲအထိဆင်း၍ ရတနာရှာမည်ဟု သိသာသည်။
သို့သော် သူ့အခွင့်အရေးကြီး (၂) ခုလုံးကို ရှန်မို လုယူထားပြီးလေပြီ။ ထို့ကြောင့် သူ့ကံကြမ္မာလည်း သိသိသာသာ ပြောင်းလဲသွား၏။
[အမည်: ရှောင်ဖန်]
[အဆင့်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုငယ်]
[ကံကြမ္မာ: ကံအလွန်ကောင်းသူ၊ အင်မော်တယ်မျိုးနွယ်၊ ကြီးမြတ်သူ ပြန်လည် ဝင်စားခြင်း၊ အခက်အခဲကြားတွင် ရှင်သန်ခြင်း]
[အနာဂတ်: နတ်ဘုရားအဆင့်တွင် ရပ်ကာ ကောင်းကင်ခန်းမ၏ အရှင်သခင်ဖြစ်၍ အင်မော်တယ်ချီဖုန်အဖြစ် ဘွဲ့ရရှိမည်။ ရှေးကျင့်ကြံသူ၏ နယ်မြေတွင် ရတနာရှာရင်း အခြားကျင့်ကြံသူများနှင့် တိုက်ခိုက်ကာ ထိခိုက်မည်]
[လတ်တလော အခွင့်အရေး (၁): ယနေ့ ရေကန်၌ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရှာတွေ့မည်]
[လတ်တလော အခွင့်အရေး (၂): (၅) ရက်အကြာတွင် စပါးကြီးမြွေစိမ်းကို ဖမ်းရန် တာဝန်ကျကာ သတ်နိုင်ပြီး စပါးအုံးမြွေဗိုက်ထဲမှ ထိပ်တန်း သိမ်မွေ့နက်နဲခြင်း ရတနာ၊ နဂါးသွေးနှလုံးသားတို့ ရရှိမည်။ ထိုစွမ်းအင်ကို စုပ်ယူကာ ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီးသို့ ရောက်မည်]
[လတ်တလောအခွင့်အရေး (၄): တစ်လအကြာတွင် လက်ထောက်ခေါင်းဆောင်လျှိုနှင့်အတူ ရှီရှန်မြို့သို့ သွားကာ လမ်း၌ အဘိုးအိုတစ်ဦးနှင့်တွေ့ကာ သူ့အရည်အချင်းကို သဘောကျ၍ ကောင်းကင်အဆင့် ကျင့်စဉ်များ လက်ဆောင်ပေးမည်]
[လတ်တလောအခွင့်အရေး (၅):…]
ရှန်မို တောက်တစ်ချက်ခေါက်၍ အတော်လေး အားကျနေမိသည်။
အခွင့်အရေးများမှာ ကြီးမား၍ သူ့အတွက် အတင်းဖန်တီးပေးထားသလိုပင်။
ရှန်မို ခေါင်းယမ်း၍ နဂါးသွေးသစ်မြစ်သာယူရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် အဝတ်အစားလဲ၍ ရေကန်မှ ထွက်ခွါလာ၏။
ထိုအချိန်တွင် ရှောင်ဖန်မှာ ရေငုပ်၍ အသက်ရှူချိန် (၉) ခေါက်မျှတွင် ပြန်တက်လာသည်။
“(၉) ခေါက်ရတယ် အစ်ကိုရှောင်ဖန်။ ကျွန်မအစ်ကိုနဲ့ အတူတူပဲ”
လျှိုဖေး လက်ခုပ်လေးတီး၍ ပျော်ရွှင်စွာ ပြောသည်။
ထိုစဉ် ကျောက်ရူမှ
“လက်ရှိ အကြာဆုံးက (၁၁) ခေါက်နော်”
ရှောင်ဖန်နှင့် လျှိုဖေးတို့ မှင်တက်သွားကြ၏။
“ဘယ်တုန်းက စံချိန်ချိုးသွားတာလဲ။ သိတောင် မသိဘူး”
လျှိုဖေး ပြန်မေး၏။
ကျောက်ရူမှ ထွက်သွားသော ရှန်မိုကို လက်ညှိုးထိုးပြ၍
“ဟိုမှာ စီနီယာရှန်လေ။ ဒါတောင် သူ့အင်အား အကုန် သုံးတာ မဟုတ်လောက်သေးဘူး။ သူသာ အံကြိတ်ပြီး ဆက်သည်းခံရင် ဒီထက်တောင် ကြာဦးမယ်”
ပတ်ဝန်းကျင်မှ တပည့်များလည်း ခေါင်းငြိမ့်ထောက်ခံကြ၏။
သူတို့စကားကြောင့် ရှောင်ဖန်နှင့် လျှိုဖေးတို့ တိတ်ဆိတ်သွားလေသည်။
ရှောင်ဖန်ရင်ထဲတွင်တော့ အတော်လေး မနာလို ဖြစ်နေတော့၏။
တစ်ဖက်တွင်။
ရှန်မိုမှာ တာဝန်ခွဲဝေရေးအဆောင်သို့ သွားနေသည်။
အဆောင်ကြီးမှာ နှစ်ထပ်ရှိပြီး အတွင်းဂိုဏ်းနှင့် အပြင်ဂိုဏ်းအတွက် ခွဲထားသည်။
တာဝန်ထမ်းဆောင်ရန်မှာ ရိုးရှင်းပြီး ကိုယ့်အလွှာမှ ကောင်တာကို သွားပြောရုံဖြင့် စီစဉ်ပေးပြီး အန္တရာယ်များသည့်အလျောက် ဆုလာဘ်လည်း များလေသည်။
မနက်စောစောအချိန်ဖြစ်၍ အဆောင်ထဲတွင် အလုပ်ရှုပ်နေကြသည်။
ရှန်မို ရောက်လာချိန်တွင် လူများနေ၏။
တပည့်များအချင်းချင်း သတင်းအချက်အလက်များလည်း မျှဝေလျက် ရှိသည်။
ဥပမာ မည်သည့်နေရာတွင် အန္တရာယ်ရှိသည်။ မည်သည့်နေရာတွင် တပည့်များ ပျောက်ဖူးသည် စသဖြင့်ပင်။
ရှန်မိုမှာ ဒုတိယထပ်သို့ တက်သွား၏။
ထို့နောက် ကျောက်ပြားပေါ်မှ တာဝန်များကို ကြည့်လိုက်သည်။ ထိုထဲမှ ကြိုက်ရာကို ရွေးနိုင်ပေမည်။
“ကြယ် (၉) ပွင့် တာဝန်။ ငရဲမီးတောက် အင်မော်တယ် အမွေအနှစ်ကို ရှာပါ။ ဆုလာဘ်: အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး (၅၀)။ အတွင်းဂိုဏ်းတပည့် ရာထူးတိုးခြင်း”
“ကြယ် (၉) ပွင့် တာဝန်။ ချင်းကန်တောင်မှ အင်အားကြီးသော လူဝံမိစ္ဆာကို သတ်ပါ။ ဆုလာဘ်: အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး (၄၀)။ သိမ်မွေ့နက်နဲခြင်းအဆင့် ကျင့်စဉ် သို့ သိုင်း အခမဲ့ ရွေးချယ်ခွင့်။ လက်ထောက်ခေါင်းဆောင် လျှိုယွမ်ဖုန်၏ အနီးကပ် သင်ကြားပေးမှု”
“ကြယ် (၈) ပွင့် တာဝန်…”