ရှန်မို နောက်ခံကောင်း ရရှိခြင်း
Vol. 2 Ch. 17
မကြာမီ နေရာ၌ ကျန်းဝေ့ဟူနှင့် ကျောက်ရူတို့အပါအဝင် လူအချို့သာ ကျန်ခဲ့၏။
ကျောက်ရူတို့မှ ကျန်းဝေ့ဟူအားကြည့်ကာ
“စီနီယာ ကျွန်မတို့အတွက်ကရော”
ကျန်းဝေ့ဟူ ပြုံးကာ
“နောက်တစ်ခါပေါ့။ ဒါက မထိန်းနိုင်တဲ့ကိစ္စတွေ ဖြစ်သွားတာကိုး။ အကြီးအကဲကို ထပ်စီစဉ်ဖို့ ပြောထားလိုက်ပါမယ်”
ထိုအချိန်တွင် ရှန်မိုသည် သတိပြန်ဝင်လာပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းသက်လာ၏။
ကျောက်ရူမှာ မျက်နှာလေးရဲလျက် သူ့ဝတ်ရုံအပိုအား ရှန်မိုအတွက် လှမ်းပေးလိုက်သည်။
ရှန်မို ခေါင်းကုတ်လျက်
“ကျေးဇူးပဲနော်… ဒါနဲ့ ဘာတွေ ဖြစ်ကုန်တာလဲ”
ကျောက်ရူ ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး၍ ပြောပြလိုက်၏။
သူ ပြန်ပြောရင်းပင် ရင်ခုန်သံများ မြန်လာသည်။
နှစ်ပေါင်းများစွာ အခန်းပိတ်ကျင့်ကြံနေသော ခေါင်းဆောင်ပင် ရှန်မိုကြောင့် သတိထားမိပြီး ထွက်လာ၏။
ရှန်မို့အနာဂတ်မှာ အတိုင်းအဆမရှိ ဖြစ်နေသည်။
ဒီလူ့ကို သေချာကပ်ထားရမယ်။
ရှန်မိုမှာ သူ့ခန္ဓာကိုယ်နိုးထခြင်းသည် ဤမျှလောက် ကြီးကျယ်မည်ဟု မထင်ထားပေ။
“နေမီးတောက် ခန္ဓာကိုယ်။ တကယ့် ထိပ်တန်း ကောင်းကင်အဆင့်ပဲ”
သူ သက်ပြင်းချလိုက်မိ၏။
ဤသို့ဖြင့် ခေါင်းဆောင်၏ သီးသန့်တပည့်လည်း ဖြစ်လာသောကြောင့် လဲ့အိမ်တော်မှ မည်သို့ စီမံသည်ဖြစ်စေ ပြဿနာမရှိပေ။
သူ့ကို လုပ်ကြံခြင်းမှာ ချင်းရွှမ်ဂိုဏ်းခေါင်းဆောင်အား ဆန့်ကျင်ခြင်းပင်။
ကျန်းဝေ့ဟူမှာ ရှန်မို့အနား ကပ်လာပြီး
“ဂျူနီယာရှန် လာ လာ ထမင်းစားဆောင် သွားရအောင်။ ကျွန်တော် ကျွေးမယ်”
ရှန်မို ပြုံးလျက်
“ကောင်းပါပြီ။ သွားကြတာပေါ့”
ထိုနေ့၌ပင် အံ့ဩစရာထိုသတင်းသည် ချင်းရွှမ်ဂိုဏ်းတစ်ဝှမ်းလုံးကို လျင်မြန်စွာ ပျံ့နှံ့သွား၏။
ကောင်းကင်အဆင့် ခန္ဓာကိုယ် နိုးထလာသော တပညါ့။
သို့သော် မည်သူမှန်းတော့ မသိကြပေ။
ညမှောင်လာပြီး ရှန်မို သူ့အိပ်ရာပေါ်၌ တင်ပျဉ်ခွေထိုင်ကာ ခန္ဓာကိုယ်ကို ထိန်းညှိရန် ကြိုးစားနေသည်။
“ငါ့ကံကြမ္မာ ပြောင်းသွားပြီပဲ”
[အမည်: ရှန်မို]
[အဆင့်: ချီစုစည်းခြင်းအဆင့် အောင်မြင်မှုကြီး]
[ကံကြမ္မာ: ဆေးဆရာ၏ သား၊ မွေးရာပါ ဉာဏ်ကောင်းသူ၊ ဓားတာအို ကျွမ်းကျင်သူ၊ ကံအနည်းငယ်ကောင်းသူ]
[အနာဂတ်: ခြေတည်အဆင့် ထိပ်ဆုံးအထိ ရောက်ရှိပြီး နတ်ဓားဂိုဏ်းနှင့် ချင်းရွှမ်ဂိုဏ်းတိုက်ပွဲအတွင်း (၅) နှစ်အကြာတွင် သေဆုံးမည်]
[လတ်တလော အခွင့်အရေး: ယနေ့ ချင်းရွှမ်ဂိုဏ်းခေါင်းဆောင်၏ သီးသန့်တပည့် ဖြစ်လာမည်]
“နတ်ဓားဂိုဏ်း… တစ်ခါမှ မကြားဖူးဘူးပဲ။ ဒီနားတစ်ဝိုက်က အင်အားစုတွေကို စောင့်ကြည့်ထားမှပဲ”
“ဟိုတစ်လောက ကြည့်တာတောင် အေးအေးဆေးဆေး သေရမယ်ဆိုပြီး အခု ဂိုဏ်းပြဿနာကြားမှာ ဖြစ်သွားပြီ…”
“အင်းပေါ့။ အရင်က ငါက သာမာန်တပည့်ဆိုတော့ နတ်ဓားဂိုဏ်းနိုင်သွားရင်တောင် သူတို့တပည့်ပဲ ဖြစ်မှာ။ အခုက ခေါင်းဆောင်ရဲ့ သီးသန့်တပည့်ဆိုတော့ ဟိုဘက်ကလည် အလွတ်ပေးမှာ မဟုတ်ဘူး”
ရှန်မို စဉ်းစားရင်း အခြေအနေကို သဘောပေါက်လာသည်။
“အင်အားကြီးလေ အန္တရာယ်လည်း ပိုများလေဆိုတာ မတွေးလိုက်မိဘူး။ ဒါပေမဲ့ အခွင့်အရေးတွေနဲ့ ပိုကောင်းလာနိုင်တာပဲ”
ဒေါက် ဒေါက် ဒေါက်!
သူ အတွေးလွန်နေစဉ် တံခါးခေါက်သံ ကြားရ၏။
ဖွင့်ကြည့်လိုက်သောအခါ နေ့လယ်က တွေ့ခဲ့သော ကျောက်ရူပင်။
ကျောက်ရူမှာ ပြုံးလျက်
“စီနီယာရှန် ခေါင်းဆောင်က ခေါ်ခိုင်းလိုက်လို့ပါ”
“ဘယ်ကိုလဲ”
“တောင်ထိပ်ကိုပါ။ နောက်ပြီး အကြီးအကဲဝူဆီက အတွင်းဂိုဏ်းတပည့် ဝတ်စုံအသစ် ထပ်ထုတ်လာပေးပါတယ်”
ကျောက်ရူ ဝတ်ရုံကို လှမ်းပေးကာ ပြော၏။
ရှန်မို သူ့ကိုကြည့်၍
“ကျွန်တော့်ခန္ဓာကိုယ် အရွယ်အစားကို သိလို့လား”
ကျောက်ရူ မျက်နှာလေး ရဲသွားပြီး
“သိတာပေါ့”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်
“စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက် ပေးခဲ့ရလဲ။ ကျွန်တော် ပြန်ပေးပါမယ်”
“ကျွန်မက လက်ဆောင်ငယ်လေး ပေးတယ်လို့ပဲ သဘောထားပါ။ နောက်မှ ကျွန်မကိုလည်း လက်ဆောင်လေး ပြန်ပေးပေါ့”
“ကောင်းပါပြီ။ ကျွန်တော်က ဟင်းချက်ကျွမ်းတယ်။ နောက်မှ ခေါက်ဆွဲလုပ်ကျွေးမယ်”
ထို့နောက် ကျောက်ရူအား နှုတ်ဆက်ကာ တောင်ထိပ်သို့ တက်သွားသည်။
တောင်ထိပ်၌ ခြံတစ်ခုရှိပြီး တောနှင့် မလိုက်အောင် ခမ်းနားလွန်းသည်။
သူ တံခါးခေါက်လိုက်၏။
“ခေါင်းဆောင် ကျွန်တော် ရှန်မိုပါ”
“ဝင်ခဲ့”
အထဲမှ ကြည်လင်တောက်ပသော အမျိုးသမီးတစ်ဦးအသံ ထွက်လာသည်။
သူ ခြံထဲ ဝင်သွားသောအခါ သစ်ပင်များ တန်းစီ စိုက်ထားပြီး ရေကန်ထဲတွင် ရွှေငါးလေးများ ခုန်ပေါက် ကူးခတ်နေကြသည်ကို တွေ့ရသည်။
ပင်လယ်ပြာရောင်ပိုးဂါဝန်ကို ဝတ်ဆင်ထားသော ကျက်သရေရှိလှသည့် ထိုအမျိုးသမီးသည် သူ့ကို နောက်ကျောပေးလျက် ရပ်နေပြီး သစ်ပင်မှ သစ်ကိုင်းခြောက်များကို ဖြတ်နေ၏။
ခုနက ရှန်မိုမှာ သတိလွတ်နေချိန်ဖြစ်၍ ဘာဖြစ်သွားမှန်း မသိလိုက်ဘဲ ယခုမှ ပထမဆုံး တွေ့ဖူးခြင်း ဖြစ်လေသည်။
ရှန်မို မိန်းမလှကို ငေးကြည့်ရင်း တွေဝေနေ၏။
သို့သော် သူ လှည့်လာသောအခါ အေးစက်တည်ငြိမ်သည့် အလှကြောင့် ရင်တဒိတ်ဒိတ် ခုန်သွားရသည်။
မီးကဲ့သို့ စိတ်တက်ကြွ၍ ရေခဲကဲ့သို့ စိတ်ဓာတ် မာကျောသည်။
ထူးဆန်းလိုက်တာ။
ရှန်မို သူ့ကံကြမ္မာအား ဖတ်ကြည့်လိုက်၏။
[အမည်: မူယုံးယွဲ့]
[အဆင့်: မြုတေဖွဲ့စည်းခြင်း ထိပ်ဆုံး]
[ကံကြမ္မာ: ကံကောင်းသည့် ကြယ်ပွင့်၊ အတိုင်းအဆမရှိ လှပသူ၊ အရှိန်အဝါ ကျော်စောသူ၊ အချိန်မတိုင်မီ သေဆုံးခြင်း၊ မီးနှင့်ရေခဲ ရောယှက် ခန္ဓာကိုယ်]
[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးတွင် ရပ်နေမည်။ (၅) နှစ်အကြာတွင် နတ်ဓားဂိုဏ်းနှင့် တိုက်ခိုက်ရင်း ချင်းကန်တောင်ထိပ်တွင် သေဆုံးမည်]
ရှန်မို ဖတ်ကြည့်ရင်း မျက်ခုံးပင့်မိ၏။
[ကံကောင်းသော ကြယ်ပွင့်: လိမ္မော်ရောင် ကြမ္မာ။ အမြဲတမ်း ကံကောင်းခြင်းများသာ ကြုံရမည်။ အင်အားကြီးဆရာနှင့် တွေ့ရခြင်း၊ ထူးချွန်သော တပည့်ရရှိခြင်း]
[အတိုင်းအဆမရှိ လှပသူ: လိမ္မော်ရောင် ကြမ္မာ။ မှင်တက်ရလောက်သည့် ရုပ်ရည်ရှိပြီး ဆန့်ကျင်ဘက်လိင်များ၏ စိတ်ဝင်စားခြင်း ခံရမည်]
[အရှိန်အဝါ ကျော်စောသူ: လိမ္မော်ရောင် ကြမ္မာ။ ကံကောင်းခြင်းများ ဝန်းရံလျက် သင်နှင့် ပတ်သက်သူများပါ ကံကောင်းမည်]
[အချိန်မတိုင်မီ သေဆုံးခြင်း: အဖြူရောင်ကြမ္မာ။ ပတ်ဝန်းကျင်မှ ရန်သူများကြောင့် စောစီးစွာ သေဆုံးမည်]
[မီးနှင့်ရေခဲ ရောယှက်ခန္ဓာကိုယ်: ခရမ်းရောင်ကြမ္မာ။ သင့်မီးနှင့် ရေခဲ စိတ်ဝိညာဉ်အမြစ်များမှာ အလွန် အဆင့်မြင့်ပြီး ကျင့်ကြံမှုတွင် (၂) ဆ အကျိုးသက်ရောက်မှု ရှိသည်]
အခွင့်အရေးများကို ကြည့်ရန်တော့ ကိုယ်တိုင် မြုတေဖွဲ့စည်းခြင်းအဆင့် ရောက်ရန် လိုသောကြောင့် ရှန်မို ဆက်မကြည့်နိုင်တော့ပေ။
“မူယုံးယွဲ့လည်း ချင်းရွှမ်ဂိုဏ်း တိုက်ပွဲမှာ သေမှာပဲ။ ဂိုဏ်းရဲ့ အနာဂတ်ကတော့ သိပ်မလွယ်ဘူး”
“ရှန်မို အခုချိန်ကစပြီး မင်းက ငါ့ရဲ့ တပည့်ပဲ။ အရင်က ဒီလိုမျိုး တစ်ခါမှ တပည့်လက်မခံဖူးဘူးနော်။ မင်းက ငါ့ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးတပည့် ဖြစ်လာမှာ”
မိန်းမချောမှ ခပ်အေးအေး ပြော၏။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
“မင်း ငါ့နာမည်တော့ မသိလောက်ဘူးထင်တယ်။ ငါက မူယုံးယွဲ့။ ဒီတိုင်း ဆရာမလို့ပဲခေါ်ပေါ့”
“ဟုတ်ကဲ့ပါ ဆရာမ”
သူ ရှန်မို့ကို ငေးကြည့်ရင်း
“မင်းက ကောင်းကင်အဆင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်ဆိုတာ ကံကောင်းခြင်းနဲ့ ကျိန်စာ တွဲနေတာနော်။ အဲ့တာ နားလည်တယ်မလား”
“နားလည်ပါတယ်”
ကိစ္စ အထွေအထူး မရှိလျှင် ခြေတည်ဝိညာဉ်အဆင့် အထိပင် ရောက်နိုင်သော်လည်း ထိုကဲ့သို့ ပါရမီရှင်မျိုးအား မနာလိုသူ အလွန်ပေါလိမ့်မည်။
“အားလုံးကို လျှို့ဝှက်ထားဖို့တော့ ပြောထားပေမဲ့ ယိုပေါက်ဆိုတာ ရှိတတ်တာပဲ။ အချိန် အနှေးနဲ့အမြန်ပဲ ကွာတယ်”
“အဲ့တော့ ဒီ (၃) နှစ်လောက်အတွင်း တော်တော် တိုးတက်နေမှဖြစ်မယ်။ အရမ်း အများကြီးတော့ မမျှော်လင့်ပါဘူး။ ခြေတည်အဆင့် ထိပ်ဆုံးလောက် ရောက်နေရင် ရပြီ။ ငါ့မျက်စိရှေ့မှာ ကောင်းကင်အဆင့် ပါရမီရှင်ကို ထပ်အဆုံးရှုံး မခံနိုင်ဘူး”
မူယုံးယွဲ့မှ ရှေးဟောင်းလက်စွပ်နှင့် ကျောက်စိမ်းဆွဲသီးအား လှမ်းပေးကာ
“ဒီအဆင့်နိမ့် သိုလှောင်လက်စွပ်ထဲမှာ အလယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး (၃၀၀)၊ ချီစုစည်းခြင်းအဆင့် ဆေးပုလင်း (၃၀)၊ ချီစွမ်းအင် အားကောင်းဆေး (၅၀)၊ ကိုယ်တွင်းအဆိပ်ပြေဆေး (၅၀)၊ ငါ့အတွေ့အကြုံပါ ပါတဲ့ နေကျင့်စဉ် မိတ္တူ။ အားလုံး မင်းအပိုင် ဖြစ်သွားပြီ”
“နောက်ပြီး ချင်းရွှမ်ဂိုဏ်းရဲ့ မိတ်ဖက်နဲ့ ရန်သူ အင်အားစုတွေအကြောင်း စာအုပ်လည်း ပါတယ်။ သေချာ လေ့လာထား”
“ဒီဆွဲသီးမှာက ငါ့ရဲ့တိုက်ခိုက်မှု (၃) ခုနဲ့ ညီမျှတဲ့ အင်အားရှိတယ်။ မင်းအသက်ကို ကယ်နိုင်မှာပါရ
“ကျေးဇူးတင်ပါတယ် ဆရာမ”
ရှန်မို ပစ္စည်းများ လက်ခံပြီးနောက် အလွန် ကျေနပ်နေမိသည်။ အင်အားကြီးသော ဆရာကို ရခြင်းမှာ အလွန်ကောင်း၏။
“ရွှမ်ကျန်းဒေသအကြောင်းလည်း အခြေအနေပါ အသေးစိတ် ရေးထားတယ်။ သေချာဖတ်ပြီး မှတ်ထား”
“ဟုတ်ကဲ့ပါ”
သူတို့နေထိုင်နေသော နိုင်ငံမှာ ကျင်းဘုရင်နိုင်ငံဖြစ်ပြီး ဒေသ (၉) ခု ပေါင်းစည်းထားသည်။
ရွှမ်ကျန်းမှာ သူတို့၏ လက်ရှိဒေသပင်။
“ဒါဆိုလည်း ကောင်းပြီလေ။ ဆက်ပြီး ကျင့်ကြံတော့”
“ဟုတ်ကဲ့ သွားလိုက်ပါဦးမယ်”
ရှန်မို ဦးညွှတ်ကာ ထွက်သွားလေသည်။
မူယုံးယွဲ့မှာ သစ်ကိုင်းခြောက်များ ဆက်ဖြတ်ရင်း ခဏအကြာ၌ သက်ပြင်းချမိသည်။
“ငါ အခန်းပိတ်ကျင့်ကြံတာ တော်တော် ကြာသွားတာပဲ။ (၅) ယောက်မြောက် တပည့်အစစ် အဆိုပြုတာတောင် အကြီးအကဲတွေက ငြင်းကြတယ်။ ဂိုဏ်းရဲ့အခြေအနေ မကောင်းဘူးပဲ။ နည်းနည်း မှားတာနဲ့ ထိရှလွယ်တဲ့ပုံစံ ဖြစ်နေတယ်။ အဲ့လိုဆိုပြီး ဆက်ပစ်ထားရင်လည်း လုံးဝ ပျက်စီးသွားမှာ။ ဘာဆက်လုပ်ရမလဲ။ ဆရာ ပြောခဲ့တာ မှန်တယ်။ ငါ့ရဲ့ တွေဝေတတ်တဲ့ အကျင့်နဲ့ ဂိုဏ်းခေါင်းဆောင်နေရာမှာ မသင့်တော်ဘူး”