← Chapters

ဂိုဏ်းကြီး ငါးဂိုဏ်းကို စိန်ခေါ်ခြင်း (၄)

Vol. 3 Ch. 231

ဂိုဏ်းကြီး ငါးဂိုဏ်းကို စိန်ခေါ်ခြင်း (၄)

Vol. 3 Ch. 231

သူ၏ ငရဲပြည်မှမီးလျှံသိုင်းကွက်ထိရောက်ခြင်းမရှိသော်လည်း နှင်းငွေ့မိစ္ဆာခင်မှာ မျက်လုံးများအရောင်တောက်သွားကာ ဆက်၍တိုက်ခိုက်လိုက်သည် ။

ယခုအခါတွင်မူ သူ၏တိုက်ခိုက်မှုများပြောင်းလဲသွားကာ ချိုးရှင်းယင်၏လှုပ်ရှားမှုများကို ကန့်သတ်ထားသကဲ့သို့ဖြစ်နေသည်။

ချိုးရှင်းယင်လည်း မျက်နှာတစ်ချက်ပျက်သွားပြီး သူ၏ဓားမှာပို၍လျှင်မြန်လာကာ ယခင်ကထက်ပို၍ပြင်းထန်စွာတိုက်ခိုက်လိုက်သည် ။

သို့သော် သူ၏ဓားကွက်များမှာ နှင်းငွေ့မိစ္ဆာသခင်ကိုချိန်းခြောက်နိုင်စွမ်းမရှိဘဲ အနီရင့်ရောင်ဓားလှိုင်းများ၏အောက်တွင် ကျေပျက်သွားလေသည်။

“ ဂိုဏ်းချုပ်ကြီး ဘယ်သူအနိုင်ရနိုင်မလဲ “

ပြိုင်ပွဲအားကြည့်နေကြသည့်သိုင်းလောကသားအချို့မှာ သိလိုစိတ်မားထိမ်းမထားနိုင်သည့်နောက် ဝူတန်းဂိုဏ်းချုပ်ကြီးအားမေးမြန်းလိုက်သည် ။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာ သိုင်းလောကတွင်လွန်ခဲ့သည့်နှစ်များစွာကပင်ကျော်ကြားခဲ့ကာ လျှပ်စီးဓားရှင်ထက်ပင် ပို၍အစွမ်းထက်သည်ဟုကျော်ကြားပေသည်။

ဝူတန်းဂိုဏ်းချုပ်လည်း တိုက်ပွဲအားစူးစိုက်ကြည့်နေရာမှ ဦးခေါင်းကိုအသာယမ်းကာ ပြောလိုက်သည်။

“ အခုပုံစံအတိုင်းဆိုရင် ဝါဆန်းဂိုဏ်းချုပ်ကြီးရှုံးနိမ့်သွားနိုင်တယ် “

သူ၏စကားကြောင့် လူအများမှာ အံ့အားသင်သွားကြကာ တိုက်ပွဲအားနောက်ထပ်တစ်ကြိမ်ပြန်ကြည့်လိုက်ကြသည်။

လက်ရှိအချိန်တွင် တိုက်ခိုက်နေသူနှစ်ဦးမှာ ပြင်းပြင်းထန်ထန်တိုက်ခိုက်လျှက်ရှိပြီး နှင်းငွေ့မိစ္ဆာသခင်၏အနီရင့်ရောင်ဓားလှိုင်းများနှင့် ဝါဆန်းဂိုဏ်းချုပ်ကြီး၏ အဖြူရောင်အလင်းတန်းများမှာ ရောယှင်နေလေသည်။

သူတို့၏တိုက်ခိုက်မှုကြောင့် သူတို့အနီးပတ်ဝန်းကျင်တွင်လည်း ဓားလှိုင်းများပြန့်ကျဲနေကာ ထိုအထဲမှတစ်ခုကပင်သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးကိုသတ်ပစ်နိုင်စွမ်းရှိသည်။

ထို့အပြင် ယခုဝါဆန်းဂိုဏ်းချုပ်ကြီး၏တိုက်ခိုက်မှုများမှာ ပို၍ပြင်းထန်နေကာ နှင်းငွေ့မိစ္ဆာသခင်မှာမူ သေကွင်းသေကွက်နေရာများကိုတိုက်ခိုက်ခြင်းမရှိတော့ဘဲ သာမန်ပုံစံဖြင့်သာ တိုက်ခိုက်နေသည် ။

ထိုအခြေအနေမျိုးတွင် မည်သူအနိုင်ရမည်ကိုပြောရခက်ကာ ဝါဆန်းဂိုဏ်းချုပ်ကြီးမှအရေးသာနေပေသည်။

ဝါဆန်းဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းချုပ်ရှူံးနိမ့်မည်ဆိုသည့်စကားကြောင့် တင်းမာသည့်မျက်နှာများဖြင့်ကြည့်လိုက်ကြသော်လည်း ထိုသို့ပြောသူမှာ ဝူတန်းဂိုဏ်းချုပ်ကြီးဖြစ်နေသည့်အတွက် အသာပြန်လှည့်သွားကြသည်။

သူတို့အနေဖြင့် ဝူတန်းဂိုဏ်းချုပ်ကြီးကို အတိုက်အခံပြောရန်မဆိုထားနှင့် သူတို့၏ဂိုဏ်းချုပ်ပင် ဝူတန်းဂိုဏ်းချုပ်ကြီးကို လေးစားရပေသည် ။

သို့သော် သူတို့၏စိတ်ထဲတွင်မူ ကျေနပ်ခြင်မရှိသည်က အသိသာကြီးပင်။

ထိုလူများ၏စိတ်ကိုအကဲခပ်မိဟန်ဖြင့် ဝူတန်းဂိုဏ်းချုပ်ကြီးမှ သက်ပြင်းတစ်ချက်ချကာရှင်းပြလိုက်သည်။

“ ဝါဆန်းဂိုဏ်းချုပ်ရဲ့ဓားသိုင်းက ရှေးဟောင်းဓားသိုင်းတစ်ခုဖြစ်ပြီး အစွမ်းထက်တယ်ဆိုပေမယ့် နှင်းငွေ့မိစ္ဆာသခင်ရဲ့ဓားသိုင်းနဲ့ယှဉ်ရင် နည်းနည်းလိုသေးတယ်။

မြူနှင်းငရဲဓားသိုင်းဆိုတာ ရှေ့ဟောင်းအနက်ရောင်ဓားသိုင်းတစ်ခုဖြစ်ပြီး ရက်စက်ပြင်းထန်တယ် ၊ သေသပ်တိကျတယ်။ နောက်ပြီး ဓားကွက်တိုင်းကတစ်ဖက်လူရဲ့အသက်ကိုနုတ်ယူဖို့ပဲရည်ရွယ်ထားတယ် ။

ဝါဆန်းဂိုဏ်းချုပ်ကြီးရဲ့ဓားသိုင်းကအစွမ်းထက်ပေမယ့် သူက ဓားပညာယှဉ်ပြိုင်နေတယ်ဆိုတဲ့စိတ်ပဲရှိတယ်။ သူ့ရဲ့ဓားသိုင်းကလည်း ရက်စက်ကြမ်းကြုတ်တဲ့ဓားကွက်တွေနည်းပါးတယ်။

အဲဒီအချက်က ဓားသိုင်းနှစ်ခုရဲ့ကွာခြားချက်ဖြစ်ပြီး နှင်းငွေ့မိစ္ဆာသခင်လိုခံစားချက်ကင်းမဲ့တဲ့လူက ကျ သူ့ရဲ့မြူနှင်းငရဲဓားသိုင်းကို အစွမ်းကုန်ထုတ်ဖော်နိုင်တယ် ။

သာမန်အခြေအနေမှာဆိုရင် ဝါဆန်းဂိုဏ်းချုပ်က အကွက်တစ်ရာအတွင်းမှာ ရှုံးနိမ့်သွားနိုင်တယ် “

“ အခု သိုင်းကွက်နှစ်ရာပြည့်တော့မယ် ဘာလို့ဝါဆန်းဂိုဏ်းချုပ်ကြီးကမရှုံးတာလဲ ။ အခုသူက အသာစီးတောင်ရနေသေးတယ် “

အဆင့်လွန်သိုင်းသမားတစ်ယောက်မှ ဝူတန်းဂိုဏ်းချုပ်ကြီးအား စောဒကတက်လိုက်သည်။ သူ၏စကားကြောင့် ဝူတန်းဂိုဏ်းချုပ်ကြီးလည်း ခေါင်းညိမ့်ကာ ဆက်ပြောလိုက်သည်။

“ ဟုတ်တယ် သာမန်အခြေအနေမှာဆိုရင် တကယ်ပဲ ဝါဆန်းဂိုဏ်းချုပ်ကြီးက အကွက်တစ်ရာအတွင်း ရှုံးနိမ့်သွားမှာပဲ။

အခုသူတို့အချိန်အတော်ကြာယှဉ်တိုက်နိုင်တာက ဝါဆန်းဂိုဏ်းချုပ်ကြီးရဲ့လေရူးကိုယ်ဖော့ပညာကြောင့်ပဲ ။

လေရူးကိုယ်ဖော့ပညာက ရှုပ်ထွေးပြီးတော့ နားလည်ရခက်တယ်။ ရှုပ်ထွေးဆန်းပြားမှုကိုပြောမယ်ဆိုရင် သူကဂိုဏ်းကြီးခြောက်ဂိုဏ်းထဲမှာနံပါတ်တစ်ပဲ ။

အခုဝါဆန်းဂိုဏ်းချုပ်ကြီးက ဓားသိုင်းချင်းယှဉ်ပြိုင်နေရုံသာမက သူ့ရဲ့ကိုယ်ဖော့ပညာကိုလည်း အစွမ်းကုန်အသုံးပြုနေတယ် ။

ဒါကြောင့်လဲ ဝါဆန်းဂိုဏ်းချုပ်က အခုအချိန်အထိ နှင်းငွေ့မိစ္ဆာသခင်ကိုယှဉ်တိုက်နိုင်တာပဲ “

ဝူတန်းဂိုဏ်းချုပ်ကြီး၏ရှင်းပြချက်ကြောင့် သိုင်းလောကသားများမှယ ခေါင်းတညိမ့်ညိမ့်ဖြစ်ကုန်ကြသည် ။

ဝူတန်းဂိုဏ်းချုပ်ကြီးမှာ ဓားပညာတွင်လွန်စွာထူးချွန်ကာ သူ၏ဂုဏ်သတင်းနှင့်လိုက်အောင် အမြင်စူးရှလှသည် ။

သို့သော် ဝူတန်းဂိုဏ်းချူပ်ကြီး၏နောက်ဆက်တွဲစကားကြောင့် ဂိုဏ်းကြီးငါးဂိုဏ်းမှလူများမှာ မျက်လုံးပြူးသွားကြသည်။

“ အစောပိုင်းတုန်းက့ သူတို့လက်ရည်တူတိုက်ခိုက်နေတယ်ဆိုပေမယ့် အခု နှင်းငွေ့မိစ္ဆာသခင်က ဝါဆန်းဂိုဏ်းချုပ်ရဲ့ ဝှက်ဖဲကိုရှာတွေ့သွားပြီ။

နောက်ထပ် သိုင်းကွက်သုံးဆယ်အတွင်းမှာ ဝါဆန်းဂိုဏ်းချုပ်ရှုံးနိမ့်သွားနိုင်တယ်။ အတော်လေးထူးချွန်တဲ့လူပဲ တိုက်ခိုက်နေရင်းနဲ့ တစ်ဖက်လူရဲ့ဟာကွက်တွေကိုလျှင်လျှင်မြန်မြန်ရှာတွေ့နိုင်တယ် “

ဝူတန်းဂိုဏ်းချုပ်ကြီးမှ နှင်းငွေ့မိစ္ဆာသခင်အားချီးကျူးလိုက်သည်။

သူပြောသည့်အတိုင်းပင် နှင်းငွေ့မိစ္ဆာသခင်၏တိုက်ခိုက်ပုံပြောင်းလဲသွားပြီးနောက် ဝါဆန်းဂိုဏ်းချုပ်ကြီးချိုးရှင်းယင်မှာ မည်မျှပြင်းပြင်းထန်ထန်တိုက်ခိုက်ပါစေ အသုံးမဝင်တော့ပေ။

နှင်းငွေ့မိစ္ဆာသခင်မှ သေကွင်းသေကွက်နေရာများအစား ချိုးရှင်းယင်၏ခြေကွက်များကိုအာရုံစိုက်နေပြီဖြစ်ကာ ခြေအောက်ပိုင်းသို့ ဦးတည်တိုက်နေပြီဖြစ်သည်။

ချိုးရှင်းယင်မှာ တစ်ဖက်လူ၏ပြောင်းလဲသွားသည့်တိုက်ခိုက်ပုံကြောင့် မျက်နှာကွက်ခနဲပျက်သွားကာနှင်းငွေ့မိစ္ဆာသခင်၏ဓားကွက်များကို ပြန်၍ကာကွယ်နေရသည် ။

တိုက်ပွဲအခြေအနေမှာ ပြောင်းပြန်ဖြစ်သွားကာ နှင်းငွေ့မိစ္ဆာသခင်မှတိုက်ခိုက်နေ၍ ချိုးရှင်းယင်မှာ သတိထား၍ခုခံနေရသည် ။

သို့သော် အတွင်းအားကွာခြားမှုကြောင့်ဓားချင်းမထိတွေ့‌စေရန် သတိထားနေရသည့်နောက် နှင်းငွေ့မိစ္ဆာသခင်၏ တိကျသေသပ်သည့်ဓားကွက်များကို ရှောင်တိမ်းရန်ခက်ခဲလာသည် ။

“ မြူထုထဲတွင်ပိတ်ဆို့ခြင်း “

နှင်းငွေ့မိစ္ဆာသခင်လည်း မြူနှင်းငရဲဓားသိုင်းမှ အစွမ်းထက်သည့် တိုက်ကွက်တစ်ခုကိုထုတ်ဖော်လိုက်သည်။

သူဓားမှာ ပုံမှန်ထက်ပို၍မြန်ဆန်သွားကာ အနီရင့်ရောင်ဓားရိပ်များမှာလည်း ချိုးရှင်းယင်၏ခန္တာကိုယ်အနှံ့သို့ပိတ်ဆို့တိုက်ခိုက်လာသည် ။

ချိုးရှင်းယင်မှာ အလင်းတန်းကဲ့သို့လျှင်မြန်သည့်ဓားချက်များဖြင့်ခုခံသော်လည်း အနီရင့်ရောင်ဓားလှိုင်းများကို လုံးဝမပိတ်ဆို့နိုင်ဘဲ ညာဘက်ပေါင်ရင်းတွင် ဓားတစ်ချက်နစ်ဝင်သွားသည်။

ချိုးရှင်းယင်မှာ ခြေထောက်တွင်နက်ရှိုင်းသည့်ဓားဒဏ်ရာရသွားသည်နှင့် အနည်းငယ်တုံ့ဆိုင်းသွားကာ သူ၏လှုပ်ရှားမှုများမှာ ယခင်လောက်မသွက်လက်တော့ပေ။

ထို့ကြောင့် လျှင်မြန်စွာဖြင့်တည်ငြိမ်သည့်ခံစစ်ပုံစံပြောင်းလိုက်သော်လည်း ဝူတန်းဂိုဏ်းချုပ်ခန့်မှန်းထားသလိုပင် ထိတ်တိုက်တိုက်ခိုက်ရာ၌ နှင်းငွေ့မိစ္ဆာသခင်၏ ပြင်းထန်ရက်စက်သည့်ဓားကွက်များအား အလူးအလဲခုခံနေရသည်။

“ ငရဲပြည်မှမီးလျှံ “

နှင်းငွေ့မိစ္ဆာသခင်မှာ ပြင်းထန်လှသည့်ထိုဓားကွက်ကိုနောက်ထပ်တစ်ကြိမ်ထပ်၍ခုတ်ပိုင်းလိုက်သည်။

ချိုးရှင်းယင်လည်း ရှောင်တိမ်း၍မရသည်ကို သိရှိသည့်အတွက် အံကိုတင်းတင်းကြိတ်ကာ သူ၏အတွင်းအားများကိုဓားအတွင်းသို့ပို့လွှတ်၍ အစွမ်းကုန်ခုခံလိုက်သည်။

“ ထန်း... “

ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာခြင်းနှင့်အတူ ချိုးရှင်းယင်၏ဓားကိုင်လက်မှာ နောက်ထပ်တစ်ကြိမ်ထုံကျင်သွားပေသည်။

သူ၏လက်ညိုးနှင့်လက်မကြားတွင်လည်းအက်ကွဲသွားကာ ဓားကိုလွတ်ကျတော့မည်ကဲ့သို့ပင်ဖြစ်သွားလေသည်။

နှင်းငွေ့မိစ္ဆာသခင်မှာ အခွင့်အရေးအား အပြည့်အဝအသုံးချ၍ လျှင်မြန်စွာတိုက်ခိုက်လိုက်ရာ ချိုးရှင်းယင်၏ခန္တာကိုယ်ထက်တွင် နက်ရှိုင်းသည့်ပြက်ရှရာများထွက်ပေါ်လာသည်။

ချိုးရှင်းယင်မှာ မည်သို့မှတုံ့ပြန်ခြင်းမပြုနိုင်တော့ဘဲ ညာဘက်လက်မောင်းရင်းမှ အရိုးထိနက်ရှိုင်းသည့်ဓားဒဏ်ရာကြောင့် ဓားကိုဆက်၍ကိုင်မထားနိုင်တော့ဘဲ လွတ်ကျသွားလေသည်။

“ ချွမ်း “

ချိုးရှင်းယင်၏ဓား မြေပြင်ပေါ်သို့လွတ်ကျလာမှူနှင့်အတူ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဝါဆန်းဂိုဏ်းချုပ်သည်လည်း နှင်းငွေ့မိစ္ဆာသခင်အား ပြက်ပြက်သားသားရှူံးနိမ့်သွားပြီဖြစ်သည်။

All Chapters