ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၅)
Vol. 3 Ch. 232
ဝါဆန်းဂိုဏ်းချုပ်ကြီးရှုံးနိမ့်သွားသည့်နောက် နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏လက်ထဲမှဓားကို နောက်သို့ အနည်းငယ်စောင်းကြည့်ကာ ဝမ်းတုဆီသို့ပစ်လိုက်သည်။
ဓားရှည်မှာ တရှိန်ထိုးပြေးဝင်သွားပြီး ဝမ်းတုစခါးမှဓားအိမ်ထဲသို့ ချပ်ခနဲပြေးဝင်သွားကာ သူ၏လက်မှန်းတည့်မှုမှာလည်းလွန်စွာအံ့ဩဖွယ်ကောင်းလှသည်။
သို့သော် သိုင်းလောကသားများမှာ ထိုအဖြစ်ကိုသတိမပြုလိုက်မိကြဘဲ ယိုင်နဲ့နဲ့ရပ်နေသည့်ဝါဆန်းဂိုဏ်းချုပ်ဆီသို့ သူတို့အာရုံများ ရောက်ရှိနေကြသည်။
ယခင်က ဝမ်းတုနှင့်တိုက်ခိုက်စဉ် သိုင်းထိပ်သီးဆယ်ယောက်မှ ထိုက်ကျိဓားစန်းဟုန်းလျန်မှာ လက်မောင်းတစ်ဖက်အဖြတ်ခံလိုက်ရသည့်အပြင် စိတ်ဓာတ်အကြီးအကျယ်ပြိုလဲသွားခဲ့သည်။
ယခုလည်း ဝါဆန်းဂိုဏ်းချုပ်ကြီးမှာ နှင်းငွေ့မိစ္ဆာသခင်အားပြက်သားစွာရှုံးနိမ့်သွားခဲ့ရာ သိုင်းလောကသားများမှာ ဝါဆန်းဂိုဏ်းချုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ရှုနေကြခြင်းဖြစ်သည် ။
ဝါဆန်းဂိုဏ်းသားများနှင့် ဂိုဏ်းကြီးငါးဂိုဏ်းမှလူများလည်း စိုးရိမ်တကြီးအမူအယာများဖြင့် ကြည့်ရှုနေကြသည်။
သို့သော် ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင်မှာ သိုင်းလောကတွင်နှစ်ပေါင်းများစွာကျော်ကြားခဲ့သည့်သိုင်းသမားဖြစ်သည့်အပြင် ဓားဆန္ဒကိုပါနားလည်ထားသည့် သိုင်းဝိဇ္ဇာတစ်ယောက်ဖြစ်သည်။
ထို့ကြောင့်လည်း သူ၏စိတ်ဓာတ်မှာ သာမန်သိုင်းသမားများထက်လွန်စွာကြံ့ခိုင်ကာ နှင်းငွေ့မိစ္ဆာသခင်အားရှူံနိမ့်ရခြင်းအပေါ် များစွာအလေးထားဟန်မတူပေ။
ဝါဆန်းဂိုဏ်းချုပ်ကြီးမှ မြေပြင်ထက်တွင်ကျနေသည့်သူ၏ဓားအား ပြန်ကောက်လိုက်သည်။ ထို့နောက် ငွေ့မိစ္ဆာသခင်အားစူးရဲသည့်မျက်လုံးများဖြင့်စိုက်ကြည့်လိုက်သည်။
နှင်းငွေ့မိစ္ဆာသခင်အား ရှူံးနိမ့်သွားခဲ့သော်လည်း သူ၏မျက်လုံးများမှာ တောက်ပနေကာ တိုက်ခိုက်လိုစိတ်အပြည့်ရှိနေဆဲပင်။
“ ကျုပ်တို့နောက်ထပ်တစ်ခါထပ်ပြီးတိုက်ခိုက်ရင် မင်းကိုအနိုင်ယူပြမယ် “
ဝါဆန်းဂိုဏ်းချုပ်ကြီးမှ ထိုသို့ပြောကာ ချာခနဲလှည့်ထွက်လာသည်။
နှင်းငွေ့မိစ္ဆာသခင်မှာမူ ဝါဆန်းဂိုဏ်းချုပ်၏စိန်ခေါ်စကားကို အသိအမှတ်ပြုဟန်ဖြင့်ခေါင်းညိမ့်လိုက်သော်လည်းသူ၏နှုတ်မှ ခပ်တိုးတိုးရေရွတ်လိုက်သည်။
“ ခင်ဗျားဘယ်တော့မှအနိုင်ကမှာမဟုတ်ဘူး “
တိုက်ပွဲအားကြည့်ရှုနေကြသူများမှာ တစ်ပွဲထက်တစ်ပွဲပို၍ပြင်းထန်လာသည့် တိုက်ပွဲများကြောင့် စိတ်အားတက်ကြွလာကြသည်။
ထို့အတူ ဂိုဏ်းကြီးငါးဂိုဏ်းမှလူများနှင့် အဖြူရောင်သိုင်းလောကသားများမှာ ဆက်တိုက်အရှူံးနှင့်ရင်ဆိုင်နေရ၍ မျက်နှာများပျက်ယွင်းနေကြသည်။
အနက်ရောက်သိုင်းလောကသားများနှင့် အခြားဒေသမှလူများမှာမူ မျက်မြင်ကိုယ်တွေ့ကြုံနိုင်ရန်ခက်ခဲလှသည့် ပြင်းထန်လှသည့်တိုက်ပွဲများအား သဘောကျကျနေကြသည်။
သိုင်းလောကသားများမှာ နှင်းငွေ့မိစ္ဆာသခင်၏စကားအရဆိုလျှင် သူတောင်းစားဂိုဏ်း၊ဝါဆန်းဂိုဏ်း၊ ခွန်လွန်ဂိုဏ်း ၊ဝူတန်းဂိုဏ်းနှင့်ရှောင်လင်ဂိုဏ်းတို့ကို အစဉ်လိုက်စိန်ခေါ်ခြင်းဖြစ်သည်။
ယခု ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားရှင် ရှုံးနိမ့်သွား၍ ခွန်လွန်ဂိုဏ်းချုပ်မာရှောင်ကျင်းတိုက်ခိုက်ရမည့်အလှည့်ဖြစ်သည်။
“ ကျုပ်ရဲ့ပညာကမလုံလောက်သေးပါဘူး ။ ကျုပ်အရှုံးပေးပါတယ် “
မာရှောင်ကျင်း၏မထင်မှတ်ထားသည်စကားကြောင့် သိုင်းလောကသားများဆူပွတ်သွားသလို ဂိုဏ်းကြီးငါးဂိုဏ်းမှလူများမှာ မျက်နှာများနီရဲသွားကြသည်။
မာရှောင်ကျင်း၏လုပ်ရပ်မှာ အနည်းငယ်ရှက်ရွံ့စဖွယ်ကောင်းသော်လည်း သူ၏လုပ်ရပ်မှာ မှန်ကန်ပေသည်။
နှင်းငွေ့မိစ္ဆာသခင်အား အနိုင်မယူနိုင်သည်ကိုသိသည့်နောက် ရှေ့ထွက်တိုက်ခိုက်ရှုံးနိမ့်၍ မျက်နှာအပျက်မခံတော့ခြင်းဖြစ်သည်။
မာရှောင်ကျင်းမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဂိုဏ်းချုပ်များထဲတွင် အသက်အငယ်ဆုံးဖြစ်ကာ သိုင်းပညာအနိမ့်ဆုံးလည်းဖြစ်သည်။
သူ၏သိုင်းပညာမှာ သိုင်းဝိဇ္ဇာအဆင့်ကိုပင်မရောက်သေးဘဲ သူတောင်းစားဂိုဏ်းမှစည်းကမ်းထိမ်းသိမ်းရေးမှူးအဖိုးအိုကျန်းနှင့် မတိမ်မယိမ်းသာရှိသည်။
သို့သော်မာရှောင်ကျင်းမှာ ဉာဏ်ပညာထက်မြက်ကာ သူ၏အရည်အချင်းဖြင့်ခွန်လွန်ဂိုဏ်းအား ကောင်းစွာတိုးတက်အောင်ဦးဆောင်ထားနိုင်သည်။
ထို့ကြောင့်လည်း ယခင်ဂိုဏ်းချုပ်ဟောင်းမှ သိုင်းပညာထူးချွန်သည့်တပည့်ကြီးများကိုကျော်၍ မာရှောင်ကျင်းကို ဂိုဏ်းချုပ်ရာထူးလွှဲအပ်ခဲ့ခြင်းဖြစ်သည်။
ယခုလည်း မာရှောင်ကျင်းမှာ နှင်းငွေ့မိစ္ဆာသခင်အား အနိုင်ယူနိုင်ရန်ဝေးစွလက်ရည်တူပင်မတိုက်နိုင်မှန်းသိထားသည့်နောက် အရှုံးကိုဝန်ခံလိုက်ခြင်းဖြစ်သည်။
နှင်းငွေ့မိစ္ဆာသခင်မှ မာရှောင်ကျင်း၏အရှုံးပေးမှုကို မည်သို့မှသဘောထားဟန်မရဘဲ အဖြူရောင်ဝတ်စုံနှင့် ငြိမ်သက်စွာထိုင်လျက်ရှိသည့်ဝူတန်းဂိုဏ်းချုပ်ကြီးအား စူးစိုက်ကြည့်လိုက်သည်။
ထို့နောက် သူ၏အကြည်များမှာ ဝူတန်းဂိုဏ်းချုပ်ကြီးဆီမှဖယ်ခွာ၍ ရှောင်လင်ဒုတိယကျောင်းထိုင် ရွှမ်းချန်ဆရာတော် ဆီသို့အကြည့်ရောက်သွားသည်။
“ ကျုပ် အဖြူရောင်သိုင်းလောကရဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ရှောင်လင်ကျောင်းကိုစိန်ခေါ်ပါတယ် “
သူ၏စကားကြောင့် သိုင်းလောကသားများမှာ အနည်းငယ်အံ့အားသင့်သွားကြသည်။
နှင်းငွေ့မိစ္ဆာသခင်၏စကားအရဆိုပါက ခွန်လွန်ဂိုဏ်းပြီးလျှင် ဝူတန်းဂိုဏ်းအားစိန်ခေါ်ရမည်ဖြစ်သော်လည်း ဝူတန်းဂိုဏ်းချုပ်ကြီးကိုကျော်ကာ ရှောင်လင်ဒုတိယကျောင်းထိုင်အားစိန်ခေါ်လိုက်သည်။
မည်သို့ပင်ဖြစ်စေထိုနှစ်ယောက်မှာလည်း သိုင်းပညာများစွာမကွာဟသည့်အတွက် နှင်းငွေ့မိစ္ဆာသခင်မှ မည်သူနှင့်တိုက်ခိုက်ပါစေ ကြည့်ကောင်းသည့်တိုက်ပွဲတစ်ခုဖြစ်လာပေမည်။
“ အော့မီတောဖု “
ရွှမ်းချန်ဆရာတော်မှ လက်အုပ်ချီ၍ ရှေ့သို့တိုးထွက်လာသည်။
သူ၏ပုံစံမှာ တည်ငြိမ်ခန့်ညားနေကာ မားမားမတ်မတ်ရပ်တည်နေသည့် တောင်တန်းကြီးတစ်ခုနှင့်တူလှသည် ။
နှင်းငွေ့မိစ္ဆာသခင်မှာမူ သူ၏ဝံ့ကြွားသည့်ပုံစံအတိုင်း လက်နောက်ပစ်၍ရပ်နေကာ ရှောင်လင်ကျောင်းမှ ဒုတိယကျောင်းထိုင်ကိုပင် မျက်စေ့ထဲထည့်ဟန်မတူပေ ။
“ ဒီနိမ့်ကျတဲ့ကိုယ်တော်က ရှောင်လင်က ဒုတိယကျောင်းထိုင်ရွှမ်းချန်ပါ ။ ဒကာကြီးအဆင့်သင့်ဖြစ်ရင် စလိုက်ရအောင် “
ရွှမ်းချန်းကိုယ်တော်၏စကားအဆုံးတွင် နှင်းငွေ့မစ္ဆာသခင်မှ ခေါင်းညိမ့်ပြ၍ သူ၏လက်ဝါးနှစ်ဖကိုရှေ့သို့ထုတ်လိုက်သည်။
သူ၏သိုင်းဟန်မှာ ယခင်ကအသုံးပြုဖူးသည့် မိစ္ဆာအမှောင်လက်ဝါးသိုင်းပင်ဖြစ်ကာ ယခုလည်းထိုလက်ဝါးသိုင်းဖြင့်တိုက်ခိုက်မည့်ပုံရသည်။
ပထမဆုံးတိုက်ပွဲတွင် နှင်းငွေ့မိစ္ဆာသခင်မှာ သူတောင်းစားဂိုဏ်းမှ စည်းကမ်းထိမ်းသိမ်းရေးမှူးအဖိုးကျန်းကို ထိုလက်ဝါးသိုင်းဖြင့်အနိုင်ယူခဲ့သော်လည်း သူတို့၏သိုင်းပညာမှာ များစွာကွာခြားနေသည့်အတွက် နှင်းငွေ့စ္ဆာသခင်မှာ ပညာကုန်ထုတ်ဟန်မတူပေ ။
တစ်ဖက်တွင် ရွှမ်းချန်ဆရာတော်မှာ အဖြူရောင်သိုင်းလောကမှ မီးရှူးတန်ဆောင်ရှောင်လင်ကျောင်း၏ ဒုတိယကျောင်းထိုင်ဖြစ်ကာ သူ၏သိုင်းပညာမှာ မေးခွန်းထုတ်စရာမလိုအောင်ပင် လွန်စွာနက်ရှိုင်းလှသည်။
သိုင်းလောကသားများမှာ ယခုတိုက်ပွဲမှတဆင့် နှင်းငွေ့မိစ္ဆာစခင်၏သိုင်းပညာကို အပြည့်အဝသိရမည်ဟုခန့်မှန်းထားကြကာ မည်သူအနိုင်ရမည်ကို တစ်ယောက်တစ်ပေါက်ဝေဖန်ရင်း စိတ်အားတက်ကြွနေကြသည် ။
ရွှမ်းချန်ကိုယ်တော်မှာမူ လက်နှစ်ဖက်ကိုရှေ့တွင်ယှက်ထားကာ လက်ဝါးနှစ်ဖက်ကိုဖြန့်ထား၍ လက်ချောင်းများမှာ စုကပ်နေသည်။
သိုင်းလောကအတွေ့အကြုံရင့်ကျက်သည့်လူများမှာ ရွှမ်းချန်ကိုယ်တော်၏သိုင်းဟန်ကိုမြင်သည်နှင့် ရှောင်လင်သိုင်းပညာခုနစ်ဆယ့်နှစ်မျိုးအနက် ပန်းခူးလက်ဝါးသိုင်းဖြစ်သည်ကို သိရှိလိုက်ကြသည်။
ပန်းခူးလက်ဝါး
ရှောင်လင်သိုင်းပညာခုနစ်ဆယ့်နှစ်မျိူးမှ လူသိနည်းသည့်သိုင်းပညာဖြစ်သည်။
ပန်းခူးလက်ဝါးသိုင်း၏ အဓိကတိုက်ခိုက်မှုများမှာ လျှင်မြန်မှုကိုအခြေခံ၍ အားနည်းသည့်ပျော့ကွက် ၊ ဟာကွက်နေရာများကိုဦးတည်၍တိုက်ခိုက်ရခြင်းဖြစ်ကာ ပန်းခူးဆွတ်သည့်သဏ္ဍာန်ဖြင့် ကုတ်ဆွဲတိုက်ခိုက်ရခြင်းဖြစ်သည်။
ထို့အပြင် လက်သီး၊ လက်ဝါး၊ လက်ချောင်းစသည်တို့ဖြင့်လည်း အမျိူးမျိုးပြောင်းလဲအသုံးပြုနိုင်သည့်အတွက် အစွမ်းထက်သိုင်းပညာတစ်ရပ်ဖြစ်သည်။
ရွှမ်းချန်ဆရာတော်မှာ နှင်းငွေ့မိစ္ဆာသခင်နှင့် ဝမ်းတတို့၏ မိစ္ဆာအမှောင်လက်ဝါးသိုင်းအသုံးပြုပုံများကို ကြည့်ရှုပြီးသည့်အတွက် ထိုသိုင်းကိုတန်ပြန်နိုင်မည့်သိုင်းဖြင့်တိုက်ခိုက်ရန် တွေးထားခြင်းဖြစ်သည်။
မိစ္ဆာအမှောင်လက်ဝါးသိုင်းမှာ ပြင်းထန်မှုနှင့်ဆန်းကြယ်မှုကိုအခြေခံထားကာ သိုင်းကွက်များသည်လည်း မထင်မှတ်ထားသလိုတိုက်ခိုက်နိုင်ကာ ဆန်းကြယ်သည့်အစွမ်းထက်သိုင်းပညာတစ်ရပ်ဖြစ်သည်။
သို့သော် ထိုသိုင်းပညာ၏လျှင်မြန်မှုမှာ သာမန်သာရှိကာ ပန်းခူးလက်ဝါးသိုင်း၏လျှင်မြန်သွက်လက်မှုဖြင့် မိစ္ဆာအမှောင်လက်ဝါးသိုင်းကို တန်ပြန်အနိုင်ယူမည်ဟု ရွှမ်းချန်ဆရာတော်မှ စဉ်းစားထားခြင်ဖြစ်ပေသည် ။
သူ၏အတွေးများ မှန်ကန်မည်လားဆိုသည်ကိုတော့...