ဂိုဏ်းကြီးငါးဂိုဏ်းကိုစိန်ခေါ်ခြင်း(၇)
Vol. 3 Ch. 234
နှင်းငွေ့မိစ္ဆာသခင်၏ နှင်းငွေ့သုံးပါးပညာရပ်မှာ လွန်စွာအံ့ဩဖွယ်ကောင်းလှသည် ။
တိုက်ခိုက်နေရင်းဖြင့် တစ်ဖက်လူ၏ခန္တာကိုယ်အတွင်းသို့ အေးစိမ့်သည့်အတွင်းအားများ ဝင်ရောက်လာနိုင်သလို ထိုအတွင်းအားများမှာ အအေးဓာတ်ပညာရပ်များနှင့်ခြားနားပေသည်။
သိုင်းလောကထံတွင် အအေးဓာတ်အတွင်းအားပိုင်ရှင်များမှာ နည်းပါး၍ ကြောက်မက်ဖွယ်ကောင်းကာ ယခု နှင်းငွေ့မိစ္ဆာ၏အတွင်းအားများမှာ ပို၍ဆန်းကြယ်သည် ။
ထိုအတွင်းအားများမှာ ဝမ်းတ၏ အမှောင်အတွင်းအားများနှင့် ဆင်တူသည့်ပုံစံရှိကာ နှင်းငွေ့သုံးပါးပညာရပ်ကိုထုတ်သုံးလိုက်သည်နှင့် တစ်ဖက်လူ၏ခန္တာကိုယ်အတွင်း စိမ့်ဝင်နိုင်ခြင်းဖြစ်သည် ။
ယခုလည်း ရွှမ်းချန်ကိုယ်တော်မှာ အအေးဓာတ်အတွင်းအားများ၏နှောင့်ယှက်မှုကြောင့် သူ၏လှုပ်ရှားမှုများအနည်းငယ်နှေးကွေးလာရသည်။
ထို့အပြင် သူ၏လက်ချောင်းနှစ်ခုလည်း နှင်းကွေ့မိစ္ဆာသခင်၏လက်သီးချက်ကြောင့် ကျိုးထားသည့်အတွက် ရွှမ်းချန်ကိုယ်တော်မှာ လက်ဝါးသိုင်းများကို ပြောင်းလဲအသုံးပြနေရရသည် ။
သို့တိုင် သူ၏တိုက်ခိုက်အားမှာ ယခင်ကထက်နိမ့်ကျသွားပြီဖြစ်သည်။
နှင်းငွေ့မိစ္ဆာသခင်မှာမူ ရွှမ်းချန်ဆရာတော်နှင့်ဆန့်ကျင်ဘက်ဖြစ်ကာ လက်သီးသိုင်းဖြင့်ပြောင်းလဲတိုက်ခိုက်စဉ်မှစ၍ အထက်စီးသို့ရောက်လာလေသည် ။
သူ၏လက်သီးချက်များမှာလည်း တိုက်ကွက်တစ်ခုထက်တစ်ခုပို၍ပြင်းထန်လာကာ မိုးပြိုကျသလို တဝုန်းဝုန်းမည်ဟည်းနေသည်။
ယခုပုံစံအတိုင်းဆက်သွားပါက ရွှမ်းချန်ဆရာတော်မှာ သိုင်းကွက်နှစ်ဆယ်အတွင်းအရှုံးပေးလိုက်ရတော့မည့်ပုံရသည် ။
ရွှမ်းချန်ဆရာတော်လည်း သက်ပြင်းတစ်ချက်ချ၍ သူ၏လက်ဝါးနှစ်ဖက်ကို ထိလုနီးနီးပူးကပ်လိုက်သည် ။ ထို့နောက် အတွင်းအားများကို စုဆောင်း၍ တိုက်ခိုက်လိုက်သည်။
ယခုတစ်ကြိမ်တွင် ရွှမ်းချန်ဆရာတော်၏လင်ဝ့းချက်များမှာ လွန်စွာပြင်းထန်ရုံသာမက ပို၍လျှင်မြန်လာသည် ။
ထိုလက်ဝါးချက်များ၏ပြင်းထန်မှုမှာ ကြောက်မက်ဖွယ်ကောင်းကာ သူ၏အမြန်နှုန်းမှာလည်း ပို၍တိုးလာသည် ။
သိုင်းလောကသားများမှာ ရွှမ်းချန်ဆရာတော်၏လက်ဝါးချက်များကို သိရှိဟန်ဖြင့် သူတို့၏မျက်နှာထက်တွင် ထိတ်လန့်ဟန်များပေါ်ထွက်လာကြသည်။
“ ဝရဇိန်နတ်လက်ဝါး “
သိုင်းလောကသားများမှာ ပင့်သက်ရှိုက်လိုက်မိကြသည်။
ဝရဇိန်နတ်လက်ဝါးမှာ ရှောင်လင်ခုနစ်ဆယ့်နှစ်မျိူးမှ လွန်စွာပြင်းထန်သည့်သိုင်းပညာဖြစ်ကာ ပန်းလော့လက်ဝါးထက်ပင် ပို၍ပြင်းထန်ကာ လေ့ကျင့်အောင်မြင်ရန်လည်း လွန်စွာခက်ခဲလှသည်။
သို့သော် ယခင်နှစ်များက ရှောင်လင်ကျောင်းမှ သိုင်းထိပ်သီးများမှာ ဝရဇိန်နတ်လက်ဝါးသိုင်းဖြင့် သိုင်းလောကကို ကိုင်လှုပ်ဖူးသဖြင့် သိုင်းလောကသားများနှာ ဝရဇိန်နတ်လက်ဝါးသိုင်းကို ယခုအချိန်အထိ မေ့လျော့မရခြင်းဖြစ်သည် ။
ဝရဇိန်နတ်လက်ဝါးသိုင်းကို အဆင့်ကုန်အောင်မြင်
ပြီးပါက လက်ဝါးချက်တိုင်းမှာ လျှပ်ပြက်သလိုမြန်ဆန်ကာ အားအင်လွန်စွာပြင်းထန်ပေမည်။
လက်ဝါးချက်တစ်ချက်ထိမိရုံဖြင့် အဆင့်လွန်သိုင်းသမားတစ်ဦးအတွက်ပင် အနည်းဆုံးအတွင်းဒဏ်ရာအပြင်းအထန်ရသွားစေနိုင်သည်။
ထို့အပြင် ကြောက်မက်ဖွယ်အကောင်းဆုံးအချက်မှာ လက်ဝါးတစ်ချက်ထိပြီးသည်နှင့် ရရှိလာမည့်အတွင်းဒဏ်ရာမှာ ခန္တာကိုယ်အတွင်းမှ သွေးကြောများကိုပျက်စီးစေကာ အတွင်းအားလွန်စွာနက်ရှိုင်းမှ ပြန်၍ကုစားနိုင်ပေမည်။
ထိုအချက်များကြောင့် ဝရဇိန်နတ်လက်ဝါးသိုင်းမှာ ရှောင်လင်၏ကြောက်မက်ဖွယ်အကောင်းဆုံးသိုင်းပညာများစာရင်းတွင်ပါဝင်နေခြင်းဖြစ်သည် ။
ယခု ရွှမ်းချန်ဆရာတော်၏ဝရဇိန်နတ်လက်ဝါးမှာာအဆင့်ကုန်အောင်မြင်ခြင်းရှိဟန်မတူသေးသော်လည်း အောင်မြင်ရန်ဝေးကွာတော့သည်မဟုတ်ပေ။
ထို့ကြောင့် ရွှမ်းချန်ဆရာတော်၏လက်ဝါးချက်များမှာ ကြောက်မက်ဖွယ်ပြင်းထန်နေခြင်းဖြစ်သည်။
ရွှမ်းချန်ဆရာတော်၏ လက်ဝါးချက်များကိုမြင်သည်နှင့် နှင်းငွေ့မိစ္ဆာသခင်မှာ ခပ်တိုးတိုးရယ်မောလိုက်သည် ။ ထို့နောက် သူ၏လက်သီးဖြင့် ရှေ့သို့ ထိုးချလိုက်သည်။
လက်ဝါးနှင့်လက်သီးချင်ထိခါနီးတွင် နှင်းငွေ့မိစ္ဆာသခင်၏လက်သီးမှာပြေသွားကာ လက်နှစ်ချောင်းပုံစံသို့ပြောင်းလိုက်သည်။
“ အေးခဲလက်ချောင်း “
“ ဝုန်း... “
ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာကာ သူတို့နှစ်ဦးစလုံး နောက်သို့ခြေသုံးလှမ်းဆီဆုတ်ပေးလိုက်ရသည်။
သူတို့၏ရှေ့တွင် နက်ရှိုင်းသည့်ခြေရာကြီးများကျန်ခဲ့ကာ မည်သူမှအသာရန်ဟန်မတူပေ။
သို့သော် ရွှမ်းချန်ဆရာတော်၏လက်ဝါးမှာ တဆက်ဆက်တုန်ယင်နေကာ သူ၏မျက်နှာသည်လည်း စက္ကန့်အနည်းငယ်အတွင်း ပြာနှမ်းလာသည်။
ရွှမ်းချန်ဆရာတော်မှာ ချက်ခြင်းပင်ခြေချိတ်ထိုင်ချကာ အတွင်းအားကိုအလျှင်အမြန်လှည့်ပတ်လိုက်သည် ။
နှင်းငွေ့မိစ္ဆာသခင်မှာ အကာအကွယ်မဲ့နေသည့်ရွှမ်းချန်ဆရာတော်ကိုတိုက်ခိုက်ခြင်းမရှိဘဲ လက်နောက်ပစ်၍ အေးဆေးစွာရပ်နေသည်။
သိုင်းလောကသားများမှာ မထင်မှတ်ထားသည့်အလှည့်အပြောင်းကြောင့် မျက်လုံးများပြူးကျယ်သွားကြကာ ဇဝေဇဝါဖြစ်နေကြသည် ။
သူတို့အနေဖြင့် ရွှမ်းချန်ဆရာတော်မှ ဝရဇိန်နတ်လက်ဝါးသိုင်းကိုထုတ်သုံးသည့်အချိန်တွင် ရွှမ်းချန်ဆရာတော်အသာစီးရတော့မည့်ဟုတွေးလိုက်မိကြသည် ။
သို့သော် သိုင်းတစ်ကွက်အတွင်း အခြေအနေများပြောင်းလဲသွားကာ ရွှမ်းချန်ဆရာတော်မှာ တိုက်ခိုက်ခြင်းအားရပ်တန့်ကာ အရေးတကြီးဟန်ဖြင့် အတွင်းအားကိုလေ့ကျင့်နေရသည် ။
အကယ်၍ သိုင်းလောက၏စည်းကမ်းများအရဆိုပါက တိုက်ပွဲထဲတွင် တိုက်ခိုက်နိုင်ခြင်းမရှိတော့သည့် ရွှမ်းချန်ဆရာတော်မှာ ရှုံးနိမ့်သွားပြီဟု ပြော၍ရသည်။
အချိန်အနည်းငယ်ကြာမှ ရွှမ်းချန်ဆရာတော်မှာ သက်ပြင်းတစ်ချက်ချ၍ထရပ်လိုက်သည်။
တိုက်ပွဲအားကြည့်ရှုနေကြသူများမှာ ရွှမ်းချန်ဆရာတော်အားစူးစိုက်ကြည့်နေကြသည် ။
အံ့အားသင့်ဖွယ်ကောင်းလောင်အောင်ပင် ရွှမ်းချန်ဆရာတော်၏မျက်နှာမှာဖြူလျော်နေကာ ပင်ပန်းနွမ်းနယ်နေပုံရသည်။
“ အံ့ဩစရာကောင်းလိုက်တဲ့အတွင်းအား ။ ဒီဘုန်းကြီးက ရှုံးနိမ့်တာကို ဝန်ခံပါတယ် “
ရွှမ်းချန်ဆရာတော်မှာ ထိုသို့ပြောလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်စွန်းမှ သွေးစီးကြောင်းတစ်ခုစီးကျလာသည်။
ရွှမ်းချန်ဆရာတော်၏ ပုံစံကြောင့် သိုင်းလောကသားများမှာ ဆူဆူညံညံဖြစ်သွားကြကာ သူတို့၏အမြင်အမျိုးမျိုးကို ထုတ်ဖော်နေကြတော့သည်။
စင်စစ် ရွှမ်းချန်ဆရာတော်မှာ သူ၏လက်ဝါးအလယ်တည့်တည့်ရှိ တုလင်သွေးကြောဆီသို့ နှင်းငွေ့မိစ္ဆာသခင်၏ လက်ချောင်းကျရောက်လာစဉ်ထဲက ရှူံးနိမ့်ပြီးဖြစ်သည် ။။
နှင်းငွေ့မိစ္တာသခင်၏ ဆန်းကြယ်သည့်အတွင်းအားများမှာ တုလင်သွေးကြောမှတဆင့် ရွှမ်းချန်ဆရာတော်၏ခန္တာကိုယ်အတွင်း စိမ့်ဝင်လာကြခြင်းဖြစ်သည်။
ထိုထိတ်တိုက်တွေ့ဆုံမှုအပြီးတွင် သူ၏ခန္တာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသည်ြ အေးစိမ့်သည့်အတွင်းအားတစ်မျိုးကြောင့် ရွှမ်းချန်ဆရာတော်မှာ ချက်ခြင်းပင်အတွင်းအားဖြင့် ထိမ်းချုပ်လိုက်ရခြင်းဖြစ်သည် ။
ထိုအတွင်းများမှာ အချိန်မီထိမ်းချုပ်နိုင်ခြင်းမရှိပါက ရွှမ်းချန်ဆရာတော်လို နက်ရှိုင်းသည့်အတွင်းအားပိုင်ရှင်တစ်ဦးပင် သက်သာလိမ့်မည်မဟုတ်ပေ။
ရွှမ်းချန်ဆရာတော်၏အဖြစ်မှာ ရွှမ်းမင်ကိုယ်တော် ဝမ်းတ၏အမှောင်အတွင်းအားများဖြင့်တိုက်ခိုက်ခံရစဉ်ကနှင့် အနည်းငယ်ဆင်တူသော်လည်း ပို၍ပြင်းထန်ပေသည် ။
ဝမ်းတနှင့်ရွှမ်းမင်ကိုယ်တော်တို့တိုက်ခိုက်စဉ်က ဝမ်းတမှာ ရွှမ််းမင်ကိုယ်တော်ထက် အတွင်းအားသိသိသာသာလျော့နည်းသည့်အတွက် ဝမ်းတ၏အမှောင်အတွင်းအားများမှာ ရွှမ်းမင်ကိုယ်တော်အား အနည်းငယ်သာဒုက္ခပေးနိုင်ကာ အတွင်းဒဏ်ရာရစေရုံသာဖြစ်သည်။
ထိုဒဏ်ရာသည်လည်း လအနည်းငယ်အနားယူလိုက်သည်နှင့် ကောင်းစွာပျောက်ကင်းသွားနိုင်ပေသည်။
ယခုမူ ရွှမ်းချန်ဆရာတော်မှ အချိန်အနည်းငယ်ပေး၍ထိမ်းချုပ်ခဲ့သည်ကိုပင် လုံးဝပျောက်ကင်းခြင်းမရှိဘဲ အတွင်းဒဏ်ရာဖြစ်စေခဲ့သေးသည် ။
ထိုအခြေအနေမျိုးတွင် ဆက်လက်တိုက်ခိုက်နိုင်ရန်မှာ မည်သို့မှမဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် သိုင်းလောကသားများမှာ တစ်ယောက်တစ်မျိုးစီဖြင့်ဆူညံနေကြကာ သူတို့၏စိတ်ထဲတွင်လည်း မယုံကြည်နိုင်မှုများနှင့်ပြည့်နှက်နေကြသည် ။
ရွှမ်းချန်ဆရာတော်လို သိုင်းပညာနက်ရှိုင်းသည့်ရှောင်လင်ဒုတိယကျောင်းထိုင်ပင် နှင်းငွေ့မိစ္ဆာသခင်အားရှုံးနိမ့်သွားရသည့်နောက် နှင်းငွေ့မိစ္ဆာသခင်အားအနိုင်ယူရန် အခွင့်အရေးတစ်ခုသာကျန်တော့ပေသည်။
ဂိုဏ်းကြီးငါးဂိုဏ်းဘက်မှ အဆင့်မြင့်ပုဂ္ဂိုလ်လယောက်ရှုံးနိမ့်သွားပြီဖြစ်သည့်အတွက် ဝူတန်းဂိုဏ်းချုပ်ကြီးတစ်ဦးသာ ယှဉ်ပြိုင်ရန်ကျန်ရှိတော့ပေသည်။
သို့သော် ဝူတန်းဂိုဏ်းချုပ်ကြီးမှာ ဓားပညာတွင် လွန်စွာနက်ရှိုင်း၍ သိုင်းလောကထဲတွင်ကျော်ကြားလှသည်မှန်သော်လည်း နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ယူရန်စွမ်းရှိမရှိကို သူတို့စစိတ်ထဲတွင် ဇဝေဇဝါဖြစ်နေကြသည် ။
ထို့အပြင် ဝူတန်းဂိုဏ်းချုပ်ကြီး၏ကျော်ကြားမှုမှာ ရှောင်လင်ဂိုဏ်းမှ ဒုတိယကျောင်းထိုင်နှင့်အဆင့်တူသာရှိသည်။ ထို့ကြောင့် ...
အဖြူရောင်သိုင်းလောကသားများမှာ လက်ရှိအခြေအနေအား မယုံကြည်နိုင်သလိုဖြစ်နေကြကာ ထိပ်သီးဂိုဏ်းကြီးများ လူတစ်ယောက်ထဲကိုရှုံးနိမ့်သွားခြင်းမှာ အိပ်မက်ဆန်လွန်းသည်။
သို့သော် ထိုအဖြစ်ကအမှန်တယ်ဖြစ်ပျက်နေခြင်းဖြစ်ကာ သူတို့လက်ခံနိုင်ရန်ခက်ခဲသော်လည်း လက်ခံရပေမည်။
သူတို့နှင့်စာလျှင် စန်နုန်ကျသို့ရောက်လာကြသည့်အနက်ရောင်သိုင်းလောကသားများမှာ မျက်လုံးများတောက်ပလာကြသည်။
ပထမတွင် သူတို့မှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဩဇာကိုမနာခံလို၍ ပုန်းကွယ်နေကြသော်လည်း ယခု နှင်းငွေ့မိစ္ဆာသခင်၏ခွန်အားကိုမြင်လိုက်ရပြီး သူတို့၏အမြင်များပြောင်းလဲသွားကြပေသည်။
မည်သို့ပင်ဖြစ်စေ ယနေ့တိုက်ပွဲများပြီးဆုံးသွားပါက ခရမ်းရောင်သွေးလဂိုဏ်းမှာ အနက်ရောင်သိုင်းလောက၏ အစစ်အမှန်အရှင်သခင်ဖြစ်လာပေတော့မည် ။