← Chapters

မိစ္ဆာတစ်ကောင်

Vol. 3 Ch. 241

မိစ္ဆာတစ်ကောင်

Vol. 3 Ch. 241

“ သံမဏိ ဝမ်းတနှင့်ဝမ်းတုကိုသွားကူလိုက် “

နှင်းငွေ့မိစ္ဆာ၏စကားကြောင့် သိုင်းဝိဇ္ဇာအဆင့်သုံးယောက်အံ့အားသင့်သွားသလို သံမဏိဘုရင်မှာ ခေါင်းတစ်ချက်ညိမ့်၍ အဆင့်လွန်သိုင်းသမားအုပ်စုရှိရာသို့ခုန်ဝင်သွားသည်။

ထို့နောက် ငွေရောင်မုတ်ဆိတ်ထွက်ပြေးသွားသည့်အတွက် ကောင်းစွာတိုက်လိုက်လိုက်ရခြင်းမရှိသည့် သူ၏ဒေါသများကို အဆင့်လွန်သိုင်းသမားဆယ့်ရှစ်ယောက်အပေါ်သို့ပုံချလိုက်သည် ။

အနီရောင်ဝတ်စုံနှင့် မိုးကြိုးနတ်ဘုရားကျောင်းမှဓားသမားနှစ်ယောက်မှာ သူတို့၏အနီးသို့ရောက်ရှိလာသည့် သံမဏိဘုရင်ကိုပြိုင်တူပင်ဓားဖြင့်ထိုးသွင်းလိုက်ကြသည်။

သူတို့ထဲမှတစ်ယောက်၏တိုက်ခိုက်မှုမှာ သံမဏိဘုရင်၏မျက်လုံးများကိုထိုးသွင်းလိုက်ခြင်းဖြစ်ကာ ကျန်တစ်ယောက်မှာ ခန္တာကိုယ်အောက်ပိုင်းအားခုတ်ဖြတ်လိုက်သည်။

ထိုလူများ၏တိုက်ခိုက်မှုမှာ အကွက်ကျကာ စေ့စပ်သော်လည်း သံမဏိဘုရင်၏တုံ့ပြန်မှုမှာမူရိုးရှင်းပေသည်။

သူ၏မျက်လုံးဆီသို့ လှစ်ခနဲဝင်ရောက်လာသည့်ဓားကို တင်းကြပ်စွာဖမ်းဆုပ်လိုက်ကည ခြေထောက်များကိုခုတ်ပိုင်းလိုက်သည့်ဓားကိုမူ လျစ်လျူရှူလိုက်သည်။

“ ချွမ်း.. ချွမ်း.... “

သံချင်းထိခတ်သံပေါ်လာပြီး သံမဏိဘုရင်၏လက်ထဲမှဓားမှာကျိူးသွားသလို သူ၏ခြေထောက်ကိုခုတ်ပိုင်းလိုက်သည့်ဓားမှာလည်း မာကျောသည့်အရညတစ်ခုကိုခုတ်ပိုင်းမိသလို ထုံကျင်သွားကာနောက်သို့ပြန်ကန်ထွက်သွားသည်။

သံမဏိဘုရင်၏လွတ်နေသည့်လက်တစ်ဖက်မှာ သူ့ကိုကြောင်အအကြည့်နေသည့် လူ၏ဦးခေါင်းဆီသို့ တည့်မတ်စွာတိုးဝင်သွားသည်။

“ ခွပ်... “

“ ဝုန်... “

ဦးခေါင်းခွဲကွဲကအက်သံနှင့်အတူ သံမဏိဘုရင်၏လက်သီးချက်ထိမိသူမှာ အရင်းမှပိုင်းဖြတ်ခံလိုက်ရသည့်ငှက်ပျောပင်ကြီးလို လဲကျသွားလေသည်။

သူ၏ဦးခေါင်းပိုင်းတစ်ခုလုံးကြေမွသွားကာ သံမဏိဘုရင်၏လက်သီးတွင်မူ ထိုလူ၏သွေးများပေပွသွားသည်။

သံမဏိဘုရင်မှာ လူတစ်ယောက်လုံးအား ရက်စက်စွာသတ်ဖြတ်ပြီးနောက် တင်းတိမ်ဟန်မရဘဲ သူ၏ခြေအောက်ပိုင်းအားတိုက်ခိုက်လိုက်သူဆီသို့လက်သီးတစ်ချက်ပစ်လွှတ်လိုက်ပြန်သည်။

ထိုဓားသမားမှာ တခဏအတွင်းသူ၏အဖော်လွယ်လွယ်ကူကူအသတ်ခံလိုက်ရ၍ ထိတ်လန့်အံ့ဩနေရာမှ ဝှီးခနဲဝင်လာသည့်အရှိန်အဟုန်ပြင်းထန်လှသည့်လက်သီးချက်ကြောင့် သူ၏ဓားဖြင့်ကမန်းကတန်းထိုးခုတ်လိုက်သည်။

“ ထန်း... “

မာကျောသည့်သံမဏိဓားသွားမှာ သံမဏိဘုရင်၏လက်သီးကိုပိုင်းဖြတ်သွားရမည့်အစားနှစ်ပိုင်းကျိုးထွက်သွားကာ အရှိန်မကုန်သေးသည့်လက်သီးချက်ကြောင့် ထိုဓားသမား၏ရင်ဘက်မှာချိုင့်ဝင်၍လဲကျသွားသည်။

သံမဏိဘုရင် ထိုတိုက်ပွဲအတွင်းသို့ဝင်ရောက်လာသည်မှာ အချိန်အနည်းငယ်သာရှိသေးသော်လည်း အဆင့်လွန်သိုင်းသမားနှစ်ယောက်အားလွယ်ကူစွာသတ်ဖြတ်လိုက်လေသည်။

သံမဏိဘုရင်၏နေရာတွင်အခြားသိုင်းဝိဇ္ဇာအဆင့်တစ်ယောက်သာဆိုပါက ထိုလူများမှာအချိန်အနည်းငယ်ခုခံနိုင်မည်ဖြသ်သော်လည်း ဓားလှံမတိုးသည့်လူ့ဘီလူးကြီးနှင့်ရင်ဆိုင်ရာတွင် သူတို့၏တိုက်ခိုက်မှုများမှာ အသုံးမဝင်ဘဲ အငိုက်မိသွားကာ တိုက်ကွက်တစ်ခုစီဖြင့်ပင် သေဆုံးသွားရရှာသည်။

သံမဏိဘုရင်မှာမူ သတ်ဖြတ်ရခြင်းအားနှစ်ခြိုက်နေဟန်ရကာ ရင်ခေါင်းသံကြီးဖြင့် ဒေါသတကြီးအော်ဟစ်၍ကျန်ရှိနေသည့် အဆင့်လွန်သိုင်းသမားထံသို့ တိုးဝင်သွားပြန်သည်။

ဝမ်းတနှင့်ဝမ်းတုမှာလည်း ဒဏ်ရာအသီးသီးရရှိထားကြသော်လည်း လွန်စွာမပြင်းထန်လှသည့်အတွက် စတင်၍သွေးပျက်လာကြသည့်ထိုလူများကို ဖိ၍တိုက်ခိုက်လိုက်ကြသည်။

မိုးကြိုးနတ်ဘုရားကျောင်းမှ အနီရောင်ဝတ်စုံနှင့်အဖိုးအိုမှာ လျှင်မြန်လှသည့်အဖြစ်အပျက်ကြောင့် သူ၏လူနှစ်ယောက်သေဆုံးသွားရသည်ကို အတိုင်းသားကြည့်နေရသည်။

ထို့နောက် သူ၏လက်ကိုဝေ့ယမ်း၍ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“ မကောင်းတော့ဘူ အကုန်လုံးပြန်ဆုတ်တော့ “

ကျန်သည့်သိုင်းဝိဇ္ဇာနှစ်ယောက်မှာလည်း သူတို့၏လူများကိုအလျှင်အမြန်ဆုတ်ခွာခိုင်းလိုက်ကြသည်။

သို့တိုင်အောင် သံမဏိဘုရင်၏လက်ထဲတွင် နောက်ထပ်သိုင်းသမားသုံးယောက်သေဆုံးသွားကာ ဝမ်းတနှင့်ဝမ်းတု၏လက်ချက်ကြောင့်တစ်ယောက်စီသေဆုံးသွားရသည်။

ကျန်ရှိနေသည့်လူများမှာမူ လျှင်မြန်လှသည့်အရှိန်အဟုတ်ဖြင့် ‌သစ်ပင်များကြားသို့ နေရာအနှံ့လူစုခွဲ၍ပြေးဝင်သွားကြသည်။

ထို့ကြောင့် ဝမ်းတနှင့်ဝမ်းတုတို့မှာ ထိုလူများကိုလိုက်လံတိုက်ခိုက်ခြင်းမရှိတော့ဘဲ သံမဏိဘုရင်သည်သာ ဒေါသတကြီးကြုံးဝါးလျက်ရှိနေသေးသည်။

“ သံမဏိ မင်းရဲ့စိတ်ကိုပြန်ထိမ်းစမ်း “

နှင်းငွေ့မိစ္ဆာသခင်၏ခပ်ဆက်ဆက်စကားကြောင့် လူ့ဘီလူးကြီးမှာ ဆက်ခနဲဖြစ်သွားကာ အသိပြန်ဝင်သွားပုံပေါ်သည်။

သူ၏ခန္တာကိုယ်တွင်ထောင်ထလျက်ရှိသည့်အကြောကြီးများမှာ ပုံမှန်ပြန်ဖြစ်သွားကာ အနည်းငယ်နီရဲသည့်မျက်လုံးများမှာလည်း ပျောက်ကွယ်သွားသည်။

သံမဏိဘုရင်မှာ သာမန်အခြေအနေတွင် သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်ကိုတိုက်ခိုက်နိုင်သော်လည်း စိန်လွတ်သွားသည်အချိန်တွင် သိုင်းဝိဇ္ဇာအဆင့်များကိုပင် အနိုင်ယူနိုင်ပုံပေါ်သည်။

အစောပိုင်းမှ သူစိတ်လွတ်သွားပုံရသည့်အတွက် မည်သည့်အရာကိုမှဂရုမစိုက်ဘဲ ဒေါသတကြီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်၏စကားမှာ သူ့အတွက်အမိန့်တစ်ခုလိုဖြစ်ကာ သူ၏အခြေအနေကိုလွယ်ကူစွာထိမ်းချုပ်နိုင်သည်။

“ ဟမ့် ကျုပ်တို့ဒီနေ့ရှုံးနိမ့်သွားတာဝန်ခံပါတယ် “

တောင်ပင်လယ်ကျွန်းသခင်မှ အေးစက်စက်ပြောလိုက်သည်။

ယနေ့တိုက်ပွဲတွင် အကျိုအမြတ်တစ်ခုမှမရရုံမက တောင်ပင်လယ်မှ လက်ရွေးစင်အဆင့်လွန်သိုင်းသမား နှစ်ယောက်ပင် သေဆုံးသွားခဲ့ရသည်။

အဆင့်လွန်သိုင်းသမားများမှာ ထိပ်တန်းအဆင့်အင်အားစုကြီးများ၏အခြေခံအုတ်မြစ်ဖြစ်ကာ လွန်စွာအဖိုးတန်ပေသည်။

ယင်မျိုးနွယ်စုမှအဖိုးအိုနှင့် မိုးကြိုးနတ်ဘုရကျောင်းမှအဖိုးအိုလည်း မည်းမှောင်နေသည့်မျက်နှာများဖြင့်နောက်ဆုတ်လိုက်ကြသည်။

သိသိသာသာပင် ယနေ့တိုက်ပွဲတွင် သူတို့လူအနည်းငယ်စီဆုံးရှုံးသွားခဲ့ကာ နှင်းငွေ့မိစ္ဆာသခင်၏ရန်ငြိုးထားမှုကိုပင် ခံရတော့ပေမည်။

“ ဟားးဟားး မင်းတို့ကိုထွက်သွားလို့ရတယ်လို့ဘယ်သူပြောလို့လဲ “

နှင်းငွေ့မိစ္ဆာသခင်မှ အေးစက်စက်လေသံဖြင့်ရယ်မောလိုက်သည်။

သူ၏စကားကြောင့် သိုင်းဝိဇ္ဇာသုံးယောက်မှာ မျကိမှောင်ကြုတ်သွားကြကာ ယင်မျိုးနွယ်စုမှအဖိုးအိုမှ တင်းမာသည့်လေသံဖြင့်ပြောလိုက်သည်။

“ ကျုပ်တို့ကမင်းကိုအနိုင်မယူနိုင်ဘူးဆိုပေမယ့် ကျုပ်တို့သာထွက်သွားချင်ရင် မင်းကဟန့်တားနိုင်မှာမလို့လား “

သူ၏စကားအဆုံး၌ နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏နေရာမှပျောက်ကွယ်သွားကာ အဖိုးအို၏ရှေ့သို့ရောက်လာသည် ။

“ အေးခဲလက်ချောင်း “

နှင်းငွေ့မိစ္ဆာသခင်၏လက်ချောင်းများမှာ အဖိုးအိုထံသို့ တိုးဝင်လာသည့်အတွက် အဖိုးအိုလည်း သူ၏လက်ချောင်းများကိုကွေးကာ နှင်းငွေ့မိစ္ဆာသခင်၏လက်ကောက်ဝတ်ကိုကုတ်ဆွဲလိုက်သည်။

အစောပိုင်းကပင် သူတို့တိုက်ခိုက်ဖူးသည့်အတွက် နှင်းငွေ့မိစ္ဆာသခင်၏သိုင်းကွက်အတော်များများကို သိရှိ၍နေသည်။ ထို့ကြောင့်လည်း နှင်းငွေ့မိစ္ဆာသခင်၏ အေးခဲလက်ချောင်းကို တန်ပြန်တိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

ယခင်က ထိုသို့တိုက်ခိုက်ပါက နှင်းငွေ့မိစ္ဆာသခင်မှာ ရှောင်တိမ်းလေ့ရှိသော်လည်းယခုအခါတွင်မူ အဖိုးအို၏ကုတ်ဆွဲချက်ကိုရှောင်တိမ်းခြင်းမပြုပေ။

အဖိုးအိုမှာ အနည်းငယ်ဇဝေဇဝါဖြစ်သွားမိသော်လည်း သူ၏ဖမ်းကုတ်ချက်မှ မည်သူမှလွတ်အောင်ရုန်းထွက်နိုင်မည်မဟုတ်ဟုယုံကြည်ချက်ရှိပေသည်။ သို့သော်

“ ဝှစ် “

နှင်းငွေ့မိစ္ဆာသခင်၏လက်မှာ အဖိုးအို၏ဖမ်းဆုတ်ထားမှုမှလွတ်ထွက်သွားသလို အဖိုးအိုလည်း မျက်စိမျက်နှာပျက်သွားသည်။

“ စွပ် “

နှင်းငွေ့မိစ္ဆာသခင်၏လက်ချောင်းတိုက်ကွက်မှာ အဖိုးအို၏ဘယ်ဘက်ရင်အုံသို့ထိမိရုံသာဖြစ်သော်လည်း ပြင်းထန်လှသည့်အတွင်းအားကြောင့် နောက်ကျောဘက်အထိထုတ်ချင်းပေါက်ထွက်သွားသည် ။

အဖိုးအိုမှာ သူ၏မျက်နှာထက်တွင် လက်မခံနိုင်သည့်ဟနိအမူအယာများနှင့် တစ်စုံတစ်ရာပြောလိုဟန်ရသော်လည်း မပြောနိုင်တော့ဘဲ ဝုန်းခနဲလဲကျသွားသည်။

တောင်ပင်လယ်ကျွန်းသခင်နှင့် မိုးကြိုးနတ်ဘုရားကျောင်းမှနတ်ဆရာတို့မှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လွန်စွာထိတ်လန့်သွားမိသည် ။

နှင်းငွေ့မိစ္ဆာသခင်၏တိုက်ကွက်မှာ ချက်ခြင်လိုလိုယခင်ထက်နှစ်ဆအထိအားပြင်းလာကာ ပေါ့ဆမိသည့် ယင်မျိုးနွယ်စုမှအဖိုးအိုကို တစ်ကွက်ထဲဖြင့်သတ်ဖြတ်လိုက်သည် ။

နှင်းငွေ့မိစ္ဆာသခင်မှာ ထိုနှစ်ယောက်အားလှည့်ကြည့်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်၏မျက်လုံးအစုံမှာ အနက်ရောင်ပြောင်းနေကာ သူ၏ခန္တာကိုယ်မှအားကောင်းလှသည့် အနက်ရောင်အငွေ့အသက်များထွက်ပေါ်နေသည် ။

ယခုအချိန်တွင်နှင်းငွေ့မိစ္ဆာသခင်၏ပုံစံမှာ ငရဲမှတက်လာသည့်မိစ္ဆာတစ်ကောင်အလား လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။

တောင်ပင်လယ်ကျွန်းသခင်နှင့် နတ်ဆရာတို့လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ နှင်းငွေ့မိစ္ဆာသခင်အားပြိုင်တူတိုက်ခိုက်လိုက်ကြသည်။

သူတို့အနေဖြင့် နှင်းငွေ့မိစ္ဆာသခင်၏ကိုယ်ဖော့ပညာကို လုံးဝမယှဉ်နိုင်ဘဲ ထွက်ပြေးရန်မဖြစ်နိုင်တော့သည်ကိုသိရှိပြီးသည့်နောက် အစွမ်းအထက်ဆုံးသိုင်းကွက်များဖြင့် အသက်ကိုပဓာနမထားဘဲတိုက်ခိုက်လိုက်ကြသည်။

အကယ်၍ နှင်းငွေ့မိစ္ဆာသခင်အားသတ်ဖြတ်နိုင်ပါက သံမဏိဘုရင်နှင့်ကျန်နှစ်ယောက်မှာ သူတို့ကိုလိုက်လံတိုက်ခိုက်နိုင်ခြင်းမရှိသည်ကိုကောင်းစွာသိသည်။

ထို့ကြောင့်နှင်းငွေ့မိစ္ဆာသခင်အားသတ်ဖြတ်ရန်အတွက်ဦးစွာကြိုးစားလိုက်ကြခြင်းဖြစ်သည်။ သို့သော် ......

All Chapters