အခန်း (၆၁)
Vol. 7 Ch. 61
လင်းချွမ် အမှန်တကယ် ပျံသန်းချင်နေပေမဲ့လည်း သူ့ရဲ့လက်ထပ်ပြီးကာစ ဇနီးလေးရဲ့ ရှေ့မှာတော့ ပျံသန်းဖို့ရန် မဝံ့ရဲလေဘူး။
နောက်ဆုံးမှာတော့ သူက ရုန်းကန်နေတာကို ရပ်တန့်လိုက်ပြီး နှုတ်ခမ်းကိုသာ တင်းတင်းစေ့ထားကာ ဘာကိုမှ မပြောလာခဲ့တော့ဘူး။
ချန်ယွဲ့ကျင်းကတော့ လုံးလုံးလျားလျားကိုအံ့အားသင့်သွားရတော့တယ်။ သူတို့မိသားစုရဲ့ တင်းမာပြတ်သားစွာပြောတတ်တဲ့ တပ်ရင်းမှူးက သူ့ဇနီးရဲ့ စကားတစ်ခွန်းကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်းပြောင်းလဲသွားတာက တကယ့်ကိုမယုံနိုင်စရာပဲ။
သို့ပေမယ့် သူက ထိုကိစ္စအပေါ်ဘာမှမပြောနိုင်ခဲ့တာကြောင့် အသာလှမ်းပြောခဲ့တယ်။
“ဒါဆို မင်း ဆက်ပြီးဆေးရုံတက်နေလိုက်ဦးလေ.. မင်းမှာ ကိစ္စတစ်ခုခုရှိနေရင် စစ်တပ်ကို သွားပြောပေးမယ်”
လင်းချွမ် ဆုဆုကို လှမ်းကြည့်ပြီး အသံတိုးတိုးနဲ့ပြောလိုက်တယ်။
“ဒါဆို မနက်ဖြန် .. ကိုယ် မနက်ဖန်ကျရင် ဆေးရုံက ဆင်းတော့မယ်.. ပြီးရင် အိပ်ယာခင်းနည်းနည်းလောက် ပိုယူပြီး ကားထဲမှာခင်းလိုက်မယ်”
“ကျွန်မ ဆရာဝန်ကို မေးကြည့်လိုက်မယ်”
ဆုဆု လင်းချွမ်ကို စိုက်ကြည့်ပြီးပြောလိုက်တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို ဆရာဝန်က ပိုပြီးသိနိုင်လိမ့်မယ်။
ဒီလိုအချိန်တွေမှာ လူတွေက အတော်လေးကို ပြောရဆိုရခက်ခဲတယ်။ ဆရာဝန်က ဆုဆုရဲ့ နားထောင်ပြီးနောက် အလွန်အမင်းမလှုပ်ရှားမိစေဖို့ သတိထားနေသ၍ ဆေးရုံကဆင်းနိုင်ကြောင်း ပြန်ပြောခဲ့တယ်။ သူက ခဏလောက်ပဲ လှဲနေစရာလိုအပ်လိမ့်မယ်။
ဆုဆု ထိုစကားကိုကြားတော့ အရင်တစ်ခေါက်တုန်းက ဂျစ်ကားရဲ့နောက်ခန်းက အလွန်ကျယ်ဝန်းပြီးချောင်ချောင်ချိချိရှိတာကို တွေးလိုက်တယ်။ လင်းတုံဟဲကို ဒရိုက်ဘာနဲ့အတူ ရှေ့ခန်းမှာထိုင်ခိုင်းပြီး သူမကတော့ လင်းချွမ်ကိုထိန်းပေးဖို့ အနောက်ခန်းမှာထိုင်ရမယ်။ ဒီလိုဆိုရင် သူလည်း အချိန်အကြာကြီးထိုင်နေစရာမလိုတော့ဘူး။
သူမအနေနဲ့ ထိုအမျိုးသားရဲ့ အကျင့်စရိုက်ကို မြင်တွေ့နိုင်တယ်။ သူက ပြောလိုက်ရင် ပြောတဲ့အတိုင်းလုပ်တတ်တဲ့သူပဲ။ သို့ပေမယ့် သူက သူမရဲ့ စကားကြောင့် သူ့ရဲ့ဆန္ဒကိုချုပ်တည်းပြီး သူမအပေါ်လိုက်လျောပေးခဲ့ပေမဲ့ အိမ်ကို စောစောပြန်ချင်တဲ့ စိတ်ကူးကိုတော့ စွန့်လွှတ်မဲ့ပုံစံမရှိခဲ့ဘူး။
ဒီတော့ ဆရာဝန်က ကိစ္စမရှိဘူးလို့ပြောမှတော့ သူတို့တွေ အိမ်စောစောပြန်နိုင်လောက်ပါတယ်။ ကိုယ့်ဘာသာကိုယ် အိမ်မှာအနားယူတာကလည်း ပိုကောင်းနိုင်တာပဲလေ။
ထိုကဲ့သို့တွေးတောလိုက်ပြီးနောက် သူမသဘောတူလိုက်ပေမဲ့လည်း လူနာခန်းသို့ပြန်သွားတဲ့အချိန်မှာတော့ လင်းချွမ်ကို မနက်ဖန်ဆေးရုံက ဆင်းလို့ရတဲ့အကြောင်း တင်းမာတဲ့မျက်နှာနဲ့ပြောခဲ့တယ်။
ညနေစောင်းချိန်မှာတော့ သူမ အနားယူဖို့အတွက် တည်းခိုခန်းဆီကို ပြန်သွားခဲ့ပြီး လင်းတုံဟဲက ဆေးရုံမှာ စောင့်ပေးရင်းကျန်ခဲ့တယ်။ အဆုံးမှာ လင်းချွမ်ရဲ့ဘေးနားမှာ ခုတင်အလွတ်တစ်လုံးရှိနေပြီး အမျိုးသားတစ်ယောက်အတွက် တစ်ညအိပ်ဖို့ဆိုတာ အရေးကြီးတဲ့ကိစ္စမဟုတ်ဘူးလေ။
နောက်နေ့မနက်စောစောမှာ ဆုဆု ကိုယ်လက်သန့်စင်နေချိန်မှာပဲ အခန်းတံခါး လာခေါက်တဲ့အသံကိုကြားလိုက်ရတာကြောင့် သူမ တံခါးဖွင့်ကြည့်လိုက်တော့ လင်းတုံဟဲကိုမြင်လိုက်ရတယ်။
“ကပ္ပတိန် ဘာလို့ဒီကိုရောက်နေတာလဲ”
“ဆေးရုံက ဆင်းဖို့လိုအပ်တဲ့ကိစ္စတွေကိုလုပ်ပြီးသွားပြီ.. နောက်ပြီး စစ်တပ်က ကားလည်း ရောက်လာပြီ.. ငါတို့ မင်းကို လာခေါ်တာ”
လင်းတုံဟဲပြောလာတယ်။
ထိုအကြောင်းကိုကြားတော့ ဆုဆု သူမရဲ့ မျက်လုံးတွေကို လှိမ့်လိုက်မိတယ်။
“ရှင်တို့ ဘာလို့ ဒီလောက်တောင် အလျင်လိုနေရတာလဲ.. အနည်းဆုံးနေ့လည်ခင်းလောက်အထိတောင် မစောင့်တော့ဘူးလား”
“ဒီလောက်စောစောသွားမှ ညဘက်လောက် အိမ်ကိုရောက်နိုင်မှာ”
လင်းတုံဟဲက အိမ်ထဲကိုလှမ်းကြည့်ပြီးပြောလာတယ်။
“မင်းအတွက် ပစ္စည်းတွေသယ်ပေးရဦးမလား”
“အင်း ကျေးဇူးတင်ပါတယ်”
ဆုဆုက သူ့ကို ဖိနပ်တွေ သယ်ခိုင်းလိုက်ပြီး ကျောပိုးအိတ်ကို သူမရဲ့ကျောမှာပိုးကာ ထွက်လာခဲ့တယ်။ ကားနောက်ခန်းဘက်မှာ ထိုင်နေတဲ့ လင်းချွမ်ကိုမြင်တော့ သူမ နှာမှုတ်လိုက်ပြီး ကျောပိုးအိတ်နဲ့အတူ ကားပေါ်ကိုတက်လိုက်တယ်။
ဒါပေမယ့် ကားပေါ်ရောက်တဲ့အချိန်မှာတော့ အောက်ဘက်မှာ စောင်အလွှာတွေနဲ့ အုပ်ထားပေမဲ့လည်း ထိုစောင်တွေက အရမ်းမာကျောလွန်းပြီး ခင်းထားတာနဲ့ မခင်းတာက ဘာမှ မကွာကြောင်းကိုတွေ့လိုက်ရတယ်။
သူမ သွေးအန်လုနီးပါးဖြစ်သွားရပြီး စကားတစ်ခွန်းမှ မပြောဘဲ ကားပေါ်မှ ပြန်ဆင်းသွားခဲ့ကာ ဘေးဘက်မှာရှိနေတဲ့ ဆိုင်ဆီသို့သွားပြီး အောက်ကနေ ဖြန့်ခင်းနိုင်ဖို့အတွက် ဝါဂွမ်းထည်တစ်ထည်ဝယ်ယူခဲ့တယ်။ ပြီးမှသာ ကားထဲသို့ ပြန်ဝင်လာပြီး လင်းချွမ်ကို ထိုအပေါ်မှာထိုင်ခိုင်းလိုက်တယ်။
“အခု နေရတာ ပိုအဆင်ပြေသွားပြီလား”
“အင်း”
သူ့ရဲ့ ဇနီးသည်ကတော့ သူ့ကိုပိုပြီး ဂရုစိုက်ပေးနေတုမ်းပဲ။ စစ်တပ်ထဲက ကောင်လေးတွေ ယူလာတဲ့ စောင်တွေက ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားခဲ့တာဖြစ်ပြီး အလွန်ကျစ်လစ်လွန်းကာ နူးညံ့မှုလုံးဝမရှိခဲ့ဘူး။
စစ်တပ်ထဲမှာရှိနေတဲ့ အိမ်ထောင်သည်တွေက သူတို့ရဲ့ဇနီးသည်အကြောင်းကို တစ်နေကုန်တွေးတောနေကြတာ အံ့သြစရာမဟုတ်တော့ဘူး။ သူတို့တွေက လက်ထပ်ပြီးတဲ့နောက်မှာ ကောင်းချီးမင်္ဂလာတွေ ခံစားကြရတဲ့အကြောင်း ဘေးနားမှလူတွေဆီကို ပြောပြလာကြတာ ဒါအတွက်ကြောင့်ဖြစ်လိမ့်မယ်။
ဆုဆု ကားပေါ်သို့မတက်ခင်မှာ သူ သက်တောင့်သက်သာထိုင်လို့ရတာကို သေချာအောင်စစ်ပြီးမှ ဘေးတစ်ဖက်ကနေ ဝင်ထိုင်လိုက်တယ်။
“အမြဲတမ်း မထိုင်နေနဲ့လေ.. ရှင် အိပ်လို့ရလား”
ကားပေါ်တက်ပြီးမှသာ လင်းချွမ်က သူမလို မဟုတ်တာကြောင့် လှဲအိပ်ဖို့ဆိုရင် ခက်ခဲလိမ့်မှာဖြစ်တဲ့အကြောင်းကို သဘောပေါက်လိုက်တယ်။
လှဲဖို့လား?
လင်းချွမ်က အနားယူဖို့အတွက် အနောက်ခန်းမှာ အိပ်ဖူးပေမဲ့ အခု သူ့ရဲ့ ဇနီးသည်က ဒီနေရာမှာ ထိုင်နေတာလေ။ သူသာ အခုလှဲချင်တယ်ဆိုရင် ... ... ပေါင်ပေါ်မှာ လှဲရမှာ မဟုတ်ဘူးလား?
မဟုတ်ဘူး။ အဲလိုလှဲရတာက ရှက်စရာကောင်းလွန်းတယ်။
“မလိုဘူး ကိုယ် မလှဲတော့ဘူး”
“ရှင် မြန်မြန်လှဲလိုက်.. တကယ်လို့ အမြဲတမ်းထိုင်နေမယ်ဆိုရင် ကျွန်မ ရှင့်ကို ဆေးရုံဆီ ပြန်ပို့လိုက်မယ်”
ဆေးရုံကို ပြန်သွားရမှာနဲ့ သူ့ရဲ့ ဇနီးသည်ပေါင်ပေါ်မှာ လှဲရမှာ.. လင်းချွမ် ဘေးဘက်သို့ ဖြည်းဖြည်းလေး လှည့်လိုက်တယ်...။
သို့ပေမယ့် ဆုဆုက သူ့ကိုဖြည်းညင်းစွာတွေးတောနေဖို့ အချိန်ပေးမလာခဲ့ဘူး။ သူမက ရုတ်တရက် သူရဲ့လည်ပင်းကိုလှည့်ဆွဲပြီး အောက်သို့ ဖိချလိုက်တယ်။
ထို့နောက်မှာတော့ လင်းချွမ်တစ်ယောက် သူ့ ဇနီးလေးရဲ့ နူးညံ့ပြီး မွှေးကြိုင်တဲ့ပေါင်ပေါ်မှာ လှဲလျောင်းရင်း သူ့ရဲ့ဘဝကအလွန်ပြီးပြည့်စုံသွားပြီဖြစ်ကြောင်း ခံစားလိုက်ရတယ်။
ခြေထောက်တွေအတွက်ကတော့ ထားစရာနေရာမရှိတဲ့အတွက် ဒီအတိုင်း ချထားခဲ့ရတယ်။ ဒါက သိပ်ပြီး သက်သောင့်သက်သာမရှိပေမဲ့လည်း မဆိုးလှဘူး။
သို့ပေမယ့် ဆုဆုဆီမှာ အကြံဥာဏ်ရှိနေခဲ့လေတယ်။ သူမက အပြင်ဘက်မှ ဖိနပ်အိတ်ကိုထည့်နေတဲ့ လင်းတုံဟဲဆီကိုလှမ်းပြောလိုက်တယ်။
“ကပ္ပတိန် ရှင် အဲဒီဖိနပ်အိတ်ကို လင်းချွမ်ရဲ့ခြေထောက်အောက်မှာထားပေးလို့ရမလား”
ဒီနည်းနဲ့ဆိုရင် ထိုင်ခုံနဲ့အမြင့်တူသွားပြီး နေရတာပိုပြီး သက်သောင့်သက်သာရှိလာလိမ့်မယ်။
လင်းတုံဟဲက ထိုစကားကိုကြားတော့ ဖိနပ်အိတ်ကို ယူပြီး တံခါးကိုဖွင့်ကာ နေရာချပေးလိုက်ကာ သွားတွေယားယံလာခဲ့ရတယ်။
မင်းတို့က လက်ထပ်ပြီးခါစစုံတွဲတွေဆိုပေမဲ့ စွန့်ပစ်ခံထားရတဲ့ သူ့ကို တစ်ကိုယ်တည်းခွေးလေးကို အနိုင်ကျင့်နေစရာမလိုပါဘူး။ အခုတော့ သူ့ရဲ့မျက်လုံးတွေတောင် ကန်းတော့မယ်။ ရွာထဲမှာလည်း အိမ်ထောင်ကျပြီးကာစ စုံတွဲတွေ အများကြီးရှိပေမယ့် သူတို့လိုမျိုးတော့ ချိုမြိန်မှုတွေ ရှိမနေကြဘူး။
ထပ်ပြောရရင် လင်းချွမ်က လက်ထပ်ပြီးတာနဲ့ အဝေးကိုထွက်သွားခဲ့ရတာလေ။ ဒီလိုမျိုး ချစ်ခြင်းမေတ္တာတွေ ဖော်ထုတ်နေတာက ဘာအတွက်လဲ။
သူက စကားတစ်ခွန်းမှ မပြောခဲ့ဘဲ ဖိနပ်အိတ်ကို ချပေးလိုက်ပြီး အရှေ့ဘက်ခုံဆီသို့ ပြန်သွားကာ ဘေးကို လှည့်မကြည့်ဘဲ ဝင်ထိုင်လိုက်တယ်။
သေစမ်း။ ဒါကိုတောင် နောက်ကြည့်မှန်ကနေ ဘာလို့ မြင်နေရသေးတာလဲ။
အထူးသဖြင့် ထိုမိန်းကလေးရဲ့ ရှက်ရွံ့နေတဲ့မျက်နှာနဲ့ လင်းချွမ်ရဲ့ မျက်နှာကို သူမရဲ့လက်နဲ့ ညင်သာစွာ ပွတ်သပ်နေတာက အတော်လေး တုန်လှုပ်စရာကောင်းလွန်းတယ်နော်။
တစ်ဖက်မှာရှိနေတဲ့ ကားမောင်းဖို့လိုက်လာတဲ့ ယာဉ်မောင်းလေးသည်လည်း ရှင်းရှင်းလင်းလင်းကို အနိုင်ကျင့်ခံနေရတယ်။ သူက သူ့ရဲ့ဘေးမှာငိုချင်နေတဲ့မျက်နှာနဲ့ ထိုင်နေတဲ့ အဖွဲ့ဝင်ရဲဘော်ကို တစ်ချက်ကြည့်လိုက်တယ်။
“ကျွန်တော် အခုကားစမောင်းလို့ရပြီလား”
“မောင်းတော့”
ငါတို့တွေ သူတို့ရဲ့ ချစ်ခင်ကြင်နာမှုတွေကို ပြသနေတာကိုပြီးသွားတဲ့အထိ ထိုင်စောင့်နေလို့မရဘူး။ မှောင်သွားလိမ့်မယ်။
ဒရိုက်ဘာက ကားကို စက်နှိုးလိုက်ပြီး ဖြေးညှင်းစွာသာမောင်းနှင်လိုက်တယ်။ ဘာလို့လို့လဲဆိုတော့ အနောက်ဖက်မှ မြင်ကွင်းက နွေးထွေးလွန်းနေတယ်လေ။
သို့ပေမယ့် သူ့ရဲ့ ဇနီးသည်ပေါင်ပေါ်မှာ ခေါင်းအုံးပြီး လှဲနေတဲ့ လူက အလိုက်မသိစွာပြောလာတယ်။
“မြန်မြန် မောင်းလေ.. မဟုတ်ရင် ဘယ်အချိန်မှ အိမ်ကိုပြန်ရောက်မှာလဲ”
စစ်သားလေးက အရှိန်မြှင့်ရုံသာ တတ်နိုင်ခဲ့တယ်။ ကံကောင်းထောက်မစွာဖြင့် မြို့တွင်းလမ်းက သွားလာရလွယ်ကူပြီး အကောက်အကွေ့တွေ အနည်းငယ်လောက်သာ ရှိခဲ့တယ်။
လင်းချွမ်က မူလတုန်းက အမှန်တကယ် မလှဲချင်ခဲ့ပေမဲ့ သူ လှဲပြီးသွားချိန်မှာတော့ အလွန်ကောင်းမွန်လွန်းကြောင်း သတိပြုမုသွားကာ ပြန်တောင်မထချင်တော့ဘူး။ ဒါကြောင့် မျက်လုံးတွေကိုမှိတ်ပြီး ပျော်ရွှင်မှုကို ခံစားနေခဲ့တယ်။
ဆုဆုက သူ့ရဲ့ဆံပင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး တစ်ဖက်လူရဲ့ဆံပင်က အနည်းငယ် မာကြောတယ်လို့ ခံစားရတယ်။ သူမ ဒါကိုဖိပွတ်လိုက်တဲ့အချိန်မှာ သေးငယ်တဲ့ လက်သည်းလေးတွေလိုပဲ။ ဒါပေမယ့် သူမရဲ့ လက်ဖဝါးတွေနဲ့ဖိကစားနေရတာတော့ ပျော်စရာကောင်းတယ်။
သူမ သူ့ရဲ့ဆံပင်ကို အကြိမ်ပေါင်းများစွာ ထိတွေ့ပြီးနောက် ရယ်မောလိုက်မိတယ်။ လင်းချွမ်သည်လည်း သူမက သူ့ရဲ့ဆံပင်နဲ့ ဆော့ကစားနေတာကိုသိတာကြောင့် မေးလိုက်တယ်။
“မင်း ဘာကို ရယ်နေတာလဲ”
“ဒါက ပျော်စရာကောင်းတယ်..လူတွေကို စိတ်ဖြေလျှော့ပေးစေနိုင်တယ်လေ”
“မင်း ကစားနေတုန်းပဲ ဒါက မနာဘူးလား”
“မနာပါဘူး.. အနှိပ်ခံနေသလိုပဲ”
သူမ ပြောလိုက်ပြီးနောက် လင်းချွမ်ရဲ့ရှေ့ကို သူမရဲ့လက်ဖဝါးကိုဖြန့်ပြလိုက်တယ်။
“နီနေပြီ”
သူ့ဆံပင်တွေက မာလွန်းတယ်။
လင်းချွမ်က သူမရဲ့ဖြူဖွေးနူးညံ့တဲ့ လက်လေးကို ဖြစ်ညှစ်လိုက်တယ်။ လက်ဖဝါးတွေက နူးညံ့ပြီးပျော့ပြောင်းလွန်းတယ်။ နီရဲသွားတာက အံ့သြစရာမဟုတ်ဘူး။
လင်းချွမ်ရဲ့နှလုံးသားတွေက ပျော့ပျောင်းသွားရတယ်။
“မလုပ်နဲ့တော့”
“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
ဆုဆုက သူ့ရဲ့စကားကိုနားမထောင်ဘဲ ဆက်လက်ကစားနေခဲ့တယ်။ သူမက ကစားနေရင်းနဲ့ သူ့ရဲ့နားရွက်ကို လှမ်းထိလိုက်တယ်။
ဒါပေမယ့် သူမက လင်းချွမ်ရဲ့နားရွက်တွေ အထိအခိုက်မခံလွန်းတဲ့အကြောင်းကို တကယ်ကြီးမေ့နေခဲ့တာ။
သူမ သူ့ရဲ့နားရွက်ကိုထိလိုက်သည်နှင့် ထိုမျိုးသားက အနည်းငယ်ညည်းညူလာပြီး သူ့ရဲ့အသံကလည်း အနည်းငယ် အက်ကွဲနေခဲ့တယ်။
အရှေ့မှရှိနေတဲ့ အမျိုးသားနှစ်ယောက်က ဒီလိုအသံမျိုးကို အတော်လေး အာရုံခံစားမိနိုင်ကြပြီး တစ်ချိန်တည်းလိုလို အေးခဲသွားခဲ့ကြတယ်။
သူတို့အနေနဲ့ ဘာတွေဖြစ်သွားတာလဲဆိုတာကိုတော့ သေချာပေါက်မတွေးနိုင်ဘူး။ ဒါမှမဟုတ် လင်းချွမ်လိုအမျိုးသားတစ်ယောက်က ဘာလို့ဒီလိုအသံမျိုး ထုတ်လွှတ်လာတာလဲဆိုတာကိုပေါ့။
သူတို့ တိတ်တဆိတ်သာ တွေးတောနေခဲ့ကြတယ်။
**