← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

လင်းချွမ်တစ်ယောက် သူ့ရဲ့ပါးစပ်ကို ပထမဆုံးအကြိမ်အဖြစ် လက်နဲ့ ဖုံးအုပ်လိုက်မိတယ်။ သူကတော့ ရှက်လွန်းလို့ သူ့ကိုယ်သူ လမ်းပေါ်ကိုခုန်ချလိုက်ချင်စိတ်တောင်ပေါက်နေခဲ့ပြီ။

ဆုဆု သူမ ပြသနာရှာမိသွားကြောင်း သိနေခဲ့ပေမဲ့ ထိုအမျိုးသားရဲ့တုံ့ပြန်မှုတွေက အလွန်အမင်းချစ်စရာကောင်းလွန်းနေတယ်လို့ တွေးမိနေခဲ့တယ်။

သူမ ရယ်ချင်စိတ်ကို  ထိန်းချုပ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားရင်းနဲ့ မျက်နှာတွေပါနီမြန်းလာခဲ့ရတယ်။ နောက်ဆုံးမှာတော့ ကား ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး လေအေးအနည်းငယ်ကို ရှူလိုက်ရလေတယ်။

သို့သော်လည်း အရှေ့မှာရှိနေတဲ့ လူနှစ်ဦးကတော့ သူတို့ရဲ့နောက်ကျောဘက်မှာ ရှုပ်ထွေးမှုတွေဖြစ်နေခဲ့ပြီလို့ ခံစားခဲ့ရပြီး   မီးကိုငြိမ်းသတ်နိုင်စေရန်အတွက်ပြတင်းပေါက်ကို ဖွင့်လိုက်ရတယ်လို့ တွေးနေခဲ့ကြတယ်။ ဒါကြောင့် အေးနေတာကိုမပြောပဲ တိတ်တိတ်လေး သည်းညည်းခံနေခဲ့ကြလေရဲ့။

ဇနီးတစ်ယောက် ရထားတာ အရမ်းကောင်းတာပဲ။

လင်းချွမ်က ဘာမှမလုပ်ထားပေမဲ့လည်း သူတို့တွေက လင်းချွမ်ကို တိတ်တဆိတ် မနာလိုမုန်းတီးနေကြပြီ။

လမ်းတစ်လျှောက်လုံးက လင်းချွမ်အတွက် တကယ်ကို ခက်ခဲခဲ့တယ်။ ထိုခက်ခဲမှုက ဒဏ်ရာမှ အလွန်အမင်း နာကျင်ရလို့မဟုတ်ခဲ့ပဲ သူ့ရဲ့ဇနီးမှ သူ့ကိုအလွန်အမင်းချစ်ခင်ကြင်နာနေခဲ့လို့ပဲ။

သူမက သူ့ဆီမှာ အန္တရာယ်မဖြစ်လာစေရေးအတွက် အလွန်အမင်း ဂရုစိုက်စောင့်ကြပ်နေခဲ့ပြီး သူ့ကိုတစ်ညနားဖို့အတွက်ပါ ဖိအားပေးခဲ့သေးတယ်။

မူလအစီအစဥအရဆိုရင် သူတို့သုံးယောက်က ညနက်အချိန်လောက်မှာ ကွန်မြူနတီဆီသို့ ရောက်ရှိသင့်ခဲ့ပေမဲ့လည်း ဆုဆုက လင်းချွမ်အလွန်ပင်ပန်းနေရမှာကို စိုးရိမ်နေခဲ့တယ်လေ။ သူက ခြေထောက်မှာ ဒဏ်ရာရထားတာဖြစ်ပြီး  အချိန်အကြာကြီးထိုင်နေရလို့ တစ်ခုခုမှားယွင်းသွားရင် ဘယ်လိုလုပ်မလဲလို့ ပြောလာခဲ့တယ်။

ဒါကြောင့် သူမက ညဘက် ခရီးဆက်မှာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့တယ်။ ဒီလို့နဲ့ အဆုံးမှာတော့ သူတို့တွေ ခရိုင်မြို့မှာ တစ်ညတာ တည်းခိုဖို့ ပိုက်ဆံသုံးခဲ့ရပေမဲ့ သူတို့က စစ်တပ်မှဖြစ်တာကြောင့် အခန်းနှစ်ခန်းကိုတော့ လွယ်ကူစွာဖွင့်နိုင်ခဲ့တယ်။

ထို့နောက် သူမက လင်းချွမ်နဲ့  အခန်းတစ်ခန်း မျှဝေခဲ့ပြီး လင်းတုံဟဲက စစ်သားလေးနဲ့ တစ်ခန်းမျှယူခဲ့တယ်။

မူလစီစဥ်ခဲ့တုန်းကတော့ အဆင်ပြေပါတယ်။

သို့သော်လည်း ညဘက်အချိန်မှာ လင်းချွမ်တစ်ယောက် ဆေးထပ်လိမ်းဖို့ လိုအပ်လာခဲ့တယ်လေ။

သူက အချိန်အတော်ကြာ သူ့ဘာသာသူ ဆေးလိမ်းမယ့်အကြောင်းခေါင်းမာနေခဲ့ပြီး ဆုဆုက သူ့ရဲ့ခန္ဓာကိုယ်ကိုသာ ပြန်လည်တွဲခေါ်ပေးဖို့မျှော်လင့်ခဲ့တယ်။

ဆုဆုကတော့ သူမရဲ့မျက်လုံးတွေကို ကောင်းကင်ဆီကို လှန်ကြည့်လိုက်မိတယ်။

“ရှင့်လို  ယောကျ်ားတစ်ယောက်က ဘာတွေကြောက်နေတာလဲ? လက်ထပ်တဲ့နေ့တုန်းက  ရှင် ကျွန်မရဲ့တစ်ကိုယ်လုံးကို မကြည့်ခဲ့ဘူးလား..  ကျွန်မအခု ရှင့်ကိုပြန်ကြည့်တော့မှ ဘာဖြစ်နေတာလဲ? .. မလုပ်နိုင်ဘူးလား? ကျွန်မက အဲဒါကို မြင်ရတာကို ဂရုတောင်စိုက်နေတာမဟုတ်ဘူး”

ပြီးသွားပြီ။ ကြည့်ရတာ သူ့ရဲ့ဇနီးသည်ကိုစိတ်ဆိုးအောင် လုပ်မိသွားပြီထင်တယ်။

“အဲလိုမဟုတ်ဘူး..  ဒါဆို ကိုယ်မင်းကိုပဲ ဒုက္ခပေးပါရစေ”

လင်းချွမ်  အနေရခက်နေပေမဲ့လည်း အဆုံးမှာ သူတို့တွေက လက်ထပ်ထားတဲ့ ဇနီးမောင်နှံတွေပဲလေ။  သူလုပ်နိုင်သမျှက သူ့ဒဏ်ရာကို စောစောပြန်ကောင်းအောင်လုပ်ပြီး ဇနီးလေးကို ပြန်ပေးဆပ်ရုံပဲရှိလိမ့်မယ်။ လင်းချွမ် တွေးတောလိုက်ပြီး ဒဏ်ရာနေရာကိုဖွင့်ကာ ဆေးပုလင်းကိုလှမ်းပေးလိုက်တယ်။

ဒါက လင်းချွမ်ရဲ့ဒဏ်ရာကို ဆုဆု ပထမဆုံးအကြိမ် မြင်ဖူးတာပဲ။ သူတို့ပြောတဲ့အတိုင်းဆိုရင်  တစ်စုံတစ်ယောက်က လင်းချွမ်ကို  ဓားနဲ့  ဖျက်စီးလုပ်ခဲ့တယ်လို့  ကြားခဲ့ရတယ်။ ထိုသူက လင်းချွမ် တိမ်းရှောင်နိုင်မှာကို မထင်မှတ်ထားခဲ့တာကြောင့် လင်းချွမ်ရဲ့ပေါင်ကိုသာ ထိုးစိုက်မိသွားခဲ့တယ်။

ဒဏ်ရာက အတော်ပြင်းထန်ပြီး ပြန်ကောင်းလာဖို့အတွက် အချိန်အနည်းငယ် လောက်ကြာလိမ့်မယ်။

ကံကောင်းထောက်မစွာနဲ့ ပေါင်နေရာမှာ အသားတွေအများကြီးရှိနေတာကြောင့် သူ့ရဲ့အရိုးတွေကိုတော့ မထိမိခဲ့ဘူး။ သို့သော်လည်း သွေးအလွန်အကျွံထွက်ခဲ့ခြင်းကြောင့် အသက်အန္တရာယ်နီးပါးရှိလုနီးပါးဖြစ်သွားခဲ့ရတယ်။

ဒါပေမယ့် လက်ရှိမှာတော့ ဒီအနေအထားက တကယ်ကိုဒွိဟဖြစ်စေပြီး သူမ ရှက်ရွံ့လုနီးပါးဖြစ်နေရတယ်။

ကံကောင်းထောက်မစွာနဲ့ ဆေးလိမ်းခြင်း လုပ်ငန်းစဉ်က သိပ်ပြီး မရှည်လျားခဲ့ဘူးဆိုပေမဲ့ ဆေးရုံက ပြင်ဆင်ပေးထားတဲ့ ပတ်တီးတွေကို ဆေးလိမ်းပြီးနောက်မှာ ညင်သာစွာ ပြန်ပတ်ဖို့လိုအပ်လိမ့်မယ်။

လင်းချွမ်က တစ်ချိန်လုံး အိပ်ရာပေါ်မှာ လှဲနေခဲ့ပြီး ဘောင်းဘီရှည်ကို ဆုတ်ကိုင်ကာဖုံးအုပ်ထားခဲ့တယ်။ အကြောင်းကတော့ သူ့ရဲ့ဇနီးသည်အတွက် မြင်လို့မကောင်းတဲ့နေရာကို မတော်တဆဖော်ထုတ်လိုက်မိပြီး သူ့ရဲ့ဇနီးလေးကြောက်လန့်တကြား ထွက်ပြေးသွားမှာကို စိုးရိမ်နေလို့ပဲ။ အခုချိန်မှာသာ သူမ ထွက်ပြေးမယ်ဆိုရင် သူလိုက်ဖမ်းနိုင်မှာမဟုတ်ဘူးမလား။

ဆုဆုသည်လည်း တကယ်ကိုထွက်ပြေးချင်နေပြီ။ ဒါက သူမအတွက် စိန်ခေါ်မှုတစ်ခုပဲ။

သူမရဲ့မျက်လုံးတွေက အနည်းငယ် ရှုတ်ထွေးနေခဲ့တယ်။ အဆုံးမှာတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီအမျိုးသားက သူမရဲ့အပိုင်ဖြစ်ပြီး ကြည့်ခဲ့မယ်ဆိုရင်တောင် ဘာမှဖြစ်မှာမဟုတ်ဘူးလို့ တွေးမိလာရတယ်။

ထို့နောက်မှာတော့ ထိုအရွယ်အစားက လုံးဝကိုသေးငယ်မနေခဲ့ပဲ သူမရဲ့လက်နှစ်ဖက်လုံးကိုသုံးမယ်ဆိုရင်တောင် မဖုံးအုပ်နိုင်ကြောင်းကို တွေ့မြင်လိုက်ရလေတယ်။ နောက်ပြီး ထိုအရာက မြန်မြန်ဆန်ဆန်အသုံးပြုနိုင်တာဖြစ်နေလိမ့်မယ်။ မဟုတ်ရင် တစ်ဖက်လူက သူမ မြင်သွားမှာကို စိုးရိမ်ပြီး သူ့ရဲ့လက်တွေနဲ့ ဖုံးအုပ်ကာထားမှာမဟုတ်လောက်ဘူးလေ။

သို့သော်လည်း သူမအတွက် ထိုနေရာကို လျစ်လျူရှုဖိုရန်က အလွန်အမင်းခက်ခဲလွန်းနေတယ်။

ဆေးကို အလျှင်အမြန်ထည့်လိုက်ပြီးနောက်မှာတော့ လင်းချွမ်တစ်ယောက် စိတ်သက်သာရာရစွာသက်ပြင်းချလိုက်မိတယ်။ သူ့အနေနဲ့ သူ့ရဲ့ကိုယ်ပိုင်ရှောင်ချွမ်ချွမ်ကို လက်နဲ့ ဖိကိုင်ထားနေစရာမလိုတော့ဘူးလေ။

“ပြီးသွားပြီ”

ဆုဆု ပြောရင်းနဲ့ လှဲလှယ်ထားတဲ့ပတ်တီးတွေကို သွားလွှင့်ပစ်လိုက်တယ်။

လင်းချွမ်က သူ့ရဲ့ကိုယ်မှာ ချွေးတွေအလွန်ထွက်နေတာကြောင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားခဲ့တယ်။ သူ့အနေနဲ့ ဒီလိုအချိန်မျိုးမှာ လင်းတုံဟဲက ခြေရှည်ပြီးရောက်လာလိမ့်မယ်လို့ ဘယ်လိုလုပ်သိထားခဲ့မှာတဲ့လဲ။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ လင်းတုံဟဲ ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိပြီး ချောင်းဟန့်လာတယ်။

“အဟမ်း.. မင်းရဲ့ ဒဏ်ရာပွင့်သွားသေးလားလို့ လာမေးတာ”

“မပွင့်ဘူး”

တစ်ဖက်လူတွေအတွက်တော့ သူက အတော်လေးတည်ငြိမ်နေတုန်းပဲ။ သူ့ရဲ့အသံကလည်း သူလိုချင်သလို နက်နဲနေခဲ့တယ်။ သူက လင်းတုံဟဲ နားလည်မှုလွဲနေမှန်းကို သိသော်လည်း မရှင်းပြခဲ့ဘူး။ သို့ပေမယ့် လင်းတုံဟဲက သူ့ရဲ့ဘေးနားသို့ ဖြည်းညှင်းစွာလျှောက်လာပြီး ပြောလာခဲ့လေတယ်။

“တကယ်တော့.. ဆရာဝန် ညွှန်ကြားထားတာတစ်ခု ရှိသေးတယ်”

“ဘာလဲ?”

“ဒါက ဆရာဝန်ပြောခဲ့တာ.. မင်းအနေနဲ့ အခုချိန်မှာ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း မလုပ်ရင် ပိုကောင်းလိမ့်မယ်တဲ့ အဲဒါက... .. အက်ကွဲသွားမှာ.. မင်း နည်းနည်းလောက်ကြာအောင် သည်းခံထားသင့်တယ်လို့ပြောတယ်”

“.....”

လင်းချွမ် တစ်ဖက်လူက ဘယ်လောက်တောင်နက်နက်ရှိုင်းရှိုင်း နားလည်မှု လွဲမှားသွားမှန်း သိလိုက်ရတာကြောင့် မတတ်နိုင်စွာပြန်ပြောလိုက်တယ်။

“ငါ အခု ဆေးလိမ်းနေတာ”

“အိုး ကျွန်တော်အတွေးလွန်နေတာပဲ”

လင်းတုံဟဲက အခန်းထဲကိုပြန်ဝင်လာတဲ့ဆုဆုကိုမြင်တော့ အနည်းငယ် အနေရခကသလို ခံစားရတာကြောင့် နှုတ်ဆက်ပြီး ပြန်ထွက်သွားခဲ့တယ်။

ဆုဆု ထိုတစ်ယောက်က ဘာလို့ဒီလောက်မြန်မြန်လမ်းလျှောက်သွားတာလဲလို့ တွေးလိုက်မိပေမယ့် သူမက အရမ်းပင်ပန်းနေခဲ့ပြီဖြစ်လို့ ရေသောက်ပြီး မျက်နှာကိုဆေးကြောလိုက်ကာ လင်းချွမ်ကိုလည်း ရေစိုတဘက်နဲ့သုတ်ပေးလိုက်တယ်။

ထို့နောက် ကျောပိုးအိတ်ကိုဖွင့်ကာ လိုးရှင်းဘူးကိုထုတ်ယူပြီးလိမ်းလိုက်တယ်။ ပြီးနောက် လင်းချွမ်ရဲ့မျက်နှာကိုစိုက်ကြည့်လိုက်ပြီး သူ့ရဲ့ မျက်နှာကိုပါ လိမ်းပေးလိုက်ပြန်တယ်။

သူတို့နှစ်ယောက်က ဇနီးမောင်နှံတွေဖြစ်နေပြီဖြစ်လို့ သူမ တစုံတစ်ခု အသစ်အဆန်းထုတ်လိုက်ရင်လည်း သူ့အတွက် အရမ်းကြီး ထူးဆန်းမနေသင့်ဘူးလို့တွေးနေခဲ့တယ်။

ဒါကြောင့် သူမ maskကိုထုတ်ယူလိုက်ပြန်တယ်။

အဓိကအကြောင်းအရင်းကတော့ ဒီတစ်ခေါက်မစ်ရှင်အပြီးမှာ လင်းချွမ်ရဲ့မျက်နှာက ခြစ်ရာတွေနဲ့ ဒဏ်ရာတွေရရှိခဲ့ပြီး ထိုအမာရွက်တွေက မည်းမှောင်လုနီးပါးဖြစ်နေခဲ့တယ်လေ။ သူမ mask က ထိုအရာတွေအတွက် အလွန်အသုံးဝင်နိုင်ပြီး ဒီအထဲမှာ ဆေးဝါးတွေလည်း ပါဝင်ကာ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ဆေးတွေလည်းပါဝင်တယ်။

“ဒီအရာက ရှင့်ရဲ့မျက်နှာပေါ်က ဒဏ်ရာအတွက် အသုံးဝင်တယ်.. ရောင်ရမ်းမှုကို သက်သာစေတယ်.. ဒါကြောင့် ကျွန်မ ရှင့်အတွက် တစ်ခုကပ်ပေးရင်ဘယ်လိုလဲ”

သူမက အိတ်ထုပ်ကို စုတ်ဖြဲလိုက်ပြီး အမှိုက်ပုံးထဲထည့်လိုက်ဆေးအဆီအနှစ်တွေဲ့စိုရွှဲနေတဲ့ စာရွက်ကိုသာ ချန်ထားခဲ့လိုက်တယ်။

လင်းချွမ်ကတော့ ထိုအရာက ကောင်းတဲ့အရာမဟုတ်ဘူလို့ ခံစားမိတယ်။ နောက်ပြီး အမျိုးသားတစ်ယောက်က နူးညံ့သိမ်မွေ့တဲ့မျက်နှာရှိနေရင် ဘာလုပ်ရမှာလဲ။

“မလိုပါဘူး”

“ကျွန်မ  ဒါကိုဖြဲပြီးသွားပြီ မသုံးလို့မရဘူး.. နောက်ကျရင် ရှင် ဒါကိုနေ့တိုင်းသုံးရမယ်.. ရှင့်ရဲ့မျက်နှာကို ကောင်းကောင်းဂရုစိုက်ပေးရမယ်”

“ကိုယ်က ယောက်ျားတစ်ယောက်လေ.. ကိုယ့်ရဲ့မျက်နှာနဲ့ ဘာလုပ်ရမှာလဲ”

လင်းချွမ် လဲလျောင်းဖို့ လုပ်လိုက်တယ်။

သို့သော်လည်း သူ့ရဲ့ဇနီးသည်က ရုတ်တရက် သူ့ရဲ့ရှေ့မှာ ဒူးထောက်ထိုင်ချလာပြီး ခေါင်းငုံ့ရင်းပြောလာတယ်။

“မရဘူး.. ရှင့်ရဲ့မျက်နှာကို ကျွန်မ ကြည့်ဖို့လိုသေးတယ်”

သူမ ပြောရင်းနဲ့ လင်းချွမ်ရဲ့ ငြင်းပယ်လာမဲ့စကားတွေကိုမစောင့်တော့ပဲ maskကပ်ဖို့ စတင်လိုက်တယ်။

လင်းချွမ် ငြင်းပယ်ချင်ပေမယ့် သူ့ရဲ့ဇနီးကို မတွန်းထုတ်ဝံ့တာကြောင့် သူမကို ကစားခွင့်ပေးရုံကလွဲလို့ မတတ်နိုင်တော့ဘူး။ အမှန်ပဲ။ ဆုဆုက mask ကပ်ပေးရင်း ပြုံးရွှင်စွာနဲ့ ဆော့ကစားနေခဲ့တာ။

ဒါပေမယ့် ဆုဆုတစ်ယောက် ခေတ်သစ်မှာဆိုရင် လင်းချွမ်လိုမျိုး ဖြောင့်တန်းတဲ့လူတစ်ယောက်ကို mask ကပ်ပေးဖို့ အလွန်ခက်ခဲနေလိမ့်မယ်လို့ တွေးလိုက်မိတယ်။ ဒီဘက်ခေတ်မှာသာ မင်းသူ့ကို လှည့်စားနိုင်လိမ့်မယ်။ ဒါကြောင့် အခုလိုမျိုး သူ့ကိုမြင်ရတာ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ တွေးနေခဲ့တယ်။

သူမကစိတ်ပျော်ရွှင်စွာဖြင့် သီချင်းကိုတောင် ညည်းနေခဲ့ပြီး ချောကလက်တစ်ပိုင်း ထုတ်ကာ လင်းချွမ်ရဲ့ပါးစပ်ထဲသို့ထည့်ပေးလိုက်ပြန်တယ်။

ချောကလက်ရဲ့အရသာက အနည်းငယ်ခါးသက်ပြီး အနည်းငယ်လည်းချိုမြန်နေခဲ့တယ်။ လင်းချွမ် ဒါကိုဘယ်တုန်းကမှ မစားခဲ့ဖူးပေမဲ့ သူ့ဇနီးကျွေးလာတဲ့အချိန်မှာ  တကယ်ကိုအရသာရှိတယ်လို့တွေးနေခဲ့တယ်။

အချိန်က စောနေသေးတာကြောင့် သူတို့နှစ်ယောက်လုံး မအိပ်နိုင်ကြသေးဘူး။

ဆုဆုက သူမရဲ့ ကျောပိုးအိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်လိုက်ပြီး ပြောလိုကတ်ယ်။

“ကျွန်မ ရှင့်ကို စာအုပ်ဖတ်ပြရင်ဘယ်လိုလဲ”

“အရမ်းပင်ပန်းလိမ့်မယ်”

“မပင်ပန်းပါဘူး.. စကားမစပ် ရှင် အာဟာရချို့တဲ့နေတာဆိုတော့ နွားနို့သောက်သင့်တယ်”

ထို့နောက် သူမက  နို့စစ်စစ်နှစ်ထုပ်ကို ထုတ်ယူလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ယူပြီးသွားရင်လည်း ပြန်ရောက်လာမှာပဲလေ။ သူမ အကြိမ်ပေါင်းများစွာ စမ်းသပ်ကြည့်ပြီးပြီ။

လင်းချွမ် သူ့ဇနီးရဲ့ ကျောပိုးအိတ်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်တယ်။

“မင်း ဒီရွာမှာ ဘယ်နှစ်နှစ်လောက်နေဖို့ စီစဉ်ထားခဲ့တာလဲ”

သူမ ပစ္စည်းတွေ ဘယ်လောက်များများတောင်ယူလာခဲ့တာလဲ။ ရွာမှာနေတာ နှစ်လေလောက်ရှိနေပြီဖြစ်ပေမဲ့ အိတ်က ဘာလို့ ဒီလောက်ထိပြည့်နေရသေးတာလဲ။ သူမက ဒီမှာ အိမ်ထောင်ကျလိမ့်မယ်လို့ မတွေးခဲ့ဘူးမလား။ ဒါကို ဘာလို့ ဒီလိုပစ္စည်းတွေပါယူလာရတာလဲ?

“အမ်.. ကျွန်မ တစ်နှစ်ပဲနေဖို့လုပ်ခဲ့တာလေ..  ဒါပေမယ့် အရင်နှစ်တွေတုန်းက ကျွန်မ စုဆောင်းထားတဲ့အရာမှန်သမျှ ဒီအထဲမှာရှိတယ်.. နို့မှုန့်လက်မှတ်တွေတောင် ရှိသေးတယ်”

အဟွတ် အဟွတ်...

လင်းချွမ်က တကယ်ကိုရှက်တတ်တဲ့လူတစ်ယောက်ပဲ။ အပြင်ပန်းမှာ ကြမ်းတမ်းသလိုထင်ရပေမဲ့ အလွယ်တကူရှက်နိုင်တယ်။

All Chapters