← Chapters

သိုင်းလောကသို့

Vol. 3 Ch. 244

သိုင်းလောကသို့

Vol. 3 Ch. 244

သွမ့်ရှင်းရှောင်မှ ထင်းရှောင်ယင်၏အလိုမကျသည့်ဟန်ကိုသတိထားမိသော်လည်းဆက်ပြောလိုက်သည် ။

“ ဟုတ်တယ် သူနဲ့အတူရှိနေတာက အရှေ့ပိုင်းက မိုးနတ်သူဇာရှန်းယွင်ဆိုတဲ့မိန်းကလေးပဲ ။

သူတို့နှစ်ယောက်ကအတော်လေးရင်းနှီးပုံရတယ်။ အဲဒီမိန်းကလေးက ရိုးသားပုံမရဘူး။ နောက်ပြီးတော့ အတော်လှတယ် “

စကားပြောနေစဉ်အတွင်း သွမ့်ရှင်းရှောင်၏အမူအမူအယာသည်လည်း မကောင်းပေ။ ကျန်းနန်တွင်သူတို့ဆုံခဲ့စဉ်က ထိုမိန်းကလေးကို သူမများစွာကြည့်မရပေ။

ရှောင်ကျန်းမင်မှာ ဘေးနားတွင်တိတ်ဆိတ်စွာနားထောင်နေရာမှ ကြိတ်၍ပြုံးလိုက်မိသည်။

ရှောင်ကျန်းမင်မှာ ထင်းရှီနှင့်ထင်းရှောင်ယင်တို့၏အကြောင်းကိုအတွင်းသိအစင်းသိပီပီ အပြင်ပန်းတွင်အမြဲလိုလိုမတည့်သည့်ထိုနှစ်ယောက်မှာတစ်ယောက်ကိုတစ်ယောက်သံယောဇဉ်ရှိသည်ကိုသူသိပေသည်။

ထို့အပြင် ယခုစံအိမ်သို့ရောက်နေသည့် မိန်းမလှလေးသွမ့်ရှင်းရှောင်မှာ ထင်းရှီအား စိတ်ဝင်စားနေပုံရကာ ထင်းရှီမှာမူ သိုင်းလောကထဲတွင်နောက်ထပ်မိန်းမလှလေးတစ်ယောက်နဲ့ရှိနေသည်။

ရှောင်ကျန်းမင်မှာ သူ၏ညီလေးမှ သိုင်းလောကထဲတွင် ယခုလောက်အထိစန်းပွင့်နေမည်ဟု မျှော်လင့်မထားမိပေ။

သူသိုင်းလောကထဲဆင်းစဉ်က အချိန်အတော်များများကိုတိုက်ခိုက်ရင်းဖြင့်ကုန်ဆုံးခဲ့ကာ နောက်ဆုံးဒဏ်ရာရ၍ စံအိမ်သို့ပြန်ရောက်လာသည်အထိပင်။

ထင်းရှီ၏အကြောင်းကိုကြားမှ သူ၏အဖြစ်ကိုပြန်တွေးမိကာ အနည်းငယ်ပင်မျက်ရည်ဝဲချင်လာသည်။

“ ရှောင်ရှောင် ခဏနေဦး “

ထင်းရှောင်ယင်မှ တည်ကြည်သည့်ဟန်ဖြင့်ပြောကာ သူမ၏ခန္တာကိုယ်မှာ အလင်းတန်းတစ်ခုလိုပျောက်ကွယ်သွားသည်။

သွမ့်ရှင်းရှောင်မှာ ထင်းရှောင်ယင်၏လျှင်မြန်လှသည့်ကိုယ်ဖော့ပညာကြောင့် ပါးစပ်လေးပွင့်ဟသွားမိသည်။

ထို့နောက် သူမသိလိုသည့်ဟန်ဖြင့်ရှောင်ကျန်းမင်ကိုကြည့်လိုက်သော်လည်း ရှောင်ကျန်းမင်မှပခုံးတွန့်ပြလိုက်သည်။

“ ငါအကြီးအကဲတစ်ယောက်ယောက်ကိုလိုက်ပို့ခိုင်းလိုက်ရဦးမလား “

ရှောင်ကျန်းမင်မှ တစ်စုံတစ်ရာအား သတိရသွားသည့်ဟန်ဖြင့်မေးလိုက်သည်။

သူ၏မေးခွန်းကြောင့် သွမ့်ရှင်းရှောင်မှ တစ်စုံတစ်ရာအားတွေးလိုက်မိကာ လှပစွာရယ်မော၍ ပြန်၍ဖြေလိုက်သည်။

“ ကျမက ဒီစံအိမ်ကိုပြင်ပကဝင်လာနိုင်တဲ့လူလေ။ အတွင်းကနေပြန်ပြီးထွက်ဖို့က အဆအတော်များများပိုပြီးလွယ်တာပေါ့ “

ရှောင်ကျန်းမင်လည်း သူထိုအကြောင်းအားမေ့လျာ့နေ၍ အရှက်ပြေရယ်မောလိုက်သည်။

သူကိုယ်တိုင်ပင် ဝင်္ကပါတောအုပ်အတွင်း နှစ်သုံးဆယ်ကျော်နေခဲ့သည်ဖြစ်သော်လည်း ဝင်္ကပါများအကြောင်းနှင့်ပတ်သတ်၍ သူသိရှိသည်က ဗလာနတ္ထိပင်။

ထို့ကြောင့်လည်း သူသိုင်းလောကထဲဆင်းစဉ်က သူ၏ဆရာကိုယ်တိုင်လိုက်ပို့ခဲ့ရခြင်းဖြစ်သည်။

“ ဝှစ် “

သူတို့စကားပြောဆို၍မပြီးခင် ထင်းရှောင်ယင်မှာာလှစ်ခနဲရောက်လာသည်။

သူမ၏ပုံစံမှာ အနည်းငယ်ထူးခြားနေကာ သိုင်းဝတ်စုံအနက်ရောင်ကိုဝတ်ဆင်ထားကာ နောက်ကျောတွင်အဝတ်ထုပ်တစ်ထုပ်နှင့် လက်ထဲတွင်ဓားရှည်တစ်ချောင်းကိုကိုင်ထားသည်။

သူမ၏ပုံစံကြောင့် သွမ့်ရှင်းရှောင်မှာလွန်စွာအံ့အားသင့်သွားသော်လည်း ရှောင်ကျန်းမင်မှ မထူးဆန်းသည့်ဟန်ဖြင့်မေးလိုက်သည်။

“ ယင်ယင် နင်ဆရာ့ကိုခွင့်တောင်းပြီးပြီလား “

သူ၏မေးခွန်းကို ထင်းရှောင်ယင်မှခေါင်းညိမ့်ပြကာ ပြန်ဖြေလိုက်သည်။

“ ဖေဖေကခွင့်ပြုတယ် နောက်ပြီး ဟိုကောင်စုတ်ကိုဓားစံအိမ်ကိုပြန်ပြီးခေါ်ခဲ့ဖို့ခိုင်းလိုက်တယ် “

ထို့နောက် ထင်းရှောင်ယင်မှာ ရှောင်ကျန်းမင်အားနှုတ်ဆက်၍ အံ့အားသင့်နေဆဲဖြစ်သည့် သွမ့်ရှင်းရှောင်အားဆွဲကာ ထွက်သွားတော့သည်။

&&&&&

‌တောအုပ်ထဲတွင် လူတစ်စုမှလျှင်မြန်သည့်အရှိန်ဖြင့်ပြေးလွှားလျက်ရှိသည်။

ထိုလူစုမှာ စုစုပေါင်းဆယ့်ငါးယောက်ခန့်ရှိကာ တူညီဝတ်စုံဝတ်ဆင်ထားကြ၍ ဓားကိုင်စီကိုင်ထားကြပြီး သူတို့၏ဟန်မှာ ကျီးလန့်စာစားဖြစ်နေကြသည်။

ထိုလူများ၏ပုံစံအရ ဂိုဏ်းအဖွဲ့တစ်ခုတည်းမှဖြစ်ပုံရကာာသူတို့ထဲမှအတော်များများမှာဒဏ်ရာကြီးငယ်များရှိနေကြသည် ။

“ အစ်ကိုတု ကျနော်တို့ဆက်မပြေးနိုင်တော့ဘူး “

အသက်နှစ်ဆယ်ကျော်ခန့်ရှိမည့်လူငယ်တစ်ယောက်မှ မောဟိုက်နေသည့်လေသံဖြင့်ပြောလိုက်သည်။

သူ၏စကားကြောင့် ရှေ့ဆုံးတွင်ရှိနေသည့် အသက်သုံးဆယ်ကျော်လူမှ တင်းမာနေသည့်မျက်နှာဖြင့်ပြောလိုက်သည် ။

“ အခုနေငါတို့ရပ်လိုက်ရင် နောက်ကလူသတ်သမားတွေရဲ့လက်ချက်နဲ့သေချာပေါက်သေရမှာပဲ ။ ရှေ့မှာ ချင်းယန်မြို့ကမဝေးတော့ဘူး ။ ဟိုကိုရောက်ရင် ငါတို့ဂိုဏ်းရဲ့မဟာမိတ် ချင်းယန်ဓားဂိုဏ်းရှိတယ် ။ အဲဒီကိုရောက်ရင် ငါတို့လုံခြုံပြီ “

သူ၏စကားကြောင့် ဦးစွာပြောလိုက်သည့်လူငယ်လေးမှာ တိတ်ဆိတ်သွားကာ သူ၏ပခုံးမှ သွေးများစီးကျနေသည့် ဒဏ်ရာကိုလက်ဖြင့်ဖိလိုက်သည်။

အစ်ကိုတုမှာ သူ၏မောပန်းနေကြသည့်ဂိုဏ်းသားများကိုကြည့်ကာသက်ပြင်းတစ်ချက်ချလိုက်မိသည်။

ထိုဂိုဏ်းသားများမှာ သူတို့ဂိုဏ်းထဲမှလူငယ်မျိုးဆက်များဖြစ်ကာ အဆင့်မြင့်သိုင်းအဆင့်သာရှိကြသေးသည်။

ထိုအထဲတွင်အထူးချွန်ဆုံးဟုပြော၍ရသည့်ဟူကိုယ်တိုင်ပင် ထိပ်တန်းအဆင့်သာရှိသေးသည်။ သူတို့၏အားကောင်းသောရန်သူများအကြောင်းစဉ်းစားမိလိုက်ကာ အစ်ကိုတု၏စိတ်ထဲတွင်လေးလံသွားလေသည်။ သို့သော်

“ မင်းတို့ရဲ့မျက်စိရှေ့မှာ ငါတို့ဂိုဏ်းသားတွေရဲ့အလောင်းတွေကိုမှတ်မိကြသေးလား ။။နောက်ဆုံးထွက်သက်ကိုရောက်တဲ့အထိအားတင်းထားတဲ့ ငါတို့ဂိုဏ်းချုပ်ကိုရော မင်းတို့မေ့သွားကြပြီလား။

သူ့ရဲ့နောက်ဆုံးဆန္ဒဖြစ်တဲ့ မင်းတို့ကိုအသက်ရှင်စေချင်တယ်ဆိုတဲ့ဆန္ဒကိုရော မင်းတို့သတိရကြသေးရဲ့လား “

ကျန်လူများမှာလည်း စကားတစ်ခွန်းမှမဆိုကြဘဲ နွမ်းလျနေဟန်ရသော်လည်း အစ်ကိုတုဆိုသူ၏စကားကြောင့် သူတို့၏မျက်နှာထက်တွင် နာကျည်းဟန်များပေါ်လာကာ ဒေါသတကြီးဖြစ်လာကြသည်။

“ ဟားးဟားး ချင်းခွန်ဂိုဏ်းကကောင်တွေ မင်းတို့ကိုလွတ်မြောက်ချင်သေးတာလား “

အဝေးဆီမှ ပျံ့လွင့်လာသည့်ကျယ်လောင်သည့်ရယ်သံကြီးကြောင့် အစ်ကိုတုမှာ မျက်နှာပျက်သွားသည်။

“ သွား မြန်မြန် ချင်းယန်ဓားဂိုဏ်းကိုရောက်ရင် ဂိုဏ်းချုပ်ဟူကို အကူအညီတောင်းလိုက် မင်းတို့ရဲ့လုံခြုံရေးအတွက် စိတ်ချရမှာပါ “

အစ်ကိုတုမှ အလျှင်အမြန်ပြောကာ လက်ထဲမှဓားကို တင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။

ကျန်သည့်လူများ၏မျက်နှာတွင် ဝမ်းနည်းသည့်အမူအယာများပေါ်လာကာ တစ်ယောက်မှ ဒေါသတကြီးပြောလိုက်သည်။

“ ကြယ်ပျံဂိုဏ်းကကောင်တွေကို သတ်ပြီး ကျုပ်တို့ဂိုဏ်းကညီအစ်ကိုတွေအတွက်လက်စားချေပေးမယ် ။

သူတို့ကိုမယှဉ်နိုင်လို့ သေဆုံးရမယ်ဆိုရင်တောင် ကျုပ်တတ်နိုင်သလောက် သူတို့လူအချို့ကိုငရဲကိုဆွဲခေါ်သွားမယ် ။ အစ်ကိုတု ကျုပ်တို့ကိုမင်းနဲ့အတူတိုက်ခွင့်ပြုပါ “

“ ကျုပ်တို့ကိုအတူတိုက်ခွင့်ပြပါ “

ကျန်လူများလည်း သံပြိုင်ပြောလိုက်ကြသည်။

သူတို့၏ဟန်မှာ စိတ်ဆုံးဖြတ်ထကြပုံရသော်လည်း အစ်ကိုတုမှ ဒေါသတကြီးဖြစ်သွားကာ တင်းမာသည့်လေသံဖြင့်အော်ဟစ်လိုက်သည်။

“ သောက်ပါးစပ်တွေကိုပိတ်ထားပြီးဒီကအမြန်ထွက်သွားတော့ ဟောဒီမှာ ချင်းခွန်အမိန့်ပြား ဒါကငါ့ရဲ့အမိန့်ပဲ “

အစ်ကိုတု၏စကားကြောင့်ကျန်လူများမှာ စောဒကတက်ရန်ပြင်လိုက်သော်လည်း လက်ထဲမှအမိန့်ပြားကြောင့်ခေါင်းငုံ့သွားကြကာ အစ်ကိုတုအား ဂါရဝပြုလိုက်ကြပြီး လျှင်မြန်စွာပြေးထွက်သွားကြသည်။

ထိုလူများမသွားခင် အစ်ကိုတုမှ ဂိုဏ်းသားတစ်ယောက်ကိုသူ၏လက်ထဲမှအမိန့်ပြားထည့်ပေးလိုက်သည်။

အသက်ရှူချိန်အနည်းငယ်ကြာပြီးနောက် အနက်ရောင်ဝတ်စုံနှင့်လူရိပ်အချို့ထွက်ပေါ်လာသည်။

ထိုလူများမှာ ဆယ်သုံးယောက်ခန့်သာဖြစ်သော်လည်း သူတို့ထဲမှကိုးယောက်မှာ ထိပ်တန်းအဆင့်သိုင်းသမားများဖြစ်ကာ ကျန်တစ်ယောက်မှ သူတို့၏ခေါင်းဆောင်ဖြစ်ဟန်ရသည် ။

ထို့အပြင် မျက်နှာဖုံးစွပ်နှင့် ထူးခြားသည့်လူသုံး‌ယောက်လည်း ပါဝင်သည်။

အစ်ကိုတုမှာ သူ၏ဂိုဏ်းတူညီများလွတ်မြောက်ရန်အတွက် အသက်အသေခံ၍တိုက်ခိုက်မည်ဟုဆုံးဖြတ်ထားသော်လည်း ထိုလူစုကိုမြင်သည်နှင့်မျက်နှာပျက်သွားသည်။

အထူးသဖြင့် ထူးခြားသည့်လူသုံးယောက်၏ခရမ်းရောင်ဝတ်စုံထက်မှ လခြမ်းသုံးခုကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။

“ ဟား ဟား ကောင်လေး မင်းတို့ဂိုဏ်းရဲ့ချင်းခွန်အမိန့်ပြားကရော “

တောင့်တင်းကြံ့ခိုက်သည့် အနက်ရောင်ဝတ်စုံနှင့်လူမှမေးလိုက်သည်။

ထိုလူမှာ သူတို့၏ရန်သူကြယ်ပျံဂိုဏ်းမှ ဂိုဏ်းချုပ်ဖြစ်ကာ သူတို့၏ချင်းခွန်ဂိုဏ်းကိုဖျက်ဆီးရာတွင် အဓိကပါဝင်ခဲ့သူဖြစ်ပေသည်။

ကြယ်ပျံဂိုဏ်းချုပ်ကိုမြင်သည်နှင့် အစ်ကိုတု၏မျက်နှာတွင် ဒေါသရိပ်များပေါ်လာကာ သွေးအိုင်ထဲတွင်သေဆုံးသွားသည့်သူ၏ဆရာကိုပြန်မြင်ယောင်လာကာ စိတ်မထိမ်းနိုင်ဘဲ ကြယ်ပျံဂိုဏ်းချုပ်ထံသို့ပြေးဝင်သွားတော့သည် ။

“ ဝှစ် “

အစ်ကိုတုမှာ သူ၏အတွင်းအားများကိုဓားအတွင်းထည့်သွင်းကာ အကောင်းဆုံးတိုက်ခိုက်လိုက်သည် ။

သို့သော် တစ်ဖက်လူမှာ အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်နေရာ သူတို့၏သိုင်းပညာများမှာ အတော်လေးကွာခြားနေသည့်အတွက် သူ၏ဓားကွက်မရောက်မီ တစ်ဖက်လူ၏ဓားမှာ လှစ်ခနဲဝင်လာသည်။

“ စွပ် “

“ အား.... “

All Chapters