← Chapters

တံဆိပ်ပြားနှစ်ခု

Vol. 3 Ch. 245

တံဆိပ်ပြားနှစ်ခု

Vol. 3 Ch. 245

ကြယ်ပျံဂိုဏ်းချုပ်၏ဓားမှာ အစ်ကိုတု၏ရင်ဘက်အတွင်းနစ်ဝင်သွားသော်လည်း အစ်ကိုတုမှ ရှေ့သို့ဆက်တိုးကာ တိုက်ခိုက်ခိုက်သည်။

ကြယ်ပျံဂိုဏ်းချုပ်မှာ အစ်ကိုတုထက် သိုင်းပညာများစွာသာလွန်သော်လည်း မထင်မှတ်ထားသည့်အဖြစ်အပျက်ကြောင့် အစ်ကိုတု၏ဓားမှာ သူ၏ဝဲဘက်ပခုံးအား ရှပ်ထိသွားသည်။

“ တောက် ဒီကောင် “

ကြယ်ပျံဂိုဏ်းချုပ်၏မျက်နှာကြီးမည်းမှောင်သွားကာ အစ်ကိုတုအား သတ်ဖြတ်လိုသည့်အကြည့်ဖြင့်ကြည်ကလိုက်သည်။

“ ဟီး ဟီး “

အစ်ကိုတုမှအရူးတစ်ယောက်လိုရယ်မောကာ သူ၏ဓားကိုမြောက်၍ တရကြမ်းပြေးဝင်လာပြန်သည်။

သူတို့နှစ်ဦးမှာသိုင်းပညာကွာခြားသော်လည်းအစ်ကိုတုမှ သူသေကိုယ်သေတိုက်ကွက်များကိုသာအသုံးပြုနေသဖြင့် ကြယ်ပျံဂိုဏ်းချုပ်မှာအနည်းငယ်အခက်ကြံနေသည်။

သို့သော် အစ်ကိုတု၏ခန္တာကိုယ်ထက်တွင်ဒဏ်ရာတစ်ခုပြီးတစ်ခုပေါ်လာကာ သွေးများလည်းစီးကျနေသည် ။

အစ်ကိုတုမှ ထိုဒဏ်ရာများကိုရှိသည်ဟုပင်သဘောမထားပဲ ကြယ်ပျံဂိုဏ်းချုပ်ကိုသတ်ဖြတ်ရန်သာကြိုးပမ်းလျက်ရှိသည်။

ကြယ်ပျံဂိုဏ်းမှလူများမှာ သူတို့ဂိုဏ်းချုပ်ဂုဏ်သိက္ခာကြောင့် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုကြသော်လည်း ခရမ်းရောင်သွေးလဂိုဏ်းသားမှာမသ တိုက်ပွဲအတွင်းသို့ခုန်ဝင်သွားသည်။

“ ရွှပ် “

“ ဝုန်း.... “

အစ်ကိုတုမှာ နောက်ထပ်ခုန်ဝင်လာသည့်လူရိပ်ကိုတိုက်လိုက်လိုက်သော်လည်း ထိုလူမှသူ၏ဓားချက်ကိုရှောင်တိမ်းကာပြင်းထန်သည့်လက်ဝါးတစ်ချက်ဖြင့်တုံ့ပြန်လိုက်သည့်အတွက် နောက်ဘက်သို့လွင့်စင်သွားသည်။

“ အသုံးမကျလိုက်တာ ဒီလိုကောင်လေးကိုတောင်မကိုင်တွယ်နိုင်ဘူး “

ခရမ်းရောင်သွေးလဂိုဏ်းသားမှ ကြယ်ပျံဂိုဏ်းချုပ်အားပြစ်တင်လိုက်သည်။

သူ၏စကားကြောင့်ကြယ်ပျံဂိုဏ်းချုပ်မှာ ဒေါသထွက်သွားမိသာ်လည်း တစ်စုံတစ်ရာတုံ့ပြန်ခြင်းမပြုရဲဘဲ ငြိမ်သက်နေလေသည် ။

ခရမ်းရောင်သွေးလဂိုဏ်းသားမှာ ကြယ်ပျံဂိုဏ်းချုပ်အားအရေးမလုပ်တော့ဘဲ ဒီယီးဒယိုင်ထရပ်လာသည့် အစ်ကိုတုကိုကြည့်လိုက်သည် ။

အစ်ကိုတုမှာ ဖြောင့်ဖြောင့်မရပ်နိုင်ဘဲ သွေးတစ်ပွတ်အန်ထုတ်လိုက်ရကာာ သူ၏အဖြူရောင်ဝတ်စုံမှာ ခန္တာကိုယ်ပေါ်ရှိ ဒဏ်ရာများကြောင့် နီစွေးနေသည်။

သို့တိုင်အောင် လက်ထဲမှဓားကိုတင်းကြပ်စွာဆုပ်ကိုင်ထားကာ ကြယ်ပျံဂိုဏ်းချုပ်အားအေးစက်သည့်မျက်လုံးများဖြင့်ကြည့်နေသည် ။

“ ကောင်လေး ငါအလိုရှိတာကိုပေးမယ်ဆိုရင် မင်းကိုချမ်းသာပေးမယ် ။။ငါမင်းတို့ဂိုဏ်းကိုစိတ်မဝင်စားဘူး ။။ငါလိုချင်တာက မင်းတို့ဂိုဏ်းက ချင်းခွန်တံဆိပ်ပြားပဲ “

ခရမ်းရောင်သွေးလဂိုဏ်းသားမှ စိတ်မရှည်သည့်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် အစ်ကိုတုမှ အတွေးများစွာဖြစ်ပေါ်လာသည်။

သူတို့၏ဂိုဏ်းနှင့်ကြယ်ပျံဂိုဏ်းမှာ နှစ်ပေါင်းများစွာရန်သူများဖြစ်လာကြသော်လည်း တစ်ဖက်နှင့်တစ်ဖက်အင်အားမကွာခြား၍ အသေအကြေတိုက်ခိုက်ခြင်းမရှိပေ။

ယခုအခါမှသာ ကြယ်ပျံဂိုဏ်းချုပ်မှာ သိုင်းပညာများစွာတိုးတက်လာပြီး သူတို့၏ဂိုဏ်းကိုဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ဂိုဏ်းတစ်ခုလုံးကိုမြေလှန်၍ မွစာကြဲနေအောင်လုပ်ထားခဲ့သေးသည်။

ချင်းခွန်ဂိုဏ်းချုပ်ကိုကား ကြယ်ပျံဂိုဏ်းသားများမှာ သေဆုံးပြီဟုထင်သဖြင့် ပစ်ထားခဲ့ခြင်းဖြစ်သည်။

သူ၏ဆရာ ချင်းခွန်ဂိုဏ်းချုပ်လည်း ဒဏ်ရာများစွာဖြင့် တောင့်ခံထားကာ အစ်ကိုတုတို့နှင့်တွေ့ဆုံချိန်၌ သေအံ့မူးမူးအချိန်ဖြစ်နေချေပြီ။

ချင်းခွန်ဂိုဏ်းချုပ်မှ သူလျှို့ဝှက်စွာသိမ်းဆည်းထားခဲ့သည့်တံဆိပ်ပြားကို အစ်ကိုတုအားအပ်နှံခဲ့ကာ အသက်ရှင်ကျန်ခဲ့သူများကို စောင့်ရှောက်ရန်မှာကြားခဲ့သည်။

ထိုစဉ်က အစ်ကိုတုမှာ ဝမ်းနည်းမှုများ၊ ဒေါသများကြောင့် ရှင်းလင်းစွာမတွေးနိုင်သော်လည်း ခရမ်းရောင်သွေးလဂိုဏ်း၏စကားကြောင့် သူတို့ဂိုဏ်းဖျက်ဆီးခံရသည်မှာ ဂိုဏ်း၏တံဆိပ်ပြားနှင့်ဆက်စပ်နေနိုင်ပေသည် ။

ထို့အပြင်ကြယ်ပျံဂိုဏ်းမှ ရုတ်တရက်အင်အားတိုးလာရခြင်းမှာ ခရမ်းရောင်သွေးလဂိုဏ်းနှင့် မုချဆက်စပ်နေပေမည်။

အစ်ကိုတု၏ငိုင်တွေနေသည့်ဟန်ကြောင့် ကြယ်ပျံဂိုဏ်းချုပ်မှ ခရမ်းရောင်သွေးလဂိုဏ်းသားအတွက် မျက်နှာလိုမျက်နှာရငေါက်ငမ်းလိုက်သည်။

“ ဟေ့ကောင် မင်းလည်းမင်းတို့ဂိုဏ်းချုပ်လိုအဆုံမသတ်ချင်ရင် တံဆိပ်ပြားကိုမြန်မြန်ပေးစမ်း “

သူ၏တင်းမာသည့်စကားကြောင့် အစ်ကိုတုလည်း ကြောက်မက်ဖွယ်ပြုံးလိုက်ကာ ခရမ်းရောင်သွေးလဂိုဏ်းသားကိုကြည့်၍ပြောလိုက်သည်။

“ ကျုပ်ဆီကတံဆိပ်ပြားကိုလိုချင်ရင် ခင်ဗျားရဲ့ဘေးကလူကိုသတ်လိုက်။ ဒါဆိုရင် တံဆိပ်ပြားက ခင်ဗျားအပိုင်ဘဲ “

သူ၏ ထင်မှတ်မထားသည့်စကားကြောင့် ကြယ်ပျံဂိုဏ်းချုပ်မှာတုန်လှုပ်သွားကာာနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

ထို့နောက် သူ၏ရှေ့မှခရမ်းရောင်သွေးလဂိုဏ်းသားကို ကြောက်ရွံ့ထိတ်လန့်စွာကြည့်လိုက်သည်။

ထိုလူများမှာ လွန်စွာကြမ်းကြုတ်ကာ သူတို့၏ဂိုဏ်းမှာ ထိုလူများ၏မျက်စေ့ထဲတွင်ဘာမှတန်ဖိုးမရှိသည်ကို သူကောင်းစွာသိရှိသည် ။

ထို့ကြောင့်လည်း အစ်ကိုတု၏စကားအတိုင်း ခရမ်းရောင်သွေးလဂိုဏ်းသားမှ လုပ်ဆောင်မည်ကိုကြောက်ရွံ့နေခြင်းဖြစ်သည်။

ထိုဂိုဏ်းသားအတွက် သူ့ကိုသတ်ဖြတ်ရန်မှာ ငှက်ပျောသီးအခွံခွာသည်ထက်ပင် လွယ်ကူသေးပေသည်။

“ ကောင်လေး ငါ့ကိုလှည့်စားချင်နေတာလား ။ တံဆိပ်ပြားကိုထုတ်မပေးရင် မင်းသေရမယ် “

ထိုလူ၏ အေးစက်စက်စကားကြောင့်အစ်ကိုတုလည်း သူ၏လှည့်ကွက်အောင်မြင်ခြင်းမရှိသည်ကိုသိလိုက်သည်။

ထို့ကြောင့် နာကျင်နေသည့်ခန္တာကိုယ်အားလျစ်လျူရှုကာ ဓားကိုတင်းကြပ်စွာဆုပ်ကိုင်၍ရှေ့သို့တိုးဝင်သွားသည်။

“ ဝှစ် “

ဒဏ်ရာများစွာရရှိထားကာ အတွင်းဒဏ်ရာပင်ရှိနေသည့်အစ်ကိုတုမှာ ထိုလူ့အတွက်တော့ပြိုင်ဘက်တစ်ယောက် လုံးဝမဖြစ်နိုင်ပေ။

သူ၏လက်ထဲမှဓားမှာ ထိုလူ၏ခန္တာကိုယ်ဘေးမှဖြတ်ကျော်သွားကာ ရိပ်ခနဲဝင်လာသည့်လက်သီးျစ်လုံးကိုမြင်လိုက်ရပြီး သူ၏ခန္တာကိုယ်နောက်ကြိမ်လွင့်စင်သွားပြန်သည်။

“ ဘုန်း... “

အစ်ကိုတု၏ခန္တာကိုယ်မှာ ကြိုးပြတ်နေသည့်စွန်တစ်ကောင်ပမာလွင့်စင်သွားကာာမြေပြင်နှင့်အပြင်းအထန်ထိခက်သွားသည်။

“ ဂိုဏ်းတူညီလေးတို့ ငါအကောင်းဆုံးအချိန်ဆွဲထားခဲ့ပြီးပြီ “

သူ၏အာရုံများအမှောင်ကျမသွားခင် အစ်ကိုတုမှတီးတိုးရေရွတ်လိုက်မိသည်။ ထို့နောက် သူ၏ခန္တာကိုယ်မှာ မြေပြင်ထက်တွင်ငြိမ်သက်သွားတော့သည်။

“ ဒီကောင်က အတော်လေးခေါင်းမာတဲ့ကောင်ပဲ “

ကြယ်ပျံဂိုဏ်းချုပ်မှ မကျေမနပ်ရေရွတ်၍ အစ်ကိုတု၏ခန္တာကိုယ်ကို ရှာဖွေလိုက်သည်။

“ သူ့ရဲ့ခန္တာကိုယ်မှာ မရှိဖို့များတယ် ။ ဖြစ်နိုင်တာက သူတို့အုပ်စုထဲကတစ်ယောက်ယောက်ကိုပေးလိုက်တာနေမယ်။ ။

ကျန်တဲ့လူတွေကလည်း လူစုခွဲသွားတာလားမသိဘူး ။ ငါအချိန်တွေအများကြီးဖြုနမိသွားပြီ “

ကျန်ဂိုဏ်းသားနှစ်ယောက်အနီးသို့သွားကာ ထိုလူမှ ခေါင်းယမ်း၍စိတ်ပျက်သလိုပြောလိုက်သည်။

“ ကျုပ်တို့ အဲဒီလူကိုမအောင်မြင်ဖူးလို့ပဲပြောရမှာပဲ ဘာလို့သူကိုယ်တိုင်မလုပ်တာလဲ စဉ်းစားလို့မရဘူး။

နောက်ပြီး ကျုပ်တို့ကိုတောင် အလုပ်မခိုင်းဘဲ တစ်ဆင့်ခံနဲ့ထပ်ပြီးခိုင်းလိုက်သေးတယ် ။ သူကကျုပ်တို့ရဲ့ပျော့ကွက်ကိုသိနေလို့သာသူ့အတွက်အလုပ်လုပ်ပေးနေရတာ ။

မဟုတ်ရင်တော့ “

ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ ပခုံးတွန့်၍ပြောလိုက်သည်။ သူ၏လေသံမှာ အေးစက်လျက်ရှိသည်။

“ ဂိုဏ်းငယ်လေးနှစ်ခုရဲ့တံဆိပ်ပြားတွေကဘာတွေများတန်ဖိုးကြီးနေတဲ့မသိဘူး ။

မဟုတ်မှလွဲရော တံဆိပ်ပြားနှစ်ခုမှာ ကျုပ်တို့မသိနိုင်တဲ့လျှို့ဝှက်ချက်တစ်ခုခုရှိနိုင်တယ် ။ အဲဒီလူကိုတောင် လောဘတက်စေနိုင်တဲ့လျှို့ဝှက်ချက်ပေါ့ “

အစ်ကိုတုအားသတ်လိုက်သူမှ တွေးတွေးဆဆဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့်ကျန်နှစ်ယောက်လည်း အတွေးပေါက်သွားပုံကြာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။

သူတို့၏မျက်လုံးများမှာ လောဘအရောင်ကြောင့် တောက်ပလျက်ရှိသည်။

ထို့နောက် ကြယ်ပျံဂိုဏ်းချုပ်မှာ သူတို့၏ဘေးသို့ရောက်လာသည့်အတွက် စကားစပြတ်သွားသည်။

“ ဆရာကြီး ကျုပ်သူ့ရဲ့ခန္တာကိုယ်ပေါ်မှာ ရှာမတွေ့ပါဘူး “

ကြယ်ပျံဂိုဏ်းချုပ်၏ဟန်မှာ အနည်းငယ်စိုးထိတ်နေပုံရသည်။

ထိုလူသုံးယောက်မှ မည်သည့်အတွက် ချင်းခွန်ဂိုဏ်းမှတံဆိပ်ပြားကိုငမ်းငမ်းတတ်လိုချင်နေသည်ကိုသူမသိပေ ။

သူ၏အမြင်တွင် ချင်းခွန်ဂိုဏ်းမှာ သေးငယ်သည့် အလယ်အလက်တန်းစားဂိုဏ်းတစ်ခုသာဖြစ်ကာ ထိုဂိုဏ်းတွင် အဆင့်လွန်သိုင်းသမားတစ်ယောက်ပင်ရှိမနေပါချေ။

အမှန်မှာ သူတို့၏ကြယ်ပျံဂိုဏ်းသည်လည်း ယခင်ကချင်းခွန်ဂိုဏ်းနှင့်မကွာသည့် ဂိုဏ်းငယ်လေးသာဖြစ်သည်။

သို့သော် ထိုလူသုံးယောက်မှာ သူ၏ဂိုဏ်းသို့ရုတ်တရက်ရောက်လာပြီး သိုင်းပညာတိုးတက်အောင်ကူညီပေးကာ သူ၏ရန်သူ ချင်းခွန်ဂိုဏ်းကိုဖျက်စီးစေသည်။

အပြန်အလှန်အနေဖြင့် ချင်းခွန်ဂိုဏ်းမှ ဂိုဏ်းတံဆိပ်ပြားကိုသာ ထိုလူများအလိုရှိပေသည်။

သူတို့နှစ်ဖက်မှာ ပူးပေါင်းဆောင်ရွက်နေသည်ဟုပြော၍ရသော်လည်း အမှန်မှာ သူတို့ကြယ်ပျံ့ဂိုဏ်းမှာ ထိုလူများ၏လက်အောက်ခံသာဖြစ်သည်။

ထိုလူသုံးယောက်၏အင်အားဖြင့်ကြယ်ပျံဂိုဏ်းကိုအသာအယာဖျက်စီးနိုင်သော်လည်း မည်သည့်အတွက် အလုပ်ရှုပ်ခံ၍ သူတို့ကိုခိုင်းစေနေသည်မပြောတတ်ပေ။

မည်သို့ပင်ဖြစ်စေ ထိုလူများမှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ သူတို့ကြယ်ပျံဂိုဏ်းမှာ ထိုလူများ၏မျက်စေ့ထဲတွင်တန်ဖိုးမရှိတော့မည်ကိုလည်း ကြောက်လန့်နေရသည်။

ကြယ်ပျံဂိုဏ်းချုပ်မှာ သူ၏ဦးနှောက်အားအပြင်းအထန်ညစ်ထုတ်ကာ တစ်စုံတစ်ခုအားသတိရသွားသလို

“ ဟို ဟိုလေ ဆရာကြီးတို့ ကျုပ်သူတို့သွားမယ့်နေရာကို သေချာပေါက်သိတယ် “

ကြယ်ပျံဂိုဏ်းချုပ်၏စကားကြောင့်ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ စိတ်ဝင်စားသွားကြသည်။

All Chapters