ချင်းယန်ဓားဂိုဏ်း
Vol. 3 Ch. 246
“ ကျုပ်အထင်ပြောရရင် သူတို့ကသေချာပေါက် ဒီကနေ မိုင်နှစ်ဆယ်အကွာမှာရှိတဲ့ ချင်းယန်မြို့ကိုသွားလိမ့်မယ် ။
ချင်းယန်မြို့မှာ ချင်းယန်ဓားဂိုဏ်းလို့ခေါ်တဲ့ သိုင်းဂိုဏ်းတစ်ခုရှိတယ် ။
ချင်းခွန်ဂိုဏ်းနဲ့ ချင်းယန်ဓားဂိုဏ်းက ဂိုဏ်းချုပ်နှစ်ယောက် ညီအစ်ကိုတွေလိုရင်းနှီးပြီး ဂိုဏ်းသားတွေအချင်းချင်းလည်း သင့်မြက်ကြတယ် ။
ဒါပေမယ့် ချင်းခွန်မြို့နဲ့ ချင်းယန်မြို့က အတော်ဝေးကွာတဲ့အတွက် ချင်းခွန်ဂိုဏ်းဖျက်ဆီးခံရတဲ့အချိန်က သူတို့အချိန်မီမသိဘဲ လာမကူနိုင်တာပဲ ။
ချင်းခွန်ဂိုဏ်းက လက်ကျန်ဂိုဏ်းသားတွေ အဲဒီနေရာကို သေချာပေါက်သွားလိမ့်မယ် “
ကြယ်ပျံဂိုဏ်းချုပ်မှ တတ်ကြွသည့်လေသံဖြင့်ရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
“ ချင်းယန်မြို့ ဟုတ်လား “
ထိုသုံးယောက်မှာ တစ်စုံတစ်ရာအားသိရှိနေပုံရသည်။
“ အင်းး တိုက်ဆိုင်တာတော့မဖြစ်နိုင်ဘူး။ ငါတို့လည်း ချင်းခွန်ဂိုဏ်းကကိစ္စတွေပြီးရင် ချင်းယန်ဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ခုကိုသွားစရာရှိသေးတယ်။
အခုတော့အဆင့်သင့်လိုက်လေတယ်။ ချင်းယန် နဲ့ ချင်းခွန် “
ဂိုဏ်းသားသုံးယောက်ထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသူမှ ခပ်တိုးတိုးရေရွတ်လိုက်သည်။
သို့သော် ကြယ်ပျံဂိုဏ်းချုပ်၏အမူအယာမှာ အနည်းငယ်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည့်အတွက် ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ အေးစက်စက်မေးလိုက်သဘ်။
“ ဟို ချင်းခွန်ဂိုဏ်းကိုတိုက်ခိုက်တာက ကျုပ်တို့ကြယ်ပျံဂိုဏ်းနဲ့ရန်ငြိုးရှိတယ်လို့ပြောလို့ရတဲ့အတွက် အဆင်ပြေတယ်။
ဒါပေမယ့် ချင်းယန်ဂိုဏ်းကကျ ကျုပ်တို့နဲ့တသီးတခြားဖြစ်နေတဲ့အပြင် ဟိုနန်နယ်ထဲမှာရှိနေတယ်။
အရေးကြီးတာက သူတို့ဂိုဏ်းကရှောင်လင်ကျောင်းတော်နဲ့ဆက်စပ်နေပြီး သူတို့ရဲ့ဂိုဏ်းချုပ်က ရှောင်လင်ကအဝေးရောက်သိုင်းသမားတစ်ယောက်တဲ့ “
ကြယ်ပျံဂိုဏ်းချုပ်၏စကားအဆုံးတွင် ခရမ်းရောင်သွေးလဂိုဏ်းသားသုံးယောက်မှာ ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကြသည်။
“ ရှောင်လင်ကျောင်းတော် ဟုတ်လား စိန်ခေါ်ပွဲတုန်းက ကျုပ်တို့ဂိုဏ်းချုပ်ကိုရှုံးနိမ့်သွားတဲ့ အရှုံးသမားဂိုဏ်းကြီးငါးဂိုဏ်းထဲက ။
မင်းသိထားဖို့က အခုချိန်မှာ ငါတို့နဲ့ရန်သူဖြစ်မယ်ဆိုရင် ဘယ်ထိပ်တန်းအဆင့်အဖွဲ့နေနေ နှစ်ခါပြန်စဉ်းစားရလိမ့်မယ်။
နောက်ပြီး ငါတို့သုံးယောက်က ဂိုဏ်းထဲမှာ သာမန်အဆင့်မြင့်ဂိုဏ်းသားတွေမဟုတ်ဘူး။။ရှောင်လင်ကျောင်းကသာသိုင်းဝိဇ္ဇာအဆင့်တွေမလွှတ်ဘူးဆိုရင် ငါတို့ဂရုစိုက်ရမယ့်လူမရှိဘူး “
ခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်မှ ယုံကြည်မှုရှိသည့်လေသံဖြင့်ပြောလိုက်သည်။
သူ၏စကားကြောင့် ကြယ်ပျံဂိုဏ်းချုပ်မှာ ယခင်ကထက်ပို၍ရိုသေလေးစားသွားကာ သူ၏ဓားကိုဝေ့ယမ်း၍ ပြောလိုက်သည်။
“ ဟုတ်တယ် ကျုပ်တို့ဘက်မှာ ဆရာကြီးတို့ရှိနေရင် ချင်းယန်ဓားဂိုဏ်းကိုမပြောနဲ့ ရှောင်လင်ကျောင်းတော်ကိုတောင်ဂရုစိုက်စရာမလိုဘူး။
ချင်းခွန်ဂိုဏ်းကကောင်တွေ ချင်းယန်ဓားဂိုဏ်းမှာရှိတာသေချာရင် ကျုပ် ချင်းယန်ဓားဂိုဏ်းကိုမြေလှန်ပစ်မယ် “
&&&&
ချင်းယန်ဓားဂိုဏ်း
ချင်းယန်ဓားဂိုဏ်းမှာ ဟိုနန်နယ်အစွန်တွင်ရှိသည့် ချင်းယန်မြို့ငယ်လေးမှ အလယ်အလက်တန်းစား ဂိုဏ်းငယ်လေးဖြစ်သည်။
ချင်းယန်ဓားဂိုဏ်းမှာ သေးငယ်သော်လည်း ရှေးကျကာ ချင်းယန်မြို့လေး၏နာမည်သည်ပင် သူတို့ဂိုဏ်းကိုစွဲ၍ဖြစ်လာခြင်းဖြစ်သည်။
ယခု ချင်းယန်ဓားဂိုဏ်း၏ဂိုဏ်းချုပ်ဟူချန်းမှာ ရှောင်လင်ကျောင်းတော်တွင်သိုင်းပညာသင်ကြားခဲ့ပြီး သိုင်းလောကထဲတွင်လှုပ်ရှားနေသည့် ရှောင်လင်အဝေးရောက်သိုင်းသမားတစ်ယောက်ဖြစ်သည်။
ဟူချန်းမှာ အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်ကာ သူ၏မျောက်မင်းတုတ်သိုင်းကြောင့် မျောက်မင်းဟူချန်းဟု သိုင်းလောကထဲတွင်ကျော်ကြားသူဖြစ်သည်။
သူတို့ဂိုဏ်းချုပ်ဖြစ်သူမှ သိုင်းလောကထဲတွင် ကျော်ကြားသော်လည်း ဂိုဏ်းမှလူများမှာမူ မြို့အား စောင့်ရှောက်ပေးရင်း ချင်းယန်မြို့လေးတွင်သာအေးအေးချမ်းချမ်းနေထိုင်ကာ သိုင်းလောကအရှုပ်ထုပ်များနှင့် ဝေးအောင်နေကြသည်။
“ ဂိုဏ်းချုပ် ဂိုဏ်းချုပ် အပြင်မှာ ချင်းခွန်ဂိုဏ်းသားတွေရောက်နေတယ် “
ဂိုဏ်းသားတစ်ယောက်မှ အပြေးအလွှားဝင်လာသည့်အတွက် ဟူချင်းမှာ လက်ဖက်ရည်ခွက်ကိုအောက်သို့အသာချလိုက်သည် ။
သူ၏ရှေ့တွင် အသက်သုံးဆယ်ကျော်ဘုန်းကြီးတစ်ပါးရှိနေကာ သူတို့နှစ်ဦးမှာ စကားလက်ဆုံကျနေပုံရသည်။
“ ဟားဟား သူတို့ရဲ့ဂိုဏ်းချုပ် တန်းမင်ကော မပါဘူးလားကွ “
ဟူချင်းမှရွှင်ပြသည့်လေသံဖြင့်မေးလိုက်သည်။ သူစကားကြောင့် သတင်းလာပို့သည့်ဂိုဏ်းသားမှာ ခေါင်းယမ်းပြကာအလျှင်အမြန်ပြောလိုက်သည် ။
သူတို့အကုန်လုံးဒဏ်ရာတွေရထားပြီးတော့ အရေးတကြီးပုံစံဖြစ်နေကြတယ် “
ထိုဂိုဏ်းသား၏စကားကြောင့် ဟူချန်းလည်း ထိုင်နေရာမှဝုန်းခနဲထရပ်လိုက်မိသည် ။
“ ကိုယ်တော် ကျုပ်ဖြေရှင်းစရာလေးတွေရှိလို့ ခဏလောက်ခွင့်ပြုပါဦး “
ဟူချန်းမှ ထိုဘုန်းကြီးကို လေးစားဟန်ဖြင့် အရိုအသေပေးလိုက်သည်။ ဘုန်းကြီးမှ မည်သို့မှပြန်ပြောခြင်းမရှိဘဲ ခေါင်းကိုအသာညိမ့်ပြသည်။
ထို့နောက် ဟူချန်းလည်းအဆောက်အဦးအပြင်ဘက်သို့ လျှင်မြန်စွာလျှောက်သွားလိုက်သည်။
ဂိုဏ်းအဆောက်အဦးရှေ့မြေကွက်လပ်တွင် အဖြူရောင်ဝတ်စုံဆင်တူနှင့် ချင်းခွန်ဂိုဏ်းသားများရှိနေကြကာ သူတို့၏မျက်နှာမှာ မကောင်းပေ။
သူတို့၏အဖြူရောင်ဝတ်စုံများသည်လည်း သွေးများဖြင့်ပေပွနေကာ ဒဏ်ရာလုံးဝမရသူဟူ၍ တစ်ယောက်နှစ်ယောက်သာရှိသည်။
“ ဂိုဏ်းချုပ်ဟူ “
ချင်းခွန်ဂိုဏ်းသားများမှ ဟူချင်းကိုမြင်သည်နှင့် ဂါရဝပြုလိုက်ကြသည်။
“ ထုံးစံတွေကိုထားလိုက် မင်းတို့ကိုဘယ်သူတိုက်ခိုက်လွှတ်လိုက်တာလဲ “
ဟူချင်းမှာ တင်းမာသည့်လေသဖြင့်မေးလိုက်သည်။ သူ၏စကားကြောင့်ချင်းခွန်ဂိုဏ်းမှလူငယ်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ လူငယ်တစ်ယောက်မှပြောလိုက်သည်။
“ ဂိုဏ်းချုပ်ဟူ ကျုပ်တို့ချင်းခွန်ဂိုဏ်းဖျက်ဆီးခံလိုက်ရပြီ “
ဟူချန်း၏တင်းမာနေသည့်မျက်နှာမှာာထိတ်လန့်ဟန်သို့ပြောင်းသွားကာ စိုးရိမ်သည့်လေသံဖြင့်မေးလိုက်သည်။
“ ဒါ ဒါဆို ညီလေးတန်းမင်ကော “
သူ၏မေးခွန်းကြောင့် ချင်းခွန်ဂိုဏ်းသားများမှယာခေါင်းငုံ့သွားကြသည်။ သူတို့၏အမူအယာများကိုကြည့်၍ ဟူချန်း၏စိတ်ထဲတွင်မကောင်းသည့်အငွေ့အသက်များကိုခံစားမိကာ ထပ်၍မေးလိုက်သည် ။
“ တန်းမင် တန်းမင်ဘာဖြစ်သွားတာလဲ “
အစောပိုင်းကအဖြေပေးလိုက်သည့်လူငယ်မှ ဝမ်းနည်းကြေကွဲဟန်ဖြင့် ပြောလိုက်သည်။
“ ဂိုဏ်းချုပ် သူလည်းဒဏ်ရာတွေအများကြီးနဲ့ သေဆုံးသွားပြီ “
“ ဟာ “
ဟူချန်း၏ခန္တာကိုယ်မှာ တစ်ချက်ယိမ်းယိုင်သွားကာ သူ၏မျက်နှာသည်လည်း ပြိုတော့မည့်မိုးကဲ့သို့ အုံ့မှိုင်းသွားသည်။
သူနှင့်ချင်းခွန်ဂိုဏ်းချုပ်တန်းမင်မှာ သွေးသားမတော်စပ်သော်လည်း သူတို့၏ဘိုးဘေးများကရင်းနှီးခင်မင်ကာ သူတို့လက်ထက်တွင်လည်း လွန်စွာရင်းနှီးကြသည်။
ထို့အပြင် သူတို့ငယ်စဉ်ကသိုင်းလောကထဲတွင်အတူကျင်လည်ခဲ့တာ တစ်ယောက်၏အသက်ကိုတစ်ယောက် အကြိမ်အတော်များများကယ်ခဲ့ဖူးပေသည်။
ထို့ကြောင့် သူတို့၏ပတ်သတ်မှုမှာ ညီရင်းအစ်ကိုကဲ့သို့ နက်ရှိုင်းပေသည်။
အတန်ကြာမှ ဟူချင်းမှာတည်ငြိမ်သွားကာာအေးစက်စက်လေသံဖြင့်မေးလိုက်သည်။
“ ဘယ်လိုတွေဖြစ်သွားတာလဲ ငါ့ကိုပြောပြစမ်း “
ဘေးနားတွင်ရှိသည့် ချင်းယန်ဓားဂိုဏ်းမှလူများမှာ သူတို့ဂိုဏ်းချုပ်၏လေသံကြောင့် ထိတ်လန့်သွားကြသည်။
သူတို့၏ဂိုဏ်းချုပ် ထိုကဲ့သို့ဖြစ်လာလျှင် လွန်စွာဒေါသထွက်နေပြီဟုသိရှိကာ မကြာမီသွေးထွက်သံယိုဖြစ်ရပ်များဖြစ်ပွားပေတော့မည်။
“ အဲဒါ ကြယ်ပျံဓားဂိုဏ်းရဲ့လက်ချက်ကြောင့်ပဲ “
ချင်းခွန်ဂိုဏ်းမှလူငယ်မှ အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။
“ ကြယ်ပျံဂိုဏ်းက ကျုပ်တို့ချင်းခွန်ဓားဂိုဏ်းနဲ့နယ်မြေတစ်ခုတည်းမှာရှိတဲ့ဂိုဏ်းတစ်ခုပဲ ။ သူတို့ဂိုဏ်းက အပေါ်ယံမှာ ဖြောင့်မက်တယ်ဆိုပေမယ့် နောက်ကွယ်က မကောင်းမှုတွေလုပ်နေတဲ့ဂိုဏ်းတစ်ခု။
ဒါကြောင့်ကျုပ်တို့ ချင်းခွန်ဂိုဏ်းနဲ့မကြာခဏတိုက်ခိုက်မှုတွေဖြစ်ပြီးတော့ ဂိုဏ်းနှစ်ခုကရန်သူတွေဖြစ်ခဲ့ကြတာ။
ဒါပေမယ့် ဂိုဏ်းနှစ်ခုကအင်အားမကွာခြားတော့ အကြီးအကျယ်တိုက်ခိုက်မှုတွေနည်းပါးတယ်။
လွန်ခဲ့တဲ့ငါးရက်က ကိစ္စတစ်ခုကြောင့် ကျုပ်တို့ဆယ့်လေးယောက်ကို အစ်ကိုတုကဦးဆောင်ပြီး ဂိုဏ်းကနေထွက်ခွာခဲ့တယ်။
ကျုပ်တို့ ကျုပ်တို့ပြန်ရောက်တဲ့အချိန်မှာ ဂိုဏ်းမဗာကျန်ခဲ့တဲ့ ညီအစ်ကိုတွေ အတုံးအရုန်းသေဆုံးနေပြီး။ ဂိုဏ်းချုပ်ကိုလည်း ဒဏ်ရာတွေဗရပွနဲ့တွေ့ခဲ့တယ်။
ကံကောင်းတာက ဂိုဏ်းချုပ်က အသက်ငွေ့ငွေ့ကျန်သေးတဲ့အတွက် ဂိုဏ်းကိုတိုက်ခိုက်တဲ့လူတွေက ကြယ်ပျံဂိုဏ်းကလူတွေဆိုတာကျုပ်တို့သိကြတာ။
ဂိုဏ်းချုပ်လည်း ကျုပ်တို့ကိုချင်းယန်ဓားဂိုဏ်းဆီထွက်ပြေးခိုင်းပြီး သူသေဆုံးသွားခဲ့တယ်။
ဂိုဏ်းချုပ်နဲ့ဂိုဏ်းသားတွေရဲ့အလောင်းကိုမြုပ်နှံပြီးပြီးချင်းကြယ်ပျံဂိုဏ်းသားတွေရောက်လာပြီး ကျုပ်တို့တိုက်ပွဲထပ်ပြီးဖြစ်ခဲ့တယ်။
အဲဒီတိုက်ပွဲမှာ တစ်ဖက်ကသိုင်းပညာအဆင့်မြင့်တဲ့လူတွေများတဲ့အတွက် ထွက်ပြေးလာခဲ့ရပြီး ကြယ်ပျံဂိုဏ်းကလည်း ဂိုဏ်းချုပ်ကိုယ်တိုင်လိုက်ပြီး ကျုပ်တို့ကိုလိုက်လံသတ်ဖြတ်ခဲ့တယ်။
နောက်ဆုံးမှာ အစ်ကိုတုက နောက်ကရန်သူတွေကိုဟန့်တားရစ်ပြီး ကျုပ်တို့ကိုချင်းယန်ဓားဂိုဏ်းဆီထွက်ပြေးခိုင်းခဲ့တာပဲ “
ထိုဂိုဏ်းသား၏စကားဆုံးသည်နှင့် ဟူချင်း၏မျက်နှာထက်တွင်တင်းမာခက်ထန်သည့်အမူအယာထွက်ပေါ်လာကာ သူ၏ဂိုဏ်းသားတစ်ယောက်အား အမိန့်ပေးလိုက်သည်။
“ ငါတို့ဂိုဏ်းက အဆင့်မြင့်သိုင်းသမားတွေကိုအကုန်စုလိုက် “