← Chapters

မျောင်မင်းတုတ်သိုင်း

Vol. 3 Ch. 247

မျောင်မင်းတုတ်သိုင်း

Vol. 3 Ch. 247

“ ဝုန်း.... “

ချင်းယန်ဓားဂိုဏ်း၏ တံခါးမကြီးကျိုးသွားကာ တံခါးဝတွင်အစောင့်ကျနေသည့်သိုင်းသမားနှစ်ယောက်၏ခန္တာကိုယ်များအထဲသို့လွင့်စင်လာသည်။

အနီးရှိချင်းယန်ဓားဂိုဏ်းသားများမှာ သူတို့၏ဂိုဏ်းသားများကိုအလျှအမြန်ဖမ်းယူလိုက်ကာ စစ်ဆေးကြည့်လိုက်သည်။

ထိုဂိုဏ်းသားနှစ်ယောက်မှာ ပြင်းထန်သည့်ဓားဒဏ်ဂာကိုယ်စီနှင့် အခြားတိုက်ခိုက်ခံရမှုများကြောင့် ညည်းညူနေကြသည်။

“ ဘယ်သူတွေလဲကွ ချင်းယန်ဓားဂိုဏ်းကို စော်ကားတာ “

ဟူချန်း၏တင်းမာခတ်ထန်သည့်စကားသံအဆုံးတွင် အပြင်ဘက်မှရယ်မောသံထွက်ပေါ်လာကာ ချင်းယန်ဓားဂိုဏ်းထဲသို့ လူဆယ်ယောက်ခန့်ဝင်ရောက်လာသည် ။

ထိုလူများကိုဦးဆောင်လာသူမှာ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့်ကြယ်ပျံဂိုဏ်းချုပ်ဖြစ်ကာ သူ၏လက်ထဲမှဓားမှာ သွေးများစွန်းပေနေသည် ။

သိသိသာသာပင် ချင်းယန်ဓားဂိုဏ်းသားများ၏ပြင်းထန်သည့်ဓားဒဏ်ရာများမှာ သူ၏လက်ချက်ပင်ဖြစ်သည် ။

“ ဟဲ ဟဲ ဟူချန်း ကျုပ် မင်းရဲ့တပည့်တွေကိုပညာပေးရုံပဲရှိသေးတာ ။ ချင်းခွန်ဂိုဏ်းကကောင်တွေကို မြန်မြန်ထုတ်ပေးစမ်း မဟုတ်ရင်ကျုပ်အဆိုးမဆိုနဲ့ ။

အော် နောက်ပြီး မင်းတို့ဂိုဏ်းရဲ့တံဆိပ်ပြားရောပေါ့ “

ကြယ်ပျံဂိုဏ်းချုပ်၏မောက်မာသည့်စကားကြောင့် ဟူချန်း၏မျက်နှာမှာ မည်းမှောင်သွားသည်။

ထိပ်တန်းအဆင့်ကိုးယောက်နှင့်အဆင့်လွန်သိုင်းသမားတစ်ယောက်မှာ မည်သည့်သတ္တိဖြင့် သူတို့ဂိုဏ်းကိုလာရောက်စော်ကားဝံ့သည်မသိပေ။

ဟူချန်းမှာ ချင်းယန်ဓားဂိုဏ်း၏ယခင်ဂိုဏ်းချုပ်များထက်ပို၍ထူးချွန်ကာ သိုင်းလောကတွင်ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည်။

ဟူချန်းမှာ ငယ်စဥ်ကပင် ရှောင်လင်ကျောင်းတွင်သိုင်းပညာသင်ကြားခဲ့ပြီးအစွမ်းထက်သိုင်းပညာတစ်ရပ်ဖြစ်သည့် မျောက်မင်းတုတ်သိုင်းကို လေ့ကျင့်အောင်မြင်ခဲ့သည်။

ထို့နောက်ပိုင်းတွင် ရှောင်လင်ကျောင်းမှထွက်ခွာ၍ အဝေးရောက်ရှောင်လင်ဂိုဏ်းသားတစ်ဦးအဖြစ် သိုင်းလောကတွင်ကျင်လည်ခဲ့ခြင်းဖြစ်သည် ။

ချင်းယန်ဓားဂိုဏ်းသည်လည်း နှိမ့်ချကာ အေးအေးဆေးဆေးနေထိုင်ကြ၍သူတို့ကိုအလယ်အလက်ဂိုဏ်းတစ်ခုဟုသာသိကြသော်လည်း အမှန်တွင်ထိုကဲ့သို့မဟုတ်ပေ။

“ ဂိုဏ်းချုပ် “

အစောပိုင်းက ဟူချန်း၏စကားသံကြောင့် ချင်းယန်ဓားဂိုဏ်းထဲမှ ဝတ်စုံဖြူဆင်တူဝတ်ဆင်ထားကြသည့်ဂိုဏ်းသားများစွာထွက်ပေါ်လာကာ ဟူချန်းအားအရိုအသေပေးလိုက်ကြသည်။

ထိပ်တန်းအဆင့်ဆယ့်ငါးယောက်နှင့် အဆင့်မြင့်သိုင်းသမားအယောက်နှစ်ဆယ် ။

ချင်းယန်ဓားဂိုဏ်းမှသိုင်းသမားများကိုမြင်သည်နှင့် ကြယ်ပျံဂိုဏ်းသားများမှာ ထိတ်လန့်သွားကြသည် ။

အလယ်အလက်တန်းစားဂိုဏ်းတစ်ခုဟုသာ သိထားသည့် တစ်ဖက်လူများ၏အင်အားမှာ သူတို့ထက်နှစ်ဆနီးနီးသာလွန်နေသည်။

ထိုအင်အားဖြင့်ဆိုလျှင် သာမန်ပထမတန်းစားအင်အားစုများထက်ပင်မနိမ့်ကျ‌ပေ ။။ကြယ်ပျံဂိုဏ်းချုပ်သည်ပင် အနည်းငယ်မျက်နှာပျက်သွားသော်လည်း တစ်စုံတစ်ခုကိုတွေးလိုက်မိပြီး အေးစက်စက်ရယ်မောလိုက်သည်။

“ မင်းတို့ကငါတို့ကြယ်ပျံဂိုဏ်းနဲ့တိုက်ခိုက်မယ်ဆိုတာ သေချာပြီလား ။ ချင်းခွန်ဂိုဏ်းရဲ့လမ်းစဉ်ကိုမလိုက်ချင်စမ်းပါနဲ့ “

ကြယ်ပျံဂိုဏ်းချုပ်၏မေးခွန်းကိုပြန်မဖြေဘဲ ဟူချန်း၏မျက်လုံးများကျဉ်းမြောင်းသွားကာ မေးခွန်းထုတ်လိုက်သည်။

“ မင်းက ချင်းခွန်ဂိုဏ်းကိုဖျက်ဆီးပြီး ညီလေးတန်းမင်ကို သတ်ခဲ့တဲ့လူလား “

“ အစစ်ပေါ့ “

ကြယ်ပျံဂိုဏ်းချုပ်မှ ရင်ကော့၍ဖြေလိုက်သည်။ သူ၏အဖြေကြောင့် ဟူချန်း၏မျက်နှာထက်တွင်သတ်ဖြတ်လိုသည့်အမူအယာများထွက်ပါ်လာသည် ။

“ တိုက်ကြ “

ဟူချန်း၏အမိန့်ကြောင့် ချင်းယန်ဓားဂိုဏ်းသားများမှာ ကြယ်ပျံဂိုဏ်းမှလူများထံသို့ပြေးဝင်သွားသလို ဟူချန်းသည်လည်း ကြယ်ပျံဂိုဏ်းချုပ်ကိုရင်ဆိုင်လိုက်သည် ။

“ ဝှီး.... “

လေထုကိုအရှိန်ပြင်းစွာထိုးခွင်းသည့်အသံထွက်ပေါ်လာကာ ကြယ်ပျံဂိုဏ်းချုပ်၏ဦးခေါင်းဆီသို့ ဟူချန်း၏တုတ်ရှည်မှာ ပြေးဝင်လာသည်။

ဟူချန်ူ၏လက်နက်မှာ အရှည်ငါးပေခန့်ရှိသည့်တုတ်ရှည်တစ်ချောင်းဖြစ်ကာာ အဖျားနှစ်ဖက်တွင်ကြေးကွင်းငယ်များစွပ်ထားသည့်အတွက်ဓားလှံများကိုရင်ဆိုင်နိုင်သည်။

ကြယ်ပျံဂိုဏ်းချုပ်လည်း ဟူချန်း၏တိုက်ကွက်ကိုရှောင်တိမ်းခြင်းမရှိဘဲ သူ၏ဓားကိုမြောက်ကာ ထိတ်တိုင်ရင်ဆိုင်လိုက်သည်။

“ ချွမ်း... “

တကယ်တန်း ထိတ်တိုက်တိုက်ခိုက်ကြသည့်အခါတွင် ကြယ်ပျံဂိုဏ်းချုပ်မှနောက်သို့ခြေသုံးလှမ်းခန့်ဆုတ်ပေးရသော်လည်း ဟူချန်းမှာမူ သူ၏နေရာမှမ ရွေ့ပေ ။

သူတို့နှစ်ဦးကြားတွင်အတွင်းအားကွာခြားမှုရှိသည်မှာ သိသာလှည် ။

တစ်ဖက်တွက် ကြယ်ပျံဂိုဏ်းသားကိုးယောက်မှာချင်းယန်ဓားဂိုဏ်းသားများစွာကိုရင်ဆိုင်နေရသည်။။

ချင်းယန်ဓားဂိုဏ်းသားများမှာ လူအင်အားများပြားသည့်အပြင် သူတို့၏ထိပ်တန်းအဆင့်သိုင်းသမားများမှာ ကြယ်ပျံဂိုဏ်းသားများကို တစ်ဦးချင်းတိုက်ခိုက်လျှင်ပင်ဖိနှိပ်နိုင်သည်။

ထို့ကြောင့် ကြယ်ပျံဂိုဏ်းသားများမှာ အချိန်တိုအတွင်းအရေးနိမ့်လာသည့်အတွက် တိုက်စစ်မဆင်နိုင်ဘဲ ခံစစ်ကိုအားပြုတိုက်ခိုက်နေရသည်။

ကြယ်ပျံဂိုဏ်းချုပ်မှာာသူ၏ဂိုဏ်းသားများအခြေအနေမကောင်းသည်ကိုတွေ့သည်နှင့် ဒေါသထွက်လာသည်။

သို့သော် သူကိုယ်တိုင်ပင် ဟူချန်းကိုအနိုင်မယူနိုင်သည်ဖြစ်ရာ မည်သို့မှမတတ်နိုင်ပေ။ ထိုလူများအချိန်မီထွက်ပေါ်လာပါစေဟုသာ ကြိတ်၍ဆုတောင်းနေရသည်။

“ ထန်....ထန်.... “

ဟူချန်း၏တုတ်ရှည်နှင့်ကြယ်ပျံဂိုဏ်းချုပ်၏ဓားတို့ထိတ်တိုက်ရင်ဆိုင်မိတိုင်း ကြယ်ပျံဂိုဏ်းချုပ်မှာ နောက်ဘက်သို့မကြာခဏဆုတ်ပးနေရသည် ။

ကြယ်ပျံဂိုဏ်းချုပ်မှာ အဆင့်လွန်သိုင်းသမားတစ်ယောက်ဟုပြော၍ရသော်လည်း သူ၏အခြေခံမှာအားနည်းလှကာ အတွင်းအားလည်းမကောင်းမွန်ပေ ။

ဟူချန်းမှာ အနည်းငယ်သတိထားတိုက်ခိုင်နေသည်ပင် သိုင်းကွက်တစ်ရာအတွင်းအသာစီးရလာသည်။

ဟူချန်းလည်း တစ်ဖက်လူ၏သိုင်းပညာကိုအကဲခပ်မိသည်နှင့် အစွမ်းကုန်ထုတ်ကာသတ်ဖြတ်ရန်ဆုံးဖြတ်လိုက်သည်။

“ မြေပြင်တိုက်ခိုက်မှု “

ဟူချန်းမှာ ခြေထောက်ကိုအနည်းငယ်ကွေးကာ သူ၏တုတ်ရှည်ကို အလယ်မှဆုတိကိုင်လိုက်သည် ။

ထို့နောက် တုတ်ရှည်ကိုမွတ်နေအောင်လည်ကာ ကြယ်ပျံဂိုဏ်းချုပ်၏ခန္တာကိုယ်အောက်ပိုင်းဆီသို့ ဦးတည်တိုက်ခိုက်လိုက်သည်။

“ ထန်း....ထန်း.... “

ဟူချန်း၏ထူးခြားသည့်တိုက်ခိုက်မှုကြောင့် ကြယ်ပျံဂိုဏ်းချုပ်မှာဗျာများသွားကာ ရိပ်ခနဲရိပ်ခနဲတိုးဝင်လာသည့်တုတ်ရိုက်ချက်များကို ကမန်းကတန်းကာကွယ်နေရသည်။

“ ကြယ်ပျံကောင်းကင် “

ကြယ်ပျံဂိုဏ်းချုပ်မှ သူ၏အစွမ်းအထက်ဆုံးဓားကွက်ကိုထုတ်သုံးလိုက်သော်လည်းထူးမခြားနားပင် ။ ဟူချန်း၏တိုက်ကွက်အတွင်းမှမလွတ်မြောက်ပေ။

ဟူချန်းအနေဖြင့် လေပေါ်သို့ခုန်တတ်ကာ ဟူချန်း၏မြေပြင်တိုက်ခိုက်မှုကို လွယ်လွယ်ကူကူရှောင်တိမ်း၍ရသော်လည်း ထိုသို့ပြုလုပ်ပါက ပို၍အန္တရာယ်များမည်ကိုသိရှိနေသည်။

ချင်းယန်ဓားဂိုဏ်းသားများနှင့် တိုက်ခိုက်နေသည့် သူ၏ကြယ်ပျံဂိုဏ်းသားများမှာ သုံးယောက်သေဆုံးကာ ကျန်ခြောက်ယောက်မှာလည်းလုံးဝအရေးနိမ့်နေပြီဖြစ်သည် ။

“ ဆရာကြီးတို့ ကျုပ်ကိုကူညီပါဦး “

ကြယ်ပျံဂိုဏ်းချုပ်လည်း မဟန်နိုင်တော့ဘဲ အော်ဟစ်အကူအညီတောင်းလိုက်သည် ။

ဟူချန်း၏တိုက်ခိုက်မှုများအနည်းငယ်အားလျော့သွားကာ ပတ်ဝန်းကျင်ကိုသတိထား၍အာရုံစိုက်လိုက်သည် ။

သို့သော် တစ်စုံတစ်ရာထူးခြားမှုမရှိပေ။

“ သောက်... ပဲ ဒီကောင်တွေကတော့ “

ကြယ်ပျံဂိုဏ်းချုပ်မှာ ကြိတ်၍ဆဲရေးလိုက်ကာ လေပေါ်သို့ခုန်တတ်၍ဟူချန်း၏တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်သည်။

ထိုအကွက်မှာ ဟူချန်းလိုချင်သည့်အတိုင်းဖြစ်ကာ မြေပြင်ကိုတုတ်တစ်ချက်ထောက်၍ ခုန်လိုက်သည်နှင့်သူ၏ခန္တာကိုယ်မှာ ကြယ်ပျံဂိုဏ်းချုပ်၏အထက်သို့ရောက်သွားသည်။

“ ကောင်းကင်ရိုက်ချက် “

ဟူချန်း၏ဆင့်ကဲဆင့်ကဲရိိုက်ချက်များမှတရစက်ထွက်ပေါ်လာသည်။

ထိုရိုက်ချက်များမှာ မြေပြင်တိုက်ခိုက်မှုပုံစံ၏လူသတ်ကွက်ဖြစ်ကာ ရိုက်ချက်တစ်ခုစီတိုင်းတွင် အင်အားလွန်စွာပြင်းထန်သည်။

လေပေါ်သို့ရောက်နေရာ အခြေပျက်နေသည့်ကြယ်ပျံဂိုဏ်းချူပ်မှာ ဟူချန်း၏ကြောက်မက်ဖွယ်ကောင်းသည့်တုတ်ချက်များကိုအလျှင်အမြန်ရှောင်တိမ်းလိုက်သာ်လည်း ပထမရိုက်ချက်ကိုသာရှောင်တိမ်းလိုက်နိုင်သည်။

“ ဂျွတ် ဝုန်း..... “

ဒုတိယရိုက်ချက်မှာ ကြယ်ပျံဂိုဏ်းချုပ်၏ပခုံးရိုးကိုချိုးသွားကာ တတိယရိုက်ချက်မှာမူ ကြယ်ပျံဂိုဏ်းချုပ်၏ဦးခေါင်းကို ကွဲကြေသွားစေသည်။

ဟူချန်း၏တုတ်ရှည်တွင်သွေးများစွန်းပေနေကာ ကြယ်ပျံဂိုဏ်းချုပ်၏ခန္တာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ဖွဲအိတ်တစ်အိတ်လိုပြုတ်ကျလာသည်။

“ ပျင်းစရာကောင်းလိုက်တာ သူက နောက်ထပ်သိုင်းကွက်နည်းနည်းလေးတောင်တောင့်မခံနိုင်တော့ဘူး “

ချင်းယန်ဓားဂိုဏ်း၏ဘေးမှ မြင့်မားသည့် သစ်ပင်ကြီးထက်တွင်ရှိနေသည့်လူရိပ်တစ်ခုမှ စိတ်မကောင်းသည့်ဟန်ဖြင့် ပြောလိုက်သည်။

သို့သော် သူ၏လေသံမှာ ကြယ်ပျံဂိုဏ်းချုက်ကို လုံးဝစာနာသည့်ပုံမပေါ်ပေ။

“ ဟားးဟားး ငါလည်း သူနည်းနည်းလြော်တောင့်ခံနိုင်ရင်သွားပြီးကူမလို့ပါ “

ကျန်သည့်လူတစ်ယောက်မှလည်း လှောင်ပြောင်လိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ကိစ္စပြီးရင် ဒီကောင်တွေကိုရှင်းပစ်ရမှာဆိုတော့ လက်ညစ်ပတ်သက်သာ‌တာပေါ့ “

တတိယလူမှာ အေးစက်စက်ပြောလိုက်ရင်း ချင်းယန်ဓားဂိုဏ်း၏ခြံဝန်းထဲသို့ ပေါ့ပါးစွာဆင်းသွားလိုက်သည်။

All Chapters