← Chapters

သွေးလဖျက်ဆီးသူ

Vol. 3 Ch. 251

သွေးလဖျက်ဆီးသူ

Vol. 3 Ch. 251

“ ဝုန်း.... “

အနက်ရောင်လက်ဝါးရိပ်ကြီး၏တိုက်ခိုက်မှုအောက်တွင်ချောင်ဖေးရှန်၏ခန္တာကိုယ်မှာ ကြိုးပြတ်သည့်စွန်တစ်ကောင်ပမာလွင့်စင်သွားသည်။

ချင်းယန်ဓားဂိုဏ်းသားများသာမက သူတို့၏ဂိုဏ်းချုပ်ဟူချန်းပင်မယုံကြည်နိုင်သလိုဖြစ်နေသည် ။

သိုင်းဝိဇ္ဇာအဆင့်များအားကောင်းမှန်းသိသော်လည်း ထိုမျှအထိအားကောင်းလှမှန်းသူတို့ထင်မှတ်မထားကြပေ ။

အဆင့်လွန်သိုင်းအဆင့်နှင့် သိုင်းဝိဇ္ဇာအဆင့်ဆိုသည်မှာ ‌တစ်ဆင့်သာကွာခြားသော်လည်း ထိုတစ်ဆင့်မှာ မိုးနှင့်မြေလိုကွာခြားလှသည် ။

အထူးသဖြင့် နဂါးမျက်နှာဖုံးနှင့်လူအသုံးပြုခဲ့သည့်လက်ဝါးချက်မှာ လွန်စွာထူးဆန်းကာ အပျော့အမာကိုပေါင်းစပ်ထားပုံရသည်။

ဟူချန်းတို့လူစုမှာ ထိုကဲ့သို့ ထူးတးဆန်းသည့် လက်ဝါးသိုင်းကိုမမြင်ဖူးသော်လည်း ရွှမ်းနန်ကိုယ်တော်၏မျက်လုံးများမှာ မသိမသာကျဉ်းမြောင်းသွားသည် ။

ထို့နောက် သူ၏မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာသည်။

“ ဝေါ့ “

ချောင်ဖေးရှန်မှ သွေးတစ်လုပ်အန်ထုတ်ကာ ဒယီးဒယိုင်ဖြင်ပထရပ်လာသည် ။

နဂါးမျက်နှာဖုံးနှင့်လူ၏တိုက်ခိုက်မှုအောက်တွင် အပြင်းထန်ဒဏ်ရာရရှိသွားသည်မှာ ထင်ရှားပေသည်။

သို့သော် နဂါးမျက်နှာဖုံးနှင့်လူမှညှာတာလိုက်ခြင်းကြောင့် သူအသက်ရှင်ခဲ့ခြင်းဖြစ်သည် ။

သိုင်းဝိဇ္ဇာအဆင့်တစ်ယောက်၏ အားကောင်းသည့်တိုက်ခိုက်မှုမှာ ရယ်စရာမဟုတ်ပေ ။

“ မင်း.... မင်းက ဘယ်လို “

နဂါးမျက်နှာဖုံးနှင့်လူမှာ ချောင်ဖေးရှန်၏မျက်နှာထက်တွင် လွန်စွာထိတ်လန့်အံ့ဩသည့်ဟန်များပေါ်ထွက်လာသည်။

သူ၏ဟန်ပန်အရ ထိုလူမည်သူမည်ဝါဖြစ်ကြောင်းကို ကောင်းစွာအကဲခပ်မိပုံရသည်။

“ ဝှစ် “

နဂါးမျက်နှာဖုံးနှင့်လူမှ ချောင်ဖေးရှန်၏အနီးသို့ အရိပ်တစ်ခုလိုရောက်သွားကာ သူ၏လက်များလျှင်မြန်စွာလှုပ်ရှားသွားသည်။

ချောင်ဖေးရှန်၏ခန္တာကိုယ်ကြီးမှာ တောင့်တင်းသွားကာ စကားပြော၍လည်းမရတော့ပေ။ သူအကြောပိတ်ခံလိုက်ရပြီဖြစ်သည်။

သိသိသာသာပင် နဂါးမျက်နှာဖုံးနှင့်လူမှသူ၏ဇာတ်မြစ်ကို ထုတ်ဖော်လိုပုံမရပေ။

ထို့နောက် သူ၏ခန္တာကိုယ်ရွေ့လျားသွားပြန်ကာ ချင်းယန်ဓားဂိုဏ်းသားများဝန်းရံထားသည့် ဟိုင်းယွမ်ညီအစ်ကိုအနီးသို့ရောက်သွားသည်။

ချင်းယန်ဓားဂိုဏ်းသားများ၏ခန္တာကိုယ်မှာတောင့်တင်းသွားကာာအလျှင်မြန်နောက်ဆုတ်လိုက်ကြသည်။

ကွာခြားလှသည် ။ အကယ်၍ထိုလူမှသူတို့အားတစ်စုံတစ်ရာပြုလုပ်လိုလျှင်သူတို့မည်သည့်နည်းနှင့်မှ ခုခံနိုင်မည်မဟုတ်ပေ။

နဂါးမျက်နှာဖုံးနှင့်လူမှ ဟိုင်းယွမ်ညီအစ်ကိုကို ချောင်ဖေးရှန်ကဲ့သို့ အကြောပိတ်လိုက်ပြန်သည်။

ချင်းယန်ဓားဂိုဏ်းထဲတွင် တိတ်ဆိတ်သွားကာ သူတို့၏အာရုံမှာ နဂါးမျက်နှာဖုံးနှင့်လူထံသို့ စုပြုံကျရောက်နေသည်။

ချင်းယန်ဓားဂိုဏ်းသားများနှင့် ဂိုဏ်းချုပ်ဟူချန်းလည်း သူတို့၏လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ထားကြမိသည်။

တစ်ဖက်လူမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများကိုအနိုင်ယူခဲ့သော်လည်း မိတ်ဆွေရန်သူကွဲပြားသေးသည်မဟုတ်ပေ။

သိုင်းဝိဇ္ဇာတစ်ယောက်နှင့်မျက်နှာချင်းဆိုင်ရခြင်းမှာ လွန်စွာဖိအားများကာ အထူးသဖြင့် သူတို့ကိုအလွယ်တကူသတ်ဖြတ်နိုင်သည့်လူတစ်ယောက်၏ရှေ့တွင်ဖြစ်သည်။

ဟူချန်းမှာ သူ၏လက်ဖဝါးထဲတွင် ချွေးများစိမ့်ထွက်လာသလိုခံစားလိုက်မိကာ ပူအိုက်လာသည်။ သို့သော် သူ၏နောက်တွင်တည်ငြိမ်စွာရပ်နေသည့် ရွှမ်းနန်ကိုယ်တော်ကြောင့် သူများစွာပူပန်ခြင်းတော့မရှိပေ။

“ မိတ်ဆွေက ကျုပ်တိုချင်းယန်ဓားဂိုဏ်းကိုလာတာ ဒီလူသုံးယောက်ကိုဖမ်းဆီဖို့အတွက်ပဲလား “

ဟူချန်းမှ ဖိအားတစ်ချို့ခံစားမိနေသော်လည်း ခေါင်းဆောင်ပီသစွာ ရှေ့သို့ထွက်၍ နဂါးမျက်နှာဖုံးနှင့်လူအား လေးစားသည့်လေသံဖြင့် မေးလိုက်သည်။

“ ဟားးဟားး ဂိုဏ်းချုပ်ဟူ ကျုပ်ဒီကိုလာတာ ခရမ်းရောင်သွေးလဂိုဏ်းသားတွေကိုမတော်တဆတွေ့လိုက်လို့ပါ ဂိုဏ်းချုပ်ဟူစိတ်မရှိပါနဲ့ ။

ကျုပ်တို့ သွေးလဖြိုခွင်းသူအဖွဲ့က မကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘးး “

နဂါးမျက်နှာဖုံးနှင့်လူမှ လက်ကိုဝေ့ယမ်း၍ ပေါ့ပေါ့ပါးပါးဟန်ဖြင့်ပြောလိုက်သည်။

သူ၏ရန်လိုဟန်မရသည့်စကားကြောင့် ဟူချန်းလည်း စိတ်အေးသွားကာ တစ်စုံတစ်ရာပြောမည်ပြုလိုက်သည်။

သို့သော် နဂါးမျက်နှာဖုံးနှင့်လူ၏စကားကိုပြန်စဉ်းစားလိုက်မိကာ သူ၏မျက်နှာမှာ လွန်စွာအံ့အားသင့်ပုံပေါ်လာသည်။

ထိုစဥ်နဂါးမျက်နှာဖုံးနှင့်လူမှ ခေါင်းကိုမော့ကာအတွင်းအားသုံး၍လေချွန်လိုက်သည်။

“ ရွှီး.... “

ကျယ်‌လောင်သည့်လေချွန်သံကြီးကြောင့် ချင်းယန်ဓားဂိုဏ်းမှအဆင့်မြင့်သိုင်းသမားများပင် သွေးများဆူပွတ်သွားသလိုဖြစ်သွားသည်။

အချိန်အနည်းငယ်ကြာပြီးနောက် အနက်‌ရောင်ဝတ်စုံဝတ် နဂါးမျက်နှာဖုံးစွပ်နှစ်ယောက်မှာ ချင်းယန်ဓားဂိုဏ်း၏ခြံဝန်းထဲသို့ရှေ့ဆင့်နောက်ဆင့်ရောက်လာသည်။

ထိုလူသုံးယောက်မှာ အဆင့်မြင့်လှသည့်ကိုယ်ဖော့ပညာဖြင့် ခြံဝန်းထဲသို့အသာခုန်ဝင်ကာ အတွင်းထဲမှသိုင်းသမားများကိုဝေ့ကြည့်လိုက်သည်။

“ အဆင့်လွန်သိုင်းသမားတွေ “

ချင်းယန်ဓားဂိုဏ်းသားများမှာ ထိူလူများကြောင့်ျုန်လှုပ်သွားပြန်သည်။

ထိုနှစ်ယောက်၏အငွေ့အသက်များမှာလွန်စွာအားကောင်းကာ ချောင်ဖေးရှန်ထက်မနိမ့်ကျပေ။

ထိုနဂါးမျက်နှာဖုံးစွပ်နှစ်ယောက်မှ ဦးစွာရောက်နေသည့်သိုင်းဝိဇ္ဇာအဆင့်မျက်နှာဖုံးစွပ်ကိုဂါရဝပြုလိုက်သည်။

“ သူတို့သုံးယောက်ကိုသယ်သွားလိုက် “

အဖြူရောင်ဝတ်စုံနှင့်လူမှ အကြောပိတ်ခံထားရသည့်ချောင်ဖေးရှန်တို့သုံးယောက်ကိုဝေ့ကြည့်ကာပြောလိုက်သည်။

နောက်ထပ်ရောက်လာသည့်လူနှစ်ယောက်လည်းချောင်ဖေးရှန်တို့၏ တောင့်တင်းနေသည့်ခန္တာကိုယ်များကိုသယ်ဆောင်ကာ ခြံဝန်းတံတိုင်းထက်မှပေါ့ပါးစွာခုန်ကျော်သွားကြသည်။

“ ဟားးဟားး ရွှမ်းနန်ကိုယ်တော် ကျုပ်တို့နောက်တစ်ကြိမ်ကျအားရအောင်တိုက်ခိုက်တာပေါ့ “

မည်သည့်အချိန်ထဲက တံတိုင်းပေါ်ရောက်နေမှန်းမသိသည့် အဖြူရောင်ဝတ်စုံနှင့်လူမှ ပြောလိုက်သည်။

ရွှမ်းနန်ကိုယ်တော်လည်း တည်ငြိမ်သည့်အပြုံးဖြင့် သဘောတူညီသည့်အပြုအမူအဖြစ် ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် ထိုလူမှာ မီးခိုးတန်းတစ်ခုလိုပျောက်ကွယ်သွားလေသည်။

ချင်းယန်ဓားဂိုဏ်းသားများမှာ ထိုလူအားလုံးထွက်ခွာသွားသည့်အချိန်မှ သက်ပြင်းဝဝရှိုက်လိုက်ကြသည်။

ယနေ့ဖြစ်ပျက်သွားသည့်အဖြစ်မှာ သူတို့၏ဘဝတွင်စိတ်အလှုပ်ရှားဆုံးဖြစ်စေသည့်အဖြစ်အပျက်ပင်ဖြစ်သည်။

ဟူချန်းမှာ တစ်စုံတစ်ရာပြောလိုဟန်ဖြင့်ရွမ်းနန်ကိုယ်တော်အားကြည့်လိုက်သည် ။

“ တစ်ခါတစ်လေမှာ ဘာကိုမှမသိဘဲ အေးအေးဆေးဆေးနေတာက အကောင်းဆုံးဘဝပဲ

ဘာတာဝန်တွေမှယူစရာမလိုသလို ဘာကိုမှအများကြီးစိတ်ပူနေစရာမလိုဘူး ဘယ်လောက်အေးချမ်းလိုက်သလဲ “

ရွှမ်းနန်ကိုယ်တော်မှ ဟူချန်းအားမကြည့်ဘဲ တစ်ကိုယ်တည်းရေရွတ်သလိူပြောလိုက်သည်။

ဟူချန်း၏မျက်ဝန်းထဲတွင် အရိပ်အမျိုးမျိုးဖြတ်ပြေးသွားကာ တိတ်ဆိတ်စွာဖြင့် ခေါင်းညိမ့်လိုက်မိသည်။

&&&

မြေအောက်နန်းဆောင်

အခန်းကျယ်ကြီးထဲရှိ ခမ်းနားသည့်ထိုင်ခုံကြီးထက်တွင် ခရမ်းရောင်သွေးလဂိုဏ်းချုပ်မှာ မြင့်မားခန့်ငြားသည့်ကိုယ်ဟန်ဖြင့်ထိုင်လျက်ရှိသည် ။

သူ၏‌ ဘေးတစ်ဖက်တစ်ချက်တွင် ဝမ်းတနှင့်ဝမ်းတုတို့ အေးစက်သည့်မျက်နှာဖြင့်ရပ်နေကာ ရှေ့တွင်မူ မျက်နှာဖုံးစွပ်လူသုံးယောက် ၊ သံမဏိဘုရင်လူ့ဘီလူးကြီး ၊ အဆိပ်ဘုရင်အဖိုးအိုတို့မှာ အားကောင်းသည့်အငွေ့အသက်များကိုထုတ်ဖော်ကာ ရှိနေကြသည်။

ထိုလူငါးယောက်တစ်စုတစ်စည်းထဲရှိနေသည်ကို သိုင်း‌လောကသားများသာမြင်လိုက်ပါကလွန်စွာထိတ်လန့်တုန်လှုပ်‌သွားပေမည်။

ခရမ်းရောင်သွေးလဂိုဏ်း၏ဘုရင်ငါးပါးမှာ သိုင်း‌လောကထဲတွင်နာမည်ကျော်ကြားသော်လည်းတစ်ယောက်စနှစ်ယောက်စသာ ပေါ်ထွက်လာတတ်သည် ။

သူတို့ငါးယောက်လုံးကိုမပြောနှင့် နှစ်ယောက်ပြိုင်တူထွက်ပေါ်လာသည်ပင်ရှားပါးလှသည်။

ထို့ကြောင့်ပင် သိုင်းလောကသားများမှာ ခရမ်းရောင်သွေးဂိုဏ်းတွင်ဘုရင်ငါးပါးရှိသည်ကိုသိရှိသော်လည်း အချို့မှာ ကောလဟာလအဖြစ်သာမှတ်ယူထားကြသည်။

ထို့အပြင် သိုင်းဝိဇ္ဇာငါးယောက်ကိုခုခံနိုင်သည့်အင်အားစုမှာ သိုင်းလောကထဲတွင်မရှိသေးပေ။

ထို့ထက်ပို၍တုန်လှုပ်ဖွယ်ကောင်းသည်က ခရမ်းရောင်သွေးလဂိုဏ်းတွင်ဘုရင်ငါးပါးထက်အဆပေါင်းများစွာအင်အားကောင်းသည့် နှင်းငွေ့မိစ္ဆာသခင်ရှိနေသည်။

ဘုရင်ငါးပါး၏နောက်တွင် မျက်နှာဖုံးကိုယ်စီနှင့် အဆင့်လွန်သိုင်းသမားနှစ်ဆယ်ကျော်ရှိနေသည်။

ထိုလူတစ်‌ယောက်ချင်းစီမှာ သာမန်အဆင့်လွန်သိုင်းသမားများထက်များစွာအားကောင်းကာ ပထမတန်းစားဂိုဏ်းများ၏ဂိုဏ်းချုပ်များနှင့်နှိုင်းယှဉ်နိုင်သည်။

“ အင်း.... သိုင်းလောကထဲမှာ မမျှော်လင့်ထားတာတွေဖြစ်လာနေတယ် ။ ငါတို့ရဲ့အစီအစဉ်က ပထမတစ်ပိုင်းအောင်မြင်လို့ သိုင်းလောကသားတွေ ငါတို့အင်အားကိုကြောက်ရွံစိတ်တွေဖြစ်ကုန်ကြပေမယ့် ငါတို့ကိုအာခံရဲတဲ့လူတွေလည်းထွက်ပေါ်လာတယ် “

နှင်းငွေ့မိစ္ဆာသခင်မှ အနိမ့်အမြင့်မရှိသည့်လေသံဖြင့် တည်ငြိမ်စွာပြောလိုက်သည်။

သူ၏စကားကြောင့် မျက်နှာဖုံးစွပ်များလှုပ်လှုပ်ရှားရှားဖြစ်သွားကာ ဘုရင်ငါးပါးသည်လည်းဘတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြကြည့်လိုက်မိကြသည်။

“ သခင်က ဟို သွေးလဖျက်ဆီးသူဆို‌တဲ့ကောင်တွေကိုပြောတာလား။

ကျုပ်သာဌာနချုပ်ကိုအုပ်ချုပ်ရတဲ့တာဝန်မရှိရင် ဒဒီကောင်တွေကိုလိုက်ရှာပြီး အရေခွံဆုတ်ပစ်တယ် “

သံမဏိဘုရင်မှ သွေးဆာသည့်ဟန်ဖြင့်ရေရွတ်လိုက်သည်။ သူ၏စကားကြောင့် အခန်းထဲရှိလေထုမှာ အေးစက်သွားသည်။

All Chapters