← Chapters

တုန်ဖန်းလျှံ

Vol. 3 Ch. 252

တုန်ဖန်းလျှံ

Vol. 3 Ch. 252

“ သံမဏိ မင်းရန်သူကိုလျော့မတွက်နဲ့ သူတို့ထဲမှာ အဆင့်လွန်သိုင်းသမားအတော်များများပါပြီး သိုင်းဝိဇ္ဇာအဆင့်တွေတောင်ပါနေတယ် “

နှင်းငွေ့မိစ္ဆာသခင်မှ အေးစက်တည်ငြိမ်သည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် သံမဏိဘုရင်မှာ ခေါင်းငုံ့သွာကာ ကျန်လူများလည်းတိတ်ဆိတ်သွားသည်။

“ အင်း...နှမြောစရာပဲ သူသာရှိနေသေးရင် ငါ သွေးလဖျက်ဆီးသူဆိုတဲ့အဖွဲ့ရဲ့ သတင်းအတော်များများကို သိရမှာပဲ “

နှင်းငွေ့မိစ္ဆာသခင်မှ တီးတိုးရေရွတ်လိုက်သည်။ ဘုရင်ငါးပါးနှင့် မျက်နှာဖုံးစွပ်လူများမှာ နှင်းကွေ့မိစ္ဆာသခင်၏စကားကိုနားမလည်သော်လည်း တစ်စုံတစ်ရာမေးမြန်းဝံ့ခြင်းမရှိပေ။

“ မျက်နှာဖုံးစွပ်လက်ရွေးစင်တွေ “

နှင်းငွေ့မိစ္ဆာသခင်မှ လေးနက်သည့်ဟန်ဖြင့်ပြောလိုက်သည်။ သူ၏စကားကြောင့် မျက်နှာဖုံးစွပ်နှင့် အဆင့်လွန်သိုင်းသမားများမှာ တောင့်တင်းသွားကြသည်။

“ မင်းတို့ကငါ့ရဲ့လျှို့ဝှက်အင်အားတွေလို့ပြောလို့ရတယ် ဒါပေမယ့် ချောင်ဖေးရှန်နဲ့ ဟိုင်းယွမ်ညီအစ်ကိုကို သူတို့ဖမ်းမိသွားပြီဆိုတော့ မင်းတို့ရဲ့တည်ရှိမှုကိုလည်း အနည်းနဲ့အများရိပ်မိသွားနိုင်တယ် ။

ဂိုဏ်းကြီးခြောက်ဂိုဏ်းဆိုတာ အခြေခံအုတ်မြစ်နက်ရှိုင်းပြီး သူတို့ရဲ့အင်အားအစစ်အမှန်က ဖြုံလောက်စရာပဲ ။

သူတို့ဂိုဏ်းကြီးခြောက်ဂိုဏ်းသားပေါင်းပြီးတိုက်လာရင် ငါတို့အထိအခိုက်များနိုင်တယ် ။။သူတို့အခုချိန်အထိမလှုပ်ရှားသေးတာကလည်း ငါတို့ရဲ့အင်အားအတိအကျကို မသိသေးလို့ပဲ ။

အချိန်ကောင်းကိုစောင့်ချင်ပေမယ့် ငါတို့ထပ်ပြီးစောင့်လို့မရတော့ဘူး သူတို့မလှုပ်ရှားခင်လက်ဦးမှုယူရမယ်။။

ဒီအချိန်မတိုက်ခင်ကိုတော့ လူစုခွဲပြီးကိုယ်ယောင်ဖျောက်နေကြဦး အချိန်တစ်ခုကိုရောက်လာတာနဲ့ ငါတို့တစ်ပြိုင်နက်ပေါ်ထွက်လာမယ် ။

အဲဒီအချိန်ကျရင် ငါတို့ရဲ့ရပ်တန့်မရတဲ့အင်အားကို ဘယ်သူမှမတားဆီးနိုင်ဘဲနဲ့ သိုင်းလောကရဲ့အစစ်အမှန်အရှင်သခင်တွေဖြစ်လာလိမ့်မယ် “

နှင်းငွေ့မိစ္ဆာသခင်၏ ရှင်းလင်းသည့်စကားများမှာ သူတို့၏နားထဲတွင်ပြက်သားစွာကြားနေရကာ သူတို့၏သွေးများဆူပွတ်သွားသလိုခံစားလိုက်ရသည်။

ထို့အပြင် တောက်ပသည့်အနာဂတ်ကိုလှမ်းမျှော်ကြည့်ရင်း သူတို့၏စိတ်ထဲတွင်တက်ကြွလာကြသည် ။

နှင်းငွေ့မိစ္ဆာသခင်မှ ဘုရင်ငါးပါးအတွက် ညွန်ကြားချက်များကိုဆက်ပြောလိုက်သည် ။

“ သခင်ကြီးသိုင်းလောကကို အုပ်စိုးနိုင်ပါစေ “

အဆင့်လွန်သိုင်းသမားနှစ်ဒါဇင်ကျော်မှ ဒူးထောက်ချကာ သံပြိုင်ရေရွတ်လိုက်ကြသည်။

ထို့နောက် ထိုလူများမှာ ခန်းမအတွင်းမှထွက်ခွာသွားကာ ဘုရင်ငါးပါးသည်လည်း တာဝန်အသီးသီးကြောင့် ခပ်သုတ်သုတ်ထွက်သွားကြသည်။

ခန်းမကျယ်ကြီးထဲတွင် နှင်းငွေ့မိစ္ဆာသခင်နှင့် ဝမ်းတ ဝမ်းတုတို့သုံးယောက်သာ ကျန်ရှိတော့သည်။

“ ဆရာ ကျနော်တို့ကိုဘာခိုင်းစရာရှိလို့လဲ “

ဝမ်းတနှင့် ဝမ်းတုမှ ကြမ်းပြင်တွင်ဒူးထောက်ထိုင်ချရင်းမေးလိုက်သည် ။

နှင်းငွေ့မိစ္ဆာသခင်၏စူးရှတောက်ပသည့်မျက်လုံးများမှာ ဝမ်းတုအား သူစူးစိုက်ကြည့်နေသည်။

ဝမ်းတုမှာ နှင်းငွေ့မိစ္ဆာသခင်၏အကြည့်များကြောင့်သူ၏စိတ်ထဲတွင် မသက်မသာဖြစ်သွားသည်။

“ ဟူး.... “

အတန်ကြာမှ နှင်းငွေ့မိစ္ဆာသခင်မှ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။ သူ၏ပုံစံမှာ တစ်စုံတစ်ခုအား ဆုံးဖြတ်ရခက်နေပုံရသည်။

ဝမ်းတနှင့်ဝမ်းတုမှာ သူတို့ဆရာ၏ ထူးဆန်းသည့်အမူအယာကြောင့် တအံ့တဩဖြစ်သွားကာ သိချင်စိတ်ပြင်းပြလာကြသည်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်ထုတ်ဖော်မပြောသ၍ သူတို့မေးမည်မဟုတ်ပေ။

“ ဝမ်းတု “

နှငိးငွေ့မိစ္ဆာသခင်၏ခေါ်သံကြောင့် ဝမ်းတု၏ခန္တာကိုယ်ဆက်ခနဲဖြစ်သွားကာာမော့ကြည့်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်မှ ဝမ်းတုကိုကြည့်မနေပေ ။ အဝေးဆီသို့ငေးနေရင်း ဖြေးညင်းစွာပြောလိုက်သည်။

“ မင်းစန်းလျှံကို အဆုံးရှုံးမခံနိုင်ဘူးလား “

နှင်းငွေ့မိစ္ဆာသခင်၏ ထင်မှတ်မထားသည့်မေးခွန်းကြောင့် ဝမ်းတုမှာတုန်လှုပ်သွားကာ ဝမ်းတလည်း မျက်မှောင်ကြုတ်သွားသည်။

နှငိးငွေ့မိစ္ဆာသခင်မှ မည်သည့်အတွက် ထိုမေးခွန်းကိုမေးသည်ကို သူ မသိသော်လည်းသူ၏အဖြေမှာ အဆင့်သင့်ရှိနေသည်။

“ ကျနော် သူ့ကို ကျနော့်အသက်ထက်ပိုပြီးချစ်မြတိနိးတယ် ။။လုံးဝအဆုံးရှုံးမခံနိုင်ပါဘူး “

ဝမ်းတုမှ ပြက်သားသည့်လေသံဖြင့်ပြောလိုက်သည်။ နှင်းငွေ့မိစ္ဆာသခင်လည်း ဝမ်းတု၏အဖြေကြောင့် ခေါင်းကိုဖြေးညင်းစွာခါယမ်းလိုက်သည်။

ထို့နောက် လေးလံသည့်လေသံဖြင့်ပြောလိုက်သည်။

“ ဒါဆိုရင် သူ့ကို သံနက်အကျဉ်းထောင်ထဲမှာ ဖမ်းချုပ်ထားလိုက် “

“ ဘာဖြစ်လို့လဲ ဆရာ .... “

ဝမ်းတုမှာ သူနားကြားမှားသွားသည်ဟုပင်တွေးလိုက်မိသည်။ သို့သော် နှင်းငွေ့မိစ္ဆာသခင်၏ပုံစံမှာ လေးနက်နေသည်။ ထို့နောက် ထပ်၍ပြောလိုက်သည်။

“ စန်းလျှံဆိုတာ တုန်းဖန်းရှန်ရဲ့သမီး တုန်းဖန်းလျှံဆိုတာနဲ့ ငါတို့ရဲ့သတင်းတချို့ကို သူတောင်းစားဂိုဏ်းကို သတင်းပို့နေတယ်ဆိုရင်ကော “

နှင်း‌ငွေ့မိစ္ဆာသခင်၏စကားကြောင့် ဝမ်းတု၏မျက်နှာထက်တွင် မယုံမကြည်ဖြစ်ခြင်းနှင့်အတူ ဝမ်းတသည်လည်းလွန်စွာအံ့အားသင့်သွားသည်။

“ ကျန်းနန်မှာ ကျနော်တို့သတ်ဖြတ်ခဲ့တဲ့ နဂါးစိမ်းဂိုဏ်းခွဲမှူးတုန်းဖန်းရှန်ရဲ့သမီးလား “

ဝမ်းတ၏မေးခွန်းကြောင့် နှင်းငွေ့မိစ္ဆာသခင်လည်း ခေါင်းညိမ့်ပြကာ ပြောလိုက်သည်။

“ ဟုတ်တယ် သူပဲ။ သူကလောင်းကစားမြို့တော်မှာ ဝမ်းတုကိုချဥ်းကပ်ပြီး ခရမ်းရောင်သွေးလဂိုဏ်းထဲကိုရောက်လာခဲ့တယ်။

အဲဒီနောက်မှာ သူ့ရဲ့ဉာဏ်ရည်ထက်မြက်တာနဲ့လိမ္မာပါးနပ်တာတွေကိုအသုံးချပြီး ငါတို့ရဲ့ယုံကြည်မှုကိုရရယူခဲ့တယ်။

သူက သိုင်းလောကသားမဟုတ်တော့ သူ့ကိုစုံစမ်းရတာခက်ခဲတယ်။ ငါသူ့ရဲ့နောက်ကြောင်းကိုစုံစမ်းခိုင်းလိုက်တော့ အချိန်အတော်‌လေးကြာအောင်စုံစမ်းပြီးမှ သူကတုန်းဖန်းရှန်ရဲ့သမီးဖြစ်မှန်းသိလိုက်တာ ။

အဲဒီအချိန်မှာ သူကဝမ်းတုနဲ့ချစ်နေကြပြီ။ ဒါကြောင့် ငါက သူ့ရဲ့လုပ်ရပ်တွေကိုအသာကြည့်နေပြီး သူ့ကိုအနီးကပ်စောင့်ကြည့်ခဲ့တာပဲ။

သူ့ရဲ့စိတ်ဓာတ်နဲ့ဇွဲကောင်းမှုကိုတော့ ငါချီးကျူးတယ်။ ငါက သူ့ကိုငါ့ရဲ့သုံးယောက်မြောက်တပည့်အဖြစ်တောင်လက်ခံချင်ခဲ့တာ။

နှမြောစရာကောင်းတာက သူကငါတို့ခရမ်းရောင်သွေးလဂိုဏ်းကိုဖျက်ဆီးချင်တဲ့လူဖြစ်နေတာပဲ “

နှင်ငွေ့မိစ္ဆာသခင်၏ရှည်လျားသည့်စကားအဆုံးသတ်သွားပြီးနောက် ဝမ်းတု၏ခန္တာကိုယ်မှာာယိမ်းယိုင်သွားကာ သူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများပြည့်နေဆဲပင်။

သို့သော် နှင်းငွေ့မိစ္ဆာသခင်မှ သူ့ကိုလိမ်ညာမည့်လူမဟုတ်မှန်းကိုသူကောင်းစွာသိသည်။

“ ဆရာ ဒါဆို မရီးကို “

ဝမ်းတမှ အထစ်ထစ်အငေါ့ငေါ့ဖြင့်မေးလိုက်သည်။ သိသိသာသာပင် သူလည်းစန်းလျှံဟုသိထားခဲ့သည့်တုန်းဖန်းရှန်နှင့် လွန်စွာရင်းနှီးပေသည်။

စင်စစ် ဝမ်းတုနှင့်ဝမ်းတမှာ အမှောင်လက်ဝါးနှင့်ငရဲဓားအဖြစ်သိုင်းလောကထဲတွင်ရက်စက်မှုဂုဏ်သတင်းနှင့်ကျော်စောသော်လည်း သူတို့၏အနီးရှိလူများကိုလွန်စွာတွယ်တာပေသည်။

သူတို့ဘဝသည်လည်း နှင်းငွေ့မိစ္ဆာသခင်နှင့်တွေ့ဆုံခြင်းမရှိပါက သာမန်သူတောင်းစားငယ်လေးများပင်ဖြစ်နေဦးမည်။

ထို့ကြောင့် နှင်းငွေ့မိစ္ဆာသခင်အားဆရာတစ်ယောက်လိုရော ကျေးဇူးရှင်တစ်ယောက်လိုပါ လေးစားကိုးကွယ်ခြင်းဖြစ်ပေသည်။

ယခု သူသိထားသည့်စန်းလျှံမှာ သူတို့ဂိုဏ်းကိုဖျက်စီးရန်ညတစ်ချိန်လုံးကြံစည်နေသည့်အတွက် ဝမ်းတသည်ပင် မည်သို့ဆုံးဖြတ်ရမှန်းမသိတော့ပေ။

ထိုအချိန်တွင်ဝမ်းတုမှာ ခေါင်းကိုအောက်ငုံ့၍ အသက်မဲ့သောမျက်နှာဖြင့်ရှိနေသည်။

“ ဟူး.... ငါသူ့ကိုသတ်မယ်လို့ပြောတာမဟုတ်ပါဘူ ။ နောက်ထပ်ငါတို့ရဲ့အစီအစဉ်ကြီးတွေကြောင့် သူ့ကို‌ခဏဖမ်းချုပ်ထားဖို့ခိုင်းတာပါ ။ ငါသူ့ကိုမသတ်ပါဘူး “

လွန်စွာရက်စက်မာကျောသည်ဆိုသည့်နှင်းငွေ့မိစ္ဆာသခင်မှာ သူ၏တပည့်များကြောင့် သူ၏စိတ်ကိုလျော့ချလိုက်ခြင်းဖြစ်ပုံရသည်။

သို့မဟုတ်ပါက လူပေါင်းရာထောင်ချီ၍သတ်ဖြတ်ရလျှင်ပင် မျက်တောင်တစ်ချက်ခက်မည့်လူစားမျိုးမဟုတ်ပေ။

နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့် ဝမ်းတ၏မျက်နှာထက်တွင် စိတ်သက်သာရာရသည့်ဟန်ပေါ်လာကာ ခေါင်းငိုက်စိုက်ကျနေသည့်ဝမ်းတုလည်း ပျော်ရွှင်သည့်မျက်နှာဖြင့် သူ၏ဆရာကိုမော့ကြည့်လိုက်သည်။

သို့သော် သူ၏စိတ်ထဲတွင်တော့အနည်းငယ်ရှုပ်ထွေးဆဲပင် သူနှစ်နှစ်လုံးလုံးပေါင်းသင်းခဲ့သည့် သူ၏ချစ်သူမှာ သူတို့ကိုလက်စားချေရန်အတွက်အကြံအစည်နှင့်ရောက်လာခြင်းဆိုသည်ကို မယုံကြည်နိုင်ဖြစ်နေသေးသည်။

“ ထားတော့ ဒီကိစ္စကိုနောက်မှဆုံးဖြတ်။ ငါတို့ရဲ့အစီအစဉ်ကြီးကို ထိခိုက်မခံနဲ့ အခုငါခိုင်းချင်တာအခြားတစ်ခုပဲ ။

မင်းတို့လူတစ်ယောက်ကို လိုက်ရှာပြီးသတ်ရမယ် ။ ဘယ်နေရာမှာပဲရှိရှိသူ့ကို သတ်ရမယ် “

နှင်းငွေ့မိစ္ဆာသခင်မှ လက်ကိုဝေ့ယမ်း၍ပြောလိုက်ရာ ဝမ်းတနှင့်ဝမ်းတုလည်း စူးရှသည့်မျက်လုံးမျာဖြင့်မော့ကြည့်လိုက်သည်။

သူတို့၏ပုံစံမှာ အစောပိုင်းကလို စိတ်ခံစားချက်များကြားတွင် တွေဝေရှုပ်ထွေးမနေတော့ဘဲ သံယောဇဉ်ကင်းမဲ့သည့်လက်မရွံ့လူသတ်သမားများလိုပြန်ဖြစ်သွားသည်။

“ အဲဒီလူက သိုင်းပညာမထူးချွန်ပေမယ့် ဉာဏ်နီဉာဏ်နက်များပြီး ပုန်းရှောင်ထွက်ပြေးတဲ့နေရာမှာ နံပါတ်တစ်ပဲ ။ မင်းတို့ သတ်ရမှာက ငါရဲ့အရိပ်တစ်ဖွဲ့ခေါင်းဆောင်ဟောင်း .......ပဲ “

ဝမ်းတနှင့်ဝမ်းတုတို့မှာ အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

All Chapters