← Chapters

လွတ်မြောက်ခြင်း

Vol. 3 Ch. 255

လွတ်မြောက်ခြင်း

Vol. 3 Ch. 255

“ ရှင် သိပြီးပြီလား “

ရှန်းယွင်မှခေါင်းငုံ့၍မေးလိုက်သည်။ သူမ၏ပုံစံမှာအနည်းငယ်ရှက်ရွံ့နေဟန်ရသည်။

“ ငါလွန်ခဲ့တဲ့တစ်ပတ်ထဲကသိထားတာပါ ။။ဒါပေမယ့် မင်းကငါ့ဒီမှာနေချင်သေးတာလားလို့ ငါမသိချင်ယောင်ဆောင်ထား “

ထင်းရှီမှ အသာပြုံးကာပြောလိုက်သည့်အတွက် ရှန်းယွင်လည်း ခပ်တိုးတိုးပြောလိုက်သည်။

“ ကျမက ဒီမှာအချိန်နည်းနည်းပိုပြီးအတူရှိချင်ယုံပါ “

သူမ၏လေသံလေးကြောင့် ထင်းရှီလည်း တစ်စုံတစ်ရာဆက်၍မပြောတောပဘဲ သူမ၏ခန္တာကိုယ်‌လေးအားပွေ့ဖတ်ကာ ခေါင်းကိုအသာပွတ်ပေးလိုက်သည်။

“ စိတ်မပူပါနဲ့ မင်းကငါ့ရဲ့မိန်းကလေးပဲ ငါတို့လုပ်စရာတွေရှိသေးတဲ့အတွက် သိုင်းလောကထဲကိုပြန်သွားရဦးမယ်လေ “

ထင်းရှီမှ ချော့မော့၍ပြောလိုက်သည့်အတွက် ရှန်းယွင်လည်း တစ်စုံတစ်ရာပြောဆိုခြင်းမပြုတော့ဘဲ ထင်းရှီအားပြန်၍ဖတ်တွယ်ထားလိုက်သည်။

&&&&&&

နံနက်ခင်း

နေမင်း၏အလင်းရောင်မှာ မြေကမ္ဗလာပေါ်သို့အလည်အပတ်ကျရောက်လာကာ သက်ရှိလူသားတို့ကို နွေးထွေးမှုဖြင်ကလွှမ်းခြုံစေသည်။

သို့သော် လိုဏ်ဂူငယ်တစ်ခာအတွင်းတည်ရှိသည့်လျှို့ဝှက်ခန်းထဲတွင်တော့ အလင်းရောင်လုံလုံလောက်လောက်မရသည့်အတွက် မည်းမှောင်လျက်ရှိသည်။

ထို့ကြောင့်ပင်လျှို့ဝှက်ခန်းကိုအလင်းရောင်ရရှိ‌စေရန် ပြုလုပ်ထားသည့်မီးတုတ်အချို့ကိုထွန်းညိထားရသည်။

လိုဏ်ဂူထဲတွင် အသက်သုံးဆယ်အရွယ်ယောင်္ကျားတစ်ယောက်နှင့် အသက်နှစ်ဆယ်ပင်ပြည့်ဟန်မတူသေးသည့်မိန်းမပျိုတို့မှာ ငြိမ်သက်စွာရပ်လျက်ရှိသည်။

သူတို့၏ရှေ့ရှိ ကျောက်နံရံကြီးထက်တွင် နက်ရှိုင်းသည့်စာလုံးအပြည့်ရှိကာ ချောမွေ့သည့်ကျောက်နံရံအား တစ်စုံတစ်ခုဖြင့်ရေးထွင်းခဲ့ပုံရသည်။

‘ ငါ့အသက်ဆယ်နှစ်မှာ ငါ့ရဲ့ဆရာသခင်ဖြစ်လာမယ့်လူနဲ့တွေ့ခဲ့တယ်။ သူကသိုင်းလောကထဲက မရေမတွက်နိုင်တဲ့ထိပ်သီးသိုင်းသမားတွေကိူအနိုင်ယူခဲ့ပြီး သူ့ရဲ့နာမည်က လောကတစ်ခွင်ကျော်ကြားခဲ့တယ်။

ဆရာသခင်က မိဘမဲ့တစ်ကောင်ကြွတ်ဖြစ်တဲ့ငါ့ကို သူသွားလေရာခေါ်သွားပြီး သူ့ရဲ့ဓားပညာကိုအမွေပေးခဲ့တယ် ။ သူသုံးတာကတစ်ဖက်သွားဓားရှည်ပဲ။

ငါ့ကြီးပျင်းလာတဲ့အခါ ဆရာ့ရဲ့ပညာအမွေကိုလုံးဝဆက်ခံရရှိပြီး ငါ့ဆရာလိုပဲ သိုင်း‌လောကထဲကထိပ်သီးသိုင်းသမားတွေကိုစိန်ခေါ်ခဲ့တယ် ။ ဒါပေမယ့် ငါ့ကထင်ထင်ပေါ်ပေါ်နေရတာကိုမကြိုက်တော့ ငါ့ရဲ့စိန်‌ခေါ်မှုတိုင်းကို လျို့ဝှက်ပြီးတော့ ပြုလုပ်ခဲ့တယ်။

ဒီလိုနဲ့ဆယ်နှစ်ကြာပြီးတဲ့နောက်မှာ မရေမတွက်နိုင်တဲ့ပြိုင်ဘက်တွေကိုအနိုင်ယူပြီး ငါ့ရဲ့ဓားသိုင်းကလည်း အထွတ်အထိပ်ကိုရောက်လာခဲ့တယ်။ နောက်ဆုံး ငါရှောင်လင်ကျောင်းကိုသွားပြီးစိန်ခေါ်ခဲ့တယ်။

အဲဒီနေ့က မှတ်မှတ်ရရငါ့ရဲ့ပထမဆုံးအရှူံနဲ့ရင်ဆိုင်ရတာပဲ။ ရှောင်လင်ကျောင်းထိုင်နဲ့ငါနဲ့ သိုင်းကွက် သုံးရာကျော်တိုက်ခိုက်ခဲ့ပြီး ငါအနိုင်ရခဲ့တယ် ။

ဒါပေမယ့် ရှောင်လင်ကျောင်းကအပြန်မှာ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကငါ့ကိုစိန်ခေါ်တိုက်ခိုက်ပြီး အကွက်တစ်ရာအတွင်းမှာပဲ ငါ့ကိုအနိုင်ယူသွားခဲ့တယ်။။

ဒါပေမယ့် ငါပျော်ငါတယ်် ပြီးပြည့်စုံနေပြီလို့ ငါထင်ခဲ့တဲ့ ငါ့ဓားသိုင်းရဲ့အားနည်းချက်တွေကို သိလိုက်ရလို့။

တောနက်ထဲမှာငါတစ် ယောက်ထဲနေပြီး ဓားပညညရဲ့သဘောတရားတွေကိုငါဆင်ခြင်ခဲ့တယ်။ ငါ့ရဲ့နောက်ထပ်အားနည်းချက်က အတွင်းအားနဲ့ကိုယ်ဖော့ပညာဆိုတာကို သိလိုက်ရလို့ သူတို့ကိုလည်းငါအားစိုက်ပြီးလေ့ကျင့်ခဲ့တယ်။

အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ ငါပျော့ပြောင်းမှု ၊ မာကျောမှု ၊ ပြင်းထန်မှု ၊ ပေါ့ပါးမှု ၊ ရှုပ်ထွေးမှု ၊ မြန်ဆန်မှုဆိုတဲ့ သဘောတရားခြောက်ခုကိုနားလည်ခဲ့ပြီးတော့ ပြီးပြည့်စုံတဲ့ဓားသိုင်းကိုတီထွင်နိုင်ခဲ့တယ် ။ ‌

ဒီအချိန်မှာ ငါ့ကိုအနိုင်ယူခဲ့တဲ့ လူနဲ့ပြန်ပြီးတိုက်ရရင်တောင်မှ ငါနိုင်မယ်လို့ယုံကြည်ချက်ရှိခဲ့တယ်။

ဒါပေမယ့် အရမ်းအထီးကျန်စရာကောင်းတယ်။သူ့ကဘယ်ကလာမှန်းမသိသလိုဘယ်ကိုရောက်သွားမှန်းမသိဘူး ။ ငါ့ဆရာကိုအနိုင်ယူခဲ့တဲ့လူလိုပဲ သူတို့က သိုင်းလောကထဲကပျောက်ကွယ်သွားကြတယ် ။

အဲဒီနောက်မှာတော့ ငါနေရာအနှံ့လေလွင့်သွားပြီး လွတ်လပ်တဲ့အရသာကိုအပြည့်အဝခံစားခဲ့တယ်။ နောက်ပြီး ကြုံရင်ကြံသလို ငါ့ရဲ့ပညာအမွေကိုလည်းချန်ထားပေးခဲ့တယ်။

ဒီနေရာမှာ ငါ့ရဲ့ဓားသိုင်းခြောက်ကွက်ထဲကတစ်ကွက်ဖြစ်တဲ့ လကွယ်ကြယ်ပျောက်ဓားကွက်ရှိတယ်။

ငါနဲ့ကံစပ်တဲ့လူဘယ်သူပဲဖြစ်ဖြစ်ငါ့ရဲ့ဓားပညာကိုသင်ယူနိုင်ပြီး သင်ယူပြီးသွားရင်တော့ ဒီအကြောင်းတွေကိုဖျောက်ဖျက်ပစ်လိုက်ပါ ။

နောက်ပြီး ဓားကွက်တွေကိုမသင်ယူခင်ဘယ်သူ့ကိုမှ နောက်ထပ်သင်ကြားမပေးရဘူးလို့ သစ္စာဆို‌ခဲ့ပါ။ ငါအသက်ရှင်ခဲ့တဲ့အချိန်တုန်းက ကျော်ကြားမှုကိုမကြိုက်သလိုငါသေဆုံးပြီးရင်လည်း ငါ့ရဲ့နာမည်ကျော်ကြားမှုကို ငါမကြိုက်ဘူး။

လူထူးဆန်းချန်ယန်ကျိ

ထင်းရှီတို့နှစ်ဦးလည်း ကျောက်သားနံရံထက်မှစာများကိုနောက်ထပ်တစ်ကြိမ်ပြန်ဖတ်လိုက်ပြီး ဦးညွတ်လိုက်ကြသည်။

“ ခင်ဗျားရဲ့ဓားကွက်က ကျုပ်အတွက်အတော်ကြီးအထောက်အကူပြုခဲ့ပါတယ်။ ခင်ဗျားရဲ့‌ စေတနာအတွက်လည်းကျေးဇူးတင်ပါတယ် “

ထင်းရှီမှ နောက်ထပ်တစ်ကြိမ်ဦးညွတ်ကာ ကျောက်နံရံအနီးသို့ကပ်သွားလိုက်သည်။ ထို့နောက် သူ၏ဓားအားဆွဲထုတ်ကာ လျှင်မြန်စွာလှုပ်ယမ်းလိုက်သည်။

“ ထန် ထန် “

ကျောက်နံရံနှင့်ဓားမှာ အဆက်မပြတ်ထိခတ်နေပြီး မီးများလည်း တဖွားဖွားပွင့်နေကာ အသက်ရှူချိန်အနည်းငယ်အတွင်းဓားချက်ပေါင်းရာနှင့်ချီ၍ ထုတ်ပြီးဖြစ်သည်။

ကျောက်နံရံထက်မှစာများမှာနက်ရှိုင်းသည့်ဓားရာများအောက်တွင်ဖုံးလွှမ်းခြင်းခံလိုက်ရကာ တစ်စုံတစ်ခုပင် ဖတ်၍မဖြစ်နိုင်ပေ။

ထင်းရှီမှာ လိုဏ်ဂူကြမ်းပြင်မှဓားကွက်ခြောက်ကွက်နှင့် အတွင်းအားလေ့ကျင့်နည်းကိုပါ ထိုနည်းအတိုင်းဖျက်‌ဆီလိုက်သည် ။

“ အင်း သူကဒီစာတွေကိုထွင်းဖို့ဘာလက်နက်ကိုမှသုံးခဲ့တာမဟုတ်ဘူး “

ထင်းရှီမှ သက်ပြင်းတစ်ချက်ချ၍ လေးစားသည့်ဟန်ဖြင့်ပြောလိုက်သည်။

“ ဒီလိုအတွင်းအားမျိုးက နက်ရှိုင်းသိမ်မွေ့ပြီးအထွတ်အထိပ်ကိုရောက်နေလောက်ပြီ “

ရှန်းယွင်မှလည်း ပခုံးလေးတွန့်ကာပြောလိုက်သည် ။ ထို့နောက် သူမတစ်စုံတစ်ခုအား သတိရဟန်ဖြင့်ပြောလိုက်သည်။

“ အစ်ကိုကြီးထင်းလေ့ကျင့်ခိုင်းခဲ့တဲ့အတွင်းအားကျင့်စဉ်က တစ်မျိုးကြီးပဲ အဲဒါကအတွင်းအားတွေလည်း တိုးမလာဘူး “

ရှန်းယွင်၏စကားကြောင့်ထင်းရှီလည်းခေါင်းယမ်းကာပြောလိုက်သည်။

“ အဲဒါက အတွင်းအားတိုးမလာစေပေမယ့်အချိန်တိုအတွင်း အတွင်းအားမြန်မြန်ပြည့်‌‌စေတယ် ။။ငါ့အထင်ကိုပြောရရင် ပြည်မကြီးကျင့်စဉ်မဟုတ်ဘူး “

ရှန်းယွင်လည်း သဘောတူဟန်ဖြင့်ခေါင်းညိမ့်ကာပြောလိုက်သည်။

“ ဟုတ်တယ်နော် လူထူးဆန်းချန်ယန်ကျိက သိုင်းပညာအထွတ်အထိပ်ကိုရောက်နေပြီး စိတ်ထားကလည်းထူးဆန်းမယ့်ပုံပဲ “

“ စိတ်ထားထူးဆန်းလို့လဲ လူထူးဆန်းချန်ယန်ကျိလို့ ဘွဲ့နာမည်ရတာပေါ့ ။။သူကလွဲပြီးဘယ်သူကဒီလိုချောက်ကမ်းပါးအောက်မှာ သူ့ရဲ့ဓားကွက်ကိုလာထားမှာလဲ ။ ထားတော့ ငါတို့အပေါ်တတ်နိုင်မယ့်လမ်းကိုသွားရအောင် “

ထင်းရှီ၏စကားကြောင့် ရှန်းယွင်လည်း အနည်းငယ်တုံ့ဆိုင်းနေပြီး ခေါင်းညိမ့်လိုက်သည်။ ။

&&&&&

မြောက်ပိုင်းတောင်တန်းဒေသမှာ နာမည်နှင့်လိုက်အောင် မြေပြန့်ဒေသနည်းပါးကာ တောင်စဉ်တောင်တန်းကြီးများ ၊ နက်ရှိုင်းလှသည့်ချောက်ကမ်းပါးကြီးများဖြင့် ပြည့်နှက်လျက်ရှိသည်။

အတော်အတန်မြင့်မားသည့်ချောက်ကမ်းပါးအောက်မှ သက်ရှိလူသားနှစ်ဦးတရွေ့ရွေ့တက်လာသည်။

ချောက်ကမ်းပါးမှာ အတော်လေးမြင့်မားသော်လည်း ငါးပေ ၊ ခြောက်ပေခန့်အကွာတွင် ကျောက်ချွန်များ ၊ ကျောက်စွန်းများမှ အထပ်ထပ်ရှိနေသည် ။

ထို့ကြောင့်လည်း ကိုယ်ဖော့ပညာထိပ်တန်းရောက်နေသူများအတွက် ဂရုတစိုက်တက်လာလျှင် အန္တရာယ်ကင်းနိုင်သည်။

“ ဝါး...... အပေါ်ကိုရောက်လာပြီ “

ချိုသာရွှင်မြူးသည့်ဟစ်အော်သံနှင့်အတူ အစိမ်းရောင်ဝတ်စုံနှင့်မိန်းမလှလေးမှ ဝမ်းသာအားရခုန်ပေါက်နေသည်။

သူမထင်းရှီနှင့်အတူချောက်ကမ်းပါးအောင်တွင်နေရသည်ကိုပျော်ရွှင်သော်လည်း ယခုလိုအပေါ်သို့ရောက်လာခြင်းက သူမ၏စိတ်ကိုရွှင်လန်းစေသည်။

ထင်းရှီလည်းသူမ၏နောက်တွင်ကပ်လျက်ပါလာပေသည်။ သူတို့နှစ်ဦးမှာ လျို့ဝှက်ခန်းထဲမှ လူထူးဆန်းချန်ယန်ကျိ၏အမွေကိုဖျက်ဆီးပြီးနောက် ချက်ခြင်းထွက်လာကြခြင်းဖြစ်သည်။

သူတို့လိုဏ်ဂူနှင့်အနည်းငယ်ဝေးသည့်နေရာမှ ချောက်ကမ်းပါးနံရံတွင်ချိုင့်ဝင်နေသည့်နေရာလေးမှတစ်ဆင့် အထပ်ထပ်ဖြစ်နေသည့်ကျောက်စွန်းများကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထို့နောက်တွင် သူတို့နှစ်ဦးစလုံးမှာ ကိုယ်ဖော့ပညာထိပ်တန်းအဆင့်ရှိကြသူများပီပီ တစ်နာရီကျော်ဂရုတစိုက်တက်လာပြီးနောက် အပေါ်သို့ပြန်ရောက်ခဲ့ခြင်းဖြစ်သည်။

သူတို့ရောက်နေသည့်နေရာမှ ယခင်သူတို့ပြုတ်ကျနေသည့်နေရာ၏ရှေ့ဘက်တွင်ရှိကာအနီးအနားတွင် တောအုပ်တစ်ခုရှိပြီး မြောက်ပိုင်း၏မြို့တော်ဟုဆိုနိုင်သည့် စင်းရွယ်မြို့နှင့်နီးကပ်သည်။

ရှန်းယွင်နှင့်ထင်းရှီတို့မှာ တောအုပ်ထဲသို့ဝင်ကာ လမ်းမအတိုင်းဖြေးညင်းစွာလျှောက်လာလိုက်သည်။

အကယ်၍ သရဲမြို့စားကြီးနှင့်အဆိပ်ဘုရင်တို့၏တိုက်ခိုက်မှုကိုမခံရပါက သူတို့အနေဖြင့်လွန်ခဲ့သည့်တစ်လကျော်ကပင် စင်းရွယ်မြို့ကိုရောက်နေပြီဖြစ်သည်။

All Chapters