← Chapters

အရှေ့ပိုင်းမှသိုင်းဝိဇ္ဇာ

Vol. 3 Ch. 256

အရှေ့ပိုင်းမှသိုင်းဝိဇ္ဇာ

Vol. 3 Ch. 256

ထိုတောလမ်းမှာ ပုံမှန်အချိန်များတွင်ပင် လူသွားလူလာနည်းပါးသည့်အတွက်ထင်းရှီတို့မှာ လူသူတစ်ဦးတစ်ယောကိုကိုမှမဆုံရသေးပေ။

“ ကွီး... “

တောအုပ်ထဲမှ စူးရှသည့်ငှက်အော်သံများမှာ ဟိုမှသည်မှထွက်ပေါ်လာကာ တောအုပ်တစ်ခုလုံးဆူညံနေသည်။

ထင်းရှီလည်း အနည်းငယ်ထူး‌ဆန်းသည့်အဖြစ်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသလို ရှန်းယွင်၏မျက်နှာလည်းကွက်ခနဲပျက်သွားသည်။

“ အစ်ကိုကြီးထင်းသူတို့လာနေပြီ “

ရှန်းယွင်၏စကားကြောင့် ထင်းရှီလည်းအနည်းငယ်အံ့အားသင့်သွားသည်။

“ ဘယ်သူတွေလဲ “

ရှန်းယွင်မှ ခေါင်းကိုငုံ့ကာ ခပ်တိုးတိုးဖြေလိုက်သည်။

“ လင်းယုန်နက်တွေ “

ရှန်းယွင်၏စကားအဆုံး၌ အနက်ရောင်အရိပ်များမှာ သစ်ပင်များထက်မှခုန်ဆင်းကာ ထင်းရှီတို့အားဝိုင်းထားလိုက်ကြသည်။

ထိုလူများမှာ စုစုပေါင်းကိုးယောက်ခန့်ဖြစ်ကာ သူတို့အားလုံးအနက်ရောင်ဝတ်စုံနှင့်ဖြစ်ကြပြီး သူတို့၏ရင်ဘက်တွင် လင်းယုန်ငှက်ပုံများရှိသည်။

အံ့ဩဖွယ်ရာကောင်းသည်ကား ထိုလူများ၏ကိုယ်ဖော့ပညာမှာ အလွန်အဆင့်မြင့်ကာ သိုင်းလောကထဲမှ အဆင့်လွန်သိုင်းသမားများနှင့်ပင်နှိုင်းယှဉ်နိုင်သည်။

သူတို့၏သိုင်းပညာများမှာလည်း ခေပုံမရဘဲ ထိုကဲ့သို့ထူးဆန်းသည့်ဂိုဏ်းအဖွဲ့ကိုသိုင်းလောကထဲတွင် ထင်းရှီမကြားဖူးပေ။

ထိုစဉ် ထင်းရှီတို့၏ရှေ့တွင်ရပ်နေသည့် တည်ကြည်သည့်အနက်အနက်ရောင်ဝတ်စုံနှင့်အသက်လေးဆယ်အရွယ်လူမှအရိုအသေပေးရင်းပြောလိုက်သည် ။

“ မင်း... “

“ ကျမပြောလိုက်မယ်နော် စံအိမ်ကိုပြန်မလိုက်ချင်သေးဘူး ဖေဖေ့ကိုကျမပြန်မလာသေးဘူးလို့ပြောလိုက် “

ထိုလူ၏စကားမဆုံးမီ ရှန်းယွင်မှဖြတ်ပြောလိုက်သည့်အတွက် ထိုလူမှာ အကြံအိုက်သွားပုံပေါ်သလို သူ၏မျက်နှာလည်းထူးဆန်းသွားသည်။ ထို့နောက် ထပ်၍ပြောလိုက်သည်။

“ သခင် သခင်မလေး ကျုပ်တို့နဲပြန်လိုက်ခဲ့ပါ။ စစ်... အဲ သခင်ကြီးကစိတ်ပူနေပြီ နောက်ပြီးသခင်မလေးရဲ့ဆရာလည်းပါတယ် “

ထိုလူ၏စကားကြောင့် ရှန်းယွင်မှာ အံ့အားသင့်သွားကာ ပျော်ရွှင်သည့်ဟန်ဖြင့်မေးလိုက်သည်။

“ ဘယ်သူလဲ ဦးလေးချိယိလား ဦးလေးဝက်ဝံကြီးလား ဆရာယုကတော့ သူ့ရဲ့ကျောင်းကခွာမှာမဟုတ်ဘူး “

ရှန်းယွင်မှာ သူမ၏ဆရာများကိုထိုကဲ့သို့ခေါ်ပုံကိုကြည့်ကည သူမတို့အကြားမည်မျှရင်းနှီးသည်ကိုတွေ့နိုင်သည် ။

သူတို့၏ရှေ့မှလူမှ တစ်စုံတစ်ခုပြောမည်ပြုစဉ် အဝေးမှ ကြီးမားသည့်ပုံရိပ်ကြီးတစ်ခုလျှင်မြန်စွာရွေ့လျားလာသည်။

ထင်းရှီမှာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး ရှန်းယွင်အားကိုင်ကာ နောက်ဘက်သို့ရိပ်ခနဲဆုတ်လိုက်သည် ။

ထိုစဉ် သူတို့‌ရပ်နေသည့်နေရာသို့ပြင်းထန်သည့်တိုက်ခိုက်မှုတစ်ခုကျလာကာ မြေပြင်တစ်ခုလုံးတုန်ဟည်းသွားသည်။

ထင်းရှီတို့အားတိုက်ခိုက်လိုက်သူမှာ နောက်ထပ်ရောက်လာသည့်လူကြီးဖြစ်ကာ သူ၏တိုက်ခိုက်မှုကိုထင်းရှီရှောင်တိမ်းနိုင်သည်နှင့် ဆက်၍တိုက်ခိုက်လ်ိုက်ပြန်သည်။

ထိုလူမှာ ရှန်းယွင်အားတိုက်ခိုက်ခြင်းမဟုတ်ဘဲ ထင်းရှီတစ်ဦးတည်းကိုသာ လိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

“ ဝုန်း.... ဝုန်း..... “

လက်ဝါးချက်များမှာ လေထဲတွင်တဝုန်းဝုန်းမည်နေကာ အတွင်းအားလှိုင်းကြီးများမှာလည်း ပတ်ဝန်းကျင်သို့ပျံ့နှံ့နေသည်။

ရှန်းယွင်နှင့်အနက်ရောင်ဝတ်စုံနှင့်လူများမှာ ထိုနှစ်ယောက်တိုက်ပွဲဖြစ်နေရာမှဆယ်ပေခန့်အကွာသိူ့ဆုတ်ပေးလိုက်ရသည်။

သို့မဟုတ်ပါက တိုက်ပွဲမှထွက်လာသည့် ပြင်းထန်လှသည့်အားလှိုင်းများကြောင့်။သူတို့သက်သာလိမ့်မည်မဟုတ်ပေ။

တိုက်ပွဲဟုဆိုသော်လည်း ထိုလူကြီးမှတစ်ဖက်သတ်တိုက်ခိုက်နေခြင်းဖြစ်ကာ ထင်းရှီမှာ ရှောင်တိမ်းနေရသည်။

သူ၏လက်ထဲတွင် လက်နက်တစ်စုံတစ်ရာမရှိသည့်အပြင် ထိုလူကြီး၏လက်ဝါးချက်များမှာ ကြောက်မက်ဖွယ်ကောင်းလွန်းသည် ။

ပြင်းထန်လှသည့်လက်ဝါးချက်များဖြင့်ဆက်တိုက်တိုက်ခိုက်‌နေသော်လည်း ယခုအချိန်သူ၏ပုံစံမှာ မောပန်းဟန်မရပေ ။

ထိုအစား သူ၏လက်ဝါးချက်များမှာ ဆင့်ကဲဆင့်ကဲကျ‌ရောက်လာကာ ပို၍အစွမ်းထက်လာသည်။ ထိုလူကြီး၏အတွင်းအားမှာလည်း ဖြုံလောက်စရာကောင်းလှသည်။

ထင်းရှီသိုင်းလောကထဲရောက်သည့်အချိန်မှစ၍ သူနှင့်တိုက်ခိုက်ဖူးသည့် လူများထဲတွင်ထိုလူကြီးမှာ အတွင်းအားအကောင်းဆုံးဟုပင် ဆို၍ရသည်။

ယခုအချိန်အထိသူခုခံနိုင်ခြင်းမှာလည်း လေနတ်ဆိုး၏မိစ္ဆာခြေလှမ်းကိုယ်ဖော့ပညာကြောင့်ပင်ဖြစ်သည်။

သူ၏နေရာတွင်သာမန်အဆင့်လွန်သိုင်းသမားတစ်ဦးဆိုပါက သိုင်းဆယ်ကွက်မပြည့်မီ ရှုံးနိမ့်သွား‌ပေမည်။

ထိုလူကြီးမှာလည်း သိုင်းကွက်ငါးဆယ်ကျော်သည်အထိ တစ်ဖက်လူ၏အင်္ကျီစကိုပင်မထိသေးရာ ရှူးရှူးရှဲရှဲဖြစ်လာပြီး ပို၍အစွမ်းထက်သည့်သိုင်းကွက်များကို ထုတ်သုံးရန်ပြင်လိုက်သည်။

အခြေအနေအား အကဲခပ်နေသည့်ရှန်းယွင်မှာ ထိုလူကြီး၏ပုံစံကိုမြင်သည်နှင့် သူ၏အစွမ်းထက်သိုင်းကွက်များကိုအသုံးပြုတော့မည်ဖြစ်မှန်းရိပ်စားမိကာ သူမ၏အသံစူးစူးလေးဖြင့်အော်ဟစ်လိုက်သည်။

“ ဦးလေးဝက်ဝံကြီး ရပ်လိုက် “

ရှန်းယွင်၏အော်ဟစ်သံက ပြင်းထန်သည့်တိုက်ပွဲကို တိခနဲရပ်သွားစေသလို လူကြီး၏တိုက်ခိုင်မှုများသည်လည်း လေထဲတွင်တန်းလန်းကြီးဖြစ်သွားသည်။

ထင်းရှီလည်း လူကြီး၏တိုက်ခိုက်မှုများရပ်သွားသည့်အတွက် သူလည်းလှုပ်ရှားမှုတစ်စုံတစ်ခုမလုပ်ပေ။

ထိုလူကြီးနှင့်ရှန်းယွင်တို့မှာ သိရှိနေဟန်ရကာ သူမ၏ဆရာဆိုသူပင်ဖြစ်နိုင်သည်။ သို့သော်

ထင်းရှီ၏၏မျက်နှာမှာ အနည်းငယ်ထူးဆန်းနေကာ ထိုလူကြီးကိုအသေအချာအကဲခပ်လိုက်သည်။

ထိုလူကြီးမှာ အသက်ငါးဆယ်ကျော်ရှိပြီဖြစ်သော်လည်း တုတ်ခိုင်သန်မာသည့်ခန္တာကိုယ်ကြီးဖြင့် သာမန်လူများထက် များစွာသန်စွမ်းလှသည်။

ထို့အပြင် သူ၏ဆံပင်များမှာ ဖြစ်သလိုစည်းနှောင်ထညူသည့်အတွက်ရှုပ်ပွနေကာ မျက်နှာထက်တွင်လည်း မုတ်ဆိတ်မွှေးပါးမြိုင်းမွေးများပြည့်နေသည်။

ထို့ကြောင့် သူ၏ပုံစံမှာ ခြုံ၍ကြည့်ပါက ကြံ့ခိုင်သည့်ဝက်ဝံကြီးတစ်ကောင်နှင့်တူလှသည်။

ထင်းရှီနှင့်စာလျှင်လင်းယုန်နက်များ၏အမူအယာမှာ ပို၍ဆိုးရွားနေကာ သူတို့၏မျက်နှာမှာ ရယ်ချင်စိတ်အားအောင့်အည်းထားရသည့်အတွက် ထူးဆန်းနေသည်။

သူတို့အားလုံးထိုလူကြီး၏ဂုဏ်ပုဒ်နှင့် မြင့်မားသည့်အနေအထားကိုကောင်းစွာသိကာ ယခု ဝက်ဝံကြီးဆိုသည့်နာမည်ပြောင်ကြောင့် သူတို့၏ရယ်မောချင်စိတ်ကိုထိမ်းချုပ်ထားရသည် ။

လင်းယုန်နက်များ၏ခေါင်းဆောင် တည်ကြည်သည့်လူပင်ချွင်းချက်မဟုတ်ပေ။ သို့သော် သူတို့အားလုံးထိုလူ၏အကြောင်းကိုကောင်းစွာသိသောကြောင့် မရယ်ဝံ့ကြပေ။

ဝက်ဝံကြီးဟုခေါ်သည့် လူကြီး၏မျက်နှာမှာ မြင်မကောင်းလောက်အောင်ရှုံ့မဲ့သွားကာ လင်းယုန်နက်များကို တင်းမာစွာကြည့်လိုက်သည် ။

လင်းယုန်နက်များမှာ မသိချင်ယောင်ဆောင်၍ ဘေးဘက်သို့‌ဝေ့ကြည့်နေကြကာ ထိုလူကြီး ဝက်ဝံကြီး၏အကြည့်ကိုရင်မဆိုင်ဝံ့ကြပေ။

ထို့နောက် ဝက်ဝံကြီးမှာ ရှန်းယွင်အား စူးစူးဝါးဝါးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ၏နေရာမှရိပ်ခနဲရွေ့လျားသွားသည်။

သူ၏လှုပ်ရှားမှုများမှာ ‌တုတ်ခိုင်သည့်ခန္တာကိုယ်နှင့်

မလိုက်အောင်ပေါ့ပါးသွက်လက်ကာလွန်စွာလျှင်မြန်သည်။

သို့သော် ဝက်ဝံကြီးထက်ပို၍လျှင်မြန်သည်ကား ရှန်းယွင်ဖြစ်သည်။ ဝက်ဝံကြီး၏ဒေါပွသည့်အမူအယာကိုမြင်သည်နှင့် သူမ၏နေရာမှလျှင်မြန်စွာပျောက်ကွယ်သွားကာဝက်ဝံကြီးမှာ လေထုကိုသာဖမ်းမိသွားသည်။

ထို့နောက် ရှန်းယွင်မှ ရှေ့မှပြေး၍ာဝက်ဝံကြီးမှနောက်မှလိုက်ကာ သူတို့နှစ်ဦးမှာ အနီးအနားတွင်ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေသည်။

လင်းယုန်နက်အဖွဲ့မှလူများနှင့်ထင်းရှီမှာ အလယ်တွင်ရှိနေကာ ပြုံးစိစိမျက်နှာများဖြင့်ရှိနေကြသည်။

ရှန်းယွင်သည်လည်းသိုင်းဝိဇ္ဇာအဆင့်တစ်ဦးမှလိုက်ဖမ်းသည်ကိုပင် ယခုအချိန်အထိလွတ်မြောက်နေသေးသည်။

“ ကောင်းပြီ ကောင်းပြီ နင်ကအမြဲဒီလိုပဲ ငါအရှုံးပေးတယ် “

ဝက်ဝံကြီးမှ ရှန်းယွင်အားလိုက်ဖမ်းနေခြင်းအားလက်လျော့ကာ မတတ်နိုင်သည့်ပုံစံဖြင့်လက်မြောက်ပြလိုက်သည်။

သူ၏မျက်နှာမှာရွှင်ပြနေကာ သည့်မတိုင်မီက ဒေါသရိပ်များလည်းမရှိတော့ပေ။ ထို့အပြင် ရှန်းယွင်အားဖမ်း၍မမိခြင်းမှာ ယခုပထမဦးဆုံးအကြိမ်ဖြစ်ပုံမရပေ။

ရှန်းယွင်မှာ ထင်းရှီ၏အနီးတွင်ရောက်လာကာ အရှုံးပေးသည့်ပုံစံလုပ်ပြနေသည့်လူကြီးအားကြည့်ကာ ရယ်မောလိုက်သည်။ ထို့နောက် ထင်းရှီကိုပြောလိုက်သည်။

“ အစ်ကိုကြီးထင်း ဒါက ကျမရဲ့ဆရာအရှေ့ပိုင်းသိုင်းလောကက လေဟုန်သခင်လို့လူသိများတဲ့တာ့စုန်းယွင်ပဲ “

သူမ၏စကားကြောင့် ထင်းရှီမှာ အံ့အားသင့်သွားသည် ။‌

အရှေ့ပိုင်းသိုင်းလောကမှလေဟုန်သခင်တာ့စုန်းယွင်၏အကြောင်းကိုသူကြားဖူးသည်။ တာ့စုန်းယွင်မှာ အရှေ့ပိုင်းသိုင်းလောကမှ ကျော်ကြားသည့်သိုင်းဝိဇ္ဇာတစ်ဦးဖြစ်ကာ သူ၏လေပြင်းနတ်မင်းလက်ဝါးသိုင်းမှာ လွန်စွာအစွမ်းထက်သည်။

တာ့စုန်းယွင်မှာ အရှေ့ပိုင်းသိုင်းလောကထဲတွင် သိုင်းပညာအကောင်းဆုံးဟုပြော၍မရသော်လည်း သူ၏အတွင်းအားသည်တော့ အရှေ့ပိုင်းတွင်အကောင်းဆုံးဖြစ်သည်။

ဤကဲ့သို့ကျော်ကြားသည့်သိုင်းဝိဇ္ဇာတစ်ဦးမှာ မိန်းမငယ်လေးတစ်ယောက်နှင့် လိုက်တမ်းပြေးတမ်းကစားနေသည်မှာ ယုံကြည်ရန်ပင်ခက်ခဲလှသည်။

သို့သော် ဤသည်ကိုကြည့်ကာ တာ့စုန်းယွင်မှသူ၏တပည့်အား မည်မျှချစ်ခင်ကာအလိုလိုက်ထားသည်ကိုသိနိုင်သည်။

All Chapters