← Chapters

ထွက်ခွာခြင်း

Vol. 3 Ch. 257

ထွက်ခွာခြင်း

Vol. 3 Ch. 257

“ ကောင်လေး မင်းကအဖိုးကြီးချိယိပြောသလို တကယ်ထူးချွန်တာပဲ ။ နောက်ပြီး အဲဒီအဖိုးကြီးလိုအရှက်မဲ့တယ် ။ ထိတ်တိုက်ရင်မဆိုင်ဘဲထွက်ပြေးနေတာပဲ။

ဘာပဲဖြစ်ဖြစ်မင်းရဲ့အသက်အရွယ်နဲ့ သိုင်းလောကထဲမှာာမင်းကိုယှဉ်နိုင်တဲ့လူ လက်ဆယ်ချောင်းမပြည့်လောက်ဘူ ။ မင်းကငါငယ်ငယ်ကလိုတော်တာပဲ “

တာ့စုန်းယွင်သို့မဟုတ် ဝက်ဝံကြီးမှ အကြီးအကဲတစ်ယောက်၏ဟန်ကိုဖမ်းကာပြောလိုက်သည်။

သူ၏စကားကြောင့် ထင်းရှီမှ တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ ရှန်းယွင်မှခစ်ခနဲ ရယ်မောကာ ပြန်၍ချေပလိုက်သည်။

“ ဦးလေးဝက်ဝံကြီးကလည်း လေကြီးနေပြန်ပြီ။ ဦးလေးချိယိကပြောတော့ ဦးလေးငယ်ငယ်က သူ့ကိုတောင်ရှုံးနိမ့်ဖူးတယ်ဆို “

ရှန်းယွင်၏စကားကြောင့် တာ့စုန်းယွင်၏မျက်နှာကြီးနီရဲသွားကာ ဒေါသတကြီးပြောလိုက်သည်။

“ အဲဒီခွေးကောင်က ငါ့ရဲ့အတွင်းအားတွေကုန်အောင်ပတ်ပြေးပြီးမှ အောက်တန်းကျကျအနိုင်ယူခဲ့တာ ။ အဒါကိုထည့်တွက်စရာမလိုဘူး။ နောက်ပြီး အခုချိန်မှာပြန်တိုက်ရင့် အဲကောင်ကိုဖူးယောင်သွားအောင်ရိုက်ပစ်လို့ရတယ် “

တာ့စုန်းယွင်မှစကားကြီးစကားကျယ်ဖြင့်ကြုံးဝါးလိုက်သည်။ သို့သော် ထင်းရှီမှာ သူ၏စကားမဖြစ်နိုင်သည်ကိုကောင်းစွာသိသည်။

အရိပ်မဲ့ချိယိနှင့်သူဆုံဖူးသည့်အတွက်ထိုလူ၏ကိုယ်ဖော့ပညာမှာ သူ့ထက်မနိမ့်ကျဘဲ ကြောက်မက်ဖွယ်ကောင်းသည့်လက်နက်ပုန်းပညာပါရှိနေသည်ကို သူသိထားသည်။

ထို့ကြောင့် ချိယိမှအမှန်တကယ်တိုက်ခိုက်ပါက တာ့စုန်းယွင်မှာ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ဘဲအောက်စည်းသို့ပင်ရောက်ပေလိမ့်မည် ။

မည်သို့ပင်ဖြစ်စေထင်းရှီမှာ ထိုအကြောင်းကိုထုတ်ဖော်ပြောဆိုခြင်းမပြပေ။

“ ကောင်မလေး မင်းစံအိမ်ကိုပြန်လိုက်ခဲ့ဦး သိုင်းလောကထဲမှာာအခြေအနေတွေမတည်မငြိမ်ဖြစ်နေတယ် ။

အခု သိုင်းဝိဇ္ဇာအဆင့်တွေမကြာခဏတွေ့နေရပြီး မင်းရဲ့အဆင့်နဲ့ဆိုသူတို့ကိုလုံးဝယှဉ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် မင်းရဲ့အဖေကစိတ်ပူနေတယ်။ နောက်ပြီး မင်းထွက်သွားတာကလည်းနှစ်ဝက်ရှိနေပြီ “

တာ့စုန်းယွင်၏စကားကြောင့် ရှန်းယွင်မှာမျက်နှာပျက်သွားကာ လက်တခါခါ ခေါင်းတမ်းယမ်းဖြင့်ငြင်းလိုက်သည်။

“ ကျမအရှေ့ပိုင်းမှာနေရတာပျင်းတယ်။ နောက်ပြီး ကျမကိုအစ်ကိုကြီးထင်းက ကာကွယ်နိုင်ပါတယ် “

ရှန်းယွင်၏အပြင်းအထန်ငြင်းဆိုစကားကြောင့် တာ့စုန်းယွင်လေသံအနည်းငယ်မာလာသည်။

“ အခုအခြေအနေတွေက မင်းတို့သိသလိုမဟုတ်တော့ဘူး ။ ခရမ်းရောင်သွေးလဂိုဏ်းချုပ်နှင်းငွေ့မိစ္ဆာက ဂိုဏ်းကြီးငါးဂိုဏ်းကထိပ်သီးတွေကို စန်နုန်ကျမှာ သူတစ်ဦးထဲနဲ့အနိုင်ယူပြီး အပြန်မှာ သူ့ကိုခြုံခိုတိုက်တဲ့သိုင်းဝိဇ္ဇာလေးယောက်ထဲကသုံးယောက်ကိုသတ်ပစ်ခဲ့တယ်။

အခုသိုင်းလောကကြက ဖရိုဖရဲဖြစ်နေပြီး အနက်ရောင်သိုင်းသမားတွေဇောင်းကြွနေကြတယ်။

နောက်ပြီး မင်းတို့ကခရမ်းရောင်သွေးလဂိုဏ်းနဲ့ပတ်သတ်သေးတယ်မလား။ အခုတောင်ဟိုကောင်လေးက ခရမ်းရောင်သွေးလဂိုဏ်းက ဘုရင်နှစ်ယောက်ကြောင့် မြောက်ပိုင်းမှာ သေဆုံးသွားပြီလို့သတင်းထွက်နေတယ်။

သူတို့ပြောသလိုမဟုတ်လို့တော်သေးတယ်။

ငါတို့မင်းသူနဲ့အတူရှိမှန်းသိလို့စိတ်ပူလို့လိုက်လာတာပဲ။ ငါနဲ့အတူ လင်းယုန်နက်အယောက်သုံးဆယ်ပါတယ် ။ ငါတို့ဓားတစ်‌ ထောင်စံအိမ်ကိုလည်းရောက်ခဲ့ပြီးပြီ။။

လွန်ခဲ့တဲ့ရက်တွေကလည်း မင်းတို့ကိုမြောက်ပိုင်းမှာနယ်ဖြန့်ပြီးရှာနေရတာ “

တာ့စုန်းယွင်မှအဆက်မပြတ်ပြောဆိုလိုက်သည့်အတွက် ရှန်းယွင်လည်းခေါင်းငုံ့သွားသည်။

အကယ်၍ သူမနှင့်ထင်းရှီသာ ဘုရင်နှစ်ပါး၏လက်ချက်ကြောင့် ချောက်နက်ထဲပြုတ်ကျကာ ‌သေခါနီးဖြစ်သွားသည်ကို တာ့စုန်းယွင်သိမည်ဆိုပါက ဒေါသအိုးကွဲသွားမည်ဖြစ်ကာ ထင်းရှီကိုလည်း အပြင်းထန်စွာတိုက်ခိုက်နိုင်သည်။

ထို့ကြောင့် သတိပေးသည့်အနေဖြင့် ထင်းရှီ၏အင်္ကျီစကိုအသာဆွဲကာ တိတ်ဆိတ်စွာနားထောင်နေသည်။

ထင်းရှီလည်း သူတို့ချောက်နက်ထဲရောက်နေစဉ် သိုင်းလောကမှာ များစွာပြောင်းလဲသွား၍အံ့အားသင့်သွားရသည်။

သို့‌သော် တာ့စုန်းယွင်ပြောသလိုသူနှင့်ရှန်းယွင်တို့ ‌သေဆုံးလုနီးနီးဖြစ်သည်ကိုတော့ သူဖွင့်မပြောတော့ပေ။

သူတာ့စုန်းယွင်ကိုမကြောက်ရွံ့သော်လည်း ရှန်းယွင်ပါကြားညပ်မည်ကိုသူမမြင်လိုပေ။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းနှင့် သူ၏ရန်ငြိုးမှာနက်ရှိုင်းစွာရှိနေပြီဖြစ်ကာ ထိုလူများမှာ သူ့ကိုထပ်ကာထပ်ကာရန်စနေကြသည်။

ထို့ကြောင့်ပင် ခရမ်းရောင်သွေးလဂိုဏ်းကိုရင်ဆိုင်ရန် သူဆုံးဖြတ်လိုက်ခြင်းဖြစ်ကာ ရှန်းယွင်ကိုအန္တရာယ်တောထဲသို့သူဆွဲခေါ်မသွားလိုပေ။

တာ့စုန်းယွင်၏စကားအရ ခရမ်းရောင်သွေးလဂိုဏ်းချုပ်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းကာ ခရမ်းရောင်သွေးလဂိုဏ်းကို သူရင်ဆိုင်နိုင်မည်လားဆိုသည်ကို မသေချာပေ။

မည်သို့ပင်ဖြစ်စေ ခရမ်းရောင်သွေးလဂိုဏ်းကိုသူလက်စားချေရမည်ဖြစ်ကာ ထိုအထဲတွင်ရှန်းယွင်ကိုသူဆွဲမထည့်လိုပေ ။

“ ယွင်အာ မင်းရဲ့ဆရာနဲ့လိုက်သွားပါ အခြေအနေတွေအေးအေးဆေးဆေးဖြစ်သွားရင် ငါမင်းကိုလာရှာပါ့မယ် “

ထင်းရှီ၏စကားကြောင့် ရှန်းယွင်မှာ နှုတ်ခမ်းစူသွားကာ ထင်းရှီအားမကြည့်တော့ပေ။

တာ့စုန်းယွင်လည်း သူတို့၏အခြေအနေကိုအကဲခပ်နေရာမှ တစ်စုံတစ်ခုအားသိရှိသွားဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။

အတန်ကြာမှ

“ အစ်ကိုကြီးထင်း ကျမကိုတကယ်ခေါ်မှာလား “

ရှန်းယွင်၏မေးခွန်းကို ထင်းရှီမှပြုံး၍ခေါင်းညိမ့်ပြလိုက်သည်။

“ ကတိနော် “

ရှန်းယွင်မှ သူမ၏ပျော့ပြောင်းချောမွေ့သည့်လက်ချောင်းအားဆန့်ထုတ်ကာပြောလိုက်သည်။

ထင်းရှီလည်း သူမကလေးဆန်သည့်အပြုအမူကြောင့် ရယ်မောလိုက်ကာလက်သန်းချင်းချိတ်၍ လက်မဖြင့်ထိကာ ကတိပေးလိုက်သည်။

ထို့နောက် ရှန်းယွင်မှ လင်းယုန်နက်များနှင့်အတူ ထွက်ခွာသွားတော့သည်။

သူတို့သွားမည့်လမ်းမှာ အရှေ့ပိုင်းသို့ဖြစ်ကာ စင်းရွယ်မြို့နှင့်တခြားစီဖြစ်ကာ ထင်းရှီမှာမူ အလယ်ပိုင်းသို့ပြန်မည်ဖြစ်၍ စင်းရွယ်မြို့မှတစ်ဆင့်သွားရမည်ဖြစ်သည်။

မြို့ထဲသို့ဝင်ကာ အလယ်ပိုင်းသို့ခရီးဆက်ရန်မြင်းတစ်ကောင်ဝယ်ရန်ကိုလည်းတွေးလိုက်သည်။

အရေးအကြီးဆုံးအချက်မှာ သူ့အတွက်အရေးကြီးသည့် ဓားတစ်လက်ရရှိရန်ပင်။

သူ၏ဓားမှာ ဘုရင်နှစ်ပါးနှင့်တိုက်ခိုက်စဉ်က ကျန်နေခဲ့ကာ ထိုနေရာတွင်ရှိနေဦးမည် မသေချာ‌သော်လည်း သူပြန်၍ရှာဦးမည်ဖြစ်သည်။

ထင်းရှီမှာ ဓားသမားတစ်‌ယောက်ဖြစ်သည် ။ထို့ကြောင့် သူ့အတွက် သံမဏိဓားကောင်းကောင်းတစ်လက်လိုသည်။

ငွေကြေးအတွက်ကားပူစရာမလိုပေ။ ဝူတန်းတောင်ခြေတွင် ရှန်းယွင်ယောင်္ကျားလေးပုံစံဖြင့်ရှိစဉ်က သူအကြပ်ကိုင်ကာခွဲယူထားသည့်ငွေများစွာကျန်သေးသည်။

သူမမှာ မြောက်များလှသည့်ငွေကြေးများကို သုံးစွဲရန်ထည့်လာနိုင်ရာ သူမ၏မိသားစုမှာ တော်ရုံတန်ရုံချမ်းသာရုံနှင့်မဖြစ်နိုင်ပေ။

ထို့အပြင် သူမတို့စံအိမ်မှလင်းယုန်နက်များနှင့်သူမ၏ဆရာများကိုကြည့်ခြင်းဖြင့်သူတို့၏အင်အားမှာ အလယ်ပိုင်းတွင်ပင် ထိပ်သီးဂိုဏ်းကြီးများထက်နိမ့်ကျလိမ့်မည်မဟုတ်ပေ။

ထင်းရှီမှာ တစ်ဦးတည်းတွေးတောနေစဉ်တာ့စုန်းယွင်မှ ထွက်ခွာမသွားသေးသည်ကိုသိလိုက်သည်။

“ ဆရာကြီး ဘာကိစ္စရှိသေးတာပါလဲ “

ထင်းရှီ၏မေးခွန်းကြောင့် တာ့စုန်းယွင်မှ ထင်းရှီအားစူးစိုက်ကြည့်လိုက်သည်။ ထို့နောက် မျက်လူံကြီးပြူးကာ အံကိုကြိတ်ရင်းအေးစက်စွာပြောလိုက်သည်။

“ မင်းနဲ့ငါ့ရဲ့တပည့်တို့ရဲ့အကြားမှာ ငါဘာမှဝင်မရှုပ်ချင်ဘူး ။ ဒါပေမယ့် ငါ့တပည့်ကိုမင်းပျော်အောင်ထားရမယ် ။သူစိတ်ညစ်အောင်မလုပ်ရဘူ။ အနိုင်မကျင့်ရဘူး ။

ဒီလိုမှမဟုတ်ရင် မင်းကိုငါလာပြီးသတ်ပစ်မယ် “

တာ့စုန်းယွင်၏ချိန်းခြောက်စကားကြောင့် ထင်းရှီလည်းမျက်မှောင်ကြုတ်လိုက်ကာ ခေါင်းယမ်း၍ပြောလိုက်သည်။

“ ဆရာကြီးပြောတာတွေကို ကျုပ်တစ်ခုမှလုပ်မှာမဟုတ်ဘူး ။ ဒါကလည်းဆရာကြီးကိုကြောက်လို့မဟုတ်ဘူး။ သူကကျုပ်ရဲ့မိန်းကလေးဖြစ်နေလို့ ။ ကျုပ်သူ့ကိုတစ်ဘဝလုံးဂရုတစိုက်စောင့်ရှောက်မယ်လို့ ကတိပေးတယ် “

ထင်းရှီ၏ပြတ်သားသည့်စကားကြောင့် တာ့စုန်းယွင်၏အမူအယာမှာပြောင်းလဲသွားကာ သဘောကျစွာရယ်မောလိုက်ရင်း ထင်းရှီ၏ပခုံးအားပုတ်လိုက်သည်။

“ ကောင်းတယ် ကောင်းတယ် မင်းငါ့ကိုသိတ်မပျက်စေရဘူး။ ဒါပေမယ့် သူ့ရဲ့အဖေလက်ခံဖို့ကိုတော့မင်းဘာသာကြိုးစားရလိမ့်မယ် “

ထင်းရှီမှာ တစ်စုံတစ်ရာ မေးမြန်းမည်ပြုလိုက်သော်လည်းတာ့စုန်းယွင်မှထွက်ခွာသွားပြီဖြစ်ကာ သူ၏တုတ်ခိုင်သည့်ခန္တာကိုယ်ကြီးမှာလည်း အချိန်အနည်းငယ်အတွင်းပျောက်ကွယ်သွားသည်။

ထင်းရှီလည်းထိုနေရာတွင်ပင်ရပ်နေကာ အတွေးနက်နေမိသည်။ ထို့နောက် သက်ပြင်းတစ်ချက်ချ၍ အချိန်မဖြုန်းလိုတော့သည့်အတွက် ကိုယ်ဖော့ပညာကိုအသုံးပြုကာ ထိုနေရာမှပျောက်ကွယ်သွားတော့သည်။

“ အင်း ကြောက်စရာကောင်းလိုက်တဲ့ကိုယ်ဖော့ပညာပဲ ။ ငါသူ့အ‌ကြောင်းကိုထပ်ပြီးသိချင်ပေမယ့် မလွယ်ဘူး “

ထင်းရှီပျောက်ကွယ်သွားသည်နှင့် အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ရိပ်ထွက်ပေါ်လာကာ တီးတိုးရေရွတ်လိုက်သည်။

ထိုလူမှာ သွေးနက်လင်းယုန်အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသည့် တည်ကြည်သည့်မျက်နှာဖြင့်လူဖြစ်ကာ ထွက်ခွာသွားပြီဟုထင်ရသော်လည်းအနီးအနားတွင်ရှိနေဆဲဖြစ်သည်။

သို့သော် ထိုလူမှာ ထင်းရှီမရိပ်အောင်ပုန်းကွယ်နိုင်သည့်အတွက် အံ့ဩစရာပင်ဖြစ်သည်။

ထို့နောက် ထိုလူလည်း ရိပ်ခနဲပျောက်ကွယ်သွားကာ ရှန်းယွင်တို့ထွက်ခွာသွားသည့်ဘက်သို့ ဦးတည်လိုက်သည်။

All Chapters