← Chapters

စင်းရွယ်မှပန်းပဲတန်းရပ်

Vol. 3 Ch. 258

စင်းရွယ်မှပန်းပဲတန်းရပ်

Vol. 3 Ch. 258

စင်းရွယ်မြို့

မြောက်ပိုင်း‌ဒေသ၏မြို့တော်ဟုဆိုရလောက်အောင် စည်ကားသိုက်မြိုက်သောမြို့ဖြစ်သည်။

သာမန်အချိန်များတွင် ရောင်းဝယ်ဖောက်ကားသူများ ဈေးရောင်းဈေးဝယ်များဖြင့်စည်ကားနေတတ်သော်လည်း ယခုအချိန်တွင်မူ မြို့ထဲတွင်လူအတော်လျော့နည်းသွားကာ အနည်းငယ်သာကျန်တော့သည်။

ကျန်ရှိနေသည့်လူများမှာလည်း မတစ်ထောင်ဖွားများဟုဆိုရမည့် တိုက်ခိုက်သတ်ဖြတ်ခြင်းနှင့်မစိမ်းသည့် သိုင်းသမားများသာဖြစ်ကြသည်။

ဤသည်မှာ အလယ်ပိုင်းဒေသတွင် အနက်ရောင်သိုင်းလောကသားများကြီးစိုးလာခြင်း၏အကျိုးဆက်ဖြစ်ကာ ကျန်ဒေသများရှိအနက်ရောင်သိုင်းသမားများသည်လည်းလှုပ်လှုပ်ရှားရှားလုပ်နေကြသည်။

မြို့ထဲတွင်လည်း စားသောင်ဆိုင်နှင့်တည်းခိုခန်းများမှလွဲ၍ ကျန်လုပ်ငန်းများမှာ အတော်များများပိတ်ထားကြပြီဖြစ်သည်။

သို့သော် သိုင်းသမားများအတွက်အဓိကလိုအပ်သည့်လက်နက်များကိုပြုလုပ်နိုင်မည့်ပန်းပဲဖိုများမှာ မည်သည့်အချိန်တွင်ဖြစ်စေ ဝင်ငွေဖြောင့်လျက်ရှိသည်။

ပန်းပဲတန်းရပ်

ပန်းပဲတန်းရပ်မှာ နာမည်နှင့်လိုက်အောင်ပန်းပဲဆရာများနေထိုင်ကြသည့်နေရာဖြစ်ကာ သူတို့၏ဆိုင်များအများအပြားရှိကြသည်။

သိုင်းလောကထဲရှိလက်နက်များအနက်ငါးဆယ်ရာခိုင်နှုန်းမှာ မြောက်ပိုင်းမှထွက်ရှိသည်ဆိုသည့်စကားအတိုင်း မြောက်ပိုင်းဒေသ၏ပန်းပဲရပ်မှာ ထူးချွန်သည့်ပန်းပဲဆရာများစွာရှိကြသည်။

လက်နက်ဆိုင်များ၏တည်ဆောက်ပုံမှာ အရှေ့ဘက်တွင် သူတို့ပြုလုပ်ထားကြသည့်လက်နက်များကိုခင်းကျင်းထားကာ အတွင်းထဲတွင်မူ ပို၍ကောင်းမွန်သည့်လက်နက်များရှိနေတတ်သည်။

သို့သော် ဆိုင်အတွင်းဘက်မှလက်နက်များမှာ ပို၍ကောင်းမွန်သလို ဈေးနှုန်းသည်လည်း များစွာကြီးမြင့်ကြသည်။

ထို့အပြင် ဖောက်သည်မှ သူတို့၏စိတ်ကြိုက်အထူးလက်နက်မှာယူလိုလျှင်လည်း ပြုလုပ်ပေးတတ်ကြသည်။

ထိုကဲ့သို့ပန်းပဲဆရာအားကိုယ်တိုင်မှာယူသည့်လက်နက်များမှာ အဆင့်သင့်ပြုလုပ်ထားသည့်လင်နက်များထက် ဈေးပို၍ကျသင့်သည်။

ဤသည်မှာ မြောက်ပိုင်းဒေသသာမဟုတ်ဘဲ အခြားဒေသများတွင်လည်း ထိုထုံးစံရှိလေသည်။

ထင်းရှီလည်း မြို့ထဲတွင် အနည်းငယ်စုံစမ်းပြီးနောက် ပန်းပဲရပ်ထဲသို့ရောက်ရှိလာကာ လှည့်ပတ်ကြည့်ရှုနေသည်။

ပန်းပဲတန်းတွင် သိုင်းသမားအနည်းငယ်သာရှိကာ လက်နက်များကိုကိုင်တွယ်နေသူ၊ မေးမြန်းဈေးဆစ်နေသူစသည်ဖြင့် အလုပ်ရှုပ်နေကြသည်။

ထင်းရှီမှာမူတစ်စုံတစ်ရာမေးမြန်းခြင်းမရှိဘဲညတိတ်ဆိတ်စွာဖြင့်လိုက်လံကြည့်ရှုနေသည်။

လက်နက်ဆိုင်များတွင် ဓားရှည်၊ ဓားတို ၊ လှံရှည် ၊တုတ်ရှည်၊ ကျာပွတ်စသည့် သိုင်းသမားများအသုံးများသည့်လက်နက်များနှင့် ဓား‌ပျံ၊အပ်ချောင်းများကဲ့သို့ လက်နက်ပုန်းများပါများစွာရှိသည်။

ထင်းရှီမှာ အချိန်အတန်ကြာသည်အထိလိုက်လံကြည့်ရှုနေသော်လည်း သူ့စိတ်ကြိုက်လက်နက်မတွေ့ပေ။

ထိုပစ္စည်းများကိုပြုလုပ်ထားပုံမှာ သေသပ်ကာ ကောင်းမွန်သည့်လက်နက်များဖြစ်ကြသော်လည်း ထင်းရှီအတွက်အကြိုက်မတွေ့ပေ ။

ဤသည်မှာ ထိုဆိုင်များမှလက်နက်များမှ ဆိုးရွားနေခြင်းကြောင့်မဟုတ်ဘဲ သူ၏စံနှုန်းမှာအနည်းငယ်မြင့်မားနေခြင်းကြောင့်ဖြစ်သည်။

ထင်းရှီ၏ယခင်ဓားရှည်မှာ ဓားစံအိမ်မှယူလာသည့်ရှေးဟောင်းဓားတစ်လက်ဖြစ်ကာ ကောင်းမွန်သည့်သံမဏိဖြင့်ပြုလုက်ထားကာ ထက်မြက်မာကျောသည်။

ထို‌ဓားမှာ ရှောင်ကျန်းမင်နှင့် ထင်းရှောင်ယင်တို့၏ဓားများကိုမမီသော်လည်း သာမန်ဓားများထက်များစွာကောင်းမွန်ကာ သူနှင့်နှစ်အတော်ကြာအတူရှိခဲ့သဖြင့် ထိုဓားကိုပြန်ရှာမတွေ့ခြင်းအားနှမြောလှသည်။

ထင်းရှီမှာ နေရာအနှံ့လျှောက်ကြည့်ရင်းမှဆိုင်တန်းများ၏အစွန်မှ သေးငယ်သည့်ဆိုင်လေးတစ်ခုကိုအကြည့်ရောက်သွားသည်။

ထိုဆိုင်လေးမှာ ဆိုင်ရှေ့တွင်မည်သည့်ပစ္စည်းကိုမှခင်းကျင်းမထားဘဲ ‌ယိုင်နဲ့နဲ့ဆိုင်ငယ်လေးဖြစ်ကာ ဆိုင်၏ဆိုင်းပုဒ်သည်ပင် အိုဟောင်းနေသည်။

သို့သော် ထင်းရှီ၏အကြည့်မှာ ဖူချန်းလက်နက်ဆိုင်ဆိုသည့် အိုဟောင်းသည့်ဆိုင်းပုဒ်လေးအစွန်းမှ ကြက်ခြေခတ်သံတူနှစ်လက်ပုံဖြစ်သည်။

‘ အဲဒီတံဆိပ်က ‘

ထင်းရှီ၏နှုတ်ခမ်းမှာ အနည်းငယ်ပွင့်ဟသွားကာ စိတ်လှုပ်ရှားသွားကာာဆိုင်ထဲသို့အလျှင်မြန်ဝင်သွားလိုက်သည်။

ထင်းရှီဆိုင်ထဲသို့ဝင်သွားပြီးသည်နှင့် ဘေးဆိုင်မှ လက်နက်များကို ကြည့်ရှုနေသည့် သိုင်းသမားတစ်ယောက်မှခေါင်းယမ်း၍ရေရွတ်လိုက်သည်။

“ အဲဒီဆိုင်ကအဖိုးကြီးက တော်တော်လက်ပေါက်ကပ်တာပဲ ။ လက်နက်တွေကအသင့်လုပ်ပြီးသားမရှိပဲနဲ့တောင် ငွေကအရင်ချေရမယ်တဲ့။။နောက်ပြီး ဈေးကလည်းကြီးသေးတယ် “

သူ၏စကားကြောင့် ထိုဆိုင်ရှင်မှရယ်မောကာပြောလိုက်သည်။

“ အဖိုးကြီးဖူကိုပြောတာလား ။ သူကစကားပြောလက်ပေါက်ကပ်ပြီး သူ့ရဲ့လက်နက်တွေကဈေးကြီးတယ် ။ ဒါကြောင့်လည်း တစ်လနေလို့ ပစ္စည်းတစ်ခုတောင်လက်မခံရဘူး ။

ဒါပေမယ့် သူကငါတို့ပန်းပဲတန်းထဲကလုပ်သက်အရင့်ဆုံးလူပဲ သူဒီကိုရောက်နေတာ သူတို့မျိူးရိုးအစဉ်အဆက်ကပဲ။ ပန်းပဲတန်းကိုစပြီးတည်ထောင်တဲ့လူက သူ့ရဲ့အဖိုးပဲ “

ဆိုင်ရှင်၏စကားကြောင့် သိုင်းသမားမှာ အနည်းငယ်အံ့အားသင့်သွားသော်လည်း သူနှင့်မသက်ဆိုင်သဖြင့် ထိုအကြောင်းကို စိတ်ဝင်စားခြင်းမရှိတော့ပေ။

“ ဆိုင်ရှင် ဆိုင်ရှင် ရှိလား “

ထင်းရှမှ အော်ဟစ်အသံပြုကာ ဆိုင်ထဲသို့ဝေ့ကြာ့်လိုက်သည်။

ဆိုင်ထဲတွင် သန့်ရှင်းခြင်းမရှိဘဲ ပစ္စည်းအတိုအစများပြည့်နေကာ စားပွဲကုလားထိုင်အနည်းငယ်သာရှိသည်။ ထိုင်ခုံတစ်လုံးပေါ်တွင်မူ အသက်ဆယ်နှစ်ကျော်ကောင်လေးမှာ အိပ်ငိုက်လျက်ရှိသည်။

“ ဖူတိ မင်းကအချိန်ပြည့်ပျင်းရိနေတာပဲ။ ဆိုင်ထဲမှာ ဧည့်သည်ရောက်နေတယ် “

ဆိုင်အနောက်ဘက်မှအသက်ငါးဆယ်ကျော်လူကြီးတစ်ယောက်ထွက်လာကာ မည်တွန်တောက်တီးလိုက်သည်။

ထိုလူကြီးမှာ အသက်မငယ်လှသော်လည်းတောင့်တင်းကြံ့ခိုင်လှသည့်ခန္တာကိုယ်ရှိကာ သူ၏လက်မောင်းနှင့်လက်ဖျံကြွက်သားများမှာ ကြွက်သားအမြောင်းမြောင်းဖြင့် တုတ်ခိုင်လှသည်။

ဖူတိဆိုသည့်ကောင်လေးမှ ကဗြာကယာထ၍ သူ၏မျက်လုံးများကိုပွတ်သပ်ကြည့်ကာ အလျှင်အမြန်ဆိုလိုက်သည်။

“ ကြွပါခင်ဗျ ဘယ်လိုလက်နက်ကိုအလိုရှိပါသလဲ ကျနော်တို့ဆိုင်က မိတ်ဆွေစိတ်တိုင်းကျလက်နက်တွေကိုလုပ်ပေးပြီး အရည်အသွေးကိုလည်း တစ်ရာရာခိုင်နှုန်းအာမခံပါတယ် “

ဆယ်နှစ်အရွယ်ကောင်လေးမှ အလွတ်ကျက်ထားဟန်ရသည့်စကားလုံးများကို တတွတ်တွတ်ရေရွတ်လိုက်သည်။

ထိုကောင်လေးကြောင့် ထင်းရှီလည်းပြုံးလိုက်မိကာ ဆိုင်ရှင်ဖြစ်ဟန်တူသည့် အသက်ငါးဆယ်ကျော်လူကြီးအားကြည့်ကာပြောလိုက်သည်။

“ ကျုပ်ဓားတစ်လက်လိုချင်ပါတယ်။ ခင်ဗျားဆီမှာရှိတဲ့ အကောင်းဆုံးသံမဏိနဲ့လုပ်ထားတဲ့ ဓားကောင်းတစ်လက် “

ထင်းရှီ၏စကားကြောင့် လူကြီးမှခေါင်းတညိမ့်ညိမ့်လုပ်ကာ ပြောလိုက်သည်။

“ ကောင်းပြီ မင်းလိုချင်တဲ့အတိုင်းလုပ်ပေးမယ် ။ ကျသင့်ငွေက ရွှေတုံးနှစ်ဆယ်ကျမယ် “

လူကြီး၏စကားကြောင့် ထင်းရှီလည်းခေါင်းညိမ့်ကာ သူ၏အိတ်အတွင်းမှငွေတုံးများကိုထုတ်ကာရေတွက်၍ပေးလိုက်သည်။

ရွှေတုံးတစ်တုံးလျှင် ငွေဆယ်တုံးကျသည့်အတွက် ထင်းရှီမှာ ငွေတုံးနှစ်ဆယ်ခန့်ပေးလိုက်ရသည်။

ဝူတန်းတောင်ခြေတွင် သူရှန်းယွင်ထံမှငွေတုံးများနှင့်ငွေလွှဲလက်မှတ်များခွဲယူထားရာ ထင်းရှီမှာ အတော်ကြွယ်ဝခဲ့သော်လည်း ယခုအခါသူ့ပိုင်ဆိုင်မှု၏သုံးပုံတစ်ပုံပြောင်သွားချေပြီ။

သူ့ထံတွင်ငွေတုံးများလုံးဝကုန်သွားပြီဖြစ်ကာ ငွေလွှဲလက်မှတ်အချို့သာကျန်တော့သည်။

ငွေတုံးတစ်တုံးမှာ သာမန်မိသားစုတစ်ခုတစ်လခန့်ထိုင်၍စားသောက်ဆိုင်ရာ ငွေတုံးနှစ်ဆယ်ဆိုသည့်ပမာဏမှာ မည်မျှများပြားသည်ကိုသိနိုင်သည်။

ကောင်လေးမှာ ထင်းရှီမှငွေတုံးနှစ်ဆယ်ကိုချက်ခြင်းထုတ်ပေးသည့်အတွက် အံ့အားသင့်သွားကာ ပြူးကျယ်နေသည့်မျက်လုံးများဖြင့် ထင်းရှီ၏ဘက်ထဲမှငွေတုံးများကိုကြည့်ကာ တံတွေးမြိုချလိုက်သည်။

သူနှင့်စာလျှင် ဆိုင်ရှင်လူကြီးမှာတည်ငြိမ်လှသည်။ ထင်းရှီ၏လက်မှငွေတုံးများကို မယူ‌သေးဘဲ တစ်ချက်ဝေ့ကြည့်ကာ မေးလိုက်သည်။

“ မင်းက မင်းကိုငါတို့လိမ်ညာသွားမှာ မစိုးရိမ်ဘူးလား “

လူကြီး၏အမေးကြောင့် ထင်းရှီမှ နှစ်ခြိုက်စွာပြုံးကာပြန်ဖြေလိုက်သည်။

“ နတ်လက်နက်ဆရာကြီးဖူချိုးရဲ့မျိုးဆက်တွေက ဒီငွေလောက်ကို ဂရုစိုက်မယ့်မထင်ဘူး ။ ကျုပ်သိထားတာ သူတို့ကဂုဏ်သိက္ခာကိုအသက်နဲ့လဲပြီးစောင့်ထိမ်းကြတယ် “

ထင်းရှီ၏စကားအဆုံးတွင် လူကြီး၏မျက်လုံးများပြူးကျယ်သွားကာ အံ့ဩတကြီးဖြစ်သွားသည်။ ထို့နောက် ထင်းရှီအားထပ်၍ပြောလိုက်သည်။

“ ကျုပ်နောက်ကိုလိုက်ခဲ့ပါ “

လူကြီးမှ ညစ်စုတ်နေသည့်လိုက်ကာစဖြင့်ကာထားသည့်နောက်ဘက်အခန်းထဲသို့ဝင်သွားသည်။

ထင်းရှီလည်း လုံးဝတုံ့ဆိုင်းခြင်းမရှိဘဲ လူကြီး၏နောက်သို့ချက်ခြင်းလိုလိုလိုက်ပါသွားသည်။

“ သူကဘယ်သူလဲ ဘယ်ဧည့်သည်ကိုမှ ဦးလေးကနောက်ဘက်အခန်းထဲခေါ်မသွားဖူးဘူးလေ “

ကောင်လေးမှ သူ၏ဦးခေါင်းအားကုတ်ကာ အံ့အားသင့်ဟန်ဖြင့်ရေရွတ်လိုက်သည်။

နောက်ဘက်အခန်းထဲတွင်

“ ထိုင်ပါဦးကောင်လေး “

လူကြီးမှ ထိုင်ခုံတစ်လုံးအားလက်ညိုးထိုးပြ၍ပြောကာ သူလည်းမျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။

အခန်းထဲတွင် ပန်းပဲထုရာတွင်အသုံးပြုသည့်ပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်းများများစားစားမရှိသော်လည်း အခန်းမှာ ကျယ်ဝန်းလှသည် ။

ဝင်ပေါက်နားတွင်စားပွဲတစ်လုံး ထိုင်ခုံနှစ်လုံးနှင့်စားပွဲပေါ်တွင် သောက်လက်စအရက်အိုနှစ်လုံးခန့်ရှိသည်။

ဆိုင်နေရာ၏သုံးပုံနှစ်ပုံကိုပင်အနောက်ဘက်အခန်းမှနေရာယူထားခြင်းဖြစ်သည်။ ထိုအခန်းထဲတွင် ထို လူကြီးလက်နက်ပြုလုပ်သည်ဖြစ်ကြောင်းကို ထင်းရှီရိပ်စားမိလိုက်သည်

“ ငါ့နာမည်က ဖူချန်းပါ “

လူကြီးမှသူ၏အမည်အား ပြောလိုက်သည်။ ဆိုင်နာမည်မှာလည်း သူ၏အမည်ကိုပေးထားခြင်းဖြစ်သည်။

“ ကျုပ်ကထင်းရှီပါ “

ထင်းရှီလည်း သူ၏အမည်ကိုမိတ်ဆက်လိုက်သည်။

“ ဆိုစမ်းပါဦး မင်းကငါရဲ့အဖိုးအကြောင်းကို ဘယ်လိုသိတာလဲ “

ဖူချန်းမှ ထင်းရှီအားစူးစိုက်ကြည့်ကာမေးလိုက်သည် ။

All Chapters