← Chapters

အသိအကျွမ်း

Vol. 3 Ch. 260

အသိအကျွမ်း

Vol. 3 Ch. 260

“ သူတို့ဘယ်မှာတည်းခိုနေတာလဲ “

ထင်းရှီ၏အမူယာကိုကြည့်ကာ ထိုမိန်းကလေးနှင့်တစ်စုံတစ်ရာပတ်သတ်မှုရှိကြောင်းကို ဖူချန်းသိလိုက်သည်။

“ မြို့ထဲမှာ တည်းခိုခန်းဆယ်ခုကျော်ရှိပေမယ့် အကောင်းဆုံးက မြို့လယ်ကတည်းခိုခန်းနှစ်ခုရယ် မြို့အရှေ့ခြမ်းကတစ်ခုရယ်ပဲ သူတို့အဲဒီသုံးခုထဲကတစ်ခုမှာရှိနိုင်တယ် “

“ ကျေးဇူးတင်ပါတယ် ဒါပေမယ့် မလိုအပ်တော့ပါဘူး “

ထင်းရှီမှ ခေါင်းယမ်းကာပြောလိုက်ကာ သူ၏မျက်လုံးများက အပြင်ဘက်သို့‌ရောက်နေသည်။

“ အရင်နေ့က ကျမမှာထားတဲ့ဓားရှည်ရပြီလား “

ဆည်းလည်းသံလေးလို သာယာသည့်အသံလေးမှာ‌ဆိုင်အနောက်ဘက်သို့ပင်လွင့်ပျံ့လာကာ ဖူချန်းလည်းသဘောပေါက်သွားသည်။

“ ရတော့မှာပါအစ်မလေး နောက်မှာ ဦးလေးဧည့်သည်နဲ့တွေ့နေလို့ပါ “

ဖူတိဆိုသည့်ကောင်လေး၏ပြန်ဖြေသံထွက်လာကာ ဆိုင်နောက်ဘက်တွင် ဖူချန်းလည်း လက်နက်စင်ပေါ်တွင်တင်ထသည့်ဓားရှည်တစ်ဘက်ကိုယူလိုက်သည်။

ဓားရှည်မှာ ဓားအိမ်ထားတွင်ရှိသည့်နေသည့်အတွက် မည်သည့်ပုံသဏ္ဍာန်ရှသည်ကိုမသိရသော်လည်း သေးသွယ်‌ရှည်လျားပုံရသည် ။

ဓားအိမ်မှာ လှပသည့်အဖြူရောင်ဓားအိမ်ဖြစ်ကာ ဓားရိုးမှာမူ ခိုင်ခန့်သည့်သစ်သားဖြင့်ပြုလုပ်ထားသည့် ဓားရိုးဖြစ်သည်။

“ သွားရအောင် “

ဖူချန်းမှ အပြင်မှမိန်းကလေးအတွက်ပြုလုပ်ထားဟန်ရသည့်ဓားရှည်ကိုယူကာ အခန်းထဲမှထွက်သွားသည်။

ထင်းရှီလည်း အနည်းငယ်တွေးတောကာ ထိုမိန်းကလေးနှင့်တွေ့ဆုံရန်ဖူချန်း၏နောက်မှလိုက်သွားသည်။

ဆိုင်ထဲတွင် ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်မှာ အနည်းငယ်စိတ်လှုပ်ရှားဟန်ဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။

သူမ၏လက်ချောင်းများကိုပွတ်ကာ ဆိုင်အနောက်ဘက်သို့မကြာခဏကြည့်နေသည်။

ထိုမိန်းကလေးမှာ သာမန်ရုပ်ရည်သာရှိသော်လည်း လွန်စွာအချိုးအစားကျသည့်ခန္တာကိုယ်ရှိကာ ပုရိဿတို့မျက်စိအစာကျွေးစဖွယ်ဖြစ်သည်။

“ ဆရာကြီး ကျမရဲ့ဓားရပြီလား “

ဆိုင်အနောက်ဘက်မှထွက်လာသည့် ဖူချန်းကိုမြင်သည်နှင့် မိန်းကလေး၏မျက်လုံးများတောက်ပသွားကာာ ဖူချန်းအားအလျှင်အမြန်မေးလိုက်သည်။

သူမ၏မျက်လုံးများကလည်း ဖူချန်း၏လက်ထဲမှဓားရှည်ထက်တွင်ရစ်ဝဲနေသည်။

“ ရော့ မိန်းကလေးမင်းရဲ့ဓားရှည်ရပြီ “

ဖူချန်းမှဓားကိုလက်လွှဲပေးလိုက်ရာ မိန်းကလေးမှာ ဓားကို ဓားအိမ်အတွင်းမှအလျှင်အမြန်ဆွဲထုတ်လိုက်သည်။

“ ရွှပ် “

အေးစိမ့်သည့်ခံစားမှုမှာ အခန်းငယ်လေးထဲတွင်ပျံ့နှံ့သွားကာ တောက်ပသည့်ဓားရှည်မှာထွက်ပေါ်လာသည်။

ဓားရှည်မှာ သုံးပေခန့်အရှည်ရှိကာ သာမန်ဓားများထက်အနည်းငယ်သေးသွယ်ကာ လေထုကိုပင်ထိုးခွင်းမတတ် ထက်ရှသည့်အသွားရှိသည်။

အထူးသဖြင့် ဓားဆီမှအေးစိမ့်သည့်ခံစားမှုမှာ တစ်မျိူးတစ်ဖုံထူးဆန်းနေကာ သာမန်ဓားကောင်းတစ်လက်မဟုတ်သည်ကိုအလွယ်တကူသိရှိနိုင်သည်။

“ မိန်းကလေး မင်းယူလာတဲ့ ပင်လယ်ကြမ်းပြင်က အေးစိမ့်သံနက်ကြောင့် မင်းရဲ့ဓားကပိုပြီးကောင်းမွန်သွားတာ ။ မင်းဆရာမြင်ရင်တောင် မနာလိုဖြစ်နေမှာကွ ဟားဟား “

ဖူချန်းမှ ဝမ်းမြောက်ဟန်ဖြင့်ရယ်မောကာအရွှန်းဖောက်လိုက်သည်။ ဓားကောင်းတစ်လက်ကိုပြုနိုင်နိုင်ခြင်းမှာ ပန်းပဲသမားများအတွက် များစွာဂုဏ်ယူကျေနပ်စေသည်။

“ ကျေးဇူးတင်ပါတယ်ဆရာကြီး “

မိန်းကလေးမှဦးညွတ်၍အရိုအသေပေးလိုက်သည်။ ဓားအတွက်ကျသင့်သည်ကိုမူ ဓားကိုအပ်နှံစဉ်ထဲကပေးခဲ့ပြီးဖြစ်သည်။

သူမ၏ဆရာကျောက်စိမ်းမျက်နှာရသေ့မမှာ ငယ်ရွယ်စဉ်ကသိုင်းလောကတွင်ကျင်လည်ရင်း ယခုဆိုင်မှသူမ၏ ရေခဲကျောက်စိမ်းဓားကို ရရှိခဲ့သည်။

ထိုစဉ်မှစ၍ ‌ကျောက်စိမ်းမျက်နှာရသေ့မမှာ ဖူချန်း၏ပန်းပဲပညာအရည်အချင်းကိုအသိအမှတ်ပြုခဲ့ကာ နတ်လက်နက်မျိုးဆက်ဟုသိရှိမထားသော်လည်း အခြားပန်းပဲဆရာများထက် ပို၍ထူးချွန်လှသည့်ပန်းပဲအရည်အချင်းကိုသိရှိထားသည်။

ယခုလည်း သူမ၏အချစ်ဆုံးတပည့်ပန်းနတ်သမီးသွမ့်ရှင်းရှောင်အတွက်ဓားကောင်းတစ်လက်ပြုလုပ်ရန် ပင်လယ်ကြမ်းပြင်မှအေးစိမ့်သံနက်ကို နှစ်ပေါင်းများစွာခက်ခက်ခဲခဲရှာဖွေထားရကာ မြောက်ပိုင်းမှဖူချန်း၏ဆိုင်တွင်ဓားလုပ်ခိုင်းရန်လမ်းညွန်ပေးလိုက်ခြင်းဖြစ်သည်။

သိုင်းလောကတွင်ထွက်ပေါ်လာသည့်သတင်းများကြောင့် သိုင်းထိပ်သီးစာရင်းနံပါတ်တစ် အဖြူရောင်သွေးမိစ္ဆာမှာ မြောက်ပိုင်းတောင်တန်းတစ်နေရာတွင် ဘုရင်နှစ်ပါး၏လက်ချက်ကြောင့်သေဆုံးသွားပြီဟု သိုင်းသမားများကြားတွင်ပျံ့နှံ့နေသည်။

သို့သော် သွမ့်ရှင်းရှောင်မှာ ထိုသတင်းအလုံးဝမယုံကြည်သော်လည်းထင်းရှီမှာ မြောက်ပိုင်းတွင်ရှိနိုင်သည်ဟုတွေးမိသည်။

စွန်းအိမ်တော်မှလည်း ထိုသတင်းကိုအတည်မပြုသာ်လည်း ထင်းရှီနှင့်မိန်းကလေးတစ်ဦးမှာ မြောက်ပိုင်း၏မြို့တော်အနီးတွင်ပျောက်ဆုံးသွားသည်ဟုပြောခဲ့သည်။

ထို့ကြောင့် တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘောမျိုးဖြင့် အေးစိမ့်သံနက်အားယူကာ ထင်းရှီကိုရှာရင်း မြောက်ပိုင်းကိုအလျှင်အမြန်လာခဲ့ခြင်းဖြစ်သည်။

သွမ့်ရှင်ရှော၏မျက်လုံးများမှာ ဆိုင်အနောက်ဘက်အခန်းထဲမှထွက်လာသည့်လူရိပ်တစ်ခုကိုမြင်လိုက်ရကာ သူမ၏စကားများရပ်တန့်သွားသည်။။

“ ထင်းရှီလား “

သွမ့်ရှင်းရှောင်လည်း အံ့အားသင့်သွားကာ သူမအမြင်မှသည်ဟုပင်ထင်လိုက်မိသည်။ သို့သော်

“ ဟေး ရှောင်ရှောင် “

ထိုလူမှ ယခင်အတိုင်းပင်နွေးထွေးနူးညံ့သည့်လေသံဖြင့်နှုတ်ဆက်လိုက်သည် ။

ရင်းနှီးနေသည့်စကားသံကြောင့် သူမအမြင်မှားခြင်းမဟုတ်သည်ကိုသိရှိလိုက်သည်။ သို့သော် သွမ့်ရှင်းရှောင်မှာ အံ့အားသင့်နေဆဲပင်။

သူမထင်းရှီအား ကျယ်ပြန့်သည့်မြောက်ပိုင်းတောင်တန်းတစ်ခွင် ခက်ခက်ခဲခဲလိုက်ရှာရမည်ဟုမျှော်လင့်ထားခဲ့သော်လည်း ယခုသူမလက်နက်ပြုလုပ်သည့်ဆိုင်တွင် လွယ်လွယ်ကူကူဆုံတွေ့နေသည်။

“ ဟဲ ဟဲ ကောင်လေး မင်းရဲ့ကောင်မလေးလား “

ဖူချန်းမှ ရယ်မော၍ ထင်းရှီအားစနောက်လိုက်သည်။

‌

သွမ့်ရှင်းရှောင်မှာ ဖူချန်း၏စကားကြောင့် ခေါင်းငုံ့၍ရှက်ရွံ့သွားကာ သူမ၏နားရွက်များပင်နီရဲလာသည် ။သို့သော် ထင်းရှီမည်သို့ဖြေကြားမည်ကိုသိလိုသောကြောင့် နားစွန့်နေမိသည်။

ထင်းရှီလည်း ဖူချန်း၏မေးခွန်းကြောင့်အနေရခက်သွားကာ သွမ့်ရှင်းရှောင်ကိုအားနာသည့်အကြည့်ဖြင့်ကြည့်လိုက်သည်။

“ မဟုတ်ပါဘူး ကျုပ်တို့က အရင်းနှီးဆုံးမိတ်ဆွေတွေပါ။ ရှောင်ရှောင်သူ့ရဲ့စကားကိုစိတ်ထဲမထားနဲ့ “

ထင်းရှီမှ ဖူချန်းအားရှင်းလင်းစွာပြောလိုက်ကာ သွမ့်ရှင်းရှောင်ကိုပါ တောင်းပန်လိုက်သည်။

ဖူချန်းမှတစ်စုံတစ်ရာထပ်၍မဆိုတော့ဘဲ တဟားဟားအော်ဟစ်ရယ်မောနေသည်။ နုပျိူသည့်လူငယ်လေးများ၏ ရင်ခုန်သံမှာ ကြည်နူးဖွယ်ကောင်းလှသည် ။

သူ့အနေဖြင့် ယနေ့လို‌ပေါ့ပါးပျော်ရွှင်ရခြင်းမရှိသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်သည်။

သွမ့်ရှင်းရှောင်မှာ ထင်းရှီးအဖြေကို အနည်းငယ်စိတ်ပျက်သွားသော်လည်း ထင်းရှီမှသူမကိုအရင်းနှီးဆုံးမိတ်ဆွေဟုသတ်မှတ်ထားသဖြင့်ကျေနပ်သွားသည်။

“ ရှောင်ရှောင် ဘာကိစ္စကြောင့် ငါ့ကိုလိုက်ရှာနေတာလဲ “

ထင်းရှီ၏မေးခွန်းကြောင့် သွမ့်ရှင်းရှောင်၏မျက်နှာ အနည်းငယ်စူပုတ်သွားသည် ။

“ ငါက ကိစ္စရှိမှ နင့်ကိုရှာရမှာလား “

သူမ၏မကျေမနပ်စကားကြောင့်ထင်းရှီလည်းရင်ထိတ်သွားကာ အလျှင်အမြန်ဖြေရှင်းချင်ထုတ်လိုက်သညိ။

“ မဟုတ်ဘူးလေ။ အရင်ကျန်းနန်မှာတွေ့တုန်းက ငါတို့သုံးလနေရင်ဆုံမယ်လို့ချိန်းထားတယ်လေ။ အခုသုံးလမပြည့်သေးလို့မေးတာပါ။

ဟ...ဟ.. ငါကနင်ရှာတာကိုဘာလို့မကြိုက်ရမှာလဲ မိန်းမလှလေးတစ်ယောက်ကကိုယ့်ကိုလိုက်ရှာတာဂုဏ်ယူရမှာပေါ့ “

ထင်းရှီမှာ ရုပ်တည်ကြီးဖြင့်ပြောလိုက်သည်။ ရှန်းယွင်နှင့်ရက်အတော်များများအတူနေပြီးနောက် မိန်းကလေးများကျေနပ်အောင်မည်သို့ပြောရမည်ကို သူကောင်းစွာသိနေပြီဖြစ်သည်။

ထင်းရှီတွေးထင်ထားသည့်အတိုင်းပင် သွမ့်ရှင်းရှောင်၏ဒေါသများပျောက်ကွယ်သွားကာ တစ်ဖန်ပြန်၍ရှက်ရွံ့လာသည်။

“ သိုင်းလောကထဲမှာ ဘုရင် နှစ်ပါးနဲ့တိုက်ခိုက်ပြီး နင်သေသွားပြီလို့သတင်းထွက်နေတယ် ။ငါက နင့်ကိုစိတ်ပူလို့မြောက်ပိုင်းမှာလာရှာတာ “

သူမ၏စကားမှာ ခြင်အော်သံလိုတိုးညင်းလှသည်။

ထင်းရှီလည်းထိုစကားကြောင့်အတွေးနက်သွားရသည်။ လေဟုန်သခင်တာ့စုန်းယွင်နှင့်တွေ့စဉ်ကလည်း သူတို့သေဆုံးသွားပြီဟုသတင်းကြားခဲ့ရသည်ဟုဆိုသည်။

ယခုလည်း သွမ့်ရှင်းရှောင်၏ပြောစကားအရ သူနှငိ့ဘုရင်နှစ်ပါးတို့၏တိုက်ခိုက်ကာ သူသေဆုံးသွားပြီဆိုသည့် သတင်းမှာနေရာ အနှံ့ပျံ့နှံ့နေပုံရသည်။

ထိုသတင်းမှာ မည်သည့်နေရာမှစ၍ထွက်ပေါ်လာသည်မသိသော်လည်း ဘုရင်နှစ်ယောက်ကမူ သတင်းဖြန့်လိမ့်မည်ဟု သူမယုံကြည်ပေ။

“ အင်း...ကိစ္စတွေအတော်များများဖြစ်သွားတယ် ။ ငါနင့်ကိုလမ်းကျရင်ရှင်းပြမယ်လေ နင်တည်းခိုနေတဲ့နေရာကိုသွားရအောင် “

ထင်းရှီမှဖြေးညင်းစွာပြောလိုက်သည်။ သူ၏စကားကြောင့် သွမ့်ရှင်းရှောင်လည်း ထိုနောက်တွင် အကြောင်းတစ်စုံတစ်ရာရှိသည်ကို ရိပ်မိသွားဟန်ဖြင့် သဘောတူလိုက်သည်။

“ ဖူချန်း ကျုပ်ရဲ့ဓားကိုနောက်သုံးရက်မြောက်နေမှလာယူမယ် ။ ကျုပ်စိတ်ချမယ်နော် “

ထွက်သွားခါနီးတွင်ထင်းရှီမှ ဖူချန်းအားမှာလိုက်သည်။

“ ဟားဟား ကောင်လေးမင်းက ‌မိန်းကလေး

နဲ့ဆုံတော့ မင်းရဲ့ဓားကိုတောင်မေ့ပြီထင်နေတာ “

ဖူချန်းမှ ထပ်မံ၍စနောက်လိုက်သည်။ ထင်းရှီလည်း လှည့်ကြည့်တော့ဘဲ လက်ကိုဝေ့ယမ်းပြကာ ဖူချန်း၏ဆိုင်ငယ်လေးမှ ထွက်ခဲ့တော့သည် ။

All Chapters