← Chapters

တွေ့ဆုံလိုသည့် လူတစ်ယောက်

Vol. 3 Ch. 261

တွေ့ဆုံလိုသည့် လူတစ်ယောက်

Vol. 3 Ch. 261

စင်းရွယ်မြို့၏ လမ်းမပေါ်တွင် ထင်းရှီနှင့်သွမ့်ရှင်းရှောင်တို့ဖြေးညင်းစွာလျှောက်လျက်ရှိသည် ။

“ ထင်းရှီ နင်တကယ်ပဲ ဘုရင်နှစ်ပါးနဲ့တိုက်ခိုက်ခဲ့တာလား “

အတန်ကြာတိတ်ဆိတ်‌နေပြီးနောက် သွမ့်ရှင်းရှောင်မှ မေးလိုက်သည် ။

ထင်းရှီလည်း ရှန်းယွင်ကိုစိတ်ပူမည်စိုး၍ တာ့စုန်းယွင်ကိုထိုကိစ္စဖုံးကွယ်ထားခဲ့သော်လည်း သွမ့်ရှင်းရှောင်မှာမူ မတူညီပေ။

ထို့ကြောင့် သူအမှန်တိုင်းပြောပြရန်ဆုံးဖြတ်လိုက်သည်။

“ ဟုတ်တယ် သရဲဘုရင်နဲ့ အဆိပ်ဘုရင်တို့နှစ်ယောက်ငါ့ကိုဝိုင်းပြီးတိုက်ခိုက်ကြတယ် “

ထင်းရှီ၏စကားကြောင့် သွမ့်ရှင်းရှောင်မှမျက်လုံးပြူးသွားကာ ထင်းရှီအားအလျှင်အမြန်ကြည့်လိုက်သည်။

“ ငါသိထားတာက ခရမ်းရောင်သွေးလဂိုဏ်းက ဘုရင်ငါးပါးက သိုင်းဝိဇ္ဇာတွေပဲ။ သူတို့ထဲကနှစ်ယောက်ရဲ့အကြောင်းကို ငါကြားဖူးတယ် ။

စန်နုန်ကျမှာ အဖြူအနက်တိုက်ပွဲပြီးတော့ အပြန်လမ်းမှာ သိုင်းဝိဇ္ဇာလေးယောက်က နှင်းငွေ့မိစ္ဆာသခင်ကို ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။

အဲဒီတိုက်ပွဲမှာ သံမဏိဘုရင်က သိုင်းဝိဇ္ဇာအဆင့်ဖြစ်တဲ့ လူထူးဆန်းငွေရောင်မုတ်ဆိတ်ကိုအနိုင်ယူပြီး အဆင့်လွန်သိုင်းသမားအတော်များများကို သတ်ဖြတ်ခဲ့တယ်။

နောက်ပြီး လွန်ခဲ့တဲ့လေးငါးလက အရင်သိုင်းထိပ်သီးစာရင်းနံပါတ်တစ် လူ့ဂွစာမုချန်းက ခရမ်းရောင်သွေးလဂိုဏ်းက ဓားဘုရင်ဆိုတဲ့လူနဲ့တိုက်ခိုက်ပြီးအနိုင်ယူခဲ့တယ်။

အဲဒီတိုက်ပွဲမှာ မုချန်းအနိုင်ရခဲ့တယ်လို့ပြောလို့ပပေမယ့် သူအပြတ်အသတ်နိုင်ခဲ့တာမဟုတ်ဘူး။ နင်က ဘုရင်နှစ်ပါးဝိုင်းတိုက်တာကိုတောင်ဘာမှမဖြစ်ဘူးဆိုတော့ “

သွမ့်ရှင်းရှောင်၏အတိတ်တလန့်စကားကြောင့် ထင်းရှီမှာ ခြောက်ကပ်ကပ်ရယ်လိုက်သည်။

“ နင်ကငါ့ကိုအထင်ကြီးလွန်းနေပြီ။ ငါကသူတို့တစ်ယောက်ချင်းစီကိုမမူပေမယ့် သူတို့နှစ်ယောက်ဝိုင်းတိုက်တာကိုငါဘယ်နိုင်မှာလဲ ။

ချောက်ကမ်းပါးထဲကိုပြုတ်ကျပြီး ကံကောင်းလို့မသေခဲ့တာ “

ထင်းရှီ၏စကားကြောင့် သွမ့်ရှင်းရှောင်မှာ မျက်နှာပျက်သွားကာထင်းရှီအား ဒေါသဖြင့်ပြောလိုက်သည်။

“ ကံကောင်းလို့နင်ဘာမှမဖြစ်တာ ။ နင်သူတို့နှစ်ယောက်ကိုမနိုင်ဘဲနဲ့ထွက်ပြေးပါလား ။ ဘာဖြစ်လို့ တိုက်နေတာလဲ ။

နင်ထွက်ပြေးချင်ရင်သူ့တို့လိုက်မမီတာသိရဲ့သားနဲ့နင့်ခေါင်းကိုမြင်းကန်သွားတာလား “

သွမ့်ရှင်းရှောင်မှ စူးရှသည့်အသံဖြင့် ဒေါသတကြီး ဆကိတိုက်ဆူပူတော့သည်။

သာမန်အချိန်များတွင် ယဉ်ကျေးသိမ်မွေ့ကာ ‌တည်ငြိမ်သည့်မိန်းမလှလေးမှာ တစ်ခါတစ်ရံ ထင်းရှီပင်ကြောက်လန့်ရသည်။

သူမဒေါသထွက်နေလျှင် ထင်းရှီမှာမည်သို့ဖြေရှင်းရမှန်းမသိဘဲ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတတ်သည်။

“ ဒီလူငယ်လေးတွေကလည်း လမ်းမပေါ်မှာ သမီးရည်းစားရန်ဖြစ်နေကြတယ် “

အချို့လူများမှ တီုးတိုးရေရွတ်ကာဖြတ်ကျော်သွားကြသည်။

သူတို့နှစ်ဦးမှာ လမ်းမထက်တွင်ရှိနေခြင်းဖြစ်ကာ သွမ့်ရှင်းရှောင်မှ အဆက်မပြတ်အော်ငေါက်နေသည့်အတွက် လမ်းသွားလမ်းလာများမှာ သူတို့အားဝေ့ကြည့်လိုက်ကာ ခေါင်းယမ်း၍ထွက်သွားကြသည်။

ထင်းရှီလည်း သွမ့်ရှင်းရှောင်အားအလျှင်အမြန်လက်ကာပြ၍ သူမ၏လက်ကိုဆွဲကာ ထိုနေရာမှခပ်သွတ်သွတ်လျှောက်သွားကာ လူရှင်းသည့်နေရာသို့ ခေါ်သွားလိုက်သည်။

“ ငါထွက်ပြေးလို့မရလို့ပေါ့ ငါတစ်ယောက်ထဲမဟုတ်ဘူးလေ “

ထင်းရှီ၏အဖြေကြောင့် သွမ့်ရှင်းရှောင်မှာ မျက်လုံးပြူးသွားကာ ဒေါသပေါက်ကွဲတော့မည်ကဲ့သို့ဖြစ်လာသည်။

ထို့နောက် သူ၏စိတ်ကိုထိမ်းချုပ်လိုက်ဟန်ရကာ အေးစက်စက်‌လေသံဖြင့်‌မေးလိုက်သည်။

“ နင်ပြောတာ ဟိုကောင်မလေးကိုကာကွယ်ပေးနေရတာလား “

သွမ့်ရှင်းရှောင်မှာ ထိုနေရာတွင်မရှိခဲ့သော်လည်း ဉာဏ်ကောင်းသူပီပီအခြေအနေအားဆက်စပ်တွေးတောနိုင်သည်။

“ အင်း.. ဟိုလေ “

ထင်းရှီမှ ချက်ခြင်းအဖြေမပေးနိုင်ဘဲ ထစ်ငေါ့နေသဖြင့် သွမ့်ရှင်းရှောင်လည်း မျက်စောင်းတစ်ချက်ပစ်လွှတ်ကာ ထပ်၍မေးလိုက်သည်။

“ အခုဟိုကောင်မလေးကရော ဘယ်မှာလဲ “

“ သူက အရှေ့ပိုင်းကိုပြန်သွားပြီ “

ထင်းရှီလည်းသူမ၏မေးခွန်းကို အမှန်အတိုင်းပြောလိုက်သည်။

ထင်းရှီ၏အဖြေကြောင့် သွမ့်ရှင်းရှောင်၏နှုတ်ခမ်းထောင့်စွန်းမှာ ကွေးတတ်သွား၍လှပစွာပြုံးလိုက်ကာ တီးတိုး‌ရေရွတ်လိုက်သည်။

“ အဲဒီကြောင်ရိုင်းမ အရှေ့ပိုင်းကိုပြန်သွားပြီပေါ့ ကောင်းတယ် “

“ ဘယ်လို “

ထင်းရှီမှ အဝေးသို့ငေးနေသည့်အတွက် သူမ၏စကားကို သေချာမကြားလိုက်ရဘဲမေးလိုက်သည်။

“ ဘာမှမဟုတ်ပါဘူး လာ လာ တည်းခိုခန်းမှာ ရှင့်ကိုတွေ့ချင်နေတဲ့လူတစ်ယောက်ရှိတယ် ။ ကျမနဲ့မြန်မြန်လိုက်ခဲ့ “

သွမ့်ရှင်းရှောင်မှ ခေါင်းယမ်း၍ထင်းရှီ၏လက်ကိုသေချာဆုပ်ကိုင်လိုက်သည် ။

ထင်းရှီးမှာ သူမပြောသည့်လူကိုမသိသောကြောင့် သူမဆွဲ‌ ခေါ်ရာဆီသို့ကန့်လန့်ပါသွားရင်းမေးလိုက်သည်။

“ သူကဘယ်သူလဲ ရှောင်ရှောင် ငါ့ကိုပြောဦးလေ “

“ စကားမများပါနဲ့ ဟိုကိုရောက်ရင်သိလိမ့်မယ် “

သွမ့်ရှင်းရှောင်မှ ထူးဆန်းသည့်အပြုံးတစ်ခုဖြင်ပ ထင်းရှီအားဆွဲခေါ်သွားသည်။

&&&&

သပ်ရပ်ခမ်းနားသည့်တည်းခိုခန်းတစ်ခု

စင်းရွယ်မြို့ထဲမှအကောင်းဆုံးတည်းခိုခန်းသုံးခုအနက်တစ်ခုဖြစ်သဖြင့် ဈေးနှူန်းမှာသာမန်ထက်မြင့်မားသလို ဝန်ဆောင်မှုများသည်လည်း ထူးကဲကောင်းမွန်ပေသည်။

ငွေကြေးတတ်နိုင်သူများမဟုတ်ပါက ယခုလို ခမ်းနားသည့်တည်းခိုခန်းကို တည်းခိုနိုင်မည်မဟုတ်ပေ။

ထိုနေရာရှိအစားအသောက်များမှာ ပထမတန်းစားသောက်ဆိုင်များလိုကောင်းမွန်လှသလို အခန်းများသည်လည်း ပေးရသည့်ဈေးနှုန်းနှင့်ထိုက်တန်သည်။

ထို့ကြောင့် ငွေကြေးတတ်နိုင်သည့်သူဌေးသူကြွယ်များနှင့် အင်အားစုကြီးများမှသိုင်းသမားများသာတည်းခိုနိုင်သည်။

ထင်းရှီလည်း သွမ့်ရှင်းရှောင်နှင့်အတူ တည်းခိုခန်း၏တတိယအထပ်သို့တက်လာကာ ဘဘီကိုဝေ့ကြည့်ရင်း တည်းခိုခန်းပြင်ဆင်ထားပုံကို ကြိတ်၍ချီးကျူးလိုက်မိသည်။

တည်းခိုခန်းမှာ သုံးထပ်ရှိကာအောက်ဆူံးအထပ်တွင် စားသောက်ဖွယ်ရာများရရှိသည်။

ဒုတိယအထပ်နှင့်တတိယအထပ်တွင်မူကောင်းမွန်သည့်အခန်းများဖြင့်ဖွဲ့စည်းထားကာ တတိယထပ်မှာမူ ပြောစရာမလိုအောင်ပင် အကောင်းမွန်ဆုံးဖြစ်သည်။

တတိယထပ်တွင်အခန်းဆယ်ခုသာရှိကာ ကျသင့်ငွေမှာလည်း ဒုတိယအထပ်ထက်ပိုလေသည် ။ သို့သော် သွမ့်ရှင်းရှောင်လို နဂါးစိမ်းဂိုဏ်းကြီး၏ သခင်မလေးမှာ ထိုပမာဏကိုစိတ်ထဲတွင်ထားမည်မဟုတ်ပေ။

ထင်းရှီလည်း သူနှင့်ရှန်းယွင်အတူခရီးသွားခဲ့စဉ်က ကြွယ်ဝသည့်သခင်မလေးဖြစ်သူရှန်းယွင်မှာ အကောင်းဆုံးအခန်းများတွင်သာတည်း၍ ထိပ်ဆုံးအစားအသောက်များကိုသာ စားသောက်ခဲ့လေသည်။

ထင်းရှီဓားစံအိမ်မှထွက်လာစဉ်ပါလာသည့်ငွေကြေးမှာ ယခုတည်းခိုခန်းမျိူးတွင် လေးငါးရက်သာနေနိုင်သည့်ပမာဏဖြစ်သည်။

ထင်းရှီတစ်ကိုယ်တည်းတွေးတောနေစဉ် သွမ့်ရှင်းရှောင်မှာ အခန်းတစ်ခု၏ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် ထင်းရှီအား အေးဘက်အခန်းကိုညွန်ပြကာပြောလိုက်သည်။

“ အဲဒါက ကျမရဲ့အခန်းပဲ။ ရှင့်အတွက်လည်း နောက်မှတစ်ခန်းယူပေးမယ် “

သွမ့်ရှင်းရှောင်၏စကားကို ထင်းရှီလည်းဖြေးညင်းစွာခေါင်းညိမ့်ပြလိုက်သည်။

သူတစ်ဦးတည်းသာဆိုပါက သာမန်တည်းခိုခန်းတစ်ခုခုတွင်သာတည်းလိမ့်မည်ဖြစ်သော်လည်း ငွေကြေးချမ်းသာသည့်သွမ့်ရှင်းရှောင်ပါလာ၍ တစ်မျိုးဖြစ်သွားသည်။

“ အစ်မယင် သူ့ကိုရှာတွေ့ပြီ “

သွမ့်ရှင်းရှောင်မှ အခန်းတံခါးကိုခပ်တိုးတိုးခေါက်ကာပြောလိုက်သည်။

“ ဘယ်သူ့ကိုရှာတွေ့တာ “

အခန်းတွင်းမှ မိန်းကလေးတစ်ယောက်၏ရေရွတ်သံကိုကြားလိုက်ရသည်။

“ မဟုတ်မှလွဲရော “

ထင်းရှီမှာ အခန်းတွင်းမှကြားလိုက်ရသည့် လွန်စွာရင်းနှီးကျွမ်းဝင်နေသည့်ခေါင်းရှုပ်သွားကာ အပြင်းအထန်စဉ်းစားလိုက်သည်။

“ ဟိုက် .. သွားပြီ “

ထင်းရှီမှာ အခန်းထဲမှလူ သတိမပြုမိရန်အလျှင်အမြန်ထွက်ပြေးရန်ပြင်လိုက်သော်လည်း ထိုအချိန်ခဏလေးတွင်အခန်းတံခါးမှာ ဝုန်းခနဲပွင့်လာကာ လေအေးတစ်ချက်နှင့်အတူ အေးစိမ့်သည့်ဓားတစ်လက်မှာ ထင်းရှီ၏လည်ပင်းပေါ်သို့ရောက်နေသည်။

ထင်းရှီ၏ရှေ့တွင် လွန်စွာကြော့ရှင်းလှပသည့်မျက်နှာလေးတစ်ခုရှိနေကာ ယခုအချိန်တွင်မူ ထိုမျက်နှာလေးမှာ အေးစက်တင်းမာနေကာ သူမ၏လက်ထဲမှတောက်ပသည့်ဓားမှာ ထင်းရှီ၏လည်ပင်းပေါ်သို့ရောက်နေသည်။

သိသိသာသာပင် ထင်းရှီသာအနည်းငယ်လှုပ်ရှားလိုက်ပါက ထိုဓားရှည်မှာ သူ၏လည်ပင်းကိုပိုင်းဖြတ်သွားမည်ကိုမေးနေစရာပင်မလိုပေ။

“ အစ်မယင် “

သွမ့်ရှင်းရှောင်မှာ သူမ၏ပါးစပ်အားလက်ဝါးလေးဖြင့်အုပ်ကာ အံ့အားသင့်စွာရေရွတ်လိုက်သည်။

ဓားစံအိမ်တွင်ရှိစဉ် ထင်းရှောင်ယင်မှ မကြာခဏညွန်ပြပေးသဖြင့် ထင်းရှောင်ယင်မှာ သူမထက်သိုင်းပညာမြင့်မားသည်ကိုသိရှိသေည်လည်း ယခုလိုလွန်စွာမြင့်မားနေမည်ကိုမျှော်လင့်မထားမိပေ။

သွမ့်ရှင်းရှောင်မှာ သိုင်းထိပ်သီးဆယ်ယောက်စာရင်းတွင် နံပါတ်ငါးနေရာ၌ရှိသော်လည်း အစောပိုင်းကထင်းရှောင်ယင်၏လှုပ်ရှားမှုကို ဝေဝေဝါးဝါးသာတွေ့လိုက်ရသည်။

သို့သော် အရေးအကြီးဆုံးအချက်မှာ မည်သည့်အတွက် အစ်မယင်မှ ထင်းရှီကိုဓားဖြင့် ရွယ်ထားသနည်း ။

“ မင်းတို့ဆူဆူညံညံနဲ့ ဘယ်သူတွေ “

ဘေးဘက်တစ်ခန်းကျော်မှ အခန်းတံခါးပွင့်လာကာ အနည်းငယ်ဝဖိုင့်သည့် ပိုးဖဲအင်္ကျီနှင့်လူတစ်ယောက်ထွက်လာသည်။

ထိုလူမှာ သူ၏အခန်းတွင်အေးအေးဆေးဆေးအနားယူနေစဉ် ဝုန်းဒိုင်းအသံများကြောင့် အော်ငေါက်ရန်ထွက်လာခြင်းဖြစ်သော်လည်းပြင်ပရှိမြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားသည်။

All Chapters