← Chapters

သားရဲတောအုပ်

Vol. 3 Ch. 262

သားရဲတောအုပ်

Vol. 3 Ch. 262

စင်္ကြန်လမ်းတွင် လူသုံးယောက်ရှိနေသည်။ ယောင်္ကျားဖြစ်သူမှာ တောင့်တင်းသည့်အမူအယာဖြင့်ရှိနေကာ သူ၏ဘေးတွင် ပန်းနုရောင်ဝတ်စုံနှင့်မိန်းကလေးတစ်ယောက်ရှိနေသည်။

သူတို့၏ရှေ့တွင် လွန်စွာလှပသည့်မိန်းမလှလေးတစ်ယောက်အေးစက်တင်းမာသည့်မျက်နှာဖြင့်ရှိနေကာ သူမ၏လက်ထဲတွင်တောက်ပသည့်ဓားရှည်တစ်လက်ရှိနေကာ ယောင်္ကျားဖြစ်သူ၏လည်ပင်းပေါ်တွင်တင်ထားသည်။

အချိန်ကောင်းမဟုတ်ပေ။

ထိုလူမှာ မည်သို့တွေးထင်သွားသည်မပြောတတ်ပေ။ ထိတ်လန့်နေသည့်ဟန်ဖြင့် သူ၏အခန်းတံခါးကိုတင်းကြပ်စွာပြန်ပိတ်လိုက်သည်။

“ ဘုရား ဘုရားကံကောင်းလို့ပါလား “

ထိုလူမှ သူ၏ရင်ဘက်ပေါ်တွင်လက်တင်ကာ သက်ပြင်းချလိုက်သည်။

သူ၏ပုံစံမှာ တစ်စုံတစ်ရာအားကြောက်ရွံ့နေဟန်ရသည်။ ထို့နောက် မနေနိုင်ဘဲ တစ်ဦးတည်းပြောလိုက်မိသည်။

“ အဲဒီမိန်းကလေးကနတ်သမီလေးလိုလှတာကို ဘာလို့ဟိုကောင်ကဖောက်ပြန်တာလဲ ။ သူနဲ့ငါနဲ့နေရာချင်းသာလဲထားချင်တယ် “

ထိုလူမှ မကျေမနပ်ရေရွတ်လိုက်သည်။ ထို့နောက်မှ သတိရသွားဟန်ဖြင့်ထပ်၍ပြောလိုက်သည်။

“ ဘယ်လိုပဲဖြစ်ဖြစ်သူတို့ကသိုင်းသမားတွေနဲ့တူတယ်။။သူတို့ပြဿနာထဲမှာ ငါပါလို့မဖြစ်ဘူး ။ သနားစရာကောင်းတဲ့ငါ့အသက်လေး သေလို့မဖြစ်ဘူး “

ထင်းရှီ ၊ သွမ့်ရှင်းရှောင်နှင့် ထင်းချီယင်တို့မှာ အဆင့်လွန်သိုင်းသမားများဖြစ်ကာ အတွင်းအားလွန်စွာကောင်းမွန်သူများဖြစ်ကြသည်။

ထို့ကြောင့် ထိုလူအခန်းထဲတွင်တစ်ဦးတည်းရေရွတ်နေသည်များကို သူတို့အတိုင်းသားကြားနေရသည်။

ထင်းရှောင်ယင်နှင့် သွမ့်ရှင်းရှောင်တို့မှာ မရည်ရွယ်ပါဘဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကာ နှစ်ဦးစလုံးရှက်ကိုးရှက်ကန်းဖြစ်သွားကြသည်။

ထိုအချိန်တွင် အကြောင်းမဲ့လည်ပင်း‌ပေါ်တွင်ဓားတင်ခံထားရသည့်ထင်းရှီမှာ သူစကားပြောရန်အခွင့်အရေးရပြီဟုတွေးလိုက်မိသည်။

“ ယင်ယင် ငါ့ရဲ့လည်ပင်းပေါ်ကဟာလေးကို ဖယ်ပေးပါလား ။ပြီးမှစကားဆက်ပြောရအောင် “

ထင်းရှီမှနူးညံ့စွာပြောလိုက်သည်။ သူ၏ဘေးတွင်ရှိသည့် သွမ့်ရှင်းရှောင်လည်း မနေနိုင်ဘဲဝင်၍ပြောလိုက်မိသည်။

“ ဟုတ်ပါတယ် အစ်မယင်ကလည်း ထင်းရှီကိုရောက်ရောက်ချင်းသတ်မယ်ဖြတ်မယ်လုပ်တာမကောင်းဘူးနော် “

သူမ၏စကားကြောင့် ထင်းရှောင်ယင်လည်းအနည်းငယ်တွေဝေသွားသည်။ ထို့နောက် ထင်းရှီ၏လည်ပင်းပေါ်ရှိသူမ၏ဓားကိုပြန်ဆုတ်ကာ ဓားအိမ်အတွင်းထည့်လိုက်သည်။

ထို့နောက် သူမ၏မျက်နှာထားကို လျော့ခြင်းမရှိဘဲ ထင်းရှီအား အေးစက်စက်လေသံဖြင်ြမေးလိုက်သည်။

“ နင်ကဘာလို့ပြန်ပြေးမယ့်ပြင်နေတာလဲ “

ထင်းရှောင်ယင်သိုင်းလောကထဲသို့ မည်သည့်အတွက် ရောက်နေသည်နှင့် သွမ့်ရှင်းရှောင်နှင့်မည်သို့ရင်းနှီးလာသည်ကို တွေးတောနေသည့်ထင်းရှီမှာ သူမ၏အမေးကြောင့် ထင်းရှီလည်းအဖြေကကြပ်သွားသည်။

“ ငါလုပ်စရာတစ်ခုရှိလို့ပါ ။ ငါ့ကိုတွေ့ချင်တဲ့လူက နင်မှန်းသာသိရင် ငါဘယ်လိုလုပ်နောက်ပြန်ဆုတ်မှာလဲ နောက်ပြီး နင်ကရော အခန်းထဲကနေမထွက်ဘဲ ဘယ်လိုလုပ်ငါပြန်ဆုတ်မယ်ဆိုတာကိုသိတာလဲ “

ထင်းရှီမှတည်ကြည်သည့်ဟန်ဖြင့်ဖြေလိုက်ကာ ပြန်၍ပင်မေးခွန်းထုတ်လိုက်သေးသည်။

“ ကောင်စုတ် နင်တွေးနေတာကိုငါမသိဘူးများမှတ်နေတာလား ။။ငါအထဲမှာရှိမှန်းသိတော့ စံအိမ်ကိုပြန်ခေါ်သွားမှာစိုးလို့ နင်ထွက်ပြေးဖို့ကြံနေတာမဟုတ်လား။

နောက်ပြီး အရင်တုန်းကလိုငါ့ကိုအားနည်းတယ်ထင်နေတုန်းလာ အခု အစ်ကိုကြီးတောင်ငါ့ကိုအနိုင်မယူနိုင်တော့ဘူး “

ထင်းရှောင်ယင်၏စကားကြောင့် ထင်းရှီ၏မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်သည့်အရိပ်အယောင်များပေါ်လာကာ အလျှင်အမြန်မေးလိုက်သည်။

“ အစ်ကိုကြီးရဲ့ခြေထောက်တွေက ပြန်ကောင်းပြီလား “

ထင်းရှီ၏စိတ်လှုပ်ရှားနေပုံရသည့်အဖြစ်ကိုကြည့်ကာ ထင်းရှောင်ယင်၏မျက်နှာထက်တွင်အပြုံးတစ်ခုပေါ်လာသည်။

“ ဟုတ်တယ် အဲဒီနှစ်က နင်ယူလာတဲ့သိုင်းကျမ်းတဲ့ သိုးထိန်းကြီးကကုသပေးတော့ သိပ်မကြာဘူး အစ်ကိုကြီးလမ်းပြန်လျှောက်နိုင်လာတယ်။

နောက် ရှောင်ရှောင်ပေးတဲ့ နှစ်တစ်ရာဆေးမြစ်ကြောင့် အစ်ကိုကြီးရဲ့ခန္တာကိုယ်ထဲက မကောင်းတဲ့ဒဏ်ရာတွေအကုန်ပျောက်ကင်းပြီး အတွင်းအားတွေတောင်တိုးလာသေးတယ် “

သူမ၏စကားကြောင့် ထင်းရှီ၏မျက်လုံးများပြူးကျယ်သွားကာ သွမ့်ရှင်းရှောင်အားလှည့်ကြည့်လိုက်သည်။

“ ရှောင်ရှောင် နင်ကဘယ်လိုလုပ်ပြီး စံအိမ်ကို “

သူ၏စကားမဆုံးမီ ထင်းရှောင်ယင်မှ ထင်းရှီအားသူမ၏အခန်းထဲသို့ဆွဲခေါ်သွားလိုက်သည်။

“ လာ ငါအထဲကျမှ အေးအေးဆေးဆေးရှင်းပြမယ် နောက်ပြီး ဒီနှစ်တွေမှာ နင့်ရဲ့အကြောင်းတွေလဲ အကုန်ပြောပြရမယ် “

&&&&&

သားရဲတစ်ရာတောအုပ်

သားရဲတစ်ရာတောအုပ်မှာ ဟူပေပြည်နယ်အတွင်းရှိ အထင်ကရတောအုပ်ကြီးဖြစ်သည်။

ထိုတောအုပ်မှာ ဟူပေပြည်နယ်အစပ်တွင်ဖြစ်သော်လည်း ပြည်နယ်၏ငါးပုံတစ်ပုံကိုဖုံးလွှမ်းထားသည့်တောအုပ်ကြီးဖြစ်သည်။

ထိုတောအုပ်၏အဆုံးတွင်မူ အလယ်ပိုင်းဒေသ၏အထင်ကရ ကျုံးဟွာတောင်နှင့်ထိစပ်နေသည်။

သားရဲတစ်ရာတောအုပ်မှာ နာမည်နှင့်လိုက်အောင် သားရဲများပေါများလှသလို လွန်စွာနက်ရှိုင်းသည့်တောအုပ်ကြီးတစ်ခုလည်းဖြစ်သည် ။

မြောက်တွင်တောင်တန်း ၊ အနောက်တွင်မိုးတိမ် ၊အလယ်ပိုင်းသားရဲ တောင်တွင်ပင်လယ်ဆိုသည့်စာချိုးထဲကလို ဒေသအသီးသီး၏ ကြီးမားကျယ်ပြန့်သည့်နေရာများဖြစ်သည်။

သားရဲတစ်ရာတောအုပ်ထဲတွင် လူအယောက်နှစ်ဆယ်နီးနီးရှိနေကာ စုရုံး၍တစ်စုံတစ်ရာအားတိုင်ပင်နေဟန်ရသည် ။

ထိုလူများမှာ သူတို့၏ပုံစံကိုကြည့်ရုံဖြင့် နှာခေါင်းရှုံ့ရလောက်အောင်သူတောင်းစားဂိုက်အပြည့်ရှိကာ အဖာတစ်ရာအပြဲဗရပွဖြစ်နေသည့်ဝတ်စုံများဖြင့်သားနားလှသည်။

သူတို့အထဲတွင်အနည်းငယ်သားနားသူဟူ၍ အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည့်လူတစ်ယောက်သာရှိကာ ထိုလူ၏ ဝတ်စုံဖြူသည်လည်း ရက်ပေါင်းများစွာမလျှော်မဖွတ်ထားဟန်ဖြင့် ပေရေနေသည်။

“ အဖိုးကြီး ကျုပ်တို့ဘယ်အချိန်မှ ခရမ်းရောင်သွေးလဂိုဏ်းရဲ့တည်‌နေရာကိုတွေ့မှာလဲ ။ ကျုပ်တို့ရှာနေရာတစ်လတောင်ရှိသွားပြီ နောက်ပြီး ကောင်းကောင်းမအိပ်မစားရတာလဲကြာပြီ “

ဝတ်စံဖြူဝတ်ဆင်ထားသူမှ စိတ်မရှည်သည့်လေသံ‌ဖြင့်မေးလိုက်သည် ။ ထိုလူမှာ စိတ်ညစ်နေဟန်ရသည်။

ကျန်ရှိနေသည့်လူများသည်လည်း ထိုနည်းတူပင်။

သူတို့ထိုရက်များအတွင်းလွန်စွာပင်ပန်းနေပြီဖြစ်သည်။

သို့သော် ထိုလူကဲ့သို့မပြောဝံ့ကြဘဲ သူတို့၏အလယ်မှ မုတ်ဆိတ်ဖြူများနှင့် ပိန်ပိန်ပါးပါးအဖိုးအိုကိုကြည့်လိုက်သည်။ အဖိုးအို၏ခါးတွင် ဝါးစိမ်းတုတ်‌တစ်ချောင်းကိုထိုးထားသည်။

“ သူတို့ကသိုင်းလောကထဲမှာ အလျှိုအလျှိုလှုပ်ရှားနေကြပေမယ့် သူတို့ရဲ့ဌာနချုပ်ကိုတွေ့ဖို့တယ်ခတ်တာကိုး ။

သူတို့ရဲ့ဌာနချုပ်ကဒီတောအုပ်ထဲမှာရှိတာကသေချာတယ် ။ တောအုပ်ကအတော်လေးနက်ရှိုင်းနေတာတစ်ခုပဲ ဟဲ ဟဲ ။

နောက်ပြီး မင်းကငါ့ကိုအကြွေးတစ်ခုတင်နေလို့ ငါမင်းကိုခေါ်လာတာနော် ။ ငါဆိုရင် ငါ့ရဲ့ဂုဏ်သိက္ခာအကျခံပြီး စန်နုန်ကျကိုမသွားဘဲနဲ့ ဒီတောထဲမှာလာပြီးအချိန်ကုန်နေတာ “

အဖိုးအို၏စကားကြောင့် ဝတ်စုံဖြူဖြင့်လူမှာ တိတ်ဆိတ်သွားသည်။ ထို့နောက် အနည်းငယ်တွေးတောကာ သဘောတူဟန်ဖြင့်ခေါင်းညိမ့်လိုက်သည်။

“ ကောင်းပြီ ဒီသောက်တောအုပ်ကြီးထဲမှာ အကြာကြီး ဒုက္ခမခံနိုင်ဘူး ။ ကျုပ်နောက်ထပ်တစ်လအတွင်းတွေ့အောင်ရှာပြမယ်။

ပျင်းရိတဲ့အဖိုးကြီးခင်ဗျားရဲ့ကိုယ်ဖော့ပညာက ဒီ့ထက်ပိုပြီးကောင်းတယ်ဆိုတာကို ကျုပ်သိတယ်နော် ။အခု ခင်ဗျားက ခင်ဗျားဂိုဏ်းသားတွေလောက်ပဲ ရှိနေပြီး ဘယ်ဘယ်တော့မှအားကုန်မထုတ်ဘူး “

ဝတ်စုံဖြူ၏စကားကြောင့် အဖိုးအို၏မျက်နှာ မအီအသာဖြစ်သွားကာ ကျန်ရှိနေသည့်လူများသည်လည်းပြုံးစေ့စေ့ဖြစ်ကုန်သည်။

“ ဂိုဏ်းချုပ်ကြီး ဂိုဏ်းချုပ်သာအားကုန်ထုတ်တိုက်မယ်ဆိုရင် တခြားဂိုဏ်းကြီးငါးဂိုဏ်းကဂိုဏ်းချုပ်တွေကိုအနိုင်ယူနိုင်တယ်မလား “

အဖွဲ့သားတစ်ယောက်မှ မနေနိုင်ဘဲမေးလိုက်မိသည်။ သူ၏မေးခွန်းကိုကျန်သည့်လူများလည်းစိတ်ဝင်စားနေ‌ကြသည်။

သိုင်းလောကထဲတွင် သူတို့၏ဂိုဏ်းချုပ်ကြီးကို အတွင်းအားအကောငိးဆုံးပုဂ္ဂိုလ်အဖြစ်သိကြကာ နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်ကိုအလုံးစုံတတိမြောက်ပြီး သူ၏ခွေးရိုက်တုတ်သိုင်းသုံးဆယ့်ခြောက်ကွက်မှာ လွန်စွာထင်ရှားသည်။

သို့သော် ပြဿနာရှိသည်မှာ သူတို့၏ဂိုဏ်းချုပ်မှာ အမြဲလိုလိုပျင်းရိနေကာ ူယအစွမ်းကုန်တိုက်ခိုက်သည်ကို သူတို့မမြင်ဖူးဘဲ အမြဲလိုလို ပြိုင်ဘက်ထက်အနည်းငယ်သာရုံသာတိုက်ခိုက်ပေသည်။

သူ၏ပြိုင်ဘက်မှာ အဆင့်နိမ့်သိုင်းသမားတစ်ယောက်ဖြစ်လျှင်ပင် သိုင်းကွက်ရာနှင့်ချီ၍တိုက်ခိုက်ပြီးမှအနိုင်ရတတ်သည်။

ထို့ကြောင့်ပင် သူနှင့်ခေတ်ပြိုင်သိုင်းသမားအချို့မှ သိုင်းဝိဇ္ဇာများ၏သိက္ခာကျသည်ဟုအမြဲလိုလိုအပြစ်တက်လေ့ရှိခြင်းဖြစ်သည်။

အဖိုးအိုမှ သူတို့၏မေးခွန်းကြောင့် ခေါင်းယမ်းကာပြောလိုက်သည်။

“ ရှောင်လင်ကျောင်းထိုင်နဲ့ ဝူတန်းကကောင်ကို ငါဘယ်လိုနိုင်မှာလဲ ။ အော့မေ့ဂိုဏ်းကအဖွားကြီးဆိုတာကလည်း ငါသူနဲ့မတိုက်ရဲဘူး။ မတော်လို့ ဓားလိုဏ်ဂူထဲက မသေသေးတဲ့အဖိုးကြီးထွက်လာရင် ဒုက္ခတွေများကုန်မယ် ။

ဝါဆန်းကလျှပ်စီးဓားနဲ့ ခွန်လွန်ဂိုဏ်းချုပ်က ငါ့ထက်ဝါစဉ်ငယ်တယ်ဒါကြောင့် ငါအနိုင်မကျင့်ချင်ဘူး ။ ဟဲ ဟဲ ဒီလိုနဲ့ ဂိုဏ်းကြီး‌ငါးဂိုဏ်းကဂိုဏ်းချုပ်တွေနဲ့ ငါမတိုက်ခိုက်တာပေါ့ “

အဖိုးအိုမှရယ်မောကာရှင်းပြလိုက်သည်။ သူ၏စကားကြောင့် ကျန်လူများမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

ဂိုဏ်းကြီးငါးဂိုဏ်းမှဂိုဏ်းချုပ်များကို ယခုလို‌ ပြောင်‌ချော်ချော်လှောင်ပြောင်ဝံ့သူမှာ သူတို့၏ရှေ့မှအဖိူးအိုတစ်ယောက်သာရှိပေမည်။

All Chapters