ဒုတိယအကြိမ်စန်နုန်ကျ
Vol. 3 Ch. 264
ခရမ်းရောင်ဝတ်စုံများနှင့်လူဆယ်ယောက် ။။
ထိုအထဲမှလူသုံးမှာ မျက်နှာဖုံးစွပ်ထားကာ ကျန်သည့်လူခြောက်မှာ ထိုလူများ၏နောက်မှလိုက်လာသည်။
တူညီသည့်အချက်မှာ ကိုးယောက်လုံး၏အင်္ကျီရင်ဘက်တွင် လခြမ်းသုံးခုစီပါသည့်အတွက် ခရမ်းရောင်းသွေးလဂိုဏ်း၏အဆင့်လွန်သိုင်းသမားနှစ်ဆယ့်ကိုးယောက်ဖြစ်ကြောင်းသိနိုင်သည်။
အဆင့်လွန်သိုင်းသမားကိုးယောက် ၊ တစ်ခုသိထားရမည်မှာ အဆင့်လွန်သိုင်းသမားများမှာ သိုင်းလောကတွင်လက်မထောင်နိုင်သည့်အဆင့်ဖြစ်ကာ ပထမတန်းစားအဖွဲ့များ၏ထောက်တိုင်များဖြစ်ကြသည်။
သိုင်းလောကတွင် ယခုလိုအင်အားမျိုးအသုံးပြုနိုင်သည်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းနှင့်နဂါးစိမ်းဂိုဏ်းမှလွဲ၍ ခရမ်းရောင်သွေးလဂိုဏ်းတစ်ခုသာရှိပေသည်။
သူတို့၏လက်နက်များတွင် သွေးများစွန်းပေနေကြသည့်အပြင်သူတို့၏ပုံစံမှာ တစ်စုံတစ်ရာအားပြုလုပ်ရန်လျှို့ဝှက်လာရောက်နေခြင်းဖြစ်ပုံရသည်။
ထိုအချက်ကို လမ်းတစ်လျှောက်တွင် သူတို့နှင့်ဆုံခဲ့သည့်သိုင်းသမားများကို အလွတ်မပေးဘဲ နှုတ်ပိတ်ခဲ့သည်ကိုကြည့်ခြင်းဖြင့် သိနိုင်သည်။
ထိုအဆင့်လွန်သိုင်းသမားကိုးယောက်ကိုခေါင်းဆောင်လာသည်မှာ အနက်ရောင်ဝတ်စုံဖြင့်လူရွယ်တစ်ယောက်ဖြစ်သည်။
ထိုလူရွယ်မှာ အသက်များစွာကြီးပုံမရဘဲ သုံးဆယ်ခန့်သာရှိမည်ဖြစ်သော်လည်း သူ၏ စူးရှသည့်မျက်လုံးများ ၊ အေးစက်စက်မျက်နှာနှင့် ပြတ်သားဟန်ရသည့်နှုတ်ခမ်းများကြောင့် သွေးဆာရက်စက်သည့်ပုံပေါက်နေသည်။
ထိုလူရွယ်ကိုသိုင်းလောကသားများသာတွေ့မြင်ပါကအံ့ဩခြင်း သို့မဟုတ် ထိတ်လန့်ကြောက်ရွံ့ခြင်းကိုခံစားရပေမည်။
နှင်းငွေ့မိစ္ဆာသခင်ကြီး၏တပည့်၊ ခရမ်းရောင်သွေးလဂိုဏ်း၏အာဏာရှင်ငရဲဓားဝမ်းတု ။
သူကိုယ်တိုင်ကပင်သာမန်အဆင့်လွန်သိုင်းသမားများကို ကြက်ကလေးငှက်ကလေးသတ်ဖြတ်သလိုအလွယ်တကူသတ်နိုင်ကာ လူသတ်ရာတွင်လည်း မျက်တောင်တချက်ခတ်သူမဟုတ်ပေ။
ယခု ဝမ်းတုမှာ ခရမ်းရောင်သွေးလဂိုဏ်းမှ အဆင့်လွန်သိုင်းသမားကိုးယောက်ကိုဦးဆောင်လာသည်။
ထို့ကြောင့် သိုင်းလောကထဲတွင်သေချာပေါက်သွေးစွန်းသည့်ဖြစ်ရပ်များဖြစ်ပွားပေဦးမည်။
ဝမ်းတုနှင့်သူ၏နောက်လိုက်ကိုးယောက်မှာ တောင်ကုန်းငယ်တစ်ခု၏အခြေတွင်ရပ်ကာ ဘေးဘီအားဝေ့ကြည့်လိုက်သည်။
သိပ်မကြာမီတောင်ကုန်း၏မြောက်ဘက် ၊ အနောက်ဘက်နှင့် တောင်ဘက်တောအုပ်များကြားမှ ခရမ်းရောင်ဝတ်စုံနှင့်လူခုနစ်ယောက်စီထွက်ပေါ်လာသည်။
ထိုလူများသည်လည်း ခရမ်းရောင်သွေးလဂိုဏ်း၏အဆင့်လွန်သိုင်းသမားများဖြစ်ကာ သူတို့၏မျက်လုံးများမှာ သွေးဆာသည့်ပုံပေါက်နေကာ တောင်ကုန်းထက်ကိုစူးစိုက်ကြည့်နေသည်။
လေးဘက်လေးတန်မှ ထွက်ပေါက်မရှိဝန်းရံထားပေသည်။
ဝမ်းတုကိုယ်တိုင်လိုက်ပါလာကာ အဆင့်လွန်သိုင်းသမားအယောက်သုံးဆယ့်ပြုလုပ်ရမည့်ကိစ္စမှာ မည်သည့်အရာနည်း ။
“ သတ်ကြ “
ဝမ်းတု၏အမိန့်အဆုံးတွင် ခရမ်းရောင်သွေးလဂိုဏ်းမှအဆင့်လွန်သိုင်းသမားများမှာ သားရဲများကဲ့သို့အော်ဟစ်မာန်သွင်းကာ တောင်ကုန်းထက်ကိုပြေးတက်သွားကြသည်။
စန်ုနုန်ကျတွင် အဖြူအနက်စိန်ခေါ်ပွဲပြီးသည်မှာ တစ်လနီးနီးကြာပြီဖြစ်ကာ ယခင်ကဲ့သို့လူစည်ကားခြင်းမရှိတော့သော်လည်း သိုင်းသမားအချို့နှင့် ခရီးသွားများရှိနေကြသည်။
ထိုလူများမှာ စန်နုန်ကျသို့ရှုခင်းကြည့်လာခြင်းမှာ သူတို့၏သေဆုံးခြင်းဖြစ်သည်ကို လုံးဝကြိုမသိခဲ့ကြပေ။
ဝမ်းတခေါင်းဆောင်သည့် အဆင့်လွန်သိုင်းသမားအယောက်သုံးဆယ်ခန့်မှာ တောင်ပါ်သို့ တရကြမပြေးတက်လာကာ လမ်းတွင်တွေ့သမျှလူများကို ဘီလူးစီးနေသလို သတ်ဖြတ်လာခဲ့သည်။
တောင်ပေါ်တွင်ရောက်ရှိနေသည့်သိုင်းသမားအချို့မှာ ခရမ်းရောင်သွေးလဂိုဏ်းသားများကိုမြင်ကာ ခုခံတိုက်ခိုက်ကြသော်လည်း ထိုလူများမှာ သိုင်းပညာများစွာမမြင့်မားရာ အဆင့်လွန်သိုင်းသမားများကိုမည်သို့ခုခံနိုင်မည်နည်း ။
စန်နုန်ကျမှာ ဒုတိယအကြိမ်သွေးစွန်းခဲ့ပြီဖြစ်သည်။
အချိန်အနည်းငယ်အတွင်း သာမန်ခရီးသွားဆယ်ယောက်ခန့်နှင့်သိုင်းသမားလေးငါးခြောက်ယောက်ဘူး ငါကနယ်လှည့်စစ်ဆေးရေးမှူးတစ်ယောက်ပဲ ငါ့ကိုသတ်ရင် နန်းမြို့တော်ကအလွတ်ပေးမှူမဟုတ်ဘူး “
သူဌေးသူကြွယ်ဖြစ်ဟန်တူသည့် လူဝကြီးတစ်ယောက်မှာ သူ၏လက်ထဲမှတံဆိပ်ပြားတစ်ခုကိုမြောက်ကာ ကြောက်လန့်တကြားအော်ဟစ်နေသည် ။
သူ၏ဘေးတွင်သက်တော်စောင့်များဖြစ်ဟန်တူသည့်အဆင့်မြင့်သိုင်းသမားလေးယောက်လဲကျသေဆုံးနေကာ ထိုလူများမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများ၏တိုက်ကွက်တစ်ခုစီကိုပင် ခုခံနိုင်ခြင်းမရှိပေ။
မျက်နှာဖုံးစွပ်နှင့် ခရမ်းရောင်သွေးလဂိုဏ်းသားနှစ်ယောက်မှာ ထိုလူဝကြီးအနီးတွင်ရှိနေသော်လည်း သတ်ဖြတ်ခြင်းမပြုဘဲ ဝမ်းတုရောက်လာသည်အထိစောင့်ဆိုင်းနေသည်။
သာမန်အချိန်များတွင် သိုင်းလောကသားများမှာ အချင်းချင်းသတ်ဖြတ်လေ့ရှိသော်လည်း မင်းမှုထမ်းများကိုမူ လုံးဝမပတ်သတ်ရန်ရှောင်ကြသည်။
ထို့အတူ နန်းမြို့တော်မှ အုပ်ချုပ်သူများမှာလည်း သိုင်းလောကသားအချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေခြင်းကို အရေးတယူပြုမနေဘဲ ၊ မင်းမှုထမ်းများကို သတ်ဖြတ်ခြင်း သာမန်ပြည်သူများကို အစုလိုက် သတ်ဖြတ်ခြင်းစသည့် လွန်ကဲသည့်ကိစ္စများပြုလုပ်လာမှသာ သူတို့၏သိုင်းထိပ်သီးများစေလွှတ်လေ့ရှိသည်။
ယခုလူဝကြီးမှာ နန်းမြို့တော်မှ နယ်လှည့်စစ်ဆေးရေးမှူးတစ်ဦးဖြစ်ကာ သူ၏ရာထူးမှာ မြို့တော်ဝန်များအောက်မနိမ့်ကျပေ။
ထို့ကြောင့်လည်း ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ထိုလူဝကြီးကိုသတ်ဖြတ်ရန်လက်တွန့်နေခြင်းဖြစ်သည်။
“ အာဏာရှင် သူ့ကိုဘယ်လိုလုပ်လိုက်ရမှာလဲ “
မျက်နှာဖုံးစွပ်တစ်ယောက်မှ ဝမ်းတု၏ စူးရှသည့်အကြည့်အောက်တွင် မေးလိုက်သည်။ သူ၏လေသံမှာ အနည်းငယ်မတည်မငြိမ်ဖြစ်နေကာ သူလည်းဝမ်းတု၏ရှေ့တွင်ဖိအားအချို့ခံစားနေရသည် ။
“ သတ်လိုက် ဒီနေ့အရေးကြီးတဲ့လူတစ်ယောက်ကိုသုတ်သင်ဖို့လာတာ တစ်ယောက်မှအလွတ်ပေးလို့မဖြစ်ဘူး “
ဝမ်းတုမှ အေးစက်စက်ပြောကာ နောက်ထပ်တစ်ကြိမ်လှည့်မကြည့်တော့ပေ။
“ တကယ်လို့ ဆရာအလိုရှိနေတဲ့ ဟုချန်းစီကိုသာသတ်ဖြတ်နိုင်ရင် ငါတို့မရီးအတွက်အသနားခံလို့ရနိုင်တယ် “
ဝမ်းတု၏နားထဲတွင် စကားသံတစ်ခုကိုသာစွဲမြဲနေသည် ။
မျက်နှာဖုံးစွပ်နှစ်ယောက်မှာ အနည်းငယ်ထိတ်လန့်သွားသော်လည်း နီးရာဓားကြောက်ရကာ နန်းမြို့တော်မှထိပ်သီးများလက်စားချေမည်ထက် ဝမ်းတုကိုပို၍ကြောက်ရသည်။
“ အား... “
ကံဆိုးရှာသည့် စစ်ဆေးရေးမှူးလူဝကြီး၏အသံမှာ နောက်တွင်ကျန်ခဲ့သည်။
ဝမ်းတုမှ တောင်ကုန်းပေါ်မှသတ်ဖြတ်ပွဲကိုစိတ်ဝင်စားခြင်းမရှိဘဲ ရှေ့ဆက်၍လျှောက်လာကာ တောင်ကုန်း၏အလယ်နားမှ ခရီးသွားများနနေရန်ဆောင်လုပ်ထားသည့်အဆောင်အဦးလေး၏ရှေ့တွင်ရပ်လိုက်သည်။
တောင်ကုန်းပေါ်ရှိလူအားလုံးကိုသုတ်သင်ပြီးသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ထိုအဆောက်အဦးအား ဝိုင်းထားလိုက်ကြသည်။
“ ဝှီး.... “
လေတိုးသံနှင့်အတူ အနက်ရောင်ဝတ်စုံနှင့်လူရိပ်တစ်ရိပ်မှာ ဝမ်းတု၏ရှေ့တွင်ပေါ်လာသည်။
“ သူအထဲမှာရှိလား “
ဝမ်းတု၏အေးစက်စက်မေးခွန်းကြောင့် ထိုလူမှာအနည်းငယ်တုန်လှုပ်သွားကာခေါင်းညိမ့်လိုက်သည်။
“ သေချာပါတယ် ကျုပ်နဲ့အတူ နောက်ထပ်အရိပ်တပ်သားသုံးယောက်စောင့်ကြည့်နေတာပါ “
သူ၏စကားအဆုံးတွင် တောင်ကုန်းပေါ်ရှိသစ်ပင်ကြီးများထက်မှ အနက်ရောင်ဝတ်စုံနှင့်လူသုံးယောက်ဆင်းလာကာ ဝမ်းတုအားဂါရဝပြုလိုက်ကြသည်။
ခရမ်းရောင်သွေးလဂိုဏ်းသားများ၏မျက်နှာထက်တွင် အံ့ဩတုန်လှုပ်ဟန်များပေါ်လာကာ ဝတ်ရုံနက်များကိုကြည့်လိုက်သည်။
ထိုလူလေးယောက်မှာ သူတို့ထက်သိုင်းပညာအဆင့်နိမ့်သော်လည်းထိုလေးယောက်ပုန်းကွယ်နေသည်ကို သူတို့လုံးဝရိပ်စားမိခြင်းမရှိပေ။
ဝမ်းတုလည်း ခေါင်းတစ်ချက်ညိမ့်ကာ အဆောက်အဦးဆီသို့လျှောက်သွားလိုက်သည်။
“ ကျွီ “
တံခါးတွန်းဖွင့်သံပေါ်လာကာ ဝမ်းတုနှင့်သူ၏နောက်မှလူများမှာ အဆောက်အဦးထဲတွင် တံခါးကိုကျောပေးထိုင်နေသည့်လူရိပ်တစ်ခုကိုမြင်လိုက်ရသည်။
ထိုလူမှာ အနက်ရောင်ဝတ်ရုံကိုဝတ်ဆင်ထားကာ အနက်ရောင်ခေါင်းစွပ်ကြီးကိုစွပ်ထားသည့်အပြင် နောက်ကျောဘက်မှဖြစ်၍သူ၏မျက်နှာကို ရှင်းလင်းစွာမမြင်ရပေ။
“ အရိပ်တပ်ဖွဲ့ခေါင်းဆောင်ဟောင်း ဟုချန်းစီ “
ဝမ်းတု၏အေးစက်စက်ခေါ်သံကြောင့် အနက်ရောင်ဝတ်စုံနှင့်လူမှ တံခါးပေါက်ဘက်သို့ဖြေးညင်းစွာလှည့်လာသည်။
ထိုလူ၏ခန္တာကိုယ်တွင်လက်နက်တစ်စုံတစ်ရာမပါသော်လည်း သူ့ဆီမှကြောက်မက်ဖွယ်အငွေ့အသက်များထွက်ပေါ်နေကာ မျက်လုံးများမှာလည်း စူးရှတောက်ပြောင်နေသည် ။
ထို့အပြင် ထိုလူမှဝမ်းတုကိုလွန်စွာမုန်းတီးနေသည့်အကြည့်ဖြင့်ကြည့်နေသည် ။။
ဝမ်းတုမှာ ထိုလူ၏လွန်စွာမုန်းတီးနေဟန်ရသည့် မျက်ဝန်းစူးစူးများကြောင့် တစ်စုံတစ်ရာမှားယွင်နေသလိုခံစားလိုက်မိသည်။
အရိပ်တပ်ဖွဲ့ခေါင်းဆောင်၏ရုပ်ရည်ကိုသူတစ်ခါမှမမြင်ဖူးသော်လည်း ထိုလူမှာ ကိုယ်ဖော့ပညာလွန်စွာကောင်းမွန်ကာ သိုင်းပညာထိုမျှမမြင့်မပေ။
ယခုသူ၏ရှေ့မှဝတ်စုံနက်မှာ ကြောက်မက်ဖွယ်အငွေ့အသက်များနှင့် ကြောက်စရာကောင်းသည့်သိုင်းသမားတစ်ဦးဖြစ်ကာ သူသိထားသည်နှင့်လွဲချော်နေသည်။
“ ဟားးဟားး ဝမ်းတု ငါထင်တဲ့အတိုင်းပါလား “
ဝတ်ရုံနက်မှ ကျေနပ်အားရသည့်အသံကြီးဖြင့်ရယ်မောကာ သူ၏ဝတ်ရုံရှည်ကြီးအားချွတ်ပစ်လိုက်သည်။
အနက်ရောင်ဝတ်ရုံရှည်ကြီး၏အောက်တွင်အဖြူရောင်ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသည့်အသက်သုံးဆယ်အရွယ်လူရွယ်တစ်ယောက်၏ရုပ်သွင်ပေါ်ထွက်လာသည်။
“ ဝမ်းတု ငါ့အစ်ကိုအတွက် မင်းကိုငါသတ်မယ် “
ထိုလူရွယ်မှ သတ်ဖြတ်လိုသည့်လေသံဖြင့်ပြောလိုက်သည်။
ဝမ်းတုလည်း ထိုလူရွယ်ကိုသေချာစိုက်ကြည့်ကာ သူ၏မျက်နှာထက်တွင်အေးစက်စက်အပြုံးတစ်ခု ပေါ်လာသည်။
“ အနက်ရောင်သိမ်းငှက် ချွင်းရှန် “