← Chapters

ဝမ်းတု၏သေဆုံးမှု

Vol. 3 Ch. 266

ဝမ်းတု၏သေဆုံးမှု

Vol. 3 Ch. 266

ခရမ်းရောင်သွေးလဂိုဏ်းမှာ အခြားအနက်ရောင်သိုင်းဂိုဏ်းများကိုသိမ်းသွင်ရာတွင် အကျိုးအမြက်များပေးခဲ့သည် ။

သိုင်းသမားအများစုကို အစွမ်းထက်သိုင်းကျမ်းများပေး၍လည်းကောင်း သူတို့၏ခေါင်းဆောင်များကို ပို၍အစွမ်းထက်သည့်သိုင်းကျမ်းနှင့် သိုင်းအဆင့်တိုးတက်အောင်လုပ်ဆောင်ပေး၍လည်းကောင်း သိမ်းသွင်းခဲ့သည်။

ခရမ်းရောင်သွေးလဂိုဏ်း၏ဘုရင်ငါးပါးသည်ပင် ဂုဏ်သိက္ခာကြီးမားသည့် သိုင်းဝိဇ္ဇာအဆင့်များဖြစ်ပါလျှက် သူတို့မငြင်း‌ဆန်နိုင်သည့်အကျိုးအမြက်များကြောင့် နှင်းငွေ့မိစ္ဆာသခင်၏လက်အောက်တွင်အလုပ်လုပ်ပေးခြင်းဖြစ်သည်။

သူတို့တင်မကပေ ခရမ်းရောင်သွေးလဂိုဏ်းကမျက်နှာဖုံးစွပ်အ‌ဆင့်မြင့်ဂိုဏ်းသားများပင် အဖြူရောင်သိုင်းလောကမှကျော်ကြားသည့်သိုင်းသမားများဖြစ်ကြသည်။

ထိုသိုင်းသမားများသည်လည်း အကျိုးအမြက်များကြောင့် ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ဝင်ကြခြင်းဖြစ်သည်။။

သိုင်းလောကမှ အဖြူရောင်သိုင်းဂိုဏ်းများ၏အတွင်းအားကျင့်စဉ်များမှာ အခြေခံခိုင်မာအောင်ဦးစွာပြုလုပ်တစ်ဆင့်ချင်းတိုးတက်အောင်လေ့ကျင့်ရလေသည်။

ထို့ကြောင့်အဖြူရောင်သိုင်းဂိုဏ်းများ၏သိုင်းသမားများမှာ နောက်ပိုင်းတွင်အတွင်းအားသန့်စင်ကျစ်လျစ်ကြသော်လည်းအစပိုင်းတွင်လွန်စွာတိုးတက်မှုနှေးကွေးသည်။

ခရမ်းရောင်သွေးလဂိုဏ်း၏‌ကျင့်စဉ်များမှာမူ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုပင် သုံးနှစ်အတွင်းအဆင့်လွန်သိုင်းသမားဖြစ်သွားစေနိုင်သည် ။

ထိုကျင့်စဉ်များမှာ ဘေးထွက်ဆိုးကျိုးမရှိမဟုတ် ရှိသည် ။

သို့သော် ထိုအရာများမှာ နောက်မှဖြစ်မည့်ကိစ္စများဖြစ်ကာလောလောဆယ်သိုင်းပညာ သိသိသာသာမြင့်မားလာသဖြင့် ပေးဆပ်ရသည်မှာ ထိုက်တန်သည်ဟုတွေးကြသည်။

အရှင်းဆုံးပြောရလျှင်ထိုလူအများစုမှာ နောင်ခါလာနောင်ခါဈေးသဘောမျိူးထားကြခြင်းဖြစ်သည် ။

ခရမ်းရောင်သွေးလဂိုဏ်းတည်ထောင်စက အခြားအနက်ရောင်သိုင်းဂိုဏ်းများကို အင်အားဖြင့်ချိန်းခြောက်၍လည်းကောင်း အကျိူးအမြက်များဖြင့်လည်းကောင်းသိမ်းသွင်းခဲ့သည် ။

သူတို့၏ဂိုဏ်းကိုပူးပေါင်းမှုမရှိသည့်ဂိုဏ်းများကိုလည်း ရက်စက်စွာဖျက်ဆီးပြခဲ့သည်။

ထို့အပြင် အချို့ဂိုဏ်းများကိုလည်း အတွင်းလူများမွေး၍ ထိုလူများကိုသိုင်းပညာမြင့်မားစေကာ သူတို့၏ဂိုဏ်းအဖွဲ့များကိုထိမ်းချုပ်စေသည်။

အချိန်တစ်ခုသို့ရောက်လာသည်နှင့် သူတို့၏လူများမှာ ဂိုဏ်းအဖွဲ့များ၏ခေါင်းဆောင်များဖြစ်လာကာ သူတို့၏ဂိုဏ်းများသည်လည်း ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ရောက်ရှိသွားတတ်ကြသည်။

ထိုစဉ်က ဂိုဏ်းအချို့မှာ ခရမ်းရောင်သွေးလဂိုဏ်းမှအကျိူးအမြက်များကြောင့်ပူးပေါင်းခဲ့သော်လည်း သူတို့အချင်းချင်းတိတ်တဆိတ်သဘောတူညီမှုယူကာ သစ္စာဖောက်ရန်ကြံစည်ခဲ့သည်။

ထိုနေ့က ခရမ်းရောင်သွေးလဂိုဏ်းကဌာနချုပ်တွင် နှင်းငွေ့မိစ္ဆာသခင်ထွက်ပေါ်လာကာ သစ္စာဖောက်အယောက်တစ်ရာ့နှစ်ဆယ်ကို အချိန်အနည်းငယ်အတွင်းသူတစ်ဦးတည်းဖြင့်သုတ်သင်ခဲ့သည် ။

ထိုလူများ၏ခေါင်းဆောင်ပိုင်းများကိုမူ လွန်စွာရက်စက်ကြမ်းကြုတ်လှသည့်နှိပ်စက်နည်းအမျိူးမျိုးဖြင့် နှိပ်စက်ကာ အခြားလူများနမူနာရစေရန် ဖော်ပြခဲ့သည်။

ထိုလူများထဲမှအချို့မှာ ကိုယ့်ကိုယ်ကိုကုတ်ဖဲ့ရင်းဖြင့်သေဆုံးသွားကာ အချို့မှာ ခန္တာကိုယ်ထဲမှသွေးများခမ်းခြောက်ကာသေဆုံးခဲ့သည်။

ထိုစဉ်ကသုံးလလုံးလုံး ဌာနချုပ်၏ငရဲအကျဉ်းဆောင်တွင်အော်ဟစ်သံများဖြင့်ဆူညံနေခဲ့ကာ ထိုနေ့မှစ၍ နှင်းငွေ့မိစ္ဆာသခင်၏ရက်စက်မှုနှင့်လူသတ်ရာတွင်မျက်တောင်တစ်ချက်မှမခက်သည်ကို အားလုံးထိတ်လန့်တုန်လှုပ်စွာသိရှိခဲ့သည်။

ခရမ်းရောင်သွေးလဂိုဏ်းကြီးယခုလို လျှင်လျှင်မြန်မြန်ကြီးထွားလာရသည်မှာ သူတို့၏ပေးကမ်းမှူများကြောင့်ဖြစ်သလို နှင်းငွေ့မိစ္ဆာသခင်၏ရက်စက်သည့်ဂုဏ်သတင်းကြောင့်လည်းဖြစ်သည် ။

သို့သော် ထိုသတင်းများမှာ အနက်ရောင်သိုင်းလောကထဲတွင်သာကြိတ်၍ပျံ့နှံ့ခြင်းဖြစ်ကာာအဖြူရောင်သိုင်းသမားများအနေဖြင့် လုံးဝသတိထားမိခြင်းမရှိကြပေ။

ထို့ကြောင့်လည်း နေသည့်နှစ်နှစ်လုံးလုံးသူတို့လုံးဝမရိပ်မိကြဘဲ အင်အားပြည့်စုံစွာထွက်ပေါ်လာသည့်အချိန်မှ ထိတ်လန့်အံ့ဩကာ ထိမ်းမနိုင်ဖြစ်ခဲ့ခြင်းဖြစ်သည် ။

“ ဆရာ ဘာဖြစ်လို့ကျနော့်ကိုခေါ်တာလဲ “

ဝမ်းတလည်း အရိပ်တပ်ဖွဲ့ခေါင်းဆောင်တုန်လှုပ်စွာဖြင့်ထွက်ခွာသွားသည့်နောက် နှင်းငွေ့မိစ္ဆာသခင်အား ဒူးထောင်ဂါရဝပြုကာမေးလိုက်သည်။

“ ဟူး.... “

နှင်းငွေ့မိစ္ဆာသခင်မှ သက်ပြင်းရှည်ကြီးချကာ သူ၏သွေးရောင်မိစ္ဆာမျက်နှာဖုံးကိုဆွဲချွတ်လိုက်သည်။

အနည်းငယ်ဖြူဖျော့၍ အမြဲလိုလိုခန့်ညား‌အေးစက်‌နေတတ်သည့်မျက်နှာမှာ ဝမ်းနည်းကြေကွဲနေဟန်ရသည်။

နှင်းငွေ့မိစ္ဆာသခင်၏ပုံစံကြောင့် ဝမ်းတလည်းထိတ်ခနဲဖြစ်သွားကာ အလျှင်အမြန်မေးလိုက်သည်။

“ ဆရာ ဘာဖြစ်နေတာလဲ “

နှင်းငွေ့မိစ္ဆာသခင်မှ ဝမ်းတကိုစူးစိုက်ကြည့်လိုက်သည်။ သူ၏တောက်ပစူးရှသည့်မျက်လုံးများမှာ ယခုအချိန်တွင်မှုန်မှိုင်းနေသည်။

“ ဝမ်းတု လွန်ခဲ့တဲ့သုံးရက်ကသေသွားပြီ “

နှင်းငွေ့မိစ္ဆာသခင်၏ တိုးညင်းသည့်စကားမှာ ဝမ်းတ၏မျက်လုံးများကိုပြူးကျယ်သွားစေသည်။

“ မဖြစ်နိုင်တာဆရာကလည်း အရင်တစ်ပတ်လောက်ကမှ သူသိုင်းလောကထဲဆင်းသွားတာလေ။ သူရဲ့သိုင်းပညာနဲ့ဆိုသိုင်းဝိဇ္ဇာတွေလက်ကတောင်ထွက်ပြေးနိုင်တာကို ။

နောက်ပြီးဂိုဏ်းကအဆင့်လွန်သိုင်းသမားတွေအများကြီးလိုက်သွားတယ်မလား “

ဝမ်းတမှ ရယ်မော၍ဆက်တိုက်ပြောဆိုနေသည်။ သို့သော် သူ၏မတက်နှာမှာ အကြီးအကျယ်ပျက်ယွင်းနေသည် ။

သူခန်းမထဲဝင်လာစဉ်က နှင်းငွေ့မိစ္ဆာသခငိ၏ဒေါသအကြီးအကျယ်ထွက်နေမှု ၊ အရိပ်တပ်ဖွဲ့မှသစ္စာဖောက်များ ။

ဝမ်းတုမှာ တစ်စုံတစ်ခုကိုဆက်စပ်တွေးတောနေမိ သော်လည်းသူမယုံကြည်နိုင်ပေ။ မယုံကြည်နိုင်ခြင်းထက် လက်မခံနိုင်ခြင်းဖြစ်နေမိသည် ။

ထိုကိစ္စနှင့် ဝမ်းတုမှာ မည်သည့်နည်းနှင့်မှဆက်စပ်မနေဟုတဖွဖွရေရွတ်နေမိကာ သူ၏ခန္တာကိုယ်သည်လည်းမတည်မငြိမ်ဖြစ်နေသည် ။

“ ဟုတ်တယ်။ လွန်ခဲ့တဲ့တစ်လက ဝမ်းတုသိုင်းလောကထဲကိုဆင်းသွားတယ် ။ အရိပ်တပ်ဖွဲ့ကလူသူံးယောက်ရဲ့သတင်းပေးမှုအရ အရိပ်တပ်ဖွဲ့ခေါင်းဆောင်ဟောင်းဟုချန်းစီစန်နုန်ကျမှာရှိနေတယ်ဆိုပြီး အဆင့်လွန်သိုင်းသမားသုံးဆယ်နဲ့စန်နုန်ကျကို ပိတ်ဆို့ခဲ့တယ် ။

အဲဒီနောက်မှာ သူတို့ထောင်ချောက်မိသွားပြီး ဂိုဏ်းကသိုင်းသမားတွေအကုန်သတ်ဖြတ်ခံရပြီး ဝမ်းတြလည်း နှလုံးကိုဖောက်ထုတ်ခံရပြီးသေဆုံးခဲ့တယ် ။

သူသေပြီးတော့ အောက်ကိုလဲမကျဘဲ ဒူးထောက်လျက်ပဲရှိနေတယ် “

နှင်းငွေ့မိစ္ဆာသခင်မှဆက်၍မပြောနိုင်တော့ပေ။ သူ၏မျက်နှာသည်လည်း ဒေါသကြောင့် တင်းမာခတ်ထန်နေသလို ဝမ်းနေသည့်အရိပ်အယောင်များလည်းပေါ်ထွက်နေသည်။

မည်သို့ပင်ဖြစ်စေ ဝမ်းတုမှာ သူကိုယ်တိုင်နှစ်နှစ်ဆယ်နီးနီးပျိုးထောင်လာသည့်သူ၏တပည့်ဖြစ်သည်။

“ ဘယ်သူတွေလဲဆရာ ဝမ်းတုကိုဘယ်သူတွေသတ်တာလဲ “

ဝမ်းတမှ အေးစက်ကာ လူသတ်လိုစိတ်များပြည့်နှက်နေသည့်လေသံဖြင့် မေးမြန်းလိုက်သည် ။ သူစပုံစံမှာပေါက်ကွဲတော့မည့်မီးတောင်တစ်လုံးအလား ကြောက်မက်ဖွယ်ကောင်းလှသည်။

“ သူ့ကိုသတ်တာက သွေးလဖျက်ဆီးသူဆိုတဲ့အဖွဲ့ကလူတွေပဲ ။ဒါပေမယ့် ဒီကိစ္စမှာ ဟုချန်းစီလည်းပါဝင်နေလိမ့်မယ်။

အရိပ်တပ်ဖွဲ့ကလူသုံးယောက်ကိုသစ္စာဖောက်အောင်လုပ်နိုင်တာ သူတစ်ယောက်ပဲရှိတယ်။ ငါသူ့ကိုအထင်သေးခဲ့မိတာပဲ “

နှင်းငွေ့မိစ္ဆာသခင်မှ ဝမ်းနည်းနောင်တရနေသည့်လေသံဖြင့်ရေရွတ်လိုက်သည်။

နှင်းငွေ့မိစ္ဆာသခင်မှာ ခရမ်းရောင်သွေးလဂိုဏ်းကိုစတင်ထူထောင်မည်ဟုအကြံဖြစ်ပေါ်လာစဉ် ဟုချန်းစီကိုတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ဟုချန်းစီမှာ သိုင်းပညာမမြင့်မားသော်လည်း ထိုလူ၏ကိုယ်ဖော့ပညာနှင့်ပုန်းကွယ်နေနိုင်စွမ်းမှာ သူတွေ့ဖူးသည့်လူများထဲတွင်နံပါတ်တစ်ဟုတွေ့သည်နှင့် သူ၏ဂိုဏ်းထဲသို့ဆွဲခေါ်ကာ သူစိတ်တိုင်းကျလူများဖြင့် အရိပ်တပ်ဖွဲ့ထူထောင်၍ လေ့ကျင့်ပေးစေခြင်းဖြစ်သည် ။

ထို့နောက်တွင် ခရမ်းရောင်သွေးလဂိုဏ်းကြီးထွားရုတွင် အရိပ်တပ်ဖွဲ့မှာ အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်ခဲ့ကာ ထိပ်တန်းအဆင့်အင်အားစုများ၏အတွင်းသတင်းများကိုပင် ရအောင်ယူနိုင်စွမ်းရှိခဲ့သည်။

ထို့နောက်ပိုင်းမှာ နှင်းငွေ့မိစ္ဆာသခင်မှာ ဟုချန်းစီ၏ဉာဏ်ရည်ထက်မြက်မှုနှင့် နှိမ့်ချနေထိုငိသော်လည်း လျှို့ဝှက်စွာဖြင့်ရည်မှန်းချက်ကြီးမားမှုကြောင့် တစ်နေ့နေ့တွင်အန္တရာယ်တစ်ခုဖြစ်လာနိုင်မည်ဟုတွေးခဲ့မိသည် ။

သို့သော် ဟုချန်းစီ၏အရည်အချင်းမှာ ဂိုဏ်းအဆွက်များစွာအသုံးဝင်နေသေးသည့်အတွက် သူ၏အ‌ကြောင်းများကို မသိချင်ယောင်ဆောင်ကာသူ့အနားတွငိထားခဲ့ခြင်းဖြစ်သည်။

ခရမ်းရောင်သွေးလဂိုဏ်းသိုင်းလောကကြီးကိုအုပ်စိုးမိပြီး သူ၏ရည်မှန်းချက်များအကောင်အထည်ပေါ်လာမှဟုချန်းစီကိုရှင်းလင်းရန်နောက်မကျသေးဟုလည်းတွေးတောထားသည်။

ထင်မှတ်မထားဘဲ ဟုချန်းစီမှနှင်းငွေ့မိစ္ဆာသခင်၏အတွေးများကိုရိပ်စားမိနေကာ အခွင့်အရေးရသည့်အချိန်တွင် ဂိုဏ်းမှထွက်ပြေးကာ သူတို့ကိုပင်ပြန်၍ဒုက္ခပေးခဲ့လေသည်။

“ သွေးလဖျက်ဆီးသူဆိုတဲ့ကောင်တွေရော ဟုချန်းစီကိုရောအလွတ်မပေးဘူးလို့ ကျုပ်ကျိန်ဆိုတယ် “

ဝမ်းတ ကျယ်လောင်သည့်အော်ဟစ်သံကြီးပွင့်ထွက်လာသည် ။၏ခန္တာကိုယ်အနီးတွင်အနက်ရောင်အခိုးအငွေ့များယှက်သမ်းနေကာ မိစ္ဆာတစ်ကောင်အလားကြောက်မက်ဖွယ်ကောငိးနေသည်။

“ စိတ်မပူနဲ့ သူတို့အားလုံးပြန်ပြီးပေးဆပ်စေရမယ်လို့ငါကတိပေး‌‌တယ် ။ နောက်ပြီး ငါတို့ရဲ့အစီအစဉ်ကိုအချိန်စောပြီးစရလိမ့်မယ် “

နှင်းငွေ့မိစ္ဆာသခင်မှ မည်းနက်နေသည့်မျက်လုံးများဖြင့်ကြည့်ကာ အေးစက်စွာပြောလိုက်သည်။

ဒေါသအကြီးအကျယ်ထွက်နေသည့်ဝမ်းတပင်သူ့ဆရာ၏ကြောက်မက်ဖွယ်မျက်လုံးများကြောင့် အနည်းငယ်တုန်လှုပ်သွားမိသည်။

All Chapters