← Chapters

အလစ်တိုက်ခိုက်မှူ

Vol. 3 Ch. 269

အလစ်တိုက်ခိုက်မှူ

Vol. 3 Ch. 269

ထိုလူ့ဘီလူးကြီးမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဝတ်စုံကိုသေသပ်စွာဝတ်ဆင်ထားသော်လည်း သူ၏ကြီစမားလှသည့်ခန္တာကိုယ်ကြီးကြောင့် သာမန်အင်္ကျီများထက် နှစ်ဆကျော်ကြီးမားသည့်ဝတ်စုံပင်သူ့အတွက်ကြပ်နေသည် ။

ထိုလူကြီး၏ခရမ်းရောင်ဝတ်စုံရင်ဘက်တွင်မူ လပြည့်ဝန်းပုံသဏ္ဍာန် စက်ဝိုင်းတစ်ခုရှိသည် ။

“ သံမဏိဘုရင် ကျုပ်တို့လည်းဘာဖြစ်မှန်းမသိပါဘူး ကင်းပုန်းတွေကရန်သူလာလို့အချက်ပေးတာပါ “

သူ၏ဘေးနားရှိခရမ်းရောင်‌သွေးလဂိုဏ်းသားမှတုန်လှုပ်စွာပြောလိုက်သည် ။

ထိုလူ့ဘီလူးကြီမှာ မထင်လျှင်မထင်သလိုလူတစ်ယောက်ကိုလက်ဗလာဖြင့်ဆွဲဖြဲဖူးသည်ကို သူမြင်ဖူးထားသည်။

“ သံမဏိဘုရင် ကျုပ်တို့ဂိုဏ်းကိုသူတောင်းစားဂိုဏ်းသားတွေလာပြီးတိုက်ခိုက်တာပါ သူတို့ဒီကနေနှစ်မိုင်အကွာကိုရောက်နေပါပြီ “

အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက်မှ အရိပ်တစ်ခုလို လျှင်မြန်စွာရောက်လာကာ သံမဏိဘုရင်ကိုပြောလိုက်သည်။

ထိုအနက်ရောင်ဝတ်စုံနှင့်လူမှာ ခရမ်းရောင်သွေးလဂိုဏ်း၏အရိပ်တပ်ဖွဲ့မှုတစ်ယောက်ဖြစ်သည်။

ထိုလူမှာ ဂိုဏ်း၏ဌာနချုပ်တွင်တာဝန်ကျနေခြင်းဖြစ်သည့်အတွက် မြေအောင်နန်းဆောင်မှအရိပ်တပ်ဖွဲ့တစ်ဝက်ကျော်သေဆုံးပြီဖြစ်သည်ကို မသိပေ ။

“ ဒီသောက်သူတောင်းစားတွေက သေချင်လို့လား ။

ဂိုဏ်းသားတွေ ဒီကောင်တွေကိုဌာနချုပ်စီမရောက်ခင်အကုန်သတ်ပစ်စမ်း “

သံမဏိဘုရင်မှာ တစ်ဖက်လူများ အင်အားမည်မျှ ၊ အဆင့်မြင့်သိုင်းသမားမည်မျှပါသည်ကိုမေးမြန်းမနေပေ။

သူ၏စိတ်ထဲတွင်ဒေါသများပြည့်နေကာ သတ်ဖြတ်ရန်ကိုသာ စိတ်ဆန္ဒပြင်းပြနေတော့သည်။

“ ဝှစ် ဝှစ် “

လေတိုးသံအများအပြားထွက်ပေါ်လာကာ သားရဲတစ်ရာတောအုပ်အတွင်းပိုင်းမှ လူရိပ်များပေါ်လာသည်။

ထို့အတူ ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်၏အနောက်ဘက်တောင်ပေါ်မှလူရိပ်များပြေးဆင်းလာကြသည် ။

ထိုလူများမှာ လူသုံးလေးဆယ်ခန့်ရှိကာ စုတ်ပြဲနေသည့်အဝတ်အစားများကိုဝတ်ဆင်ထားကြသော်လည်း သူတို့၏မျက်လုံးများကစူးရှကာအရောင်တောက်နေကြသည်။

သူတို့အားလုံးမှာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အဆင့်လွန်သိုင်းသမားများဖြစ်ကြသည် ။

သူတို့ကိုဦးဆောင်လာသူမှာမူ တောက်ပသည့်ဝါးစိမ်းတုတ်တစ်ချောင်းကိုခါးကြားထိုးထားသည့်ပိန်ပိန်ပါးပါးအဖိုးအိုတစ်ယောက်ဖြစ်သည်။

အဖိုးအိုမှာာခန္တာကိုယ်တစ်ချက်လှုပ်ရှားလိုက်တိုင်းအတော်ဝေးဝေးသို့ရွေ့လျားသွားကာသူ၏ကိုယ်ဖော့ပညာမှာ အံ့အားသင့်ဖွယ်ကောင်းလှသည်။

အဖိုးအိုနှင့်အပြိုင်‌ယှဉ်တွဲ‌လာနိုင်သူမှာ အဖြူရောင်ဝတ်စုံနှင့်လူရွယ်တစ်ယောက်ဖြစ်သည်။

“ အဖိုးကြီးခင်ဗျားကပညာတွေလျှိုထားတာပဲ “

ဝတ်စုံဖြူနှင့်လူရွယ်မှအဖိုးအိုကိုအပြစ်တင်လိုသည့်လေသံဖြင့်ပြောလိုက်သည်။ သူ၏ခန္တာကိုယ်မှာ အဖိူးအိုနှင့်အပြိုင်လျှင်မြန်စွာရွေ့လျားနေသော်လည်း သူ၏လေသံမှာမူတည်ငြိမ်နေကာ မောပန်းဟန်မရပေ။

အဖိုးအိုမှ လူရွယ်၏စကားကိုတုံ့ပြန်ခြင်းမပြုဘဲ ခြေတစ်ချက်ဆောင့်ကာ တံတိုင်းပေါ်သို့ခုန်တတ်လိုက်သည်။

ခရမ်းရောင်သွေးလဂိုဏ်းဌာနချုပ်၏တံတိုင်းမှာ အတော်မြင့်မားသော်လည်း အဆင့်လွန်သိုင်းသမားတစ်ဦးကိုပင်ဟန့်တားရန်မဖြစ်နိုင်ပေ။

အဖိုးအိုမှ တံတိုင်းပေါ်ရောက်သည်နှင့် သူ၏ဝါးစိမ်းတုတ်ကိုဝေ့ယမ်းလိုက်သည်။

သူ၏ခန္တာကိုယ်သည်လည်းတံတိုင်းပေါ်တွင်လက်နက်များကိုင်၍ကြောင်ကြည့်နေကြသည့်ခရမ်းရောင်သွေးဘဂိုဏ်း၏သိုင်းသမားများအကြားတွင်မှုန်ဝါး၍ရွေ့လျားနေသည် ။

စိမ်းဖန့်ဖန့်အရောင်များလက်ခနဲဖြစ်သွားကာ အသက်ရှူချိန်အနည်းငယ်အတွင်း တံတိုင်း၏မြောက်ဘက်တွင်စောင့်ကြပ်နေသည့်သိုင်းသမားနှစ်ဆယ်ကျော်မှာ တုတ်တုတ်မှမလှုပ်နိုင်တော့ဘဲ လဲကျကုန်ကြသည်။

အတားအဆီးမရှိသည့်အတွက် အဖိုးအိုနှင့်အတူလိုက်ပါလာသည့်အ‌ဆင့်လွန်သိုင်းသမားများမှာ တံတိုင်းထက်သို့ရောင်နေကြပြီဖြစ်သည်။

ဂိုဏ်း၏နောက်ဘက်တောင်ကုန်းထက်မှအလစ်ဝင်တိုက်သည့်လူများမှာလည်း တစ်ဖက်လူများအံ့အားသင့်နေသည့်အချိန်အမိအရအသုံးချကာ အထိအခိုက်နည်းစွာဖြင့်တံတိုင်းပေါ်တွင်စုံမိကြသည်။

“ အဖိုးကြီး ခင်ဗျားရဲ့သွေးကြောပိတ်ပညာကတိုးတက်လာတာပဲ “

ဝတ်စုံဖြူနှင့်လူရွယ်မှာ အဖိုးအိုအောက်မနိမ့်ကျပေ။ တံတိုင်းထက်တွင်အေးအေးဆေးဆေး ခြေချိတ်ထိုင်နေကာ အဖိုးအိုကိုပြောလိုက်ပြန်သည် ။

ထိုလူရွယ်မှာ သူ၏တာဝန်ပြီးဆုံးပြီဖြစ်သော်လည်း စပ်စုစိတ်ကြောင့် တိုက်ပွဲကိုကြည့်ရန်လိုက်ပါလာခြင်းဖြစ်သည်။

ထို့ကြောင့်အဖိုးအိုမှာ လူရွယ်ကိုများစွာအာရုံမထားဘဲ တံတိုင်းထက်မှသူ၏ဂိုဏ်းသားများကိုညွန်ကြလိုက်သညိ။

“ တေလေဂိုဏ်းကအိတ်ခြောက်လုံးနဲ့ခုနစ်လုံးအဆင့်မြင့်ဂိုဏ်းသားတွေ ခရမ်းရောင်သွေးလဂိုဏ်းကအစောင့်တွေကိုရှင်းပစ်ပြီး မြေပြင်ကလူတွေအလွယ်တကူဝင်လာနိုင်အောင်လုပ်ပေးလိုက်ကြ “

သူ၏စကားသံမှာ ခြံဝန်းကျယ်တစ်ခုလုံးကိုဖုံးလွှမ်းသွားသည်။

သူတို့ဌာနချုပ်ဆီသို့ကျူးကျော်လာသည့်လူများကိုတိုက်ခိုက်ရန်တာစူနေကြသည့်ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ ရုတ်တရက်တိုက်ခိုက်ခံရမှုကြောင့် ကြောင်အမ်းအမ်ဖြစ်သွားကြသည်။

“ သူတို့ကိုငါကိုင်တွယ်မယ် “

သံမဏိဘုရင်မှ ဒေါသတကြီးကြုံးဝါးကာ တံတိုင်းထက်သို့ခုန်တက်လိုက်သည် ။

သူ၏ခန္တာကိုယ်ကြီးမှာ ကြီးမားထွားကြိုင်းသာ်လည်း သူ၏လှုပ်ရှားမှူများမှာ မြန်ဆန်ပေသည်။

“ ဝုန်း.... “

တံတိုင်းပေါ်တွင်ခင်းထားသည့်ကျောက်ပြားပေါ်တွင် ချိုင့်ခွက်ကြီးဖြစ်လာကာ ကြံ့ခိုင်ကြီးမားသည့်ခန္တာကိုယ်ကြီးတစ်ခုရောက်လာသည်။

သံမဏိဘုရင်မှတံတိုင်းပေါ်သို့ရောက်ရောက်ချင်း သူ၏အနီးတွင်ရှိသည့်သူတောင်းစားဂိုဏ်းမှအဆင့်မြင့်ဂိုဏ်းသားကိုလက်သီးဖြင့်ထိုးချလိုက်သည်။

ထိုဂိုဏ်းသားမှာ ရုတ်တရက်ခုန်တတ်လာသည့်ကြီးမားသည့်ပုံရိပ်ကြောင့်အံ့အားသင့်သွားသော်လည်း သူ၏တုံ့ပြန်မှုမှာနှေးကွေးမနေပေ။

တစ်ဖက်လူ၏ ထန်းသီးခန့်ရှိမည့်ကြီးမားသည့်လက်သီးကြီးပြေးဝင်လာသည်နှင့် ဘေးသို့အနည်းငယ်တိမ်းစောင်းကာ ထိုလူ၏လက်မောင်းကိုခုတ်ဖြတ်လိုက်သည်။

သို့သော် ထိုလူမှသူ၏ဓားချက်ကိုရှောင်တိမ်းခြင်းမရှိဘဲ သူ့ကိုထိုးမိရန်ကိုသာအလေးထနေပုံရသည်။

“ ထန်း.... “

သံကိုသံချင်းထိသံထွက်ပေါ်လာကာ ထိုဂိုဏ်းသား၏ဓားမှာ နောက်သို့ပြန်ကန်ထွက်သွားကာ များပြားသည့်တန်ပြန်အားကြောင့် သူ၏ဓားကိုင်လက်သည်ပင်ထုံကျင်သွားသည်။

ထိူဂိုဏ်းသားတစ်ဦးတည်းသာမက တံတိုင်းပေါ်ကှိလူများပါအံ့အားသင့်သွားသော်လည်း သူတို့တစ်စုံတစ်ခုကိုမေ့လျော့နေကြသည်။

“ ဝုန်း.... “

“ ဖြောင်း.... “

ထိုလူ၏ကြီးမားသည့်လက်သီးကြီးမှာ ရပ်တန့်၍မရနိုင်သည့်ဟန်ဖြင့်အရှိန်အဟုန်ပြင်းစွာတိုးဝင်လာပြီး ထိုဂိုဏ်းသား၏လက်မောင်းကိုချိူးပစ်လိုက်သည်။

လက်သီးအရှိန်မှာပြင်းထန်လွန်းလှသဖြင့် ထိုဂိုဏ်းသားမှာ နောက်ဘက်သို့ခြေလှမ်းအတော်များများဆုတ်ပေးလိုက်ရကာ အော်ဟစ်လိုက်မိသည်။

အကယ်၍အစောပိုင်းတွင် သူ၏ခန္တာကိုယ်သာအနည်းငယ်တိမ်းစောင်းလိုက်ခြင်းမရှိပါက ထိုလူ၏လက်သီးမှာ သူ၏ရင်ဝကိုထိုးမိပြီး ရင်အုံတစ်ခုလုံး ကျိုးကြေသွားပေမည်။

“ လာကြစမ်း.... “

ထိုလူကြီးမှ သူ၏လက်သီးနှစ်ဖက်ကိုမြောက်ကာစိန်ခေါ်သည့်ပုံသဏ္ဍာန်လုပ်ပြလိုက်သည်။

ဝတ်စုံဖြူနှင့်လူရွယ်မှာ ထိုလူကြီးကိုကြည့်ကာ မျက်နှာအနည်းငယ်ပျက်ယွင်းသွားသည်။

“ အဖိုးကြီး ခင်ဗျားတော့မြွေကိုက်ပြီ ။ သူကခရမ်းရောင်သွေးလဂိုဏ်းကရင်ဆိုင်ရခတ်တဲ့ သံမဏိဘုရင်ပဲ ။

သူကလိုင်စီတောအုပ်ထဲမှာ ငွေရောင်မုတ်ဆိတ်လူထူးဆန်းကိုအနိုင်ယူပြီး အဆင့်လွန်သိုင်းသမားတွေကိုလက်ဗလာနဲ့ဆွဲဖြဲခဲ့တဲ့လူပဲ။

နောက်ပြီးအတွင်းအားအလွန်ကောင်းပြီး ဓားလှံတိုးမပေါက်တဲ့ခန္တာကိုယ်ကို ပိုင်ဆိုင်ထားသေးတယ် “

ဝတ်စုံဖြူနှင့်လူရွယ်၏စကားကြောင့် သံမဏိဘုရင်ကိုဝိုင်းထားကြသည့် တေလေဂိုဏ်းသားများမှာ ထိတ်လန့်အံ့သြသွားကြသည်။

“ ကောင်းပြီ ကောင်းပြီ သူ့ကိုကျုပ်တာဝန်ထားလိုက် အစောပိုင်းကကျုပ်ပြောထားသလိုလုပ်လိုက် “

ဝါးစိမ်းတုတ်တစ်ချောင်းကိုခါးကြားတွင်ထိုးထားသည့် ပိန်ပိန်ပါးပါးအဖိုးအိုတစ်ယောက်တေလေဂိုဏ်းမှလူများ၏နောက်မှထွက်လာသည်။

သံမဏိဘုရင်မှာ ထိုအဖိုးအိုကိုမည်သူမည်ဝါဟူ၍မသိပေ။ သူသိရှိသည်က ထိုလူများကို တစ်စစီလုပ်ပစ်ရန်သာဖြစ်သည်။

“ သေစမ်း “

သံမဏိဘုရင်မှ ဒေါသတကြီးပြောဆိုကာ ပိန်ပါးသည့်အဖိုးအိုကို ဒေါသတကြီးတိုက်ခိုက်လိုက်သည်။

သူ၏လက်သီးကြီးများမှာ လေထုကိုတဝှီးဝှီးထိုးခွင်းသွားကာ အဖိုးအိုထံသို့ကြောက်မက်ဖွယ်တိုးဝင်သွားသည်။

အဖိုးအိုမှာ သံမဏိဘုရင်၏လက်သီးချက်များကိုငါးပေခန့်သာကျယ်ဝန်းသည့်တံတိုင်းထက်တွင်လွာ်ကူစွာရှောင်တိမ်းနိုင်ကာ သံမဏိဘုရင်၏တိုက်ခိုက်မှုများမှာ သူ၏အင်္ကျီစကိုပင်မထိပေ။

“ သွားကြ “

အဖိုးအိုမှ သံမဏိဘုရင်၏ပြင်းထန်လှသည့်တိုက်ခိုက်မှုများကိုရှောင်တိမ်းနေရင်းမှသူ၏လူများကိုပြောလိုက်သည်။

ထိုအခါမှ တေလေဂိုဏ်းသားများမှာ အဖိုးအိုအတွက်စိုးရိမ်ပူပန်စိတ်မရှိတော့ဘဲ တံတိုင်းအောက်တွင်သူတို့ကိုမော့ကြည့်နေသည့် ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားများဆီသို့ ခုန်ဆင်းသွားကြသည်။

All Chapters