← Chapters

ဒေါသလက်သီးနှင့် ခွေးရိုက်တုတ်

Vol. 3 Ch. 271

ဒေါသလက်သီးနှင့် ခွေးရိုက်တုတ်

Vol. 3 Ch. 271

အစိမ်းရောင်တောက်ပနေသည့်ဝါးစိမ်းတုတ်တစ်ချောင်းမှာ သံမဏိဘုရင်‌၏ရှေ့ဘက်ငါးပေခန့်အကွာတွင် မြေပြင်ထဲသို့တစ်ဝက်ကျော်စိုက်ဝင်နေသည် ။

ညစ်ထေးနေသည့်ဝတ်စုံနှင့် ပိန်ပိန်ပါးပါးအရိပ်တစ်ခုမှာ လေနှင့်အတူလွင့်မြောလာသလို ပေါ့ပါးစွာရွေ့လျားလာပြီး ဝါးစိမ်းတုတ်၏ဘေးတွင်ရပ်လိုက်သည်။

“ မင်းပဲ “

သံမဏိဘုရင်၏အနီရောင်မျက်လုံးများတောက်ပသွားကာ သူ၏ပြိုင်ဘက်ကိုတွေ့ရှိသွားဟန်တူသည်။

သံမဏိဘုရင်မှာထူးခြားသည့်သိုင်းပညာတစ်ရပ်ကိုအသုံးပြုပြီးနောက် သူ၏စိတ်ကိုထိမ်းချုပ်နိုင်ခြင်းမရှိဘဲ သွေးဆာရက်စက်သည့်အငွေ့အသက်များပျံ့နှံ့နေသည်။

သို့သော် သူ၏စိတ်မှာ လုံးဝကြီးလွတ်ထွက်သွားဟန်မတူဘဲ သူ၏ခရမ်းရောင်သွေးလဂိုဏ်းသားများကိုမတိုက်ဘဲ သူတောင်းစားဂိုဏ်းမှထိပ်သီးကိုသတ်ဖြတ်ခြင်းဖြင့်သိသာသည်။

“ ဒေါသလက်သီးသိုင်း “

သံမဏိဘုရင်၏ခန္တာကိုယ်မှာ ယခင်ကထက်ပို၍မြန်မြန်ရွေ့လျားလာကာ အဖိုးအို၏ရှေ့သို့ရောက်လာပြီး သူ၏လက်သီးကိုမြောက်ကိုထိုးချလိုက်သည် ။။

အဖိုးအို၏ခန္တာကိုယ်မှာမူနေရာမှရွေ့လျားမသွားဘဲ မြေပြင်တွင်ခိုင်မာစွာရပ်လျက်သူ၏လက်နှစ်ဘက်ကိုမြောက်ကာ ထိတ်တိုက်ရင်ဆိုင်လိုက်သည်။

“ နဂါးအမြီးရိုက် “

အဖိုးအို၏လက်ဝါးနှစ်ဖက်မှာ လွန်စွာပြင်းထန်သည့်အင်အားအရှိန်ကိုသယ်ဆောင်ထားကာ သံမဏိဘုရင်၏လက်သီးနှစ်ဖက်ကို ထိတ်တိုက်ရင်ဆိုင်လိုက်သည်။

သံမဏိဘုရင်မှာ ယခင်ကထက်ပို၍ပြင်းထန်သည့်အားအင်ကြောင့် သူ၏ရင်ဘက်တစ်ခုလုံးအောင့်တက်သွားကာ နောက်ဘက်သို့လွင့်စင်သွားပြန်သည်။

အဖိုးအိုမှာမူ နောက်သိူ့ခြေတစ်လှမ်းမဆုတ်ဘဲ သူ၏နေရာတွင်ခိုင်မာစွာရပ်လျက်ရှိသော်လည်း သူ၏ခြေထောက်အောက်ရှိမြေကြီးမှာ ခြောက်ဘက်မခန့်နစ်ဝင်သွားသည်။

“ ဝေါ့ “

သံမဏိဘုရင်မှာ ဒယီးဒယိုင်ထရပ်လာပြီး သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

သံမဏိဘုရင်မှာ လွန်စွာပြင်းထန်အစွမ်းထက်သည့်သိုင်းကွက်ကြောင့် အတွင်းဒဏ်ရာရရှိသွားသော်လည်းလွန်စွာပြင်းထန်ပုံမပေါ်ပေ။

ပထမတစ်ကြိမ်ကတံတိုင်းအောက်သို့လွင့်စင်သွားခြင်းမှာ အဖိုးအို၏လက်ဝါးကိုခုခံခြင်းမရှိဘဲ သူ၏ခန္တာကိုယ်နှင့်တိုက်ရိုက်ရင်ဆိုင်လိုက်၍ဖြစ်သည်။

ယခုမူ သူ၏လက်သီးနှင့် အဖိုးအို၏လက်ဝါးတို့တွေ့ဆုံပြီးမှ သူနောက်ဘက်သို့လွင့်စင်သွားခြင်စဖြစ်သည် ။ သို့တို့င်အောင် သံမဏိဘုရင်အရေးနိမ့်သွားသည်ကိုကြည့်ကာ အဖိူးအို၏သိုင်းကွက် မည်မျှအစွမ်းထက်သည်ကိုသိနိုင်သည်။

“ တိုက်ခိုက်နိုင်သေးတာလား “

အဖိူးအို၏မျက်လူံးများကျဉ်းမြောင်းသွားသည်။ သူ၏အတွင်းအားရှစ်ဆယ်ရာခိုင်နှုန်းအသုံးပြုကာအစွမ်းအထက်ဆုံးသိုင်းကွက်အသုံးပြုသည့်တိုင်တစ်ဖက်လူမှာ အတွင်းဒဏ်ရာကြီးကြီးမားမားပင်ရရှိပုံမပေါ်ပေ။

သူ၏ဘဝတစ်ခုလုံးကြုံတွေ့ခဲ့ရသည့်ပြိုင်ဘက်များတွင် သံမဏိဘုရင်မှာ အစွမ်းအထက်ဆုံးမဟုတ်သော်လည်း ရင်ဆိုင်ရအခက်ဆူံးဖြစ်ပေသည်။

သံမဏိဘုရင်မှာ သွေးတစ်လုပ်အန်ထုတ်လိုက်ပြီးသူ၏ပုံစံမှာပို၍ကြမ်းတမ်းလာပုံပေါ်သည်။ သူ၏ခန္တာကိုယ်ထက်မှသွေးကြောများမှာပို၍ထောင်ထလာကာ သားရဲတစ်ကောင်လိုဟိန်းဟောင်၍ အဖိုးအိုထံသို့ပြေးဝင်သွားသည်။

အစောပိုင်းကသိုင်းကွက်မှာ လွန်စွာပြင်းထန်သည့်သိုင်းကွက်ဖြစ်ကာ လက်ရှိသိုင်းလောက၏အစွမ်းအထက်ဆုံးသိုင်းကွက်များထဲမှတစ်ခုဖြစ်သည်။

ထိုသိုင်းကွက်ကိုရင်ဆိုင်ရသည့်တိုင်း သံမဏိဘုရင်အတွင်းဒဏ်ရာရရှိမသွားခြင်းမှာ သူ၏ဒေါသလက်သီးသိုင်းကြောင့်ဖြစ်သည်။

ဒေါသလက်သီးသိုင်းမှာ အသုံးပြသည့်လူကိုထူးခြားသည့်အခြေအနေတစ်ခုသို့ဝင်ရောက်သွားစေကာ ခံနိုင်ရန်၊ အတွင်းအား၊ အမြန်နှုန်းစသည်တို့များစွာတိုးတက်လာစေသည် ။

ထို့ကြောင့်လည်း သံမဏိဘုရင်မှာ ဒေါသလက်သီးသိုင်းကိုအသုံးပြုပြီး သာမန်သိုင်းဝိဇ္ဇာအဆင့်များကိုအေးအေးဆေးဆေးအနိုင်ယူနိုင်ခြင်းဖြစ်သည်။

သို့သော် ယခုအချိန်အထိ အဖိူးအို၏အင်္ကျီစကိုပင်ထိအောင်မတိုက်နိုင်သေးဘဲ အဖိုးအို၏တိုက်ခိုက်မှုကိုတစ်ခုပြီးတစ်ခုခံနေရကာ ပို၍ဒေါသတကြီးဖြစ်လာသည်။

“ ခြံဝန်းတံခါးကိုမြန်မြန်ဖွင့်လိုက်အပြင်မှာတို့လူတွေရောင်နေကြပြီ “

တံတိုင်းထက်မှ ဝတ်စုံဖြူဝတ်လူ၏အော်ဟစ်သတိပေးသံကြောင့် သူတောင်းစားဂိုဏ်းသားများမှာ သတိဝင်လာကာ ခြံဝန်းတံခါးကိုဦးတည်တိုက်ခိုကိလိုက်ကြသည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ သူတို့အစွမ်းရှိသရွေ့ခုခံကြသော်လည်း သူတောင်းစားဂိုဏ်းမှထိပ်သီးများကိုအနိုင်မရပေ။

ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်တွင်ဂိုဏ်းသားသုံးရာကျော်ရှိသော်လည်း သူတောင်းစားဂိုဏ်းမှထိပ်သီးသုံးဆယ်ကျော်၏ဖိနှိပ်မှုကိုခံရကာ လူဦးရေ၏ငါးတစ်ပုံခန့်ပင်သေဆုံးသွားပြီဖြစ်သည်။

သူတောင်းစားဂိုဏ်းမှလည်း ခရမ်းရောင်သွေးလဂိုဏ်းသားများ၏ ဝိုင်းဝန်းတိုက်ခိုက်မှာကြောင့် လည်း သူတောင်းစားဂိုဏ်းမှထိပ်သီးလေးယောက်ခန့်အထိသေဆုံးသွားပြီဖြစ်သည် ။

သို့တိုင် သူတို့၏စွမ်းအားမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများထက်သာလွန်နေကြသေးသည်။

“ ဝှစ် “

အဖိုးအိုမှ မြေပြင်ကိုခြေတစ်ချက်ဆောင့်လိုက်ကာ သူ၏ဝါးစိမ်းတုတ်မှာ မြေပြင်မှမြင့်တက်လာပြီး သူ၏လက်ထဲသို့ရောက်လာသည်။

“ အူး.... “

သံမဏိဘုရင်မှကျောချမ်းဖွယ်အော်ဟစ်ဟိန်းဟောက်ကာ သူ၏လက်သီးနှစ်ဖက်ကိုဝေ့ယမ်းကာ အဖိူးအိုကိုတိုက်လိုက်ခိုက်သည်။

ယခုတစ်ကြိမ်တွင်သူ၏တိုက်ခိုက်မှုများမှာ စနစ်ကျကာ လှုပ်ရှားမှုများသည်လည်း မြန်ဆန်လျက်ရှိသည်။

“ ဝုန်း... ဝုန်း.... “

သူ၏လက်သီးချက်များမှာ လေထုကိုတုန်ခါသွားစေကာ ဘေးပတ်ဝန်းကျင်သို့အတွင်းအားလှိုင်းများလွင့်ပျံ့သွားသည်။

အဖိုးအို၏ခန္တာကိုယ်မှာ ရှေ့နောက်ရွေ့လျားသွားကာ နောက်တစ်ကြိမ်ဆန်းကြယ်စွာရှောင်တိမ်းလိုက်ပြန်သည်။

သူ၏လက်ထဲမှဝါးစိမ်းတုတ်သည်လည်းအစိမ်းရောင်အရိပ်များစွာခွဲဖြာသွားကာ သံမဏိဘုရင်၏ခန္တာကိုယ်ပေါ်ရှိ သွေးကြောခုနစ်နေရာကိုထောက်လိုက်သည်။

“ ထောက် ထောက် “

အဖိုးအို၏တိုက်ခိုက်မှုများမှာ သာမန်သိုင်းဝိဇ္ဇာအဆင့်များကိုပင်အခက်တွေ့သွားနိုင်သော်လည်း သံမဏိဘုရင်ကိုမူမည်သို့မှဖြစ်မသွားစေပေ။

သံမဏိဘုရင်မှဘေးသို့ လျှင်မြန်စွာလှည့်ကာလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ ဝုန်း... “

သံမဏိဘုရင်၏လက်သီးနှင့် အစိမ်းရောင်ဝါးစိမ်းတုတ်တို့တွေ့ဆုံသွားသည်။

ဓားလှံများကိုပင်အပိုင်းပိုင်းကျိုးသွားစေနိုင်သည့်လက်သီးချက်မှာ အဖိုးအို၏ဝါးစိမ်းတုတ်ကိုတော့တစ်စုံတစ်ရာထိခိုင်အောင်မလုပ်နိုင်ပေ။

ထိုအစား အဖိုးအို၏နက်ရှိုင်းသည့်အတွင်းအားကြောင့် ဒေါသလက်သီးသိုင်းကိုအသုံးပြုထားသည်ပင် သံမဏိဘုရင်၏ရင်ဝတွင်အနည်းငယ်အောင့်တက်သွားသည်။

ဒေါသလက်သီးသိုင်းပညာဆိုသည်မှာ အသုံးပြုသူမှပို၍ ဒေါသထွက်လေလေသူ၏အစွမ်းမှာပို၍တိုးလေလေ ဖြစ်သည်။

ထို့ကြောင့် အဖိုးအိုအားထိခိုက်အောင်မလုပ်နိုင်မှန်းသိသည်နှင့် သံမဏိဘုရင်၏ဒေါသမှာ အဆုံးစွန်အထိရောင်သွားကာ သူ၏မျက်လုံးများပို၍နီရဲလာပြီး သူ၏တိုက်ခိုက်မှုများပို၍ လျှင်မြန်ပြင်းထန်လာသည်။

ယခင်ကသူ၏ကိုယ်ဖော့ပညာနှင့်လှုပ်ရှားမှူများမှာ သာမန်အဆင့်လွန်သိုင်းသမားတစ်ယောက်အ‌ဆင့်သာရှိသော်လည်းယခုအခါတွင်သိုင်းဝိဇ္ဇာများ၏လှုပ်ရှားမှုထက်မနိမ့်ကျပေ။

သူ၏အတွင်းအားမှာ ယခုအချိန်တွင်လွန်စွာတိုးပွားနေပြီဖြစ်ကာ အဖိုးအို၏အတွင်းအားအဆင့်ကိုပင်နှိုင်းယှဉ်နိုင်သည်။

ယခုတစ်ကြိမ်တွင်အဖိုးအိုမှ သူ၏ထူးဆန်းသည့်ခြေကွက်များဖြင့်ရှောင်တိမ်းခြင်းမရှိတော့ပေ။ ထိုအစား သူ၏ဝါးစိမ်းတုတ်ကိုဝေ့ယမ်းကာ တုံ့ပြန်တိုက်ခိုက်လိုက်သည်။

ဒေါသလက်သီးသိုင်း၏သိုင်းကွက်များမှာ အဆင့်မြင့်သိုင်းအဆင့်ရှိကာ သူ၏ထူးဆန်းသည့်အကျိုးသက်ရောက်မှုဖြင့်ဆိုပါက ထိပ်တန်းအဆင့်သိုင်းကျမ်းအများစုထက်ပင်ရှားပါးသေးသည်။

ယခုအချိန်တွင် အထွက်အထိတ်အခြေအနေကိုရောက်ရှိနေသည့်သံမဏိဘုရင်မှာ သူ၏လှုပ်ရှားမှု၊အမြန်နှုန်း၊ အတွင်းအားစသည်တိူ့များစွာတိူးတက်လာကာ ငွေရောင်မုတ်ဆိတ်အဖိုးအိုဖြင့်တိုက်ခိုက်ရလျှင်ပင် သိုင်းကွက်နှစ်ရာအတွင်းသတ်ပစ်နိုင်စွမ်းရှိသည်။

သို့သော် သူ၏မိုး‌မြေတုန်ဟည်းမတတ်တိုက်ခိုက်မှုများမှာ အစိမ်းရောင်ဝါးစိမ်းတုတ်လေး၏ထိမ်းချုပ်မှုကိုခံနေရကာ အဖိုးအို၏သိုင်းကွက်များမှာ သူ၏ပြင်းထန်သည့်လက်သီးချက်များကိုကောင်းစွာပိတ်ဆို့နေနိုင်သည်။

သူတို့၏တိုက်ပွဲမှာပို၍ပြင်းထန်လာသလိုခြံဝန်းထဲရှိအခေုအနေများမှာငြိမ်သက်သွားပြီဖြစ်သည်။

သူတောင်းစားဂိုဏ်းမှထိပ်သီးသိုင်းသမားများမှာ ခြံဝန်းတံခါးမကြီးကိုကောင်းစွာဖွင့်လိုက်နိုင်ကာ ပြင်ပမှဝင်ရောက်လာသည့်သူတို့၏အင်အားစုနှင့်ပေါင်းစည်းသွားကာာခရမ်းရောင်သွေးလဂိုဏ်းသားများကိုလွယ်လွယ်ကူကူအနိုင်ရခဲ့သည်။

ယခုအချိန်တွင်ခရမ်းရောင်သွေးလဂိုဏ်းမှလူသုံးလေးဆယ်သာကျန်တော့ကာ ထိုလူများသည်လည်းလက်နက်ချအညံ့ခံပြီးဖြစ်သည်။

သူတောင်းစားဂိုဏ်းမှထိပ်သီးများမှာ တိုက်ပွဲတွင်လုံးဝအနိုင်ရသွားသော်လည်း သိုင်းဝိဇ္ဇာနှစ်ယောက်၏ပြင်းထန်လှသည့်တိုက်ပွဲကိုရင်တထိတ်ထိတ်ဖြင့်ကြည့်နေကြသည်။

သူတို့၏ဂိုဏ်းချုပ် အလေးအနက်တိုက်ခိုက်သည်ကိုယခုတစ်ကြိမ်သာမြင်ဖူးခြင်းဖြစ်ကာ သံမဏိဘုရင်၏ကြံ့ခိုင်မှုနှင့် နီရဲနေသည့်မျက်လုံးများ ၊ ထောင်ထနေသည့်သွေးကြောများဖြင့် ထူးဆန်းလှသည့်သွင်ပြင်မှာလည်း ကြောင်မက်ဖွယ်အတိပင်။

သံမဏိဘုရင်သည်လည်း သိုင်းကွက်နှစ်ရာကျော်တိုက်ခိုက်ပြသည်အထိသူ၏ရှေ့မှ စုတ်စုတ်ပြတ်ပြတ်အဖိုးကြီးကိုအနိုင်မယူနိုင်သေးရာအနည်းငယ်ထိတ်လန့်လာသည်။

All Chapters