← Chapters

အောင်နိုင်ခြင်း

Vol. 3 Ch. 272

အောင်နိုင်ခြင်း

Vol. 3 Ch. 272

ဒေါသလက်သီးသိုင်းပညာမှာ အစွမ်းထက်ကာ ဆန်းကြယ်သည့်ပုံစံရှိသော်လည်း အောက်လမ်းသိုင်းပညာပီပီအားနည်းချက်တစ်ခုလည်းရှိပေသည်။

ထိုအားနည်းချက်မှာ ‌ဒေါသလက်သိုင်းပညာကိုအသုံးပြုနေစဉ်သွေးဆာရက်စက်သည်ပစိတ်အခြေအနေသို့ကျရောက်သွားပြီ ဘက်ပေါင်းစုံတိုးတက်လာသော်လည်း အချိန်တစ်ခုသို့ရောက်သည်နှင့် ထိုစွမ်းရည်များပျောက်ကွယ်သွားလေသည်။

အများဆုံးအနေဖြင့်ဒေါသလက်သီးသိုင်းပညာကိုသိုင်းကွက်သုံးရာအထိသာအသုံးပြုနိုင်ကာ သိုင်းကွက်သုံးရာပြီးနောက် မူလအခြေအနေသို့ပြန်ရောက်သွားပေမည်။။

သိူ့သော် ထိုသိုင်းကွက်သုံးရာက သိုင်းဝိဇ္ဇာအဆင့်များကိုပင်အနိုင်ယူသတ်ဖြတ်ရန်လုံလောက်ကာ ယနေ့အထိ သံမဏိဘုရင်မှာ တစ်ခါမှမရှုံးနိမ့်ခဲ့ပေ ။

ဤသည်မှာလည်း သူ၏ကြီးမားသည့်၊ပင်ကိုခွန်အား (အပြင်အား) ၊ ထူးခြားသည့်ခံနိုင်ရည်နှင့် ဓားလှံမတိုးသည့်ခန္တာကိုယ်ကြောင့်သိုင်းကွက်သုံးရာအထိဘာမှမဖြစ်ဘဲတိုက်ခိုက်နိုင်ခြင်းဖြစ်သည်။

အဆင့်လွန်သိုင်းသမားများပင် ထိုသိုင်းပညာကိုတတိမြောက်ပါက သိုင်းဆယ်ကွက်ကျော်အောင် အသုံးပြုရန်မလွယ်ကူပေ။

သိုင်းဝိဇ္ဇာအဆင့်များပင် ထိုသိုင်းပညာ၏ တိုးထွက်လာသည့် ပြင်းထန်သည့်ခွန်အားများကိုတောင့်မခံနိုင်ဘဲ သိုင်းကွက်တစ်ရာမပြည့်မီ သွေးကြောများပေါက်ထွက်ကာ သေဆုံးသွားပေမည်။

သံမဏိဘုရင်၏ထူးခြားသည့ပခန္တာကိုယ်နှင့်ခွန်အားကြောင့်သာ သာမန်ထက်ပို၍တိုက်ခိုက်နိုင်သော်လာ်း သိုင်းကွက်သုံးရာကျော်ပါက သူလည်းသွေးကြောများပေါက်ထွက်ကုန်မည်ဖြစ်ကာ သူ၏အဆုံးသတ်မှာကောင်းမည်မဟုတ်ပေ။

သံမဏိဘုရင်ထိတ်လန့်လာသည်မှာလည်း ထိုအချက်ကြောင့်ပင်ဖြစ်သည်။

သိုင်းကွက်နှစ်ရာကျော်လာသည်အထိ တစ်ဖက်လူ၏အင်္ကျီစကိုပင်ထိအောင်မတိုင်နိုင်ခြင်းက သူ့ကိုခံပြင်းဒေါသထွက်စေသည်။

သံမဏိဘုရင်နှင့်အစစ်အမှန်တိုက်ခိုက်နေစဉ်အဖိူးအိုမှာ သူ၏ထူးဆန်းသည့်ခြေကွက်များကိုပင်အသုံးပြုခြင်းမရှိတော့ဘဲ ဝါးစိမ်းတုတ်တစ်ချောင်းဖြင့်သာ သံမဏိဘုရင်၏လှုပ်ရှားမှုများကိုထိမ်းချုပ်ထားသည်။

အချိန်ကြာမြင့်စွာတိုက်ခိုက်ပြီးဖြစ်သော်လည်းအဖိုးအိုမှာ မောပန်းဟန်မပြဘဲ သူ၏အတွင်းအားများမှာ မကုန်မခမ်းနိုင်တော့သည့်ပုံရသည်။

သံမဏိဘုရင်လည်း နီရဲနေသည့်မျက်လုံးများဖြင့် အဖိုးအိုကိုမကျေမနပ်စိုက်ကြည့်ကာ သူ၏အသက်ကိုပင်ဂရုမစိုက်ဘဲ တိုက်ခိုက်ရန်တွေးထားသည် ။

သိူ့သော် လက်တွေ့တွင်သူထို့သို့မလုပ်နိုင်ပေ။

“ ငါတို့ရဲ့ဌာနချုပ်ကို ဂိုဏ်းကြီးတွေကအလစ်တိုက်ခိုက်လိမ့်မယ်။ အဲဒီအခါကျရင် မင်းအသက်စွန့်ပြီးတိုက်စရာမလိုဘူး ။ မင်းသတ်နိုင်သလောက်သတ်ပြီး အေးအေးဆေးဆေးပြန်ဆုတ်ခဲ့ “

သူ၏သခင်လိုကိုးကွယ်ရသူ နှင်းငွေ့မိစ္ဆာသခင်၏စကားမှာ သူ၏ခေါင်းအတွင်းဝင်ရောက်လာသည်။

“ ဒေါသအပြစ်ဒဏ် လက်သီးကိုးချက် “

သံမဏိဘုရင်မှ ရှေ့သို့တရကြမ်းတိုးဝင်ကာ အဖိုးအို၏ဝါးစိမ်းတုတ်ကိုဂရုစိုက်ခြင်းမရှိတော့ဘဲ လက်သီကိုးချက်ပစ်သွင်းလိုက်သည်။

သူ၏လက်သီးချက်များမှာာအဖိုးအို၏မတူညီသည့်ခန္တာကိုယ်အစိတ်အပိုင်းကိုးနေရာကိုတိုးဝင်သွားကာ အဖိူးအိုမှာ ပထမဆူံးအကြိမ်အဖြစ်ဘေးကြပ်နံကြပ်ဖြစ်သွားသည် ။

သံမဏိဘုရင်၏လက်သီးများရောက်မလာမီသံမဏိဘုရင်၏ခန္တာကိုယ်ကိုသူစိတ်ကြိုက်တိုက်ခိုက်နိုင်သော်လည်း သံမဏိဘုရင်၏လက်သီးများသူ၏ခန္တာကိုယ်ပေါ်ကျရောက်လာသည်နှင့် အတွင်းဒဏ်ရာပြင်းထန်စွာရရှိနိုင်သည် ။ သို့မဟုတ်သေဆုံးနိုင်သည်။

ပြဿနာတစ်ခုမှာ သံမဏိဘုရင်ထံတွင်ဓားလှံမတိူးသည့်ခန္တာကိုယ်နှင့် သာမန်ထက်ပိုသည့်ခံနိုင်ရည်ရှိနေကာ သူ၏တိုက်ခိုက်မှုများမှာ အတွင်းဒဏ်ရာပင်ရစေမည်မဟုတ်ပေ။

တစ်ဖက်တွငိ သံမဏိဘုရင်၏လက်သီးတစ်ချက်ထိမိသည်နှင့် သူ၏အားနည်းသည့်ခန္တာကိုယ်မှာသွေးပွတ်ပွတ်အန်သွားရနိုင်သည်။

အဖိုးအိုမှာ အလျှင်အမြန်စဉ်းစားသုံးသပ်လိုက်ပြီး သံမဏိဘုရင်အားတိုက်ခိုက်ရန်အခွင့်အ‌ရေးကိုလက်လွှတ်ကာ သူ၏ထူးဆန်းသည့်ခြေကွက်များဖြင့်ရှောင်တိမ်းလိုက်ပြီးသံမဏိဘုရင်၏နောက်ကျောဘက်သို့ရောက်သွားသည် ။

သို့တိုင် သူ၏ဝါးစိမ်းတုတ်မှာ သံမဏိဘုရင်၏ဘယ်ပခုံးမှာယန်မင်သွေးကြောဆီသို့တစ်ချက်တိုက်ခိုက်လိုက်သေးသည်။

“ ဖုန်း..... “

သံမဏိဘုရင်မှာ ဘယ်ပခုံးမှအရေးကြီးသွေးကြောတစ်ခုဖြစ်သည့်ယန်မင်သွေးကြောကိုထိထိမိမိတိုက်ခိုက်ခံရသည့်အတွက်သူ၏ ခန္တာကိုယ်ဘယ်ဘက်တစ်ခြမ်းလုံးထုံကျင်သွားကာ ရှေ့သို့ယိုင်သွားသည်။

“ အူး.... “

သံမဏိဘုရင်မှရဲရဲနီနေသည့် မျင်လုံးများဖြင့်အဖိုးအိုကိုကြည့်၍ မကျေမနပ်ဟိန်းဟောက်လိုက်သည်။

သို့သော် အဖိုးအိုကိုထပ်မံတိုက်ခိုက်ခြင်းမရှိတော့ဘဲ ခြေတစ်ဆောင့်ကာ ခြံဝန်းအပေါက်ဝသို့ရောက်သွားသည်။

ထို့နောက်လုံးဝရပ်တန့်ခြင်းမရှိဘဲ ရှေ့သိူ့တဟုန်ထိုးထွက်ပြေးသွားသည် ။

“ ဝုန်း... “

တံခါးဝနားတွင်ရပ်လျက်မင်တပ်မိနေသည့်သူတောင်းစားဂိုဏ်းမှထိပ်တန်းအဆင့်သိုင်းသမားတစ်ဦးမှာ သူ၏အနီးသို့သံမဏိဘုရင်၏ခန္တာကိုယ်ကြီးရုတ်တရက်ရောက်လာကာ ရှောင်တိမ်းခြင်းမရှိဘဲ ဝင်တိုက်မိသွားသည်။

သံမဏိဘုရင်၏ခန္တာကိုယ်မှာ အရှိန်လျော့ပါးသွားခုင်းမရှိဘဲ ယခင်အတိုင်းလျှင်မြန်သည့်အရှိန်ဖြင့်တခဏအတွင်းသူတို့၏မြင်ကွင်းထဲမှပျောက်ကွယ်သွားတောသည်။

ထိုဂိုဏ်းသားမှာမူ သံမဏိဘုရင်၏ ကြံ့ခိုင်လှသည့်ခန္တာကိုယ်နှင့်တိုက်မိကာ အနောက်ဘက်သို့လွင့်စင်သွားကာမြေကြီးပေါ်သို့ဝုန်းခနဲပြုတ်ကျသွားသည်။

သို့သော် ထိုဂိုဏ်းသားကိုမည်သူမှအာရုံမစိုက်နိုင်ကြဘဲ ထွက်ပြေးလွတ်မြောက်သွားသည့်သံမဏိဘုရင်ကိုသာ ထိတ်လန့်‌သည့်မျက်လုံးများဖြင့်ကြည့်ရှုနေကြသည် ။

“ အဖိုးကြီး သူ့နောက်ကိုလိုက်ပြီးမတိုက်ဘူးလား သူခင်ဗျားကိုအနိုင်မယူနိုင်ဘူး “

ဝတ်စုံဖြူနှင့်ပုံရိပ်တစ်ခုမှာ အဖိုးအို၏အနီးသို့ပေါ့ပါးစွာရွေ့လျားလာကာ မေးလိုက်သည်။

ထိုလူ၏မေးခွန်းကိုအဖိုးအိုမှခေါင်းယမ်း၍ပြောလိုက်သည်။

“ ငါလိုက်ပြီးတိုက်လိုက်ရင် သူ့ရဲ့သူသေကိုယ်သေတိုက်ခိုက်မှုတွေနဲ့ကြုံရလိမ့်မယ်။ ခွေးတစ်ကောင်ကိုတောင်ချောင်ပိတ်ပြီးမရိုက်သင့်ဘူး ။

နောက်ပြီးငါတို့ရဲ့ရည်ရွယ်ချက်ကအောင်မြင်နေပြီပဲ ဘာလို့စွန့်စားနေဦးမှာလဲ “

ထို့နောက် အဖိုးအိုမှသူ၏ဂိုဏ်းသားများဘက်သို့လှည့်ကာမေးလိုက်သည်။

“ ငါတို့ရဲ့အထိအခိုက်စာရင်းကရော “

အဖိုးအို၏မေးခွန်းကြောင့် အင်္ကျီပခုံးတွင်သေးငယ်သည့်အိတ်ငယ်လေးခုနစ်လုံးကပ်လျက်ချုပ်ထားသည့် အိတ်ခုနစ်လုံးအဆင့်အကြီးအကဲတစ်ဦးမှ ရှေ့သို့တိူးကာပြောလိုက်သည်။

“ ကျူပ်တို့ရဲ့ အဆင့်မြင့်ဂိုဏ်းသား ငါးယောက်သေဆုံးပြီး ထိပ်တန်းအဆင့်ဆယ့်ခြောက်ယောက်နဲ့ အဆင့်မြင့်သိုင်းသမားနှစ်ဆယ်ကျော်အသက်ပေးခဲ့ရတယ်။ သိပ်မပြင်းထန်တဲ့ဒဏ်ရာရသူတွေကတော့ အယောက်သုံးဆယ်ကျော်ပါတယ် ဂိုဏ်းချူပ် “

ထိုအကြီးအကဲ၏စကားကြောင့် အဖိုးအို၏မျက်နှာထက်တွင်စိတ်မကောင်းဖြစ်သည့်အရိပ်အယောင်ပေါ်ထွက်လာကာ လျှင်မြန်စွာပျောက်ကွယ်သွားသည်။

ခရမ်းရောင်သွေးဘဂိုဏ်း၏ဌာနချုပ်ကိုတိုက်ခိုက်ရာတွင် အဆင့်လွန်အဆင့်အဆင့်မြင်ဂိုဏ်းသားသုံးဆယ်ကျော်၊ ဌာနချုပ်၏ရှေ့ဘက်မှဗြောင်ကျကျတိုက်ခိုင်လာသည့် ထိပ်တန်းအဆင့်နှင့်အဆင့်မြင့်အဆင့်သိုင်းသမားနှစ်ရာကျော်ပါဝင်သည်။

ထိုအထဲတွင် သူတို့၏ကျဆုံးမှုသုံးဆယ်ကျော်သာရှိသည်က သူမျှော်မှန်းထားသည်ထက်များစွာနည်းပါးလှသည်။

ခရမ်းရောင်သွေးဘဂိုဏ်းကဲ့သို့အင်အားကြီးမားလှသည့် ထိပ်တန်းအဆင့်အင်အားစုနှင့်တိုက်ခိုက်ရာတွင် အဆင့်မြင့်သိုင်းအဆင့်အောက်နိမ့်ကျသူများမှာ များစွာအသုံးမဝင်လှပေ။

သေခြင်းရှင်ခြင်းတိုက်ပွဲများတွင် သူ့ဘက်ကိုယ့်ဘက်ဆုံးရှုံးမှုရှိသည်မှာ ပုံမှန်ပင်ဖြစ်သည် ။

အရေးကြီးသည်ကား တိုက်ပွဲ၏ရလာဒ်နှင့် သူတို့၏ရည်ရွယ်ချက်အောင်မြင်နိုင်ရန်ပင်ဖြစ်သည်။

အိတ်ခုနစ်လုံးအကြီးအကဲမှ တစ်ချက်တုံ့ဆိုင်းနေပြီး ဆက်၍ပြောလိုက်သည်။

“ ခရမ်းရောင်သွေးလဂိုဏ်းဘက်က သိုင်းသမားသုံးရာကျော်ပါဝင်တိုက်ခိုက်ပြီး လူသုံးဆယ်ကျော်ကျော်ပဲအသက်ရှင်ခဲတယ် ။။သူတို့ကလည်းလက်နက်ချအညံ့ခံပြီးပြီ။

ဒါပေမယ့် လူသုံးရာကျော်ထဲမှာ အဆင့်လွန်သိုင်းသမားငါးယောက်ထဲပါပြီး ထိပ်တန်းအဆင့်ကအယောက်နှစ်ဆယ်မကျော်ဘူး။ ကျန်တာက အဆင့်မြင့်သိုင်းသမားတွေနဲ့ အဆင့်နိမ့်သိုင်းသမားတွေပဲ “

အကြီးအကဲ၏စကားကြောင့် အဖိူးအို၏မျက်ခုံးများထိဆက်သွားကာ မျက်မှောင်ကြုတ်လိုက်သည်။

ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်ကိုဝင်စီးစဉ်ကပင် သူတစ်စုံတစ်ခုမှားယွင်းနေသည့်ကိုသိရှိခဲ့သည်။

ပုံမှန်ဆိုလျှင် ထိပ်တန်းအဆင့်အင်အားစုကြီးဖြစ်ကာ အနက်ရောင်သိုင်းလောက၏အရှင်သခင်ဖြစ်နေသည့်ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်တွင်ထိပ်သီးသိုင်းသမားထိုမျှနည်းပါးနေခြင်းမှာမဖြစ်သင့်ပေ။

ခရမ်းရောင်သွေးဘဂိုဏ်းတွင် ထိပ်တန်းအဆင့်သိုင်းသမားများပေါများလှကာ အဆင့်လွန်သိုင်းစမားများပင်မရှားပါးပေ။

ထို့ကြောင့်ခရမ်းရောင်သွေးဘဂိုဏ်း၏အင်အားမှာ အနည်းဆုံးသူတိူ့သူတောင်းစားဂိုဏ်းနှင့်နှိုင်းယှဉ်နိုင်သည်ကို သူကောင်းစွာသိထားသည်။

သိူ့သော် ယနေ့တိုက်ခိုက်မှုမှာ သူတို့တွေးထင်ထားသည်ထက်ပို၍လွယ်ကူနေကာသဘာဝမကျပေ။

ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်း၏ဘုရင်ငါးပါးမှာကျော်ကြားလှသော်လည်း ဌာနချူပ်တွင်ဘုရင်တစ်ပါးသာရှိနေသည်။

“ ဘယ်လိုဖြစ်တာလဲ “

အဖိုးအိုမှ ခပ်တိုးတိုးရေရွတ်ကာ လက်နက်ချအညံ့ခံထားသည့် ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းသမားတစ်ယောက်ဆီသို့လျှောက်သွားလိုက်သည် ။

All Chapters