← Chapters

ဖွတ်မရ ဓားမ ဆုံး

Vol. 3 Ch. 273

ဖွတ်မရ ဓားမ ဆုံး

Vol. 3 Ch. 273

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ သူတောင်းစားဂိုဏ်းမှအားကောင်းသည့်သိုင်းသမားများ၏ကြားတွင်တုန်လှုပ်နေကြသည်။

အဖိုးအိုလည်းမျက်မှောင်ကြုတ်ကာတစ်စုံတစ်ရာ‌အားတွေးတောနေသည့်ဟန်ဖြင့် အနီးဆုံးရှိခရမ်းရောင်သွေးလဂိုဏ်းသားတစ်ယောက်အနီးသို့လျှောက်သွားလိုက်သည်။

ဝတ်စုံဖြူဖြင့်လူရွယ်လည်း တစ်စုံတစ်ခုဖြစ်ပျက်နေသည့်ကိုသိသည့်အတွက် အဖိုးအို၏နောက်မှကပ်လိုက်သွားသည်။

ထိုဂိုဏ်းသားမှာ ယခင်ကအနက်ရောင်သိုင်းလောကမှ အဆင့်နိမ့်သိုင်းသမားတစ်ယောက်သာဖြစ်သည် ။

ခရမ်းရောင်သွေးလဂိုဏ်းခေတ်ကောင်းလာချိန်တွင်ဂိုဏ်း၏နောက်ခံဖြင့်ဆိုးသွမ်းရန်အတွက်ကြံစည်ကာ ခရမ်းရောင်သွေးလဂိုဏ်းထဲသို့ဝင်ခဲ့ခြင်းဖြစ်သည် ။

ခရမ်းရောင်သွေးလဂိုဏ်းမှထိပ်သီးများသာ်လည်း ထိုကဲ့သို့လူမျိုးကိုငြင်းဆန်ခြင်းမပြုကြသော်လည်း သူတိူ့၏အသက်ကိုဖက်ရွက်လောက်မှတန်ဖိုးမထားဘဲ သူတိူ့၏မျက်စေ့ထဲတွင်မထည့်ကြပေ။

သိသိသာသာပင် ထိုလူမှာ အဆင့်မြင့်ဂိုဏ်းသားပင်မဟုတ်သည့်အတွက် ဂိုဏ်းနှင့်ပတ်သတ်သည့်အကြောင်းအရာများကိုအနည်းငယ်သာသိပေမည်။

သိူ့သော် အဖိုးအိုသိလိုသည်မှာလည်း အချက်မလက်အနည်းငယ်သာဖြစ်သည်။

အဖိုးအိုထိုနေရာသို့လျှောက်သွားသည်နှင့် သူတောင်းစားဂိုဏ်းမှအဆင့်မြင့်ဂိုဏ်းသားများပင်ဂါရဝပြုကာလမ်းဖယ်ပေးလိုက်ကြသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာတည်ကြည်သည့်ဟန်ဖြင့်လျှောက်လာသည့်အဖိုးအိုကိုကြည့်ကာ လွန်စွာထိတ်လန့်သွားကာ တုန်လှူပ်စွာပြောလိုက်သည်။

“ ဆရာကြီး ဆရာကြီးကျုပ်ရဲ့အသက်ကိုချမ်းသာပေးပါ ကျုပ်ဘာမဆိုလုပ်ပေးပါ့မယ် “

ထိုဂိုဏ်းသား၏အရှက်မဲ့သည့်စကားကြောင့် သူတောင်းစားဂိုဏ်းသားများမှာ အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်ကြသည်။

အဖိုးအိုမှာမူ ထိုလူ၏စကားကိုစိတ်ထဲမထားဘဲ ခေါင်းယမ်း၍မေးလိုက်သည်။

“ စိတ်ချပါ ငါတို့ဂိုဏ်းကတိုက်ပွဲမှာအညံ့ခံတဲ့လူတွေကိုမသတ်ပါဘူး။ ငါသိချင်တာက ခရမ်းရောင်သွေးလဂိုဏ်းကထိပ်သီးတွေဘယ်ကိုရောက်သွားတာလဲဆိုတာပဲ။ နောက်ပြီး ကျန်တဲ့ဘုရင်လေးပါးကရော ဒီကိုမလာဘူးလား “

အဖိူးအို၏စကားကြောင့် ခရမ်းရောင်သွေးလဂိုဏ်းသားမှာ မျက်မှောင်ကြုတ်ကာအပြင်းအထန်စဉ်းစားနေသည် ။

ထို့နောက်တစ်စုံတစ်ရာကိုသတိရသွားဟန်ဖြင့် သူစမျက်နှာဝင်းလက်သွားသည်။

“ အရင်ကကျုပ်တို့ဂိုဏ်းရဲ့ဌာနချုပ် ဒီနေရာမှာ သိုင်းထိပ်သီးတွေအများကြီးရှိခဲ့တယ်။ အဲဒဖိအချိန်ကသာ ဆရာကြီးတို့တိုက်ခိုက်လာရင် ဆရာကြီးကိုယ်တိုင်တောင် အသက်လုပြီးထွက်ပြေးရနိုင်တယ် “

ထိုဂိုဏ်းသားမှ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့်ပြောကာ သတိဝင်သွားပြီး အဖိူးအို၏မျက်နှာကိုမဝံ့မရဲကြည့်လိုက်သည်။

အဖိုးအိုမှာသူ၏စကားကိုဒေါသထွက်ခြင်းမရှိပေ။ ခေါင်းတညိမ့်ညိမ့်ဖြင့်ရှိနေကာ ထိုဂိုဏ်းသားပြောသည်မှာ သူတွေးထားသလိုပင်ဖြစ်သည်။

ထိုဂိုဏ်းသားမှ အဖိုးအို၏အရိပ်အခြေကိုကြည့်ကာ ဆက်ပြောလိုက်သည်။

“ ဒါပေမယ့် လွန်ခဲ့တဲ့တစ်ရက်က သူတို့အားလုံးလူစုခွဲပြီးဘယ်နေရာတွေကိုထွက်သွားကြတဲ့မသိဘူး။ ကျုပ်အထင်ပြောရရင် လူနှစ်ရာတစ်စုခွဲပြီးသွားကြတယ်ထင်တယ်။

သူတို့ကိုဦးဆောင်သွားတာက မျက်နှာဖုံးစွပ်အဆင့်မြင့်ဂိုဏ်းသားတွေပဲ ။။

သူတို့ကတခြားအဆင့်မြင့်ဂိုဏ်းသားတွေထက်အဆင့်အတန်းမြင့်ပြီး သာမန်အဆင့်လွန်သိုင်းသမားတွေကိုလွယ်လွယ်ကူကူသတ်ဖြတ်နိုင်တယ် “

သူ၏စကားကြောင့် အဖိုးအိုမှာစိတ်လှုပ်ရှားသွားသည့်ဟန်ဖြင့် အလျှင်အမြန်မေးလိုက်သည်။

“ သူတို့ဘယ်ကိုသွားတာလဲဆိုတာသိလား “

ဂိုဏ်းသားမှာ မချိပြုံးပြုံးကာခေါင်းယမ်းပြလိုက်သည်။

“ ကျုပ်လိုအဆင့်နိမ့်ဂိုဏ်းသားတစ်ယောက်က သူတို့အကြောင်းတွေကိုဘယ်စပ်စုဝံ့ပါ့မလဲ “

သူ၏စကားမှာ အဖိုးအိုမျှော်လင့်ထားသလိုပင်ဖြစ်သည်။ ထို့နောက် ဂိုဏ်းသားမှဆက်ပြောလိုက်သည်။

“ ဘုရင်ငါးပါးစုံတာကိုကျုပ်တို့တစ်ခါမှမမြင်ဖူးဘူး။ သံမဏိဘုရင်ကတော့ ဒီနေရာမှာအမြဲလိုလိုစောင့်ကြပ်နေတာ။

တခြားဘုရင်တွေကိုတော့ တစ်ခါတစ်လေမှဒီဌာနချုပ်ကိုလာတာ။ ဂိုဏ်းချုပ်ကတော့ တစ်ခါမှမလာဖူးဘူး “

အဖိုးအိုမှအတင်းအကြပ်စစ်မေးမြင်းမရှိသော်လည်း ထိုဂိုဏ်းသားမှာ အကြောင်းစုံကိုထုတ်ဖော်ပြောဆိုနေသည်။

“ မင်းတို့ဂိုဏ်းကဖမ်းထားတဲ့လူတွေဘယ်နေရာမှာလဲ “

အဖိုးအိုမှ မျက်မှောင်ကြုတ်ကာမေးလိုက်သည်။ သူ၏စကားကြောင့် ထိုဂိုဏ်းသားမှာ ကြောင်အသည့်မျက်နှာမျိုးဖြစ်သွားသည်။

“ ကျုပ် ဂိုဏ်းထဲကိုဝင်လာတာ သုံးလရှိပြီ ဒီအတောအတွင်းမှာ ဂိုဏ်းထဲကိုတစ်ယောက်မှဖမ်းမလာဖူးဘူး “

အဖိုးအိုမှ ထိုဂိုဏ်းသားကိုစူးရှတောက်ပသည့်မျက်လုံးများဖြင့်အကဲခပ်ကာ စိတ်ရှုပ်ထွေးသွားသည်။

ထိုဂိုဏ်းသားမှာလိမ်ညာခြင်းမရှိသည်ကိုသူသိလေသည်။ ထို့ကြောင့် ခရမ်းရောင်သွေးလဂိုဏ်းမှဖမ်းခေါ်ထားသည့် ထိပ်တန်းအဆင့်အင်အားစုကြီးများ၏မျိုးဆက်များမည်သည့်နေရာသို့ရောက်သွားသနည်း။

ဤသည်မှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်ကိုတိုက်ခိုက်ရခြင်း၏အဓိကရည်ရွယ်ချက်လည်းဖြစ်ကာ ဌာနချုပ်တစ်ခုလုံးကိုအောင်အောင်မြင်မြင်သိမ်းပိုက်နိုင်ခဲ့ကာ လုံးဝအနိုင်ရခဲ့သော်လည်း သူတို့၏ရည်ရွယ်ချက်ကားမအောင်မြင်ပေ။

အဖိုးအိုလည်း အညံ့ခံထားသည့်ခရမ်းရောင်သွေးလဂိုဏ်းမှလူများကိုတစ်ယောက်ချင်းစီလိုက်မေးသော်လညိးတူညီသည့်အဖြေသာထွက်လေသည် ။

ထိုလူများမှာ ဂိုဏ်းတွင်းသို့ပြီခဲ့သည့်လပိုင်းများကဝင်လာသူများရှိသလို ပြီးခဲ့သည့်လအတော်ကြာကပင်ဂိုဏ်းဝင်ဖြစ်သူများလည်းရှိသည်။

သို့သော် ထိုလူများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ဌာနချုပ်ဖြစ်သည့်ယခုနေရာတွင် လူတစ်ယောက်ကိုမှဖမ်းဆီထားခြင်းမျိုးမရှိဟုအခိုင်အမာပြောဆိုကြသည်။

အဖိူးအို၏မျက်နှာပထမဦးဆုံးအကြိမ်အဖြစ်ပျက်ယွင်းသွားကာ သူတောင်းစားဂိုဏ်းသားများကိုယခုခြံဝန်းထဲတွင်မြေလှန်ရှာရန်အမိန့်ပေးလိုက်သည် ။

သူတောင်းစားဂိုဏ်းသားများမှာ မည်သည့်အတွက်ယခုလိုခိုင်းသည်ကိုမသိသော်လည်း သူတို့ဂိုဏ်းချုပ်ကိုပြန်၍မေးခွန်းထုတ်မည်မဟုတ်ပေ။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာလည်း အုတ်တစ်ချပ်မှအစခွာကာ အမှန်ပင်‌မြေလှန်ရှာဖွေနေကြသည့် သူတောင်းစားဂိုဏ်းမှထိပ်သီးများကို အူကြောင်ကြောင်မျက်နှာပေးများနှင့်ကြည့်နေကြသည်။

ထို့နောက် အဖိုးအိုလည်း သက်ပြင်းတစ်ချက်ရှိုက်ကာ ထိုနေရာမှထွက်ခွာသွားလိုက်သည်။ သူ၏မျက်နှာပေါ်တွင် အရိပ်အမျိုးမျိုးဖြတ်ပြေးနေကာ အတွေးနက်နေပုံရသည်။

“ အဖိုးကြီးအရေးကြီးတဲ့ကိစ္စဖြစ်လို့လား “

ဝတ်စုံဖြူနှင့်လူမှာ အဖိုးအို၏နောက်မှကပ်လျက်ပါလာသည်။ ထိုအဖိုးကြီးမှာ အမြဲလိုလိုမျက်နှာထက်တွငိအပြုံးတစ်ခုရှိနေတတ်သော်လည်း ယခုအခါစိတ်ညစ်နေဟန်ရသည်။

အဖိူးအိုလည်းဝတ်စုံဖြူဖြင့်လူကိုစောင့်၍ကြည့်လိုက်သည်။ ထို့နောက် သက်ပြင်းချလိုက်ပြန်ကာထပ်၍ပြောလိုက်သည်။

“ ငါတို့ရဲ့ရည်ရွယ်ချက်မအောင်မြင်ဘူးဒါကြောင့် မင်းငါ့ကိုကူညီရဦးမယ် “

အဖိုးအို၏စကားကြောင့် ဝတ်စုံဖြူဖြင့်လူမှာ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားလေသည်။

“ ဘာဖြစ်လို့ကျုပ်ကထပ်ပြီးကူညီရဦးမှာလဲ ။။အဖိုးကြီး ကျုပ်တိူ့သဘောတူညီချက်က ခင်ဗျားကိုကူပြီးခရမ်းရောင်သွေးလဂိုဏ်းရဲ့ဌာနချုပ်ကိုရှာဖို့ပဲနော် ။။

ကျုပ်တစ်လနီးပါးဒုက္ခခံပြီးပြီ။ နောက်ထပ်ခိုင်းမယ်ဆိုရင် ခင်ဗျားနဲ့ကျုပ်နဲ့ ဆက်ဆံရေးပြတ်ပြီ “

ဝတ်စုံဖြူဖြင့်လူမှာ ခေါင်းတယမ်းယမ်းလက်တခါခါဖြင့် အပြင်းအထန်ငြင်းဆိုလိုက်သည်။

သူ၏စကားကြောင့် စိတ်ညစ်နေသည့်အဖိုးအိုမှာ ဒေါသပေါက်ကွဲသွားသည်။

“ သောက်...ပဲ အခုချိန်မှာ သိုင်းလောကတစ်ခုလုံးအန္တရာယ်ရှိနေလို့ငါတောင် အေးအေးဆေးဆေးမနေနိုင်ဘဲဝင်ပါနေရတာ ။

ဒီအချိန်မှာမင်းကဒီစကားပြောထွက်သေးတယ်ပေါ့ကောင်းပြီ “

အဖိုးအို၏တံတွေးများမှာ နေရာအနှံ့စင်ထွက်နေကာ သူ၏အင်္ကျီလက်စများကိုလိပ်တင်လိုက်သည်။

ဝတ်စုံဖြူဖြင့်လူရွယ်မှာ အခြေအနေမဟန်မှန်းသိသည်နှင့် သူ၏ပြိုင်စံရှားကိုယ်ဖော့ပညာဖြင့်ထွက်ပြေးရန်ပြင်လိုက်သော်လည်း သူ၏အနီးတွင်ရှိနေသူမှာ လက်ရှိသိုင်းလောက၏အဓိပတိများထဲမှတစ်ယောက်ဖြစ်သည်။

ဝတ်စုံဖြူဖြင့်လူခြေတစ်လှမ်းပင်မလှမ်းနိုင်မီ အဖိုးအိုက လည်ဂုတ်မှဆွဲမထားလိုက်ကာ အေးစက်စက်လေသံဖြင့်ရယ်မောလိုက်သည်။

“ လွန်ခဲ့တဲ့နှစ်တွေက နန်ကုန်းမိသားစုရဲ့ရတနာသုံးမျိုးထဲကကျောက်စိမ်းလည်ဆွဲကိုမင်းခိုးလာပြီး နန်ကုန်းမိသားစု‌ကထိပ်သီးတွေအများကြီးမင်းနောက်ကိုလိုက်ခဲ့တာလေ။

အဲဒီအချိန်က မင်းသာ ငါရှိနေတဲ့ဘုံကျောင်းပျက်ထဲဝင်မပုန်းခဲ့ရင် တိမ်နဂါးယွင်ဖေးဆိုတဲ့ကောင်က နဂါးသေဖြစ်နေလောက်ပြီနော်။

ဟဲဟဲ အခုချိန်နန်းကုန်းမိသားစုရဲ့လက်ထဲကိုပြန်အပ်လိုက်ရင်လည်းနောက်မကျသေးဘူးထင်တာပဲ “

သူ၏စကားကြောင့် လူရွယ်၏မျက်နှာဖြူဖျော့သွားကာ အရှုံးပေးသည့်ဟန်ဖြင့်လက်မြောက်လိုက်သည်။

“ ကောင်းပြီ ပျင်းရိပြီးညစ်ပတ်တဲ့အဖိုးကြီးခင်ဗျားနိုင်တယ်။ ကျုပ်ခင်ဗျားကိုဆက်ပြီးကူညီမယ် “

လူရွယ်၏အာမခံစကားကိုကြားရမှအဖိုးအိုစမျက်နှာပြုံးရွှင်သွားကာ လူရွယ်ကိုလွှတ်ပေးကာ တဟားဟားရယ်မောလိုက်သည်။

“ မင်းကသိုင်းလောကအကျိုးအတွက်ဆောင်ရွက်ပေးနေတာပဲကွာ ကောင်းတဲ့အလုပ်ပါကွ “

“ ခင်ဗျားဂျီးတော်ကြီးကောင်းတဲ့အလုပ်လား “

လူရွယ်မှ စိတ်ထဲမှသာကျိန်ဆဲလိုက်ခြင်းဖြစ်သည်။ ထိူ့နောက် တစ်စုံတစ်ရာကိုသတိရသွားသည့်ဟန်ဖြင့်မေးလိုက်သည်။

“ အစောပိုင်းက ခင်ဗျားခရမ်းရောင်သွေးလဂိုဏ်းသားတွေကိုစစ်မေးနေတာတွေ့တယ်။ ကျုပ်လည်းအဒါကိုစဉ်းစားနေတာ ခရမ်းရောင်သွေးလဂိုဏ်းမှထိပ်သီးတွေဒီလောက်ပေါတာ အခုဘယ်ရောက်ကုန်ကြတာလဲ “

ခေါင်းယမ်းကာပြောလိုက်သည့် အဖိုးအို၏အဖြေကြောင့် လူရွယ်၏မျက်လုံးများပြူးကျယ်ကာထိတ်လန့်တုန်လှုပ်သွားသည်။

“ သူတို့က ကျန်တဲ့ဂိုဏ်းကြီးငါးဂိုဏ်းကိုသွားပြီးတိုက်ခိုက်တာ “

All Chapters