ဇာတ်လိုက်မ ပြန်လာပြီ
Vol. 7 Ch. 69
ရလဒ်ကတော့ ဖြည့်စွက်အားဖြည့်စာက အလွန်ပြင်းထန်လွန်းတာဖြစ်နိုင်ပြီး ဒီလအတွက် သူမရဲ့ အန်တီကအလွန်အမင်းများပြားလွန်းနေခဲ့တယ်။
သူမ အတန်းကိုတောင် မဖွင့်နိုင်ပဲ ခန်ပေါ်မှာပဲ လှဲပြီး အိပ်နေခဲ့ရတယ်။
လင်းချွမ်က သူမအတွက် လူတွေကို ပြန်လွှတ်လိုက်ပေးလိုက်ပြီးနောက် သူမကို ပြန်ကြည့်လိုက်တယ်။ သူ့ရဲ့စိတ်ထဲမှာတော့ ဒီအမျိုးသမီးတွေရဲ့သွေးက သူဒဏ်ရာရတုန်းကထက် မနည်းတဲ့အကြောင်းကို တွေးမိနေခဲ့တယ်။ ဒီလိုမျိုးတွေ တစ်လကိုတစ်ကြိမ်ရင်ဆိုင်ရမှာ။
သူမက အရမ်းကိုနူးညံ့သိမ်မွေ့လွန်းတယ်။ အနာဂတ်မှာ သူမကို ပိုပြီးနာကျင်အောင်လုပ်မိစေလို့မရဘူး။
ဆုဆု အဆင်မပြေသလို ခံစားနေရပြီး ခေါင်းကလည်းအေးစက်လာသလို ဖြစ်နေချိန်မှာ တစ်စုံတစ်ယောက်က သူမရဲ့ခေါင်းကို ပွတ်သပ်ပေးနေခဲ့တယ်။
အစပိုင်းမှာတော့ တော်တော်လေးအဆင်မပြေပေမယ့်လည်း ခဏအကြာမှာတော့ အသိစိတ်က ဝေဝါးလာခဲ့ပြီး မှိန်းခနဲ အိပ်ပျော်သွားခဲ့တယ်။
လင်းချွမ်က ခန်ကို ဖီးဖိုပေးလိုက်ပြီး ဆုဆုအတွက် ဝက်ဗိုက်သားကိုနှပ်လိုက်တယ်။ ထို့နောက် တရုတ်နှစ်သစ်ကူးတုန်းက ကျန်ရှိနေတဲ့ ဝက်သားအသည်းတစ်ပိုင်းကိုလည်းချက်ဖို့လုပ်ခဲ့တယ်။ ဒါတွေက သွေးအားကောင်းစေမှာသေချာတယ် ။
သူတို့ ချက်ပြုတ်ပြီးနောက် အပြင်ဘက်မှ မြည်းလှည်းသံကိုကြားလိုက်ရတာကြောင့် တံခါးဖွင့်လိုက်ချိန်မှာ လင်းဟိုင်ခေါင်းဆောင်တဲ့ သူ့ရဲ့ ညီငယ်သုံးယောက် ပြန်ရောက်လာတာကို မြင်လိုက်ရတယ်။ သို့သော်လည်း ဒီရွာရဲ့ မကြာခဏလာရောက်လည်ပတ်သူလို့ဆိုနိုင်တဲ့ ချင်ယွဲ့ယွဲ့ကတော့ လှည်းပေါ်မှာထိုင်နေဆဲဖြစ်ကာ သူမကိုကြည့်ရတာ လမ်းကြုံစီးလာတဲ့ပုံရတယ်။
သူမက အနည်းငယ်ရှက်ရွံ့စွာဖြင့် လှမ်းခေါ်လာတယ်။
“အစ်ကိုချွမ်ဇီ”
“ချင်ကျစ်ချင်း* ကျေးဇူးပြုပြီး ငါ့ရဲ့နာမည်ကိုခေါ်ပေးပါ”
လင်းချွမ်က တင်းမာတဲ့မျက်နှာနှင့် ပြန်ပြောလိုက်တယ်။
(T/n_ ကျစ်ချင်းက ပညာတတ်လူငယ်ဆိုတဲ့ အခေါ်အဝေါ်ပါ)
“ရဲဘော်လင်း”
ချင်ယွဲ့ယွဲ့က သူမရဲ့ကိုယ်ပေါ်မှ ကျောပိုးအိတ်ကို ချပြီး ပြောလာတယ်။
“ကျွန်မ ဒီကို လမ်းကြုံလိုက်လာခဲ့တာ.. အခု ပညာတတ်လူငယ်အိမ်ရာဘက်ကိုသွားတော့မှာပါ.. ကျွန်မ ရဲဘော်လင်းဆီမှာ ဒဏ်ရာရခဲ့တယ်လို့ကြားခဲ့တယ်.. ဘယ်လိုဖြစ်တာလဲ”
“အဆင်ပြေသွားပြီ”
လင်းချွမ်က သူမနဲ့ စကားမပြောချင်တာကြောင့် လင်းဟိုင်ကိုလှမ်းပြောလိုက်တယ်။
“လာခဲ့ .. ဟင်းနည်းနည်းလောက် အရှေ့ခြံကိုယူသွားလိုက်”
“ဟင်းကောင်းကောင်းချက်ထားတာလား.. ကျွန်တော့်မရီး လုပ်ထားတာလား”
“ငါလုပ်ထားတာ”
သူ သူ့ညီလေးကို စိုက်ကြည့်လိုက်တယ်။ ဒီကလေးက ဘာလို့ အရမ်းစိတ်လှုပ်ရှားနေရတာလဲ။ သူ့မိန်းမက သူတို့အတွက် ဟင်းချက်ပေးထားသေးတာလား? သူတောင်မှ အကြိမ်အနည်းငယ်လောက်သာ စားရသေးတာကြောင့် လင်းချွမ်တစ်ယောက်မနေနိုင်စွာနဲ့ သဝန်တိုလာရတယ်။
“ရဲဘော်လင်း.. ရှင့်ဆီမှာအခက်အခဲတွေရှိရင် ပညာတတ်လူငယ်တွေနေရာဆီကိုလာပြီး ကျွန်မကိုရှာနိုင်တယ်.. ကျွန်မဆီမှာ ဘာမှလုပ်စရာမရှိဘူးဆိုတော့ ကျွန်မ ရှင့်အတွက် ထမင်းဟင်းချက်ပြုတ်ပေးပြီး ရေနွေးတည်ဖို့ ကူညီပေးနိုင်တယ်”
သူမက အမှန်တကယ် ကြင်နာတတ်ပြီး လင်းချွမ်က ဒဏ်ရာရနေတဲ့အချိန်မှာတောင် ကိုယ်တိုင် ချက်ပြုတ်နေရတာက ဆုဆုကြောင့်ဖြစ်လိမ့်မယ်လို့ တွေးလိုက်တယ်။ သူမသာဆို အဲလိုလုပ်မှာမဟုတ်ဘူး။
လင်းချွမ် သူမရဲ့စကားကိုကြားတော့ တင်းမာနေတဲ့မျက်နှာဖြင့် ပြန်ပြောလိုက်တယ်။
“ငါ့မှာ ငါ့အတွက်ချက်ပြုတ်ပေးဖို့ ဇနီးသည်တစ်ယောက်ရှိတယ်.. ဒါကြောင့် မင်းလို ပညာတတ်လူငယ်တွေကို အနှောင့်အယှက်ပေးမှာမဟုတ်ဘူး.. သူမက ဒီနေ့ တစ်ရက်သာ နေမကောင်းလို့ အနားယူနေတာ”
သူက ဝက်သားပန်းကန်လုံးကြီးကို ထုတ်ယူလာခဲ့ပြီး သူ့ညီငယ်တွေကိုပေးလိုက်ပြီးနောက် ညစာစားဖို့ ပြန်ဝင်သွားခဲ့တယ်။
ရုတ်တရက် ချင်ယွဲ့ယွဲ့တစ်ယောက် လင်းမိသားစုက ဆုဆုကို တုံ့ဆိုင်းမှုမရှိလက်ထပ်ခဲ့တာက ဘာကြောင့်လဲဆိုတာကို နားလည်သွားခဲ့တယ်။
ဒါက ပိုက်ဆံကြောင့်ပဲ။ လင်းချွမ်က သူတို့မိသားစုထဲမှ ယောကျာ်းလေးယောက်ထဲမှာ ပိုက်ဆံရှာနိုင်တဲ့ တစ်ဦးတည်းသော သားပဲ။ သူတို့မိသားစုက အဆင်မပြေဖြစ်နေခဲ့ပြီး လင်းချွမ်ရဲ့ အိမ်ထောင်ရေးအတွက် ခန်းဝင်ကြေးတောင် မရရှိနိုင်ဖြစ်နေခဲ့တာလေ။ အခုတော့ သူတို့တွေက အသားစားပြီး အဝတ်အစားအသစ်တွေတောင် ဝတ်နေကြပြီ။
သူမ လင်းချွမ်ရဲ့ အရပ်ရှည်ရှည်ပုံရိပ်ကိုကြည့်ပြီး သူ့ကို အနည်းငယ်အထင်သေးသွားခဲ့တယ်။
ထို့နောက် သူမ ပညာတတ်လူငယ်နေရာဆီသို့ ထွက်သွားခဲ့တယ်။ လင်းတုံဟဲနဲ့တွေ့ရမှာကို ကြောက်တဲ့အတွက် အပြင်ကိုတောင်မထွက်နိုင်ခဲ့ဘူး။
လင်းချွမ်ကတော့ ထိုအကြောင်းတွေကို မသိခဲ့ဘူး။ အိမ်ကို ပြန်ရောက်ပြီးနောက် သူ့ရဲ့ဇနီးသည်ကိုနှိုးပြီး စားသောက်ဖို့ပြင်ဆင်ကာ သူမအတွက် အဆီနည်းတဲ့အသားတွေကို ထည့်ပေးလိုက်တယ်။
အစတုန်းကတော့ သူမက ဒါတွေကိုစားဖို့ ဝန်လေးနေတယ်လို့ ထင်ခဲ့ပေမဲ့ အခုချိန်မှာတော့ သူမက အဆီတွေကို တကယ်မစားနိုင်ဘူးဆိုတဲ့အကြောင်းကို သူ သိနေခဲ့ပြီ။ သူမသာ အဆီကိုစားလိုက်ရင် ပြန်ပြီးအန်လိုက်လိမ့်မယ်။
ဒါတွေကြောင်းပဲ သူမရဲ့ ကိုယ်အလေးချိန်မတက်လာနိုင်တာပဲ။ တခြားသူတွေက ဒီအဆီတွေကိုစားရဖို့အတွက် လောဘကြီးနေကြတာလေ။ ပြောရရင် တစ်နှစ်ကို အကြိမ်ရေအများကြီးမစားနိုင်ဘူးမလား။ နောက်ပြီး အဆီက အရမ်းကိုမွှေးကြိုင်နေတာလေ။
ဒါပေမယ့် သူမကတော့ အသားကိုပဲ ရွေးစားတတ်ပြီး အရမ်းလည်းကြိုက်တဲ့ပုံမပေါ်ဘူး။ သူမက နည်းနည်းလောက်ကိုက်ပြီးသွားရင် ထပ်မစားချင်တော့ဘူး။
ဒီနည်းနဲ့ဆိုရင် သူမရဲ့ ကိုယ်အလေးချိန်က ဘယ်တော့မှ တက်မလာတော့မှာကိုတောင် ကြောက်ရတယ်။
အသားနည်းနည်းလောက်ရှိတာက ကောင်းတာပဲလေ။ အေးခဲမှာတွေ လှန်လှောတဲ့အချိန်တွေကိုလည်း ကြောက်စရာမလိုဘူး။ အရမ်းပိန်ပါးနေရင် သူထိုအကြောင်းကို တွေးတောတဲ့အချိန်မှာတောင် အားအားတွေ မသုံးရဲလောက်ဘူး။
အပူအကြောင်းကို ခဏလောက် တွေးတောမိတော့ လင်းချွမ်တစ်ယောက် သူ့ရဲ့ဘေးနားက ကရားကို ကောက်ယူပြီး ရေအများစုကို သောက်လိုက်တယ်။ ကံကောင်းစွာနဲ့ အဲဒါက ရေနွေးတွေဖြစ်နေပေမဲ့ သောက်နိုင်တာထက်ပိုပူနေတာကြောင့် လျှာတွေပါ အပူလောင်သွားရတယ်။
ဆုဆုက စားပြီးသွားတဲ့နောက် ပိုပြီး သက်သာလာခဲ့တာကြောင့် စားသောက်ပြီးထားတဲ့စားပွဲကို ရှင်းဖို့အတွက် အောက်ကိုဆင်းဖို့ ခေါင်းမာနေခဲ့တယ်။
လင်းချွမ် သူမကို အလျင်အမြန် ပြန်တွန်းချလိုက်ပြီး :
“မင်း နားနေလို့ရတယ်.. ကိုယ် အခု သက်သာ နေပြီ.. စားပွဲကို သန့်ရှင်းရေး လုပ်တာလောက်က ပြဿနာမရှိပါဘူး”
“ဒါပေမယ့် ရှင် ဆောင့်ကြောင့်မထိုင်နိုင်သေးဘူးလေ”
ဒဏ်ရာပွင့်သွားစေလို့မဖြစ်ဘူး။
“ဘာလို့ မထိုင်နိုင်ရမှာလဲ..ကိုယ်က ကိုယ့်ရဲ့ခြေထောက်ကို မဖိနိုင်သေးရုံပဲရှိတာ.. တခြား မလုပ်နိုင်တာ ဘာမှမရှိတော့ဘူး”
“လင်းချွမ် ရှင်က သတ္တိကောင်းနေပေမဲ့ ကျွန်မရှင့်ကိုစိတ်ပူတယ်လေ”
ဆုဆုက အခု စိတ်အခြေအနေမကောင်းတာကြောင့် သူက သူမကို အလျှင်အမြန် ပြန်လည်ချော့မြူပေးလိုက်ရတယ်။ အဆုံးမှာ သူတို့ နှစ်ယောက်က ဇနီးမောင်နှံတွေဖြစ်နေပြီး သူမက သူ့တစ်ခုခုဖြစ်မှာကိုကြောက်နေခဲ့တာမလား။
အကြိမ်ရေ အနည်းငယ်လောက်အော်ငေါက်ခံရပြီးနောက် လင်းချွမ်က အားပျော့စွာနဲ့ ခေါင်းညိတ်လာတယ်။
“ကောင်းပြီ ဒါဆို လင်းဟိုင်ကို လာရှင်းခိုင်းလိုက်မယ် ဟုတ်ပြီလား”
“အင်း အဆင်ပြေပါတယ်”
သူမရဲ့အန်တီကြောင့် စိတ်ဆတ်နေမှန်းကို ဆုဆု သိသော်လည်း သူမကို ဂရုစိုက်ပေးတဲ့လူတွေကို ဒေါသထွက်နေတာက သိပ်ပြီး မသင့်တော့ဘူးလေ။
သူမ ခန်ပေါ်မှာရှက်ရွံ့စွာနဲ့ လှဲလျောင်းပြီး သေချင်ယောင်ဆောင်နေဖို့သာ တတ်နိုင်တော့တယ်။ ခဏကြာတော့ လင်းချွမ်က လင်းဟိုင်ကို သန့်ရှင်းရေးလုပ်ဖို့ ခေါ်လာခဲ့တယ်။
“အစ်ကို.. မင်းရဲ့ ဒီဝက်သားဗိုက်ဟင်းကက အရမ်းမွှေးပြီး စားလို့ကောင်းတယ်”
“မင်း စိတ်အားထက်သန်နေရင် အဖွဲ့ထဲကိုသွားပြီး အလုပ်မှတ်တွေ သွားယူလိုက်လေ.. စကားမစပ် မင်းရဲ့ဖိနပ်တွေ ရောင်းကုန်သွားပြီလား”
“ကျန်တာတွေအားလုံးကုန်သွားပြီ.. ဒါပေမယ့် ကျန်တဲ့ နှစ်ရံက ပြသနာနေတယ်”
သူ့ရဲ့စကားကို အထဲမှာရှိနေတဲ့ ဆုဆုကြားတာကြောင့် လှမ်းပြောလိုက်တယ်။
“ပြသနာတစ်ခုခုရှိနေရင် မင်းတို့မိသားစုကို စီးဖို့ ချန်ထားလိုက်လေ.. မရောင်းနဲ့တော့ အမျိုးတွေကိုပေးလိုက်ပေါ့”
ဒီရွာမှ လင်းမိသားစုရဲ့ တစ်အိမ်တည်းသောမိသားစုက သူ့ဦးလေးရဲ့မိသားစုပဲ။
လင်းဟိုင်: “အဲဒါအဆင်ပြေတာပဲ.. ဒါဆို ကျွန်တော် အမေကို ဘယ်လိုပေးမလဲဆိုတာမေးလိုက်မယ်”
သူက ပြောပြီးတာနဲ့ အရှေ့ခြံကို ပြန်ပြေးသွားခဲ့တယ်။ သူ့အမေနှင့် ဆွေးနွေးပြီးနောက် ဖိနပ်နှစ်စုံကို သူ့ဦးလေးအိမ်ဆီသို့ ပို့ပေးခဲ့တယ်။ ဘယ်သူပဲစီးပါစေ အဆင်ပြေတယ်လေ။ အကုန်က ဆွေမျိုးတွေပဲမလား။
ပြောရရင် လင်းတုံဟဲက အရင်တုန်းက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့အရာတွေကို တကယ်ကြီး လုပ်ခဲ့ပေမယ့် လင်းချွမ် ဒဏ်ရာရနေတဲ့အချိန်မှာ သူက ရက်အနည်းငယ်ကြာအောင် ပြုစုစောင့်ရှောက်ပေးနေတဲ့အတွက် ဒီလိုကျေးဇူးကိုပြန်ဆပ်သင့်တာပဲလေ။
လင်းဟိုင်သည် ဖိနပ်တွေကိုယူပြီး ထွက်သွားခဲ့ပေမဲ့ သူ့ဦးလေးရဲ့အိမ်နောက်ဘက်မှ တောအုပ်ကို ဖြတ်သွားရတဲ့အချိန်မှာ လူနှစ်ယောက်က ဆွဲလားရမ်းလားလုပ်နေကြတာကိုတွေ့လိုက်ရတယ်။ ဝေးနေပေမယ့် ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ဆိုတာကိုတော့ ပုံဖော်နိုင်သေးတယ်!
သူက အခုချိန်မှာ ထိုကဲ့သို့အရာတွေကို အလွန်အကဲဆတ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်ကိုရောက်နေပြီ။ ဒါကြောင့် သူ ထိုအနီးကို တိတ်တဆိတ်တိုးကပ်ပြီးကြည့်လိုက်တော့ သူ့ရဲ့ဝမ်းကွဲ လင်းတုံဟဲနဲ့ သူ့ရဲ့ မရီးဟောင်း ချင်ယွဲ့ယွဲ့ကိုမြင်တွေ့လို့ရတယ်။ အာ.. လက်မထပ်လိုက်ရတဲ့မရီးဟောင်းပဲ။
သူမကိုကြည့်ရတာ ငိုနေပုံရပြီး သူ့ရဲ့ဝမ်းကွဲက သူမကို ပြန်ဆွဲထုတ်ပြီး ပြောလာတယ်။
“ကောင်းပြီ မင်းက လက်မထပ်ခင်မှာ မင်း ကျောင်းသွားတက်တဲ့အချိန်ထိ စောင့်စေချင်တယ်.. ကိုယ် စောင့်ပေးမယ်.. မင်းက အရမ်းခေါင်းမာပြီး အရှုံးကို လက်မခံချင်ဘူးဆိုတာ ကိုယ်သိတယ်..
ဒါပေမယ့် ကိုယ်က သိပ်ပြီးငယ်တော့တာမဟုတ်ဘူး.. ကိုယ့်ရဲ့မိသားစုကလည်း ကိုယ့်အတွက် လက်ထပ်ပွဲစီစဥ်ပေးဖို့ လုပ်နေပြီ.. ဒါကြောင့် မင်းကျောင်းကိုရောက်ပြီးတဲ့အချိန်ကျရင် ကိုယ် မင်းရဲ့အိမ်ကို လက်ထပ်ခွင့်တောင်းဖို့ သွားမယ်”
“သူတို့က သဘောမတူဘူး.. လင်းချွမ် နဲ့ ကျွန်မရဲ့လက်ထပ်ပွဲပျက်သွားတာကိုကြားတာနဲ့ သူတို့က စျေးကောင်းကောင်းနဲ့ရောင်းဖို့ပဲ တွေးနေကြတာ.. အဲဒါကြောင့်...”
“မင်းကို သူတို့ ရောင်းချမှာကို ကိုယ် ခွင့်ပြုမှာမဟုတ်ဘူး.. ကိုယ်က အများကြီးမချမ်းသာပေမဲ့ သူတို့သာ ဒီလက်ထပ်ပွဲကိုသဘောတူသရွေ့ ကိုယ်ချေးငှားနိုင်တယ်”
“သူတို့က သုံးရာလိုချင်နေတာ.. မဟုတ်ရင် သူတို့က ကျွမ်မကို အငြိမ်းစားယူတော့မယ့် ဝန်ထမ်းတစ်ယောက်နဲ့ လက်ထပ်ပေးတော့မယ် ကျွန်မ...”
ချင်ယွဲ့ယွဲ့ သူမရဲ့မျက်နှာကို အုပ်ပြီး ငိုကြိေးလာတယ်။
“မငိုပါနဲ့ ကိုယ်တို့တွေ ပိုက်ဆံတွေ ခြစ်ကုတ်ရှာပြီးတော့ လက်ထပ်ကြမယ်”
“ကျွန်မ ကောလိပ်တက်နေတဲ့အချိန်မှာ လက်ထပ်လိုက်ရင် တခြားလူတွေက ကျွန်မကို အရောင်တွေပါတဲ့မျက်လုံးတွေနဲ့ ကြည့်ကြလိမ့်မယ်”
ချင်ယွဲ့ယွဲ့က ပိုလို့တောင်ဝမ်းနည်းစွာငိုလာခဲ့တယ်။
လင်းတုံဟဲ ရုတ်တရက် ထိတ်လန့်သွားပြီး ခါးသီးစွာပြုံးလိုက်တယ်။
“အခု ကိုယ် ဒုတိယဦးလေး၊ ဒုတိယအဒေါ်နဲ့ လင်းချွမ်တို့ရဲ့အခြေအနေကို ရုတ်တရက် နားလည်သွားပြီ”
သူ ပေးသင့်တဲ့အရာကို ပေးပြီးသွားပေမဲ့ သူရသင့်တဲ့အရာကိုတော့ ပြန်မရနိုင်သေးဘူး။
သူ သူမကို ချစ်ပေမဲ့လည်း သူမအပေါ် ယုံကြည်မှုမရှိဘူး။
သူ ယွမ် ၃၀၀အထိ ပေးခဲ့ပေမဲ့လည်း သူမက လက်မထပ်ချင်ဖြစ်နေတုန်းပဲ။ နောက် သုံးနှစ်ကြာပြီးနောက် သူမက ကောလိပ်မှ ဘွဲ့ရလိမ့်မယ်။ အဲဒီအချိန်မှာ သူမက တရားဝင်အလုပ်တစ်ခုရရှိမှာဖြစ်ပြီးနောက်ထပ် သူ့ထက်ပိုသာတဲ့လူငယ်တစ်ယောက်က သူမကို လိုက်ခဲ့မယ်ဆိုရင် သူမ ဘာလုပ်မှာလဲ?
**