ကြက်ဥပန်းကန်
Vol. 7 Ch. 68
ဒါပေမယ့်လည်း လင်းချွမ်က မနက်ပိုင်းတွေမှာဆိုရင် သူ့ရဲ့အစိတ်အပိုင်းတွေက အလွန်ကောင်းမွန်ကြောင်း ဆုဆုကို သက်သေပြဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားနေခဲ့လေတယ်။
ဆုဆုက သူ့ကို ဆေးလိမ်းပေးနေတဲ့အချိန်မှာလည်း ထိုအမျိုးသားက ဖုံးအုပ်ထားချင်းမရှိတော့ဘူး။
ဒါကြောင့် သူမရဲ့လက်က သူ့ရဲ့အရေပြားကို ထိလိုက်မိတာနဲ့ သူဘာကိုဆိုလိုတာလဲဆိုတာကို ဆုဆု နားလည်သွားခဲ့တယ်။
သူမရဲ့မျက်နှာက ဒေါသကြောင့် နီရဲသွားရပြီး ဘေးတစ်ဖက်မှာရှိတဲ့ ဖရဲစေနဲ့ သကြားခဲတွေထည့်ထားတဲ့ ခြင်းဆီကို အကြည့်လွှဲကာ သူ့ကို ဆေးလိမ်းပေးခဲ့ရတယ်။
ထို့အတွက်ကြောင့် သူမက ခုချိန်ထိ သူ့ကိုစကားမပြောခဲ့ဘူး။ ဒီတော့ သူမ အခုပြောလာချိန်မှာ လင်းချွမ်အနည်းငယ်သာ ပြောနိုင်ခဲ့တယ်။ သေချာတာပဲ။ ခွန်အားကိုအသုံးပြုတာက ဇနီးသည်ကို အဝေးသို့ တဖြည်းဖြည်း တွန်းပို့စေလိမ့်မယ်။
လက်ရှိမှာ လေထုက အနည်းငယ်မမှန်ဘူးလို့ ခံစားမိတာကြောင့် သူ သူမဆီကို လျှောက်လာပြီး ပြောလိုက်တယ်။
“ကိုယ်တို့အမေက အဆင်ပြေပါတယ်.. ခဏနေရင် ပြန်လာလိမ့်မယ်.. တကယ်လို့ အနာဂတ်မှာတစ်စုံတစ်ယောက်က မင်းကိုစိတ်ဆိုးအောင်လုပ်လာခဲ့ရင် ကိုယ်တို့ရဲ့အမေကို သွားရှာလိုက်.. သူမ မင်းကိုကူညီပြီး ရန်ဖြစ်ပေးလိမ့်မယ်.. ဒါပေမယ့် သူမက ကိုယ့်လောက်တော့ မတိုက်ခိုက်နိုင်ဘူးပေါ့”
“အိုး .. ကျွန်မ သိပြီ”
ကြမ်းတမ်းတဲ့မိသားစုပဲ။ ဒါပေမယ့် သူမက ဘာလုပ်နိုင်မှာတဲ့လဲ။
တွေးတောနေစဥ်မှာပဲ လင်းဟိုင် ပြန်ပြေးလာတာကို မြင်လိုက်ရတာကြောင့် ဆုဆု တံခါးကို အမြန်ဖွင့်ပေးလိုက်ပြီး မေးလိုက်တယ်။
“အခြေအနေ ဘယ်လိုရှိလဲ?”
“အမေက နိုင်ခဲ့တယ်.. အဲဒီအမျိုးသမီးက ဆံပင်တွေ ညှပ်ပစ်ရတာ.. အမေက မရီးကို စိတ်မပူဖို့အတွက် လာပြောခိုင်းလိုက်တာ.. မနက်ဖန်ကျရင် အတန်းပြန်ဖွင့်လို့ရတယ်.. ဘယ်သူကမှ မရီးကို လာမရှုပ်ဝံ့စေရဘူးတဲ့”
“ကောင်းလိုက်တာ”
ကြည့်ရတာ ဒီဖက်ကာလမှာ အကြမ်းနည်းနဲ့လည်း ပြဿနာကို ဖြေရှင်းနိုင်တဲ့ပုံပဲ။
သူမ အတော်လေး သဘောကျသွားခဲ့ပေမဲ့ မနက်ဖြန် အတန်းပြန်ဖွင့်ရမဲ့အကြောင်း ကိုတွေးလိုက်မိတော့ သူမ တုံ့ဆိုင်းသွားရပြန်တယ်။သူမက နှစ်မကုန်ခင်တုန်းက စာသင်ဖို့အတွက်သူမရဲ့အိမ်ကိုလာခဲ့ကြဖို့ ခေါ်ထားခဲ့တာလေ။ နောက်ပြီး အခုချိန်ထိ ရာသီဥတုက အလွန်အေးစက်နေတုန်းပဲ။ စာသင်မဲ့လူတွေက ရွာရဲ့တပ်မဟာဆီကို သွားနေကြမလားမသိဘူး။
တကယ်တမ်းမှာ သူတို့တွေက လုံးဝကို မသွားချင်ခဲ့ကြဘူး။
လင်းချွမ် သည်လည်း ထိုအကြောင်းကို သိဖို့လိုအပ်သေးတယ်။ အချိန်ကျလာလို့ အရှေ့၊ အနောက်၊ တောင်၊ မြောက်ဘက်က လူတစ်စုရောက်လာတဲ့အချိန်ကျရင် သူ ဘာမှမသိဘဲနေလိမ့်မယ်။
ဒါကြောင့် ညစာစားပြီးနောက်မှာ ဆုဆုက လင်းချွမ်ကို ပြောပြခဲ့တယ်။ သူ့ရဲ့ ပင်ကိုယ်စရိုက်နဲ့ဆိုရင် သဘောတူလောက်လိမ့်မယ်လို့ ထင်ခဲ့ပေမယ့် လင်းချွမ်ရဲ့မျက်နှာက မည်းမှောင်သွားခဲ့တယ်။
“ဘာမှားလို့လဲ?”
“တစ်နာရီပဲလား”
“ဟုတ်တယ် တစ်နာရီလောက်ပဲကြာမှာ”
“ကောင်းပြီ.. ကိုယ်က ပြန်နလန်ထူဖို့ လိုသေးတယ်လေ”
“ကောင်းပါပြီ.. ရှင့်ရဲ့ နလန်ထူမှုကို အနှောင့်အယှက်မဖြစ်စေရဘူး”
မတိုင်ခင်တုန်းက သူ့ရဲ့ဒဏ်ရာတွကို မြန်မြန် ပြန်မသက်သာလာချင်ဘူးလို့ပြောခဲ့ဖူးတယ်လေ။ ဒါကြောင့် ထိုဖြစ်နိုင်ချေက မဟုတ်လောက်ဘူး။ ဖြစ်နိုင်တာက သူက တခြားလူတွေ သူ့ရဲ့အိမ်ကိုလာပြီးသင်ကြားမှာကို သဘောမကျတာဖြစ်လိမ့်မယ်။
လင်းချွမ်က တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျလိမ့်မယ်လို့ ဆုဆုမမျှော်လင့်ခဲ့ဖူးဘူး။
ထို့နောက် နောက်တစ်နေ့ကိုရောက်တော့ အမျိုးသား၊အမျိုးသမီး လေးငါးယောက်လောက်က အိမ်ကိုရောက်လာခဲ့ကြပြီး သူတို့တွေက လင်းချွမ်ကို အနှောင့်အယှက်မပေးကြပဲ တခြားသော အခန်းတစ်ခုမှာ စုဝေးခဲ့ကြတယ်။
ဆုဆုက နှစ်မကုန်ခင်တုန်းက သင်ပေးထားခဲ့တဲ့ အကြောင်းအရာကို ပထမဆုံး သုံးသပ်ပေးခဲ့ပြီးနောက် စကားလုံးအသစ်အချို့ကို သင်ပေးလိုက်တယ်။ သင်ကြားမှုတွေ ပြီးတဲ့နောက်မှာတော့ သူမက စာသင်သားတွေကို လှမ်းပြောလိုက်တယ်။
“လူတိုင်းကို တောင်းပန်ပါတယ်.. ကျွန်မရဲ့ လောင်.. ခင်ပွန်းသည်က ဒဏ်ရာရပြီး အနားယူဖို့ လိုနေသေးတယ်လေ.. ဒါကြောင့် ဒီအိမ်စာတွေကို ရှင်တို့ရဲ့အိမ်မှာ ပဲ လုပ်ခဲ့ဖို့ ပေးလိုက်ရတော့မယ်”
“အခုလို အေးစက်လွန်းတဲ့အချိန်မှာ တပ်မဟာရဲ့ အကာအရံမရှိတဲ့နေရာမှာ စာမသင်ရတာကိုက ကောင်းနေပါပြီ”
ဒီမှာ လာပြီး စာသင်နိုင်တဲ့အတွက် ကျောင်းသားတွေက စိတ်အားထက်သန်နေခဲ့ကြတယ်။ သူတို့အတွက်တော့ သူတို့ရဲ့လက်ကိုဆန့်တန်းပြီး သင်ယူနိုင်တဲ့ နေရာတစ်ခုရှိနေသရွေ့ အလွန်ကျေးဇူးတင်နေခဲ့ပြီ။
သူတို့တွေက ပျားရည်ထဲမှာ ဆီတွေရောနှောနေကြတဲ့ စုံတွဲလေးကို အနှောင့်အယှက်မပေးချင်တာကြောင့် အတန်းပြီးတာနဲ့ ပြန်သွားခဲ့ကြတယ်။ အခန်းထဲကနောက်ဆုံးထွက်မဲ့တစ်ယောက်က စုန့်လော်စန်းပဲ။ သူက အချိန်အတော်ကြာအောင် တစ်ယောက်တည်း ရေရွက်နေပြီး ထွက်မသွားခဲ့သေးဘူး။ နောက်ဆုံး လူတိုင်း ထွက်သွားကြတာကို မြင်တော့မှ မတ်တပ်ထရပ်ပြီး ဆုဆုကိုပြောလာခဲ့တယ်။
“မစ်စ်စု ငါမင်းကို ပြောစရာရှိတယ်”
ယခုအချိန်မှာ သူ့ရဲ့ဒဏ်ရာတွေက အခြေခံအားဖြင့် သက်သာလာပြီလို့ဆိုနိုင်ပြီး သူ့ရဲ့မျက်နှာပေါ်မှ အမူအယာကလည်း ပိုပြီး တည်ငြိမ်နေခဲ့ကာ ဆုံးဖြတ်ချက်တစ်ခု ချထားပြီးတဲ့ပုံရတယ်။
“အင်း ပြောလေ”
ဆုဆုက သင်ကြားရေးမှတ်စုတွေကို ကိုင်ထားပြီး ရှက်ရွံ့ခြင်းမရှိပဲ သူ့ကိုပြောလာခဲ့တယ်။
တစ်ဖက်လူက ခေါင်းကုတ်ပြီး ပြောလာတယ်။
“ကျွန်တော် သူငယ်ချင်းတချို့နဲ့ တောင်ပိုင်းကို အလုပ်သွားလုပ်ဖို့ ဆွေးနွေးထားတယ်.. ကျွန်တော် ပါတီအတွင်းရေးမှူးဆီကနေ မိတ်ဆက်စာ(ထောက်ခံစာ)တစ်စောင်လည်း တောင်းထားပြီးပြီ.. ဆယ့်ငါးရက်ကျော်ပြီးရင် ထွက်သွားဖို့ လုပ်ထားတာ”
“တကယ်လား.. အခု တိုင်းပြည်က ပြန်လည်ပြုပြင်ပြောင်းလဲပြီး အခွင့်အလမ်းဖွင့်ပေးနေပြီ.. အပြင်ထွက်ပြီး အလုပ်လုပ်မယ်ဆိုရင် အခွင့်အရေးကောင်းတွေအများကြီး ရရှိလိမ့်မယ်”
ပြီးရင် ရှင်က ချမ်းသာတဲ့ လုပ်ငန်းရှင်ဖြစ်လာလိမ့်မယ်။ ဒီတစ်ကြိမ်မှာတော့ ဇာတ့လိုက်မအတွက် မသေတော့ဖို့ ကျွန်မမျှော်လင့်ပါတယ်။
“ကျွန်တော်လည်း အဲလိုထင်တယ်.. ဒါပေမယ့်.. မင်းဆီကို အရင်တစ်ခေါက်က စားနပ်ရိက္ခာလက်မှတ် အကြွေးတင်ထားတယ်လေ.. အဲဒါကို ဘယ်တော့ ပြန်ဆပ်နိုင်မလဲ ကျွန်တော်မသိဘူး”
“စိတ်မပူပါနဲ့.. ရှင်နောက်ထက် နှစ်အနည်းငယ်လောက်ကြာမှ ပြန်ဆပ်နိုင်ပါတယ် ပြီးတော့ ရှင်အများကြီးချမ်းသာလာရင် ကျွန်မကို နည်းနည်းလောက်ပိုပေးပေါ့”
စုန့်လော်စန်းက ရှက်ရွံ့စွာနဲ့ပြောလာတယ်။
“ကျွန်တော် အပြင်ထွက်ပြီးအလုပ်လုပ်တာက ဗိုက်ပြည့်အောင်စားနိုင်ဖို့အတွက်ပါပဲ.. ရည်မှန်းချက်ကြီးကြီးမားမား မရှိပါဘူး”
“ရှင် သေချာပေါက် လုပ်နိုင်ပါတယ်”
ဆုဆုလေးနက်စွာ ပြောလိုက်တယ် ။
စုန့်လော်စန်း သူမရဲ့ အားပေးစကားကြောင့် စိတ်လှုပ်ရှားရတယ်။
“ကျွန်တော် မင်းဆီကို စာရေးလိုက်မယ်.. ဒါဆို မင်းလည်း အကြွေးရမဲ့လူက ဘယ်ကိုရောက်နေလဲဆိုတာ သိရတာပေါ့.. ကျွန်တော်အဆင်ပြေတဲ့ အချိန်ရောက်ရင် အစားအသောက်လက်မှတ်ကို မင်းတောင်းစရာမလိုပဲ ပြန်ပေးပါ့မယ်”
“ကောင်းပြီ”
ဒီစုန့်လော်စန်းက လူဆိုးတစ်ယောက်ရဲ့ပုံစံမျိုးနဲ့တူပေမဲ့ သူမရဲ့စိတ်သဘောထားက အလွန်ဖြူစင်ကြောင်းတွေးလိုက်မိတာကြောင့် ဆုဆု ရယ်မောလိုက်မိတယ်။
စုန့်လော်စန်းက တစ်ခုခုပြောချင်နေသေးပေမဲ့ ထိုအချိန်မှာပဲ လင်းချွမ်က တံခါးကိုတွန်းဖွင့်လာပြီး သူ့ရဲ့မျက်လုံးတွေက အေးစက်နေခဲ့တယ်။ သို့သော်လည်း ဆုဆုဘက်သို့ လှည့်လိုက်တဲ့အချိန်မှာတော့ ရှင်းမပြနိုင်လောက်အောင် နူးညံ့နေခဲ့လေတယ်။
“ဇနီးလေး ကိုယ် အိုးထဲကို ကြက်ဥနှစ်လုံးထည့်ပြုတ်ထားတယ်.. မင်းပြီးရင် စားလို့ရပြီ”
“...ကောင်းပါပြီ”
ဆုဆု သူမရဲ့အပြုံးကို မထိန်းနိုင်တော့ဘူး။ လင်းချွမ်က ဒီနှစ်ရက်အတွင်းမှာ ဆေးမှားသောက်ထားသလို ဖြစ်နေခဲ့တယ်။ သူ့ဆီမှာဒဏ်ရာရှိနေပေမယ့် နေ့တိုင်း ကြက်ဥတွေပြုတ်ပေးနေခဲ့တယ်။ သူမ ကြက်ဥပြုတ်ကို တကယ်မကြိုက်ဘူးလေ။
စုန့်လော်စန်းက သူတို့ဇနီးမောင်နှံကိုကြည့်ကာ သူဆက်နေဖို့ မသင့်တော်တော့တဲ့အကြောင်း တွေးလိုက်ပြီး ပြောလိုက်တယ်။
“ဒါဆို ကျွန်တော်အရင်သွားလိုက်ဦးမယ်”
ထို့နောက် သူက လင်းချွမ်ကို ခေါင်းညိတ်ပြပြီး ခဏလေးအတွင်းပျောက်ကွယ်သွားခဲ့လေတယ်။ ကြည့်ရတာ ထိုသူက လင်းချွမ်ကိုတော့ အမှန်တကယ်ကြောက်တဲ့ပုံပဲ။
တစ်နည်းအားဖြင့်ဆိုရရင် ဒီလိုမျိုး မျက်နှာမည်းနေတဲ့သူကို ဘယ်သူက မကြောက်ပဲနေမှာလဲ။
အိုး.. အခု အမည်းရောင်မဟုတ်တော့ဘူးပဲ။
အခုအချိန်ကျမှ ဆုဆုတစ်ယောက် နေဝင်ဆည်းဆာကျဆင်းနေတဲ့ လင်းချွမ်ရဲ့မျက်နှာက အလွန်ဖြူဖွေးနေတာကို သတိပြုလိုက်မိတယ်။ နောက်ပြီး အလွန် ကျန်းမာသန်စွမ်းတဲ့အရောင်ဖြစ်နေနှင်းဆီရောင်သန်းကာ တောက်ပနေသေးတယ်။ ဒီရက်ပိုင်းမှာသုံးထားတဲ့ maskတွေက အချည်းနှီးမဖြစ်ပဲ အကျိုးသက်ရောက်မှုကလည်း အလွန်ထင်ရှားလွန်းတာပဲ။
သူ့ရဲ့မျက်နှာပေါ်မှ ဒဏ်ရာက ပျောက်ကင်းလုနီးပါးဖြစ်နေပြီး မျက်လုံးတွေက ကြည်လင်နေခဲ့ကာ အထူးသဖြင့် မျက်ခွံနှစ်ထပ်က လှပလွန်းပြီး လူတွေကို မနာလိုဖြစ်စေတယ်။ ပါးလွှာတဲ့ နှုတ်ခမ်းတွေကတော့ ညင်သာစွာ ကော့ညွှတ်နေခဲ့ကာ အနည်းငယ် ရှုပ်ထွေးစေတဲ့ ခံစားချက်မျိုး ရစေခဲ့တယ်။
မဟုတ်ဘူး. ဘာလို့ ဒီမျက်နှာက ပိုပိုပြီးနီးကပ်လာရတာလဲ။
ငြိမ်သက်စွာရပ်နေခဲ့တဲ့ ဆုဆုက သတိလက်လွတ်နဲ့ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိကာ ရှက်ရွံ့တဲ့မျက်နှာနဲ့ ပြောလာခဲ့တယ်။
“ရှင် ဘာလုပ်နေတာလဲ”
တစ်ဖက်လူက အခုလေးတင် သူမကို နမ်းချင်နေခဲ့ပေမဲ့ အရပ်အမောင်း ကွာဟချက်အောက် အောက်ကို ငုံ့ဖို့ အချိန်အနည်းငယ်ယူခဲ့ရတယ်။ ဒါက သူမအတွက်လွတ်မြောက်ရန်အခွင့်အရေးပဲ။
“ဇနီးလေး အဲဒီစုန့်မျိုးရိုးက ကိုယ့်ထက်ပိုပြီး ကြည့်ကောင်းလို့လား”
“ဟမ်? ကြည့်ကောင်းတာလား.. ရှင်က သူ့ထက်အများကြီးပိုပြီးချောတယ်”
ဆုဆု စိတ်လှုပ်ရှားစွာနဲ့ အဝေးကိုထွက်ပြေးချင်ခဲ့ပေမဲ့ အခုလို ရှက်စရာကောင်းတဲ့ မေးခွန်းမျိုးကို ရရှိခဲ့မယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။
ရလဒ်ကတော့ တစ်ဖက်လူက ထိုအကြောင်းကို ဆက်ပြောမလာခဲ့ပဲ အနောက်သို့ ခြေတစ်လှမ်းဆုတ်ကာ ပြောလာတယ်။
“ဒါဆို ကြက်ဥများများစားလိုက်ဦး”
ဆုဆုရဲ့ခေါင်းက ကောင်းကောင်းမတွေးနိုင်တော့ဘူး။ ရုပ်ချောတာနဲ့ ကြက်ဥစားတာက ဘာဆိုင်လို့လဲ။
ကြက်ဥတွေကိုသရေစာအဖြစ်စားတာက လည်ပင်းနင်စေတယ်လေ။
ထိုကြက်ဥတွေကို ပဲငံပြာရည်နဲ့လည်း မစားနိုင်တာကြောင့် သူမ စဥ်းစားပြီးပြောလိုက်တယ်။
“ဒါမဟုတ်ရင် ရှင်ကအဝါရောင်အနှစ်ကိုစားပြီး ကျွန်မက အဖြူရောင်အကာကိုစားရင်ရော”
“မရဘူး.. ဒီကြက်ဥအနှစ်ကမှ သွေးအားပြည့်ဝစေမှာ”
“ကျွန်မက သွေးအားပြန်ဖြည့်နေစရာမလိုဘူးလေ.. သွေးတွေမှ မဆုံးရှုံးထားတာ”
“ကိုယ်စိတ်ပူတာ... နောက်ခဏလောက်နေရင် မင်း သွေးအားပြန်ဖြည့်ရလိမ့်မယ်”
“ဘာလို့လဲ?”
ဆုဆုက အမှန်တကယ်စားချင်စိတ်မရှိပဲ မျက်ရည်တွေတောင် ကျလာတော့မလိုဖြစ်နေတာကြောင့် လင်းချွမ်က ကြက်ဥအနှစ်စားခိုင်းတဲ့အကြောင်းကို မတတ်နိုင်ပဲပြောလိုက်ရတယ်။
“မင်းရဲ့...ရက်တွေ.. ဒီရက်ပိုင်းပဲလား”
ဖာ့ခ်! ဒီလူက ဘာလို့ အဲဒါကို မှတ်မိနေသေးတာလဲ?
သူမ ရေတွက်ကြည့်လိုက်တော့ အမှန်တကယ် ထိုရက်နီးပါးလောက်ဖြစ်နေပြီ။ သူ ထိုအကြောင်းကိုပြောလာတာ အံ့သြစရာမဟုတ်ဘူး။
“သွေးအားပြန်ဖြည့်ချင်ရင် ဂိုဂျီလက်ဖက်ရည်သောက်ရမှာလေ.. ကြက်ဥက ဘာလုပ်လို့ရလို့လဲ”
ဆုဆု ကောင်းကင်ကိုသာ မော့ကြည့်လိုက်မိတယ်။ လင်းချွမ်က ကြက်ဥစားမယ်ဆိုရင် သွေးကို ဖြည့်တင်းနိုင်တယ်လို့ ဘာကြောင့်တွေးနေလဲဆိုတာကိုတောင်မသိတော့ဘူး။
လင်းချွမ်ကတော့ အလွန်ရိုးရှင်းစွာ တွေးတောနေခဲ့တာ။ ကျေးလက်ဒေသမှာ အကောင်းဆုံး အာဟာရက ကြက်ဥပဲလေ။ ပြောချင်တာကတော့ အားနည်းရင် ကြက်ဥကိုစားရမယ်။ ကလေး မွေးပြီးရင်လည်း ကြက်ဥကိုစားရမယ်။ ဒဏ်ရာရလာရင် ကြက်ဥကိုစားရမယ်။ အတိုချုပ်ပြောရရင် ကြက်ဥစားတာက အကောင်းဆုံးပဲ။
သူအမှားလုပ်ထားမိလိမ့်မယ်လို့ ဘယ်လိုလုပ်သိနိုင်မှာလဲ။
သူတို့တွေ အမှားမိတယ်ဆိုမှတော့ ပြန်လည်ပြင်ဆင်ဖို့ လိုအပ်လိမ့်မယ်။ ဒါကြောင့် ထိုလူငယ်စုံတွဲကတော့ ညနေပိုင်းမှာ ဂိုဂျီလက်ဖက်ရည်ကို သကြားညိုနဲ့ ဖျော်ပြီး တစ်ဘူးလုံးထိုင်သောက်ခဲ့ကြတယ်။
**