ယွမ်သုံးဆယ်
Vol. 7 Ch. 67
ဒီလိုမျိုး လင်းချွမ်ကို လက်ထပ်ခဲ့တာကြောင့်ပဲ သူမ တစ်ယောက်တည်းမဟုတ်တော့ဘဲ မိသားစုတစ်ခုရရှိလာခဲ့တာ။ အဆုံးသတ်မှာ လင်းမိသားစုက အလွန် နွေးထွေးတဲ့ နေရာတစ်ခုဖြစ်ခဲ့လို့ပဲလေ။
သူမ ဟင်းချက်ပြီးလို့ မကြာခင်မှာပဲ အမေလင်းနဲ့ လင်းဟိုင်တို့ ညီအစ်ကိုတွေက ရှားရှားပါးပါး မျက်နှာပေါ်မှာ အပြုံးတွေနဲ့မြိုင်ဆိုင်စွာ ပြန်လာခဲ့ကြတယ်။ အိမ်ထဲသို့ ခြေချပြီးတာနဲ့ အမေလင်းက ဆုဆုရဲ့လက်ကို ဆုတ်ကိုင်ပြီးပြောလာတယ်။
“ငါတို့တွေ ဘယ်လောက်များများရောင်းရလဲ ခန့်မှန်းကြည့်လိုက်”
“ဘယ်လောက်များများရခဲ့လဲ?”
“ပိုက်ဆံအရင်းကိုကို ဖယ်ပြီးရင် နှစ်ဆယ့်သုံးယွမ်ကို ရရှိခဲ့တယ်!”
နေ့တစ်ဝက်ပဲ အချိန်ယူခဲ့ရတယ်။ ဒါက တကယ်ကို အံ့သြစရာပဲ!
“တကယ်လား.. ကျွန်မထင်တာထက် ပိုတာပဲ”
သူတို့တွေ အရံငါးဆယ်လုံးကို မရောင်းရသေးဘဲ အရံသုံးဆယ်ကျော်ကိုသာ ရောင်းချနိုင်သေးတယ်။ ဒါတောင်မှ အမြတ်က နှစ်ဆယ့်သုံးယွမ်ရရှိခဲ့ပြီ။ သူမ စိတ်ကူးထားတာထက် အများကြီး ကျော်လွန်နေခဲ့တာပဲ။
အမေလင်းက ထပ်ပြောလာတယ်။
“ဟိုင်ဇီ.. မင်းရဲ့မရီးကို ပိုက်ဆံပေးလိုက်”
“မဟုတ်တာ မဟုတ်တာ.. ကျွန်မတို့နှစ်ယောက်က တကယ်ပဲ ပိုက်ဆံမကျပ်တည်းနေဘူး.. နောက်ပြီး ကျွန်မက အများကြီး ကူညီခဲ့တာလည်းမဟုတ်ဘူးလေ.. ဒါတွေအကုန်လုံးက အမေတို့ကိုယ်တိုင်ရောင်းချလာခဲ့တာပဲ.. အမေ ကျွန်မကို ပေးဖို့အတွက် ခေါင်းမာနေဦးမယ်ဆိုရင် ကျွန်မ ဒေါသထွက်ရလိမ့်မယ်”
“ဒါက……”
အမေလင်းက ခဏလောက် တုံ့ဆိုင်းသွားပြီး ပြန်ပြောလာခဲ့တယ်။
“ဒီလိုဆိုရင်ရော.. ဒီနေ့ရတဲ့ ပိုက်ဆံတွေကို မင်းကိုအကုန်ပေးလိုက်မယ်လေ.. ကျန်တဲ့ဖိနပ်တွေက ရတဲ့ပိုက်ဆံတွေကိုတော့ ငါတို့ယူလိုက်မယ်”
“ကောင်းပါပြီ”
ဆုဆု သဘောတူပြီးနောက် သူမက ဆယ်ကျော်သက် သုံးယောက်ကို တစ်ချက်ကြည့်လိုက်ပြီး ထပ်ပြောလိုက်တယ်။
“အမေ.. ဒီနေ့ သူတို့ သုံးယောက် အများကြီးအော်ဟစ်ခဲ့ရတာလေ.. သူတို့တွေကို တစ်ယောက်ကို နှစ်ယွမ်လောက် ဘာလို့ မပေးရမှာလဲ”
“ပေးရမှာပေါ့”
အမေလင်းက ဒီနေ့ ငွေတွေအများကြီး ရှာနိုင်ခဲ့တာကြောင့် စိတ်ကောင်းဝင်နေခဲ့ပြီး ညီအစ်ကိုသုံးယောက်ကို နှစ်ယွမ်စီပေးခဲ့တယ်။
ဒီဘက်ခေတ်ကာလမှာ နှစ်ယွမ်ရဲ့ အသုံးဝင်မှုကို လျှော့မတွက်သင့်ဘူး။ တချို့လူတွေက ကလေးဘဝကနေ အိမ်ထောင်ပြုပြီးတဲ့အချိန်အထိ နှစ်ယွမ်လောက်သာ ရရှိခဲ့ဖူးတယ်။
လင်းဟိုင်နှင့် အခြားနှစ်ယောက်ကတော့ ထိုငွေကိုလက်ခံရရှိခဲ့တာကြောင့် အနည်းငယ် စိတ်လှုပ်ရှားသွားကြကာ အားလုံးက ဆုဆုဆီသို့ ဂရုစိုက်မှုအပြည့်နဲ့ ကြည့်လာကြတယ်။ မရီးတစ်ယောက်ရရှိလာပြီးတဲ့နောက်မှာ သူတို့ရဲ့ ဘဝတွေက ပိုကောင်းလာတယ်လို့ ထင်ရတယ်။ အခုဆို သူတို့ရဲ့လက်ထဲကို ပိုက်ဆံတွေတောင် ရောက်ရှိလာခဲ့ပြီလေ။ အရမ်းကောင်းတာပဲ!
“စကားမစပ် အမေတို့ ပြန်ရောက်လာပြီဆိုတော့ နေ့လည်စာစားရအောင်.. ကျွန်မအဆင်သင့်လုပ်ထားပြီးနေပြီ”
ဆုဆုက ခန်ကို အလျှင်အမြန် ရှင်းလင်းလိုက်ပြီး လင်းဟိုင်နဲ့ တလြားလူတွေကလည်း ဟင်းပွဲတွေကို စားပွဲပေါ်သို့ ကူညီပြီး ခင်းကျင်းလာကြတယ်။ လင်းကျင်းက သူ့ရဲ့အဖေကို ပြန်ခေါ်ဖို့ ပြေးသွားခဲ့ကာ တစ်မိသားစုလုံးက အနောက်ဖက်အိမ်မှာ စားသောက်ခဲ့ကြတယ်။
ဆုဆုက အာလူးဟင်းထဲမှာ ဝက်သားတွေကို အများကြီးထည့်ထားတာကြောင့် လူတိုင်းက စိတ်ကျေနပ်နေခဲ့ကြတယ်။
အဖေလင်း ပြန်လာတဲ့အချိန်မှာ
တစ်စုံတစ်ယောက်က သူ့ကို လှမ်းမေးလာတယ်။
“မင်းရဲ့သားကို ပြန်လာကြည့်မလို့လား”
အဖေလင်း : “မဟုတ်ဘူး.. ငါ့ချွေးမက ငါတို့စားဖို့ ဝက်သားစတူးနဲ့ခေါက်ဆွဲတွေလုပ်ထားတယ်.. ငါ အိမ်ကိုပြန်ပြီး နေ့လည်စာစားဖို့ပြန်လာတာလေ”
“...တကယ်လား.. မင်းချွေးမက တကယ်ကို ဝတ်တ္တရားကျေပွန်တာပဲ”
ရွာသားတွေက စကားတစ်ခွန်းပြောကာ ပြုံးပြီး ထွက်သွားခဲ့ကြတယ်။
အဖေလင်းက ဒီလိုစကားမျိုးတွေကြားရတာ ကြိုက်တယ်။ ဒီနှစ် ဖဲကစားဖို့ သွားတဲ့အချိန်မှာ မရေမတွက်နိုင်လောက်အောင် များပြားတဲ့ လူတွေက သူ့ကို မနာလိုဖြစ်ခဲ့ကြတယ်။ ဒါကြောင့် အဖေလင်းက သူ့ရဲ့မျက်နှာ လင်းလက်တောက်ပနေသယောင် ခံစားနေရပြီ။
အမေလင်းက သူ့ကို စိုက်ကြည့်ပြီးပြောလိုက်တယ်။
“ ရှင် ကြွားပြနေတာကို နည်းနည်းလောက် လျှော့လို့ မရဘူးလား”
“ဘာလို့လဲ.. ဒါ အမှန်တရားမဟုတ်ဘူးလား”
အေဖေလင်းက သူ့ရဲ့မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ပြောလာတယ်။
အမေလင်းက ပြုံးပြီးပြောလိုက်တယ်။
“အမှန်အတိုင်းပြောနေတယ်ပေါ့.. ရှင့်ရဲ့မျက်နှာဘယ်လောက်ထိ တောက်ပနေလဲဆိုတာကိုကြည့်လိုက်ဦး”
သူမက ဆက်ပြောလာတယ်။
“ဒီပိုက်ဆံနဲ့ဆို ဒီနှစ် ကျောင်းတက်ဖို့ကိစ္စအတွက် စိတ်ပူစရာ မလိုတော့ဘူး.. အချိန်ရရင် သူတို့အတွက် ကျောင်းလွယ်အိတ်အသစ် ချုပ်ပေးရမယ်…”
“အင်း”
ဇနီးဖြစ်သူရဲ့ ပေါက်ပေါက်ဖောက်စကားတွေကို နားထောင်ရင်း အဖေလင်းက သူတို့မိသားစုအခုလိုမျိုး တစ်ခုခုအတွက်အလုပ်မရှုပ်တာ အချိန်အတော်ကြာနေပြီလို့ ခံစားလိုက်မိတယ်။
သို့သော်လည်း သိပ်မကြာခင်မှာပဲ မိသားစုရဲ့ ဖိနပ်ရောင်းတဲ့သတင်းက ပျံ့နှံ့သွားခဲ့တယ်။
သူတို့က သူတို့ရဲ့ ထင်မြင်သမျှပြောဆိုခဲ့ကြတယ်။
တချို့ကလည်း ဟာသလုပ်နေကြတယ်။
ဒါပေမယ့် သူတို့တွေ ကွန်မြူနတီမှာ ငွေဘယ်လောက်ရှာနိုင်တဲ့ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်လာပြီး လူတိုင်း မနာလိုဖြစ်နေခဲ့ကြတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်က ဆုဆုကို လာရှာပြီး ဖိနပ်တွေကို များများပြန်သယ်လာပြီး သူတို့တွေ အတူတူရောင်းလို့ရကြောင်း ၊ အဖွဲ့လိုက်ရောင်းချမယ်ဆိုရင် ပိုကောင်းမဲ့အကြောင်းတွေကို လာပြောခဲ့ပြန်တယ်။
ဆုဆုရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့ရတယ်။ သူမရဲ့ အကြောင်းပြချက်က ဘာလို့ ဒီလောက်တောင်ဆိုးရွားနေရတာလဲ ။
သူမက ပြုံးပြီးပြန်ပြောလိုက်တယ်။
“ကျွန်မတို့ရဲ့နေရာက မြို့နဲ့ဝေးလွန်းပြီး ဒါတွေကို ပြန်သယ်လာဖို့ လမ်းမရှိဘူး.. လမ်းရှိရင်တောင် သယ်ယူဖို့ နည်းလမ်းမရှိဘူး.. ကျွန်မက လမ်းကြုံတဲ့အတွက် ပြန်သယ်လာနိုင်တာပါ”
“ဒါဆို မင်းထပ်ပြီး ယူလာနိုင်မလား.. အဲဒီအချိန်ကျရင် ငါတို့က မင်းဆီကနေ ယူပြီး ရောင်းလိုက်မယ်.. ငါတို့က မင်းကို အရင်းပဲပြန်ပေးမှာမဟုတ်ဘူး.. ဘယ်နှစ်ဆင့်လောက်ပေးရမလဲ”
ထိုအမျိုးသမီးက ပြုံးလိုက်ပြီး သူမရဲ့ အဝါရောင်သွားတွေကို ပြသလာခဲ့ကာ သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်းမနှစ်မြို့ဖွယ်ရာ မီးခိုးနံ့တွေ ထွက်နေသေးတယ်။ ဆုဆုက သူမကို တစ်ရွာတည်းနေတဲ့သူလို့ သိရုံမျှသာဖြစ်ပြီး သူမက ဘယ်မိသားစုကလဲဆိုတာကိုတောင်မသိထားဘူး။
သို့သော်လည်း သူမက သူမ(ဆုဆု)ရဲ့ ဘိုးဘေးတွေမှ တောင်းဆိုစကားဆိုသလိုမျိုး ပြောနေခဲ့တယ်။
“ကျွန်မက အရူးမို့လို့လား? ကျွန်မက ရှင့်အတွက် ပစ္စည်းတွေသယ်လာပေးပြီး ရှင်က အရင်းငွေနဲ့ ဆင့်နည်းနည်းလောက်ပဲ ပေးချင်နေတယ်.. ဒီကအန်တီ ရှင် ဘာလို့ ကောင်းကင်ဘုံကိုပဲ မသွားလိုက်ရတာလဲ..နောက်ပြီး ကျွန်မဆီမှာ နောက်ထပ်သွားစရာလမ်းခရီးလည်းမရှိတော့ဘူး.. ရှင်းဘာသာရှင်ပဲ ပြန်သွားသယ်လိုက်တော့”
ဆုဆုက တခြားလူတွေက သူမအပေါ်မှာကောင်းရင် စိတ်သဘောထားကောင်းမွန်ပြီး ကြင်နာတတ်တဲ့သူဖြစ်ပြီး တစ်ဖက်လူက သူမကိုပြသနာရှာပြီး အရူးတစ်ယောက်လိုဆက်ဆံလာမယ်ဆိုရင်တော့ ရိုးသားဖြူစင်ပြီး အနိုင်ကျင့်ခံနေမဲ့သူမျိုးမဟုတ်ဘူး။
“မင်း ဘာလို့ဒီလိုတွေပြောနေတာလဲ.. မင်းအမြဲတမ်း အပြင်ကို ထွက်နေတာမဟုတ်ဘူးလား.. နောက်ပြီး မင်းတို့က စစ်သားတွေရဲ့ကားတွေကို ငှားလို့ရတယ်.. ငါတို့မှာ အဲဒီအရည်အချင်းမရှိဘူး”
ထိုအန်တီ ဟွမ်ရာက မြေပြင်ပေါ်မှာ မတ်တပ်ရပ်ပြီး ဆုဆုကို လက်ညှိုးထိုးကာ ပြောလာတယ်။
“ဒါပေမယ့် ငါက အတွင်းရေးမှူးရဲ့ မရီးပဲ.. မင်း ဒီကိစ္စတွေကို နားမလည်ရင် ငါအတွင်းရေးမှူးကို သွားပြောလိုက်မယ်..မင်းတို့ အမြတ်ငွေအများကြီးယူတဲ့အကြောင်း တိုင်လိုက်မယ်”
“သွားပြောလိုက်လေ.. မတားဘူး”
လင်းချွမ်က ခန်ပေါ်မှာ ညှို့မှိုင်းစွာထိုင်နေရင်းကနေ ရုတ်တရက် ခေါင်းကိုမော့ပြီး အေးစက်တဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်ကာ ပြောလာတယ်။
“ကျွန်တော်ကလည်း ခင်ဗျားကို စစ်သားရဲ့မိသားစုဘက်ကနေ ပြန်ပြီးတရားစွဲမယ်.. ပြည်သူတွေက စစ်သားတွေအတွက် ကောင်းကျိုးခံစားခွင့်ပေးထားတဲ့ သက်သာချောင်ချိရေးကို အခွင့်ကောင်းယူခွင့်မရှိဘူး.. စစ်တပ်ရဲ့ ကားက မစ်ရှင်အတွင်းမှာဒဏ်ရာရခဲ့တဲ့ကျွန်တော့်ကို အိမ်ပြန်လိုက်ပို့ပေးခဲ့တာ.. ခင်ဗျားက စစ်တပ်ရဲ့ကားအပေါ်မှာ လိုချင်တပ်မက်စိတ်တွေ ထားနေတာလား”
စကားမပြောချင်ရင်မပြောဘူး။ စကားပြောလာပြီဆိုရင် တစ်ကြိမ်တည်းနဲ့ ရန်သူကို သတ်ပစ်လိုက်နိုင်တယ်။ သူမရဲ့ခင်ပွန်းသည်က အရမ်းစွမ်းအားကြီးတာပဲ။
“ကောင်းပြီလေ ငါမင်းကို ကြောက်ပါတယ်”
ထိုအန်တီဟွမ်ရာက ထွက်သွားခဲ့ပေမဲ့ လက်မလျှော့သေးပဲ ပါတီအတွင်းရေးမှုးအိမ်သို့ တိုက်ရိုက်သွားခဲ့တယ်။
အတွင်းရေမှူးအနေနဲ့ သူမက ဆင်ခြင်တုံတရားမဲ့တဲ့သူတစ်ယောက်ဖြစ်ကြောင်းကို သိထားပြီးသားဖြစ်တာကြောင့် သူမကို ယဉ်ကျေးတဲ့စကားအနည်းငယ်ပြောပြီး ပြန်လွှတ်လိုက်ချင်ခဲ့ခဲ့ပေမဲ့လည်း သူတို့တံခါးဝသို့ ရောက်တဲ့အချိန်မှာပဲ အမေလင်းက လင်းဟိုင်ကိုခေါ်ပြီး ရောက်လာတာကိုမြင်လိုက်ရတယ်။
သူမက အလွန်အစွမ်းထက်တဲ့အမျိုးသမီးကြီးပဲ။ ထိုသွားအဝါရောင်တွေရှိတဲ့ အမျိုးသမီးကိုမြင်တာနဲ့ လက်ညှိုးထိုးပြီး စတင် ကြိမ်းမောင်းတော့တယ်။ သူမကို အရှက်မရှိတဲ့သူလို့ခေါ်ခဲ့ပြီး သူမက တခြားလူတွေအပေါ် အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ကြောင်း၊ လက်ထပ်ပြီးကာစ အသစ်စက်စက် ဇနီးမောင်နှံကို အနိုင်ကျင့်ခဲ့ခြင်း ပြောခဲ့တယ်။
ကံကောင်းထောက်မစွာနဲ့ သူမက အရင်တုန်းက သားဖြစ်သူထံမှ ကြားသိခဲ့ရလို့သာပေါ့။ မဟုတ်ရင် သူမအနေဖြင့် ဘယ်လိုအရာမျိုးကိုတောင် စီစဥ်ခံလိုက်ရမလဲဆိုတာ မသိနိုင်ဘူး။
သူမက ဆူပူကြိမ်းမောင်းရင်းနဲ့ အတွင်းရေးမှူးကိုပြောလိုက်တယ်။
“အတွင်းရေးမှူး.. ကျွန်မရဲ့ချွေးမက မိသားစုထဲမှာ စာသင်ကြားဖို့အတွက် ရုန်းကန်နေရတဲ့ ကောင်လေးနှစ်ယောက်ရှိနေတာကိုသိနေလို့ သူတို့တွေအတွက် ကျူရှင်ဖိုးလေးရဖို့အတွက် ဒီ ဖိနပ်တွေကိုကြိုးစားပြီးရောင်းခိုင်းခဲ့တာ..
ဒါပေမယ့် သူမဆီကနေ တစ်စုံတစ်ယောက်က အခွင့်ကောင်းယူချင်နေလိမ့်မယ်လို့ မထင်ခဲ့မိဘူး.. သူတို့တွေက သူမလို ငယ်ရွယ်တဲ့မိန်းကလေးကို သူတို့ရဲ့အိမ်အတွက် ပစ္စည်းတွေ ဝယ်လာပေးစေချင်နေခဲ့တယ်လေ..
သူမသာ သူတို့အတွက် မလုပ်ပေးဘူးဆိုရင် အမြတ်တင်ရောင်းချမှုအတွက် တရားစွဲဦးမယ်ဆိုပဲ.. ကွန်မြူနတီက စျေးတွေမှာ အမြတ်တင်ပြီးရောင်းနေတာပဲမဟုတ်ဘူးလား?မဟုတ်ရင် အမြတ်ငွေကို မှန်းဆတတ်တဲ့ ခေါင်းဆောင်တစ်ယောက်က ဘာလို့မရှိရတာလဲ? နောက်ပြီး ဘာလို့ ကျွန််မတို့အိမ်ကို အမြတ်ငွေမှန်းဆတဲ့ ခေါင်းဆောင်ဖြစ်ပြီးမှ မလာရတာလဲ?”
“အစ်မ ကျွန်တော့်ရဲ့ မရီးက ဘာတစ်ခုမှ နားမပါလည်ဘူး.. ဒါကြောင့် သူက အစ်မတို့လို အသိပညာဗဟုသုတတွေ မရှိဘူး”
အတွင်းရေးမှူးက ငြိမ်းချမ်းရေးအတွက် ညိုနှိုင်းပေးခဲ့ပြီး သူတို့နှစ်ယောက် ရန်မဖြစ်ဖို့ကိုမျှော်လင့်ခဲ့တယ်။ သို့သော်လည်း သူ့ရဲ့မရီးက မနာလိုစိတ်တွေများနေခဲ့ကာ တစ်ပါးသူအပေါ်မှာ အခွင့်ကောင်းယူချင်နေခဲ့တာကြောင့် အဆုံးသတ်မှာ အမေလင်းရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတော့တယ်။
သူ့ရဲ့မရီးကသာ ကျိုးကြောင်းညီညွတ်မှုမရှိတဲ့လူဖြစ်တာကြောင့် အတွင်းရေးမှူးက သူ့ရဲ့မရီးကို ကူမဆွဲပေးခဲ့ဘူး။ နောက်ဆုံးမှာတော့ အမျိုးသမီးအချို့ရောက်လာပြီး သူတို့နှစ်ဦးကို ဆွဲခွာခဲ့ကြရတယ်။
တစ်ဖက်မှ ဆုဆုကတော အိမ်မှာနေရင်းနဲ့ အလွန်အမင်းစိတ်ပူနေခဲ့တယ်။ သူမအနေနဲ့ ယောက္ခမဖြစ်သူက သူမ ပြောပြီးတာနဲ့ အပြေးအလွှားထွက်သွားလိမ့်မယ်လို့မျှော်လင့်ထားမိခဲ့ဘူး။ ပြီးတော့ သူမရဲ့ပုံစံကရန်သွားဖြစ်တော့မဲ့ပုံရတယ်။ သူမက တံခါးပေါက်ဝမှာ ရပ်ပြီး အပြင်ဘက်ကို လှမ်းကြည့်နေခဲ့တယ်။ သို့ပေမယ့် လင်းချွမ်ကတော့ တည်တည်ငြိမ်ရှိနေခဲ့ပြီး အခန်းထဲမှာ ဖြည်းဖြည်းချင်းသာ ရွေ့လျားနေခဲ့တယ်။
“အမေက အဲဒီတစ်ယောက်နဲ့ ရန်ဖြစ်လိမ့်မယ်လို့ ထင်လား”
“အမ်”
“ဟင်? ရှင်ပြောတာ ရန်ဖြစ်မယ်လို့ ဆိုလိုတာလား?”
“အဆင်ပြေပါတယ်.. ကိုယ့်ရဲ့အမေက နှစ်ပေါင်းများစွာအတွင်း တခြားမိန်းမတွေနဲ့ ရန်ဖြစ်တိုင်း ဘယ်တုန်းကမှမရှုံးခဲ့ဖူးဘူး”
“…”
ရှုံးတယ်နိုင်တယ်ဆိုတာက ကိစ္စမဟုတ်ဘူးလေ။ တခြားလူနဲ့ရန်ဖြစ်တဲ့အကြောင်းကိုပြောနေတာလို့!
ဒါပေမယ့် သူမရဲ့သားကိုယ်တိုင်က အလျင်လိုမနေခဲ့ဘူး။ ဒီတော့ ဆုဆုတစ်ယောက် သူမရဲ့စိတ်ကိုရှင်းပြီး သူ့ရဲ့အဝတ်အစားတွေကို လျှော်ဖွတ်ဖို့သာ တတ်နိုင်တော့တယ်။ လင်းချွမ်ရဲ့ဒဏ်ရာက အလျှင်အမြန်ပြန်လည်သက်သာလာခဲ့ပြီး အသားတက်လာခဲ့တယ်။
အခုဆိုရင်သူက အရှေ့နဲ့အနောက်ကို လက်ကိုင်တုတ်မပါပဲ အပြန်အလှန်သွားလာနိုင်နေပြီ။ သို့သော်လည်း ခြေလှမ်းတွေအများကြီးတော့ မသွားနိုင်သေးဘူး။