← Chapters

အခန်း (၆၆)

Vol. 7 Ch. 66

အခန်း (၆၆)

Vol. 7 Ch. 66

ဒီကိစ္စက ဖြေရှင်းဖို့ရာအတွက်က လွယ်ကူမှုမရှိဘူး။ နောက်တစ်ရက်ကိုရောက်တော့ လင်းဟိုင်က တပ်မဟာဆီမှာ မြည်းလှည်းသွားငှားခဲ့ပြီး ဆုဆု၊ သူတို့ညီအစ်ကိုနှစ်ယောက်နဲ့ အမေလင်းတို့ ကွန်မြူနတီကို အတူသွားခဲ့ကြတယ်။

မိသားစုရဲ့ အရေးကိစ္စတွေကိုတော့ အဖေလင်းနဲ့  လွှဲပေးခဲ့လိုက်တယ်။ ဆုဆု လိုက်ပါသွားရတဲ့ အကြောင်းရင်းကတော့ ပထမဆုံးစရောင်းတဲ့နေ့မှာ သူတို့တွေက  ကုန်ပစ္စည်းတွေကိုရောင်းချရန်အတွက် ပါးစပ်မဖွင့်နိုင်ကြမှာကို စိုးရိမ်နေခဲ့လို့ပဲ။ နောက်ပြီး သူတို့တွေက စျေးတွေအကြောင်းကို သိပ်ပြီး သိကြမှာမဟုတ်ဘူး။

ဆုဆုက ကောလိပ်တက်တဲ့အချိန် လမ်းတစ်ဖက်မှာရှိတဲ့ ညဈေးတန်းကို လမ်းလျှောက်လေ့ရှိတာကြောင့် ဒီလို ရောင်းချမှုတွေနဲ့ အလွန်ရင်းနီးကျွမ်းဝင်တယ်။

သူတို့ ကွန်မြူနတီကိုရောက်တော့ စျေးလေးတစ်ခုကိုဝင်ပြီး အိတ်လေးလုံးကို ဖြန့်လိုက်ကာ ဖိနပ်အိတ်နှစ်အိတ်ကို ထိုအပေါ်မှာ တင်လိုက်တယ်။ ဖိနပ်တွေကို သန့်ရှင်းပြောင်လက်နေဖို့အတွက် မနေ့က ညတစ်ဝက်လောက် သုတ်လိုက်ရပေမဲ့ အခုတော့ တကယ်အသစ်တွေအတိုင်းပဲ ဖြစ်နေခဲ့တယ်။

ပစ္စည်းတွေကို နေရာချထားပြီးနောက် လင်းမိသားစုလေးယောက်ကတော့ ဆုဆုကိုသာ ကြည့်နေခဲ့ကြပြီး အမှန်တကယ်ကို ရောင်းချဖို့အတွက် မစတင်လာကြဘူး။

ဆုဆု လည်ချောင်းကိုရှင်းလိုက်ပြီး စအော်လိုက်တယ်။

“လာပြီး ကြည့်လိုက်ကြနော်..  ဖိနပ်တွေကို လက်ကားနဲ့ ရောင်းချပေးနေတယ်.. အမျိုးသားစီး ၊ အမျိုးသမီးစီး ၊ ကလေးစီး အကုန်လုံးရှိတယ်နော်.. တစ်စုံကိုမှ လေးယွမ်ပဲကျသင့်မှာပါ.. လုံးဝ သားရေစစ်စစ်နဲ့လုပ်ထားတဲ့ဖိနပ်တွေရမယ်နော်.. ပစ္စည်းကောင်းကောင်းရမယ်ဆိုတာ အာမခံတယ်.. ဒါကိုဝယ်လိုက်လို့ အရှုံးမရှိစေရဘူး လာကြနော် လာကြည့်ပြီး ရွေးလို့ရပါတယ်”

တကယ်တမ်းမှာ အစမှာလောက်သာ အော်ဟစ်ပေးဖို့လိုအပ်ပြီး ဒီနေရာမှာ ဖိနပ်တွေ ရောင်းနေတယ်ဆိုတဲ့အကြောင်းကို လူတွေသိသွားပြီဆိုရင် သူတို့ဘက်က အရင်လာပြီး မေးမြန်းကြလိမ့်မယ်။ သေချာတာပေါ့။ မင်းအနေနဲ့ မကြာခဏအော်ပေးဖို့တော့ လိုအပ်လိမ့်မယ်။ မဟုတ်ရင် အသစ်လာတဲ့လူတွေက ဘာရောင်းနေလဲဆိုတာကိုသိမှာမဟုတ်ဘူး။

အစပိုင်းမှာလူတွေက နှစ်ယောက်သုံးယောက်လောက်သာ လာကြည့်ကြတယ်။  ဖိနပ်တစ်ရံကို လေးယွမ်ဆိုတာက လုံးဝကိုစျေးမနိမ့်ဘူး။ ဒါပေမယ့် ထိုဖိနပ်တွေကသားရေလေသာဖိနပ်တွေဖြစ်နေမယ်ဆိုရင်တော့ နောက်တစ်မျိုးပြောင်းသွားခဲ့ပြီ။

(T/n _ အရင်အပိုင်းမှာ ချည်သားလို့ရေးထားပေမဲ့ ဒီအပိုင်းမှာတော့ လေသာလို့ပြန်ပြောင်းသွားတဲ့အတွက် ဒီလိုပဲ ဆက်သုံးလိုက်မယ်နော် အဲဒီခေတ်ဆိုတော့ လေသာဖိနပ်က ပိုပြီးဖြစ်နိုင်ချေရှိမယ်လို့ ထင်တာပဲ)

လေသာဖိနပ်တွေက နဂိုကတည်းက တခြားသော ဖိနပ်တွေထက် စျေးပိုကြီးလေ့ရှိတယ်။ စျေးကြီးလွန်းလို့ ဘယ်သူကမှတောင်  မဝယ်ရဲကြဘူး။ သို့သော်လည်း လေသာဖိနပ်တွေကို ရိုးရိုးဖိနပ်တွေရဲ့စျေးဖြင့် ရောင်းချနေတာကို ကြားတော့ လူအများအပြားက လာရောက်ကြည့်ရှုလာကြပြီး လူတွေက ပိုပိုများပြားလာခဲ့ကြတယ်။

ဆုဆုက သူမရဲ့လည်ချောင်းတွေ ခြောက်သွေ့လာသလိုခံစားလာရတာကြောင့် လင်းဟိုင်ကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်တယ်။

“လာအော်လိုက်ဦး”

လင်းဟိုင်တစ်ယောက် တခဏလောက် ထိတ်လန့်သွားရပြီး ခေါင်းကိုကုတ်ခြစ်လိုက်တယ်။ သို့ပေမယ့် အဆုံးမှာတော့ သူက ဆုဆုလိုမျိုး သူ့ရဲ့လည်ချောင်းကို ရှင်းထုတ်လိုက်ပြီး အော်ပြောလေတယ်။

“လာပြီး ကြည့်လိုက်ကြနော်..  ဖိနပ်တွေကို လက်ကားနဲ့ ရောင်းချပေးနေတယ်.. အမျိုးသားစီး ၊ အမျိုးသမီးစီး ၊ ကလေးစီး အကုန်လုံးရှိတယ်နော်.. စျေးချိုပါတယ်”

သူ့ရဲ့အသံက သိပ်မကျယ်ပေမယ့် အော်ပြောနေတယ်လို့တော့ ယူဆလို့ရနိုင်တုန်းပဲ။

ဆုဆုက  မနက်ဖြန်ကျရင်တော့ သူမ လိုက်လာစရာတောင် မလိုတော့ဘူးလို့တွေးမိတယ်။ သူက ပထမတစ်ကြိမ်အော်ရဲပြီဆိုရင် ဒုတိယတစ်ကြိမ်နဲ့ တတိယတစ်ကြိမ်လည်း ရှိလာမှာပဲ။ အဆုံးမှာ သူက ယောက်ျားလေးတစ်ယောက်ဖြစ်လို့ စိတ်ပူစရာတွေမရှိဘူး။

ကျန်ကလေးနှစ်ယောက်ကလည်း ပျော်စရာကောင်းတယ်လို့ ထင်သွားကြပုံရတယ်။ အနောက်ကနေ လိုက်ပါပြီး အော်ဟစ်လာကြတယ်။

လာကြည့်တဲ့ လူအရေအတွက်တွေ အရမ်းများပြီး သိပ်မကြာခင်မှာပဲ တစ်စုံတစ်ယောက်က ဖိနပ်တစ်ရံကို ရွေးပြီး ဈေးနှုန်းကို မေးလာတယ်။ ဆုဆု လှမ်းကြည့်လိုက်ပြီး သားရေဖိနပ်လေးတစ်ရံဖြစ်တာကိုတွေ့တော့ ပြန်ဖြေလိုက်တယ်။

“ဒါက သားရေအစစ်နဲ့လုပ်ထားတဲ့တစ်ရံပဲ.. ဒါပေမယ့် ကျွန်မတို့က ပစ္စည်းကောင်းတွေကို လက်ကားစျေးနဲ့ရောင်းချပေးနေတာဖြစ်လို့ စျေးက လေးယွမ်ပါ.. တခြားဖိနပ်တွေနဲ့ စျေးအတူတူပဲနော်”

“နည်းနည်းစျေးမကြီးဘူးလား?”

“ရှင် ရွေးချယ်တဲ့ ဖိနပ်လေးက သေးငယ်ပေမဲ့လည်း လေသာဖိနပ်လေးပါ.. တကယ်လို့ ရှင် တခြားတစ်ခုကိုရွေးမယ်ဆိုရင်တော့ ကျွန်မတို့က နည်းနည်းလောက်လျှော့ပေးလို့ရပါတယ်..သားရေတွေက အမြဲတမ်း ဈေးကြီးတယ်လေ..  ပြီးတော့ ဒီလေသာဖိနပ်တွေကက နှစ်နည်နည်းလောက်ကြာအောင် စီးနေလို့ရတယ်.. နွေးလည်းနွေးထွေးသေးတယ်နော်”

ဆုဆုက အရင်တုန်းက အချန်ပိုင်းအလုပ်တွေမှာ ရောင်းချတဲ့အလုပ်ကိုလုပ်ခဲ့ဖူးတာကြောင့် ထိုအရာတွေမှာ အတွေ့အကြုံအနည်းငယ်ရှိနေသေးတယ်။ ဒါက စျေးကြီးပေမဲ့လည်း တစ်ကြိမ်တည်းနဲ့ စျေးကိုလျှော့ချလိုက်လို့မရဘူး။ မဟုတ်ရင်စျေးက ပိုပိုပြီး ကျဆင်းသွားနိုင်လိမ့်မယ်။

ဒီဘက်ခေတ်မှာက ခေတ်သစ်မှာလို စျေးဆစ်တဲ့အရာလိုမျိုးတွေ မရှိသေးတဲ့ပုံရတယ်။ ဒါကြောင့် ထိုမိန်းကလေးက အချိန်အတော်ကြာအောင် တွေးတောနေခဲ့ပြီးတဲ့နောက်မှာတော့ စမ်းကြည့်ပြီး ဖိနပ်ကို စီးလိုက်တယ်။

ပြောစရာရှိတာတစ်ခုက ဒီဘက်ခေတ်မှာ လေသာဖိနပ်တွေက အလွန်အကြမ်းထည်ဆန်ပေမဲ့လည်း စီးရတာကတော့ သက်သောင့်သက်သာရှိတယ်လို့ပြောရမယ်။

ထိုကောင်မလေး ဖိနပ်ကိုစီးပြီး ထွက်သွားတာကိုမြင်တော့ တခြားလူတွေကလည်း ဝယ်ဖို့ တွေးတောလာကြတယ်။ အပြင်ကိုသွားတဲ့အချိန်မှ တခြားသူတွေဆီမှ အရယ်မခံရအောင် အမြဲတမ်း ပိုကောင်းတဲ့အဝတ်အစားတွေသာ ဝတ်စားချင်ကြတာပဲလေ။ မင်းဝယ်တဲ့ဖိနပ်တွေက အိမ်မှာကိုယ်တိုင်ချုပ်လုပ်တဲ့ ဖိနပ်တွေထက်လည်း ပိုကောင်းပြီး ဈေးနှုန်းကလည်း အရမ်းမကြီးဘူးဆိုရင် စိတ်ဝင်စားကြမှာပဲ။

ဒီလိုနဲ့လူများစွာက လာရောက်မေးခဲ့ကြပြီး ခဏအကြာမှာပဲ ဖိနပ်လေးငါးရံကိုရောင်းချလိုက်နိုင်ခဲ့တယ်။  အမေလင်းကတော့ အံ့အားသင့်နေခဲ့တယ်။ သူမအနေနဲ့  စျေးအတိုးအလျှော့လုပ်ရတာမျိုးကို  မသိခဲ့ဘူး။

ဖိနပ်အချို့ကို ၃ ယွမ်ဖြင့် ရောင်းချနိုင်ခဲ့ပြီးပြီး အချို့ကိုတော့ ၂ ယွမ်ဖြင့် ရောင်းချခဲ့တယ်။ ခြောက်ယွမ်၊ ခုနစ်ယွမ်လောက်အမြတ်ငွေရဖို့အတွက် အားထုတ်မှုအများကြီးမလိုအပ်ခဲ့ဘူး။

သူမရဲ့သားက သူမ(ဆုဆု)ကို ပိုက်ဆံရှာနိုင်တယ်လို့ ပြောခဲ့တာ အံ့သြစရာမဟုတ်တော့ဘူး။ အခုကြည့်ရတာ အမှန်ဖြစ်တဲ့ပုံပဲ။

ပိုက်ဆံရှာတာမျိုးက စွဲလမ်းနိုင်တယ်။ လူတိုင်းက ပိုက်ဆံကိုမြင်တွေ့ရတဲ့အချိန်မှာ ပိုပြီး စိတ်လှုပ်ရှားလာခဲ့ကြတယ်။

ဆုဆုကတော့ တစ်မနက်ပဲ ကူရောင်းပြီး ပြန်သွားဖို့လုပ်ခဲ့တယ်။  အိမ်မှာရှိနေတဲ့ လင်းချွမ်ကို ဂရုစိုက်ပေးဖို့တစ်ယောက်ယောက် လိုနေသေးတယ်လေ။ သူမရဲ့ယောက္ခမ(ထီး) ရှိတယ် လို့ ပြောပေမယ့် ယောက်ျားသားတွေက ဂရုစိုက်တတ်ခြင်းမရှိတာကြောင့်  သူ ရေနွေးတောင် မသောက်နိုင်မှာကို သူမ စိတ်ပူနေခဲ့တယ်။

အမေလင်းသည်လည်း သူမပြန်သွားမှာကို  သဘောတူခဲ့ပြီး သူမအတွက် နွားလှည်းတစ်စီးကိုလည်း ရှာဖွေခဲ့ပေးခဲ့တယ်။ ဒါပေမယ့် လှည်းပေါ်ကဆင်းပြီးရင် မိုင်ဝက်လောက်တော့ လမ်းလျှောက်ရလိမ့်မယ်။ အများကြီးမဝေးကွာတော့တာကြောင့် ကိစ္စမရှိနိုင်တော့ဘူး။

ဆုဆုက လင်းချွမ်အတွက် တရုတ်သကြားသီးနဲ့ ဂိုဂျီသီး တစ်ချို့ကိုလည်း ဝယ်ခဲ့သေးတယ်။

သို့သော်လည်း ယခုခေတ်ကာလမှ ဂိုဂျီသီးတွေက တောင်ပေါ်မှ ခူးဆွတ်လာကြတာဖြစ်ပြီး သူ့ဘာသာသူ စိုက်ပျိုးထားခြင်းမဟုတ်တဲ့အတွက် ဆေးဖက်ဝင်တဲ့အာနိသင် အမှန်တကယ် ကောင်းမွန်ခြင်း ရှိမရှိကိုတော့ သူမ သေသေချာချာမသိခဲ့ဘူး။

အရင်တစ်ခေါက်တုန်းက သူမ ဝယ်လာတဲ့ ဂိုဂျီသီးတွေကို လင်းချွမ်က ဖိအားပေးပြီး သောက်ခိုင်းခဲ့ပေမဲ့ သူမ စိတ်ပူပန်နေမိတုန်းပဲ။ အဆုံးမှာ ဆရာဝန်က လင်းချွမ်ရဲ့ဒဏ်ရာမှ သွေးအလွန်အကျွံထွက်ထားခဲ့တဲ့အကြောင်း ပြောခဲ့တယ်လေ။

သူမက အခုလိုသန်သန်မာမာ အမျိုးသားတစ်ယောက်က ဒါကိုမကုသနိုင်ခဲ့ရင် အနာဂတ်မှာ သွေးအားနည်းရောဂါ ဒါမှမဟုတ် ထိုကဲ့သို့ ရောဂါတစ်ခုခုဖြစ်လာမှာကို တကယ် စိတ်ပူပန်နေခဲ့တာ။

ဒါပေမယ့် ဆရာဝန်က သူမ အလွန်အမင်းစိတ်ပူနေတာကိုမြင်တဲ့အတွက် မလိုအပ်ပေမဲ့လည်း တရုတ်သကြားသီးနဲ့ ဂိုဂျီသီးကို ရေနွေးစိမ်ပြီးသောက်ခိုင်းခဲ့တာဖြစ်ကြောင်းကိုတော့ သူမ မသိခဲ့လေဘူး။

လင်းချွမ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ကောင်းမွန်လွန်းတယ်လေ။ သူက ဘာကြောင့် ဒီလို ဖြည့်စွက်စာမျိုးကို လိုအပ်မှာတဲ့လဲ။

ဆုဆုကတော့ ဒီဘက်ခေတ်မှလူတွေက အလွန်အတွေးလွန်ပြီး အရေပါးတတ်ကြတဲ့အကြောင်းကိုတော့ မသိခဲ့ဘူး။ သူမအနေနဲ့ကတော့ သူမ စာအုပ်ထဲသို့ ကူးပြောင်းမလာခဲ့ရသေးခင်အချိန်မှာ သူမရဲ့အဖေက ဂိုဂျီဝိုင်ကို နှစ်အတော်ကြာအောင် သောက်နေခဲ့တာပဲမလား။

သူမ အိမ်ထဲကိုဝင်လာခဲ့ပြီး အကဲခတ်လိုက်တော့ အခန်းက အနည်းငယ်အေးနေတာကိုတွေ့လိုက်ရပြီး လင်းချွမ်က ခန်ပေါ်မှာ စာအုပ်တစ်အုပ်ကိုဖတ်နေခဲ့တယ်။ ဆုဆု ပြန်လာတဲ့အသံကိုကြားတော့ ထိုအမျိုးသားက စာအုပ်ကိုချက်ချင်းပိတ်လိုက်ပြီး လှဲအိပ်လိုက်လေတယ်။

“... “

ဆုဆု သူ့ကို စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“ကျွန်မ  အားလုံးကို မြင်လိုက်တယ်.. ရှင ဘာလို့ ထပ်ထိုင်နေရပြန်တာလဲ “

“ကိုယ် ထိုင်နေတာ ခဏလေးပဲရှိသေးတယ်”

ဆုဆုပြန်လာတာကို ကြားလိုက်ရချိန်မှာ သူ့ရဲ့ နှလုံးသားက အလွန်အမင်း ခုန်ပေါက်လာခဲ့တယ်။ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် သူ ဒီလောက်ထိ ကြောက်လန့်ဖူးတာပဲ။

ဆုဆု သူ့ကို လျစ်လျူရှုပြီး အခန်းထဲသို့ဝင်ကာ ရေနွေးကြမ်းအိုးကြီးထဲမှ ရေကိုစစ်ကြည့်လိုက်တယ်။ ရေအေးကလွဲပြီး ဘာမှ ရှိမနေခဲ့ဘူး။

သူမ ဘာမှမပြောခဲဘဲ အိုးကို ယူသွားကာ အနောက်ဘက်မီးဖိုမှ ရေနွေးတွေကို သွန်ထည့်ပေးလိုက်တယ်။ ထို့နောက် ခွက်ထဲသို့ တရုတ်သကြားသီးနဲ့ဂိုဂျီသီးကို ထည့်လိုက်ကာ သကြားညိုအနည်းငယ်ထည့်ပြီး ရေနွေးကို ခွက်ထဲသို့ လောင်းထည့်လိုက်တယ်

“ဘာလို့ ရေအေးတွေသောက်နေတာလဲ”

“အဖေ ကိုယ့်အတွက် ထည့်ထားပေးခဲ့တာ”

“အဖေ့ကို  ရေနွေးပြန်လဲပေးခိုင်းလိုက်လေ”

“ရွာထဲကို  ဖဲကစားဖို့ ထွက်သွားပြီ”

နှစ်တစ်နှစ်ရဲ့ ပထမဆုံးသောလမှာ ရွာထဲမှ အမျိုးသားတွေက ဖဲကစားတာ ဒါမှမဟုတ် ထိုကဲ့သို့ စုစည်းပြီး တစ်ခုခုလုပ်ရတာမျိုးကို ကြိုက်ကြတယ်။

“ထမင်း  စားပြီးပြီလား”

“မရသေးဘူး”

အကြောင်းကိစ္စတွေက တစ်ခုပြီးတစ်ခု ပိုပိုများပြားလာတာကြောင့် လင်းချွမ်တစ်ယောက် အပြစ်ရှိသလိုမျိုး ပိုပြီးခံစားလာရတယ်။

“ကျွန်မသာ မြန်မြန်ပြန်မလာခဲ့ဘူးဆိုရင် ရှင်ကတော့ ဗိုက်ဆာလွန်းလို့ သေသွားနိုင်လောက်တယ်”

ဆုဆုကတော့ ထိုအမျိုးသားတွေက တကယ့်ကို နှလုံးသားကြီးမားတာပဲလို့ တွေးမိနေရတယ်။ တစ်ယောက်က သူ့ရဲ့သားကို မြက်ပင်လို့ သတ်မှတ်ထားပြီး ကျန်တစ်ယောက်ကလည်း ပုံမှန်အတိုင်း ဖြစ်နေလွန်းတယ်။  သူ့ကိုယ်သူ ဘယ်လိုဂရုစိုက်ရမလဲဆိုတာတောင် မသိလေဘူး။

ဆုဆုတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူမရဲ့ဖိနပ်ကိုချွတ်ကာ အဝတ်အစားလဲလှယ်ပြီး လင်းချွမ်အတွက် ချက်ပြုတ်ဖို့လုပ်လိုက်တယ်။ ဒါပေါ့။ သူမက အဖေလင်းရဲ့ဝေစုကိုလည်း ထည့်ချက်ခဲ့တယ်။

ဒါပေမယ့် အခုလို အေးစက်ပြီး ပျင်းရိစရာကောင်းတဲ့ရာသီမျိုးမှာ ဒီဘက်ခေတ်မှလူတော်တော်များများက ထမင်းနှစ်နပ်သာစားလေ့ရှိတဲ့အတွက် အချိန်တွေရှိသေးတယ်လို့ဆိုနိုင်တယ်။

မကြာသေးမီက လင်းချွမ်ရဲ့ကိုယ်တိုင် လမ်းညွှန်မှုအောက်မှာ သူမ ဆန်ခေါက်ဆွဲနှင့် ပန်ကိတ်တွေကို လုပ်နိုင်ခဲ့ပြီဖြစ်ကာ စွပ်ပြုတ်တွေနှင့် အခြားအရာအနည်းငယ်ကိုလည်း ပြုလုပ်နိုင်ခဲ့ပြီ။ သေချာတာပေါ့။ လူတွေက အနီးအနားမှလူတွေရဲ့အရောင်ကိုလိုက်ပြီး ပြောင်းလဲသွားတတ်တယ်။ အရင်တုန်းက သူမ ဘာမှ မလုပ်နိုင်ခဲ့ပေမဲ့ အခုတော့ တော်တော်များများကို တူညီလုနီးပါး သင်ယူနေခဲ့ပြီ။

သူမ အာလူးနဲ့ကြာဇံကိုကြော်လိုက်ပြီး ပန်ကိတ်ကြီး ဆယ်ခုလောက် လုပ်ခဲ့တယ်။   လင်းချွမ်က ရေသောက်နေရင်းနဲ့ တံခါးဘောင်ကို မှီရင်း သူမကို လှမ်းပြောလာတယ်။

“မင်း ဘာလို့ ဒီလောက်အများကြီး ချက်နေရတာလဲ”

“အမေနဲ့ တခြားသူတွေ ပြန်လာရင် ကျွန်မတို့ရဲ့အိမ်က လာကြလိမ့်မယ်..  အဲဒီအချိန်ကျရင် တစ်ခါတည်း ဝင်စားလို့ရအောင်လို့..  သူတို့အတွက်ထည့်ချက်ပေးထားရင် ညဘက်မှ ပြန်ရောက်ပြီး  ထမင်းချက်နေစရာ မလိုတော့ဘူးပေါ့”

သူမ မီးထည့်နေတုန်းမှာ ခေါင်းပေါ်ကို လက်ကြီးတစ်ဖက်က လာပြီး ပွတ်သပ်လာခဲ့ကာ လင်းချွမ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အသံက ထွက်ပေါ်လာခဲ့တယ်။

“ဇနီးလေး..  မင်းက အရမ်းသဘောကောင်းတာပဲ”

လင်းချွမ် သူ့ဆီမှာ ကံကောင်းခြင်းတွေရောက်ရှိလာခဲ့တယ်လို့ တွေးနေခဲ့တယ်။   မဟုတ်ရင် အခုလို လှပပြီး စွမ်းဆောင်နိုင်တဲ့ ဇနီးလေးကို တောင်ပေါ်ကနေ ဘာကြောင့် ပြန်သယ်လာနိုင်မှာတဲ့လဲ။

“ဒါပေါ့.. ရှင့်ရဲ့မိသားစုကလည်း ကောင်းလို့ပဲလေ”

သူတို့ကြောင့်သာ မဟုတ်ဘူးဆိုရင် သူမ ဒီနေရာကနေ ဟိုးအချိန်ကြီးကတည်းက ထွက်ခွာခဲ့ရလိမ့်မယ်။ လင်းချွမ်ကို မဆိုင်းမတွ ရွေးချယ်ခဲ့တာက သူတို့ရဲ့မိသားစုက ကောင်းမွန်လွန်းနေခဲ့လို့ပဲ။

All Chapters