ထိုအစိတ်အပိုင်းက ပြသနာမရှိ
Vol. 7 Ch. 65
လင်းချွမ်တစ်ယောက် သူ့ရဲ့ ဇနီးလေးက အထင်မလွဲဘူးဆိုတာကိုမြင်လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့တယ်။ သူ့အနေနဲ့ သူမ တကယ်နားလည်ခြင်း ရှိမရှိကိုမသိခဲ့တာကြောင့် အလျှင်စလို ရှင်းပြခဲ့ရတာ။
မူလတုန်းက သူ စကားအနည်းငယ်လောက်ထပ်ပြောချင်နေသေးပေမယ့် သူ့ရဲ့ဇနီးလေးက သူ့ကိုရှောင်နေခဲ့တာကြောင့် သည်းခံနေရုံသာတတ်နိုင်ခဲ့တယ်။ သို့ပေမယ့်လည်း ညဘက်မှာ သူတို့ရဲ့မိဘတွေ အိမ်ကိုရောက်လာကြလိမ့်မယ်လို့ ဘယ်သူက သိခဲ့ခဲ့မှာလဲ။
ဆုဆုကို အိမ်ထဲက ခဏထွက်သွားခိုင်းပြီးတဲ့အချိန်မှာပဲ အဖေလင်းက အေးစက်စက်မျက်နှာနဲ့ပြောလာတယ်။
“အဲဒါက အမှန်ပဲလား? တကယ်လို့ မင်းမလုပ်နိုင်တော့ဘူးဆိုရင် ဆေးရုံကိုသွားပြရအောင်..လုံးဝ အလုပ်မလုပ်နိုင်တော့ဘူးဆိုရင်တော့ ရှောင်ဆုကို နှောင့်နှေးသွားအောင် လုပ်လို့မရဘူး”
“......”
လင်းချွမ်ကတော့ တကယ်ကိုမှားယွင်းခံနေရတယ်လို့တွေးမိနေပြီ။ သူ့ရဲ့ အဲဒီအပိုင်းက အကောင်းကြီးပဲလေ။ ဘာလို့ အလုပ်မလုပ်နိုင်ရမှာလဲ။
“တကယ်လို့ မင်းကိုယ်တိုင် ဆုဆုကိုပြောဖို့ ရှက်နေမယ်ဆိုရင် ငါပြောလိုက်မယ်”
အမေလင်းနဲ့ အဖေလင်းတို့က အပြင်ဘက်မှာပျံ့နှံ့နေတဲ့ ကောလဟာလကိုကြားခဲ့ရတာကြောင့် သားဖြစ်သူဆီကို အလျှင်အမြန်ပြေးလာပြီးပြောနေခဲ့ကြတာ။
သူတို့အနေနဲ့ တစ်ဖက်မှ မိန်းကလေးကို အချိန်နှောင့်နှေးအောင် လုပ်မိမှာကို စိုးရိမ်တယ်။
နောက်ဆုံးတော့ သူတို့နှစ်ယောက်က တကယ့်စုံတွဲတွေ မဟုတ်ကြသေးဘူးလေ။ ဒါကြောင့် သူတို့တွေ အလျှင်အမြန်လာမေးကြတာ။ တကယ်လို့ လုံးဝအလုပ်မဖြစ်နိုင်တော့ဘူးဆိုရင်တော့ သူတို့ကို ကွဲခိုင်းရလိမ်မယ်။ ဒါဆိုရင် တစ်ဖက်မှ မိန်းကလေးသည်လည်း အိမ်ထောင်ထပ်ပြုနိုင်မှာ။
သူတို့ရဲ့ မိသားစုက ရိုးရိုးသားသားပဲနေနိုင်ချင်တယ်။ တခြားမိန်းကလေးတစ်ယောက်ကို တစ်သက်လုံး လှည့်စားထားလို့ မရဘူး။
လင်းချွမ်က အလွန်ထိတ်လန့်သွားရပြီး သူ့အမေရဲ့လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်တယ်။
“ကျွန်တော် အဆင်ပြေပါတယ်.. အပြင်မှာပြောနေကြတာက မဟုတ်တမ်းတရားတွေပဲ”
“ဒါပေမယ့် မင်းက မင်းရဲ့ဒဏ်ရာကို ငါတို့ကို ကြည့်ဖို့ ခွင့်မပြုဘူးလေ.. ပြီးတော့ ဒဏ်ရာက ဘယ်နေရာမှာလဲဆိုတာကိုလည်း မပြောပြခဲ့ဘူး.. ငါတို့က အဲလိုမတွေးမိဘဲနေမှာတဲ့လား”
အမေလင်းက သားဖြစ်သူရဲ့စကားကို ယုံကြည်တာကြောင့် သူကိုအသာပုတ်ကာ မျက်မှောင်ကြုတ်ရင်းပြောလာတယ်။
လင်းချွမ်က သူဒဏ်ရာရနေတဲ့နေရာကို တိတ်တဆိတ်ကြည့်ပြီး အဆုံးမှာပြောလာတယ်။
“အမေ.. ဘာလို့ အပြင်ကို ခဏလောက်မထွက်တာလဲ”
မေမေလင်း ခဏလောက်တုံ့ဆိုင်းသွားပြီး ထထွက်သွားခဲ့ပေမဲ့ သူမက လမ်းလျှောက်ရင်းနဲ့ ပြောသွားတုန်းပဲ။
“မင်းက ငါ့ကို ရှောင်ခိုင်းနေတုန်းပဲ.. မင်းရဲ့အမေက မင်းကိုမွေးပေးထားတာ မမြင်ဖူးတဲ့နေရာရှိနေမှာတဲ့လား”
“ကောင်းပြီ ကောင်းပြီ မင်း ထွက်သွားလိုက်ဦး”
အဖေလင်းက အမေလင်းကိုထွက်သွားခိုင်းလိုက်ပြီး သားဖြစ်သူ ဘောင်းဘီရှည်ကိုချွတ်နေတာကိုကြည့်လိုက်တယ်။
လင်းချွမ်: “ဒီနေရာက ပြောရခက်တယ် ဒါပေမယ့် ခြေထောက်မှာပဲရှိသေးတာပါ”
အဖေလင်း ထိုနေရာကို စိုက်ကြည့်လိုက်တယ်။ သူ့ သားအကြီးဆုံးရဲ့ မြေးအကြီးဆုံးက မရှိနိုင်တော့သလောက်နီးပါးပဲ။
သူဆေးလိပ်ထုပ်ကို ထုတ်ယူပြီး ဆေးလိပ်သောက်ဖို့လုပ်လိုက်ပေမဲ့လည်း သားဖြစ်သူက သဘောမကျလောက်ဘူးလို့ ထင်လိုက်တာကြောင့် သူ့ရဲ့အတွေးကို စွန့်လွှတ်လိုက်တယ်။
“မင်းရဲ့ မစ်ရှင်လုပ်တဲ့အချိန်မှာ မင်းပိုပြီး သတိပြုသင့်တယ်.. မင်းမှာ ဇနီးတစ်ယောက်အိမ်မှာရှိနေသေးတယ်လေ.. သူမက ဘဝတစ်သက်တာလုံး မင်းကိုမှီခိုရမှာ”
“ကျွန်တော် သိပြီ”
လင်းချွမ်က သူ့ရဲ့ဘောင်းဘီကို ရှက်ရွံ့စွာနဲ့ ဆွဲတင်လိုက်ပြီး သဘောတူလိုက်ကာ ထပ်ပြောလိုက်တယ်။
“အဲဒါကို စိတ်မပူဖို့ အမေ့ကိုပြောပေးပါဦး ဆုဆုကို သွားပြီး မပြောခိုင်းပါနဲ့.. နောက်ပြီး အရမ်းမတွေးနေဖို့ပြောလိုက်ပါ”
“နားလည်ပြီ”
အဖေလင်းက အပြင်ကိုထွက်သွားပြီး သူ့ရဲ့မိန်းမကို အိမ်သို့ပြန်ခေါ်သွားခဲ့တယ်။
ဆုဆုက လင်းရှန်ရဲ့ စာလေ့လာမှုကို ဘေးနားကနေ ညွှန်ပြနေခဲ့တာ။ တကယ်တော့ ဒါက ဆင်ခြေသက်သက်ပဲ။ လင်းရှန်က စာဖတ်နေတာဖြစ်ပြီး စာလေ့လာနေတာမဟုတ်ဘူးလေ။
သူမ အိမ်ကိုပြန်ရောက်တာနဲ့ လက်တွေကိုပွတ်သတ်ရင်း မေးလိုက်တယ်။
“သူတို့တွေ ရှင့်ကို တစ်ခုခုလုပ်ဖို့ရှာကြတာလား”
“အဆင်ပြေပါတယ် ကိုယ့်ရဲ့ဒဏ်ရာကိုမေးကြတာ”
“အိုး”
တကယ်တမ်းမှာ လင်းချွမ်က ယောကျာ်းတစ်ယောက်မဟုတ်တော့ဘူးဆိုပြီး ရွာထဲမှာ သံသယဖြစ်ခံနေရတဲ့ကိစ္စကြောင့် အဖေလင်းနဲ့ အမေလင်းတို့ သေချာပေါက် လာမေးကြလိမ့်မယ်လို့ သူမလည်း တွေးခဲ့ဖူးတယ်။
သူတို့ နှစ်ယောက်လုံး ညစာ မစားရသေးတာကိုတွေးရင်း သူမ အနောက်ဖက်သို့သွားကာ မီးဖိုလိုက်ပြီး ဖက်ထုပ်စွတ်ပြုတ် ချက်ဖို့လုပ်လိုက်တယ်။
သူမ ဒါကို အရင်တုမ်းက ပြုလုပ်ခဲ့ဖူးပေမဲ့ ဒယ်စောက်အိုးနဲ့ ချက်တာကတော့ ပထမဆုံးပဲဖြစ်လို့ မကျွမ်းကျင်ဖြစ်နေရကာ မီးထည့်ဖို့မေ့လိုက် ရေထည့်ဖို့မေ့လိုက် ဖြစ်နေခဲ့တယ် ။ နောက်ဆုံး ဆီတွေပူလာပြီး ရေဖြည့်ပြီးသွားချိန်ကျမှ ဒီနေရာမှာ ငရုပ်ကောင်းမှုန့်မထည့်လိုက်ရတာကို သတိရသွားကာ ခေါင်းကုတ်လိုက်မိတယ်။
“ကျွန်မက တကယ်တုံးတာပဲ”
“အလျင်မလိုပါနဲ့.. နောက်ကျမှ ထည့်ချက်တာလည်း အတူတူပဲလေ”
လင်းချွမ်က ထိုင်ပြီး မကူညီပေးနိုင်တာကြောင့် အနားမှာမတ်တပ်ရပ်ပြီး စောင့်ကြည့်ပေးနေရုံသာတတ်နိုင်ခဲ့တယ်။ သူက သူမအတွက် ကိုယ်တိုင်သာဝင်လုပ်ပေးချင်နေခဲ့တယ်။
ဒါပေမယ့် သူမ ကြိုးကြိုးစားစား သင်ယူနေတာကို မြင်ရတာ တကယ်ကို ကြည်နူးစရာကောင်းတယ်။ သူ့အနေနဲ့ ဒီလို ဇနီးတစ်ယောက် ရရှိခဲ့တာ အရမ်းကောင်းတယ်လို့ အမြဲတမ်း တွေးနေခဲ့တယ်။ သူမက တုံးအနေခဲ့ရင်တောင် သူ့ကိုအမြဲတမ်းထည့်သွင်းစဥ်းစားပေးတတ်ပြီး အခုလိုကြိုးကြိုးစားစား သင်ယူနေတုန်းပဲလေ။ ဒါက တော်တော်ကို ကောင်းမွန်နေပြီ။
နောက်ဆုံးတော့ ဆုဆုက ပြစ်ခဲနေတဲ့ စွတ်ပြုတ်ကို ချက်လိုက်နိုင်ခဲ့တယ်။ အသွင်အပြင်မကောင်းဘူးဆိုပေမဲ့လည်း အရသာကတော့ ကောင်းမွန်နေတုန်းပဲ။
ကျေးလက်ဒေသမှာက လုံလုံလောက်လောက်စားသောက်နိုင်ဖို့ကိုသာ အာရုံစိုက်ကြလေ့ရှိတယ်။ နောက်ပြီး လင်းချွမ်က သူ့ရဲ့ဇနီးလေးဒီဟင်းပွဲကိုချက်နိုင်တာက အလွန် ချီးကျူးဖွယ်ရာကောင်းနေပြီလို့ တွေးခဲ့တယ်လေ။ ဒါပေမယ့် သူက စကားသိပ်မပြောတတ်သူဖြစ်လို့ လက်တွေ့လုပ်ဆောင်ချက်နဲ့သာ ဖော်ပြနိုင်တာကြောင့် ပန်းကန်လုံးအကြီးနှစ်လုံးကို တစ်ခါတည်းကုန်အောင်စားပြခဲ့တယ်။
ထိုပန်းကန်တွေက ပန်းကန်လုံးအကြီးတွေပဲ။ သူတို့တွေ ခွဲထွက်လာစဥ်တုန်းက ပန်ကန်လုံးနှစ်လုံးသာ ပါဝင်ခဲ့တယ်။
တကယ်တမ်းမှာ ဒီဘက်ခေတ်ကာလက အရမ်းဆင်းရဲကြတယ်လေ။ ဒီတောင်ပေါ်ရွာလေးမှာ ပန်းကန်ဆယ်လုံးကျော်ရှိတဲ့ မိသားစုက တကယ့်လူချမ်းသာမိသားစုဖြစ်နေပြီ။
အမှန်တော့ ဆုဆုက ပန်းကန်တွေဝယ်ချင်နေတာ အတော်ကြာပြီ။ ဒါပေမယ့် ကွန်မြူနတီမှာက ကိုယ်ပိုင်အရောင်းဆိုင်တွေမရှိပဲ သမဝါယမ အရောင်းအေဂျင်စီတွေပဲရှိနေခဲ့တယ်။ ပစ္စည်းအများစုက လက်မှတ်တွေနဲ့သာ ဝယ်ယူလို့ ရနိုင်လိမ့်မယ်။ ဆုဆုဆီမှာ လက်မှတ်တွေ အများကြီးရှိပေမယ့် လောလောဆယ်မှာတော့ သူမအနေနဲ့ အများကြီး ကြွားဝါပြနေလို့မရဘူး။ အနည်းဆုံး တခြားလူတွေက သူမဘယ်လိုအသက်ရှင်နေရမလဲမသိဘူးလို့ပြောလာအောင်လုပ်လို့မရဘူး။
တကယ်လို့ လင်းချွမ်သာ တစ်ခုခုကိုမသင်္ကာဖြစ်သွားမယ်ဆိုရင်မကောင်းဘူးလေ။
သူတို့နှစ်ယောက် ညစာစားပြီးသွားတော့ ဆုဆုက တစ်စုံတစ်ခုကို တွေးတောပြီး ပြောလိုက်တယ်။
“အခုက ဆယ့်ငါးရက်ရှိနေပြီဆိုတော့ ကျွန်မ လင်းဟိုင်တို့ ညီအစ်ကိုသုံးယောက်ကို ကျူရှင်ကြေးနဲ့ အထွေထွေကုန်ကျစရိတ်တွေကို စုဆောင်းနိုင်ဖို့အတွက် ဖိနပ်တွေကို ကွန်မြူနတီဆီ သွားရောင်းခိုင်းတာ ကောင်းမလားလို့.. ဒီအကြောင်းကို ကျွန်မတို့ မိဘတွေနဲ့ ပြောကြရအောင်လေ..
မင်္ဂလာပွဲအတွက်ကြောင့် ကျွန်မတို့ မိဘတွေဆီမှာ ပိုက်ဆံအများကြီး မကျန်လောက်တော့ဘူး.. နောက်ပြီး အဲဒီကရတဲ့ပိုက်ဆံကိုလည်း ကျွန်မကိုပေးသေးတယ်.. သူတို့ကို ပိုက်ဆံနည်းနည်းလောက်ရှာနိုင်အောင် လုပ်ပေးလိုက်ရအောင်”
လင်းမိသားစုဆီမှာ ငွေကြေးတွေ ချို့တဲ့နေတာကို သူမသိထားတယ်။ အထူးသဖြင့် လင်းဟိုင်အတွက် သတို့သမီးရှာပေးချင်နေပြီး လင်းရှန်နဲ့ လင်းကျင်းတို့ကလည်း ကျောင်းတက်ဖို့ အတွက် ပိုက်ဆံလိုအပ်တယ်။ ဒါပေမဲ့ အမေလင်းနဲ့ အဖေလင်းက သူတို့ဆီက တောင်းလာကြမှာမဟုတ်ဘူး။ သူတို့တွေက အိမ်ထောင်ခွဲလိုက်တာမဟုတ်ပေမဲ့ လင်းမိဘတွေက သူတို့ရဲ့မျက်နှာကို နှိမ့်ချချင်တဲ့သူမျိုးတွေမဟုတ်ဘူးလေ။
သူမ အခုလိုမျိုး ဖိနပ်တွေ အများကြီးပြန်သယ်လာရတဲ့ အကြောင်းရင်းကလည်း လင်းမိသားစုကို ပိုက်ဆံနည်းနည်းစုမိစေချင်တဲ့အတွက်ကြောင့်ပဲ။
ဖိနပ်တစ်ရံအတွက် ဆင့်ငါးဆယ်လောက် အမြတ်ငွေရရှိမယ်ဆိုရင်တောင် ဖိနပ်အရံ၅၀ဆိုရင် ယွမ် ၂၀ ကျော်လောက် ရရှိနိုင်ပြီ။ တချို့သောကောင်းမွန်တဲ့ဖိနပ်တွေအတွက်ဆိုရင်တော့ တစ်ယွမ်လောက် အမြတ်ရနိုင်တယ်။ ဒါဆိုရင် ယွမ် 30 ကျော်ရရှိမှာဖြစ်ပြီး ဇနီးမောင်နှံနှစ်ယောက်နဲ့ ယောက်ျားလေးသုံးယောက်အတွက် အတော်လေးလုံလောက်သွားလိမ့်မယ်။
လင်းချွမ်ရဲ့ မျက်လုံးတွေက တောက်ပသွားရတယ်။ သူ့အနေနဲ့ဒီတစ်ခေါက်မှာ ထောက်ပံ့ကြေး ရရှိမယ်ဆိုတာကို သိထားပြီး သူ့ရဲ့မိဘတွေဆီကို ပေးချင်နေခဲ့တယ်။ သို့ပေမယ့် သူတို့တွေ ဘယ်လောက်ပေးရမယ်ဆိုတာကို သဘောတူထားပြီးသားဖြစ်နေခဲ့တာကြောင့် အဖေလင်းက သူ့ဆီက ထပ်တောင်းတော့မှာမဟုတ်ဘူး။ တကယ်လို့ ပိုက်ဆံချေးမယ်ဆိုရင်တောင် အခုလောလောလတ်လတ်ကမှ မိသားစုထူထောင်ထားတဲ့ သားဖြစ်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာစိုးလို့ လက်ခံမှာ မဟုတ်ဘူး။
သူ အစပိုင်းမှာ စိတ်ပူနေခဲ့ပေမယ့် ဆုဆုရဲ့စကားကိုကြားတော့ မျက်လုံးတွေ တောက်ပလာခဲ့ပြီး ပြန်ပြောလိုက်တယ်။
“မင်းပြောတာ မှန်တယ်.. ဒါပေမယ့် ဒီနေ့ အရမ်းနောက်ကျနေပြီဆိုတော့ မနက်ဖြန် မှ ပြောကြတာပေါ့”
“ကောင်းပြီ”
ဆုဆု ထမင်းစားစားပွဲကို သန့်ရှင်းလိုက်ပြီး ရေနွေးတစ်အိုး တည်ကာ နှစ်ယောက်လုံးကို ကိုယ်လက်သန့်စင်လိုက်ပြန်တယ်။ ပြီးမှ ဝါဂွမ်းစောင်ရှိတဲ့ အိပ်ယာထဲကို ဝင်လာခဲ့တယ်။
စောင်က အခုချိန်မှာနွေးနွေးနေခဲ့ပြီး သူ့ရဲ့ ဇနီးလေးက သန်းရှင်းမှုကို အလွန်သဘောကျတာကြောင့် လင်းချွမ် အလွန်သက်တောင့်သက်သာဖြင့် အိပ်မောကျသွားခဲ့ကာ နောက်တစ်နေ့မနက်နိုးလာချိန်မှာမှာ ဒဏ်ရာအများစု ပျောက်ကင်းသွားတယ်လို့တောင် ခံစားလာရတယ်။
လူတွေက ဒီလိုမျိုးပဲ။ တခါတရံမှာ သူတို့ရဲ့ ခန္ဓာကိုယ်တွေက သူတို့ရဲ့ စိတ်ခံစားချက်တွေကို လိုက်ပြီး ပြောင်းလဲသွားတတ်တယ်။ ယခုအချိန်မှာတော့ လင်းချွမ်ဆီမှာ အားအင်တွေနဲ့ ပြည့်ဝနေခဲ့ပြီ။ သူ့ဆီမှာ ဒဏ်ရာရှိနေရင်တောင် သူတို့အတွက် တစ်ခုခုလုပ်ပေးချင်နေခဲ့တယ်။
ဆုဆုက လင်းမိသားစုကို အနောက်ဖက်အိမ်သို့ ခေါ်လိုက်ပြီး ပိုက်ဆံရှာမဲ့ အစီအစဉ်အကြောင်းကို ပြောပြခဲ့တယ်။
အဖေလင်းက အလွန်ကျေနပ်သော်လည်း ပြောလာတုန်းပဲ။
“မင်းတို့မိသားစုနဲ့ ငါတို့မိသားစုကို ပိုက်ဆံမခွဲဝေနဲ့လေ.. မင်းတို့တွေ ပိုက်ဆံရှာနိုင်တယ်ဆိုမှတော့ မင်းတို့ပဲ ဒီဖိနပ်ရဲ့အမြတ်ကိုယူသင့်တယ်”
လင်းချွမ်: “မလိုဘူး”
ဆုဆုက သူငြင်းဆန်လာမှာကို မျှော်လင့်ထားပြီးသားဖြစ်တာကြောင့် ပြုံးပြီးပြောလိုက်တယ်။
“လင်းချွမ်နဲ့ ကျွန်မဆီမှာ ပိုက်ဆံနည်းနည်းလောက်ရှိသေးတယ်.. နောက်ပြီး ဘာမှသုံးစရာလည်း မရှိဘူးလေ.. ဒါအပြင် ဒီဝယ်လာတာတွေကလည်း ခရီးစရိတ်တွေမပါဘဲ လမ်းကြုံပြန်ယူလာခဲ့ရုံပဲ.. လင်းချွမ်က ကွန်မြူနတီကို မသွားနိုင်ဘူး..ကျွန်မလည်း ဒါတွေကို တစ်ယောက်တည်းသွားမရောင်းနိုင်ဘူးမလား..
ပြောရရင် ကျွန်မက အမြတ်ငွေဘယ်လောက်တင်ရမလဲဆိုတာလည်းမသိဘူး.. တကယ်လို့ ဒီဖိနပ်တွေသာ အမြတ်မရခဲ့ဘူးဆိုရင်တော့ ကျွန်မကို အပြစ်မတင်ကြပါနဲ့”
“ဘာပဲဖြစ်ဖြစ် .. မင်း ဒီဖိနပ်တွေကို ပြန်ယူလာခဲ့ပြီဆိုမှတော့ ရောင်းချကြည့်ရမှာပေါ့.. ရှုံးတယ်ဆိုရင်လည်း ရှုံးတယ်ပေါ့ ဘာဖြစ်လဲ’
အမေလင်းကတော့ သူတို့ရဲ့ချွေးမက စိတ်ကောင်းစေတနာဖြင့် သူတို့ မိသားစုအတွက် လုပ်ပေးတာဖြစ်လို့ လက်ခံသင့်တယ်လို့ တွေးလိုက်မိတယ်။
နောက်ပြီး သူတို့မိသားစုအတွက်တောင်မှ ဖိနပ်ဝယ်လာပေးခဲ့တယ်။ ထိုဖိနပ်တွေက စီးရတာ သက်သောင့်သာသာရှိလွန်းတယ်။ သူမက သူတို့မိသားစုအကြောင်း ကို အများကြီးတွေးပေးထားတာပဲမလား။
**