အခန်း (၆၄)
Vol. 7 Ch. 64
“အိမ်မှာ ခဏလောက်နားပြီးမှ အနောက်ဖက် အိမ်ကိုသွားရအောင်”
ဆုဆုက ပစ္စည်းတွေအများကြီးကို ပြန်ယူလာခဲ့တာကြောင့် နေရာချဖို့အတွက် လိုအပ်သလို လင်းချွမ်ကိုလည်း အရှေ့ဘက်အိမ်မှာ ခဏလောက်အနားယူခိုင်းချင်သေးတယ်။ ဒါဆို သူ့အနေနဲ့ လင်းမိဘတွေနဲ့ စကားပြောနေနိုင်လိမ့်မယ်။
ဒါပေမယ့် လင်းချွမ်ကတော့ အံ့သြသွားခဲ့ရတယ်။ အိမ်မှာ ဘယ်အချိန်တုန်းက သူ့ဇနီးသည်ရဲ့စကားက အများကြီး သြဇာသက်ရောက်သွားတာလဲ။ သိထားသင့်တာက သူ့ရဲ့ညီသုံးယောက်လုံးက ချော့မော့ရတာ ခက်လွန်းတယ်။ အခုကျတော့ သူတို့အားလုံးက သူမကို လေးစားနေကြပုံရနေခဲ့တယ်လေ။
“အမေ.. အမေက အခန်းထဲကိုသွားပြီး ခန်ပေါ်မှာ စောင်ပျော့လေးခင်းထားပေးပါလား.. ဒါဆို သူ ခဏလောက်လှဲနေလို့ရလိမ့်မယ်.. အချိန်အကြာကြီးထိုင်ခဲ့ရတာက မကောင်းလောက်ဘူး”
“ကောင်းပြီ ငါချက်ချင်းသွားလုပ်လိုက်မယ်”
အမေလင်းက စောင်ခင်းဖို့အတွက် အခန်းထဲသို့ ဝင်သွားခဲ့ကာ ဆုဆုနဲ့ လင်းဟိုင်တို့က လင်းချွမ်ကိုကူညီပြီး ခန်ပေါ်ကို တင်ပေးလိုက်ကြတယ်။
လင်းတုံဟဲက လူတိုင်း အိမ်ထဲသို့ဝင်သွားတာကိုမြင်တော့ ပစ္စည်းတွေကိုအိမ်ထဲသို့ ထည့်ပေးခဲ့ပြီး သူ့ရဲ့အိမ်သို့ပြန်သွားခဲ့တယ်။ လင်းချွမ်ကိုလိုက်ပို့ပေးတဲ့ စစ်သားငယ်လေးသည်လည်း ပြန်ထွက်သွားဖို့လုပ်နေတာကိုမြင်တော့ ဆုဆုက သူ့ကိုတားရင်း အမေလင်းဆီသို့ တစ်ဆက်တည်းပြောလိုက်တယ်။
“ခဏစောင့်ဦးလေ.. အမေ ကျွန်မတို့မိသားစုထဲမှာ အေးခဲထားတဲ့ ဖက်ထုပ်တွေ ရှိသေးလား.. နည်းနည်းလောက်ချက်ပေးပါဦး”
အမေလင်းက ဆိုးရွားတဲ့သူမဟုတ်တာကြောင့် ခေါင်းညိတ်လိုက်ပြီး အဖေလင်းကို ဖက်ထုတ်ပြုတ်ခိုင်းလိုက်တယ်။
စစ်သားလေးက ဖက်ထုပ်အချို့ကို စားပြီးနောက် လင်းချွမ်ကိုနှုတ်ဆက်ပြီး ပြန်သွားခဲ့ကာ ဆုဆုက သူ့ကိုခြံပေါက်ဝအထိ လိုက်ပို့ပေးခဲ့ပြီး အပြန်လမ်းမှာ ဂရုတစိုက်မောင်းဖို့ မှာလိုက်တယ်။
စစ်သားလေးကတော့ သူတို့မိသားစုမှတပ်ရင်းမှူးရဲ့ ဇနီးသည်က တကယ်ကောင်းတယ်လို့တွေးမိတယ်။ သူမက စစ်သားလေးတွေကိုပါ လိုက်ပြီး ဂရုစိုက်ပေးတယ်လေ။
အမေလင်းနဲ့ အဖေလင်းတို့က ဒါကိုတွေ့တော့ အလွန်ကျေနပ်နေခဲ့ကြတယ်။ အခုခေတ်မှာ အပြင်မှလူတွေကိုတောင် အစာကျွေးလိုက်နိုင်တယ်။ သူတို့ရဲ့ချွေးမက သူတို့ရဲ့သားကို ပြသနာရှာတတ်မှာမဟုတ်ဘူး။
အခုတော့ သူတို့မိသားစုထဲမှ လူတွေပဲကျန်တော့တာကြောင့် အမေလင်းက လင်းချွမ်ကို ဒဏ်ရာက ဘယ်နေရာမှာလဲလို့ မေးလိုက်တယ်။
“ခြေထောက်မှာ”
လင်းချွမ်က ချက်ချင်းပြန်ဖြေလိုက်တယ်။။
“ဘယ်ဘက် ခြေထောက်မှာလဲ.. ခြေထောက်ရဲ့ ဘယ်နေရာမှာလဲ”
မတိုင်ခင်တုန်းက သူလမ်းလျှောက်နေချိန်မှာ ခြေထောက်က တုန်ယင်နေတာကို တွေ့လိုက်ရပြီး သူ့ရဲ့ဒဏ်ရာကိုလည်း မမြင်ရတာကြောင့် အမေလင်းက သဘာဝကျစွာနဲ့ မေးလာတယ်။
လင်းချွမ်က အမေဖြစ်သူရဲ့စကားကို မကြားသလိုမျိုး နှုတ်ခမ်းကိုတင်းတင်းစေ့ထားခဲ့တယ်။ သူက သူ့ရဲ့အမေကိုတောင် ဒဏ်ရာရထားတဲ့နေရာကို မပြောချင်ခဲ့ဘူး။
ဆုဆုက သူ့ရဲ့ပုံစံကိုမြင်တာနဲ့ ထိုအမျိုးသားက ခေါင်းမာနေပြန်ပြီလို့တွေးလိုက်ကာ သူ့ကိုယ်စားဝင်ဖြေလိုက်တယ်။
“ပေါင်အပေါ်ပိုင်း နည်းနည်းလောက်မှာဖြစ်တာ.. အခု သက်သာနေပါပြီ”
အမေလင်းက သူမရဲ့ချွေးမကို ယုံကြည်ပြီး သူမကကောင်းသလောက်နီးပါးဖြစ်နေပြီလို့ပြောရင် တကယ်ကောင်းတော့မှာပဲလို့ တွေးလိုက်တယ်။
ထို့နောက် သူတို့တွေ ဖက်ထုပ်အတူစားခဲ့ကြပြီး လင်းမိသားစုက လင်းချွမ်နဲ့ ဆုဆုကို အနောက်ဖက်အိမ်သို့ ပြန်ပို့ပေးခဲ့တယ်။ ခန်ကတော့ သူတို့ရောက်လာကတည်းက မီးဖိုပေးထားပြီးပြီ။
လင်းချွမ်ရဲ့ ခြေထောက်တွေက တစ်ချိန်လုံး မထိုင်နေနိုင်တာကြောင့် ခန်ပေါ်မှာသာ အနားယူနိုင်ခဲ့တယ်။
အကုန်လုံးနီးပါးကို ရှင်းလင်းပြီးနောက်မှာတော့ ရွာထဲမှလူတွေက လင်းချွမ်ကို ကြည့်ဖို့ ရောက်လာလိမ့်မယ်။ ဒါကလည်း အစဉ်အလာတစ်ခုပါပဲ။ ဒီဘက်ခေတ်ကာလမှာ တစ်စုံတစ်ယောက်ဆီမှာ ပျော်ရွှင်စရာကောင်းတဲ့ပွဲတစ်ခုရှိနေရင် ဒါမှမဟုတ် ဖျားနာနေမယ်ဆိုရင် လူတိုင်းက လာရောက်လည်ပတ်ကြလိမ့်မယ်။ ဒါက ကြင်နာမှာကိုဖော်ပြတဲ့နည်းလမ်းတစ်ခုပဲ။
ဒါ့အပြင် ဆုဆုက အရင်တစ်ကြိမ်မှာ ရွာအတွက် ဂုဏ်ယူရအောင်လုပ်ပေးထားတာကြောင့် သူမဆီမှာ သူငယ်ချင်းများစွာ ရရှိခဲ့တယ်။ ထိုအမျိုးသမီးတွေက ဂျုံဖြူတွေရရှိခဲ့တဲ့အပေါ်မှာ ဆုဆုအပေါ် အလွန်ကျေးဇူးတင်ကြပြီး တရုတ်နှစ်သစ်ကူးကာလအတွင်းမှာ ဖက်ထုပ်စားခဲ့ရတဲ့အတွက် သူမရဲ့ကျေးဇူးကိုသတိရကြတယ်။ ထို့ကြောင့် ဒီနှစ်ရက်အတွင်းမှာ လူတွေက မရပ်မနားရောက်လာခဲ့ကြတယ်။
ဆုဆုက ရေနွေးအတွက် အိုးကြီးတစ်လုံးကို အမြဲတမ်းတည်ထားခဲ့ရပြီး ဧည့်သည်တွေအတွက် လက်ဖက်ရည်လုပ်ပေးနေခဲ့တယ်။ လက်ဖက်ရည်နဲ့အတူကိတ်မုန့်လေးတွေ ၊ သကြားလုံးအတုံးလေးတွေကို ချပေးထားလိမ့်မယ်။ အစေ့အဆန်လေးတွေကိုလည်း ဝယ်ထားခဲ့တယ်။ ကိတ်မုန့်တွေက သူမရဲ့ကျောပိုးအိတ်ထဲမှာ များစွာရှိပြီး အကန့်အသတ်မရှိ လိုချင်သလောက်အများကြီးရရှိနိုင်တယ်။
လူတိုင်းက လူနာကြည့်ဖို့အတွက် ဒီကိုလာပြီးကတည်းက လင်းချွမ်ရဲ့ဒဏ်ရာက ဘယ်နားမှာရှိနေတာလဲဆိုတာကိုမေးမြန်းကြလိမ့်မယ်။ ဒါဆိုရင် လင်းချွမ်က မည်းမှောင်နေတဲ့မျက်နှာနဲ့ ခြေထောက်မှာလို့ ဖြေတတ်တယ်။ ဒီတော့ သူ့ရဲ့ဒဏ်ရာက ဘယ်နေရာမှာရှိနေတာလဲဆိုတာကို တခြားသူတွေက စပြီး မှန်းဆလာခဲ့ကြတယ်။
လင်းတုံဟဲက ဒဏ်ရာနေရာကိုသိထားပြီး သူ့ရဲ့မိဘတွေက လင်းချွမ်ရဲ့ဒဏ်ရာဘယ်နေရာမှာလဲလို့ မေးခဲ့တဲ့အချိန်မှာ သူက အမူအယာတစ်မျိုးကိုဖော်ပြမိသွားခဲ့ပြီးအတော်လေး ဒွိဟဖြစ်စရာကောင်းနေခဲ့တယ်။ ဒါကြောင့် ထိုဒဏ်ရာရနေတဲ့နေရာရဲ့ပြဿနာက ရှုပ်ထွေးစွာနဲ့ ပျံ့နှံ့သွားခဲ့တယ်။
အလုပ်မရှိဘဲ အချိန်ဖြုန်းနေကြတဲ့ တောင်ပေါ်ရွာလေးမှာရှိတဲ့ ရွာသားတွေရဲ့အတင်းအဖြန်းပြောဆိုမှုကို လျှော့မတွက်သင့်ဘူး။
သူတို့တွေရဲ့ စိတ်ကူးစိတ်သန်းတွေက တကယ်ကို အကန့်အသတ်မရှိဘူးလို့ဆိုနိုင်တယ်။ ဒါ့အပြင် တမင်တကာလှည့်စားချင်တဲ့ တစ်စုံတစ်ယောက်ကလည်း ရှိနေတတ်တာကြောင့် မကြာခင်မှာ လင်းချွမ်က ယောကျ်ားတစ်ယောက်မဟုတ်တော့ဘူးဆိုတဲ့ ကောလဟာလတွေထွက်ပေါ်လာခဲ့တော့တယ်။
ယောကျ်ားတစ်ယောက်မဟုတ်တော့ဘူးဆိုတာက တကယ့်ကိစ္စကြီးပဲ။ အထူးသဖြင့် သူက အခုလေးတင်ကမှ လက်ထပ်ထားတာဖြစ်သလို သူ့ရဲ့ဇနီးသည်ကလည်း နူးညံ့သိမ်မွေ့ပြီး ငယ်ရွယ်သေးတယ်။ သူမက မုဆိုးမဖြစ်လာရတော့မှာ မဟုတ်ဘူးလား။
လူတိုင်းက သူ့အပေါ်ကို သနားနေခဲ့ကြပေမယ့် တချို့လူတွေကတော့ စတင်လှုပ်ရှားလာကြတော့တယ်။ ထိုသူကတော့ရွာထဲမှ လက်ကြောမတင်းတဲ့လူနှစ်ယောက်တည်းမှ တစ်ယောက်ဖြစ်ပြီး သူက ဒီလောက်ထိလှပတဲ့အမျိုးသမီးတစ်ဦးကို အအေးဒဏ်ခံရဖို့အတွက် သည်းမခံနိုင်လောက်ဘူးလို့ တွေးခဲ့တယ်။
ဒါကြောင့် ဆုဆုတစ်ယောက် သူမရဲ့ခြံထဲမှာရှိနေတုန်းမှာ နားမလည်နိုင်စွာ စနောက်ခံခဲ့ရတယ်။
“မစ်ဆု အတန်းက ဘယ်အချိန်မှာစမှာလဲ.. ငါမစောင့်နိုင်တော့ဘူး”
“ဆယ့်ငါးရက်နေမှ စမှာ”
“မစ်ဆု မင်းရဲ့ယောကျ်ားက ဘယ်တော့ပြန်ထွက်သွားမှာလဲ”
“သူ ခဏလောက်နေဦးမယ်”
သူက လင်းချွမ်ကို ဘာကြောင့် ရုတ်တရက်ကြီး လာမေးနေရတာလဲ။ ဒါ့အပြင် သူက ဘာလို့ နောက်ကျောဗလာနဲ့ဖြစ်နေရတာလဲ။ ဒါက ရယ်စရာကောင်းနေပေမယ့် ဘာကိုဆိုလိုလဲ။
“မစ္စစု.. ငါ့ကိုကြည့်လိုက်.. ငါက တော်တော်လေးကျန်းမာရေးကောင်းပြီး ဘယ်နေရာမှာမှ ဒဏ်ရာမရှိဘူး.. မင်းအားရင် ငါတို့တွေ ရွာအပြင်ဘက်က တဲတွေဆီကို သွားကြည့်ရအောင်လေ ငါ....”
သူက မီးဖိုကို စင်ပေါ်မှာတင်မဲ့အကြောင်းကို ပြောချင်ခဲ့တယ်။ ကလေးက မီးတစ်ခုကိုလုပ်နိုင်တယ်လေ။ ဒီတော့ ဒီစကားက ဖောက်ပြန်ဖို့အတွက်သင့်တော်တဲ့စကားပဲ။
သို့သော်လည်း သူ စကားကို ဆုံးအောင်မပြောရသေးခင်မှာပဲ အိမ်တံခါးကို တွန်းဖွင့်ခံလိုက်ရတာကိုမြင်လိုက်ရတယ်။ လင်းချွမ်က တုတ်တစ်ချောင်းကို လက်ကကိုင်ထားပြီး အပြင်ကိုထွက်လာခဲ့ကာ သူ့ရဲ့မျက်လုံးတွေက လူတွေရဲ့ နှလုံးသားကို အေးစိမ့်သွားစေတဲ့အထိ အေးစက်နေခဲ့တယ်။ ထိုအကြည့်တွေကို မြင်လိုက်ရတဲ့အချိန်မှာပဲ သူ့ရဲ့နှလုံးသားက ချက်ခြင်းပဲ တုမ်လှုပ်သွားခဲ့ရတယ်။
သူ ကြောက်လန့်တကြားဖြင့် တံတွေးကို မျိုချလိုက်မိသော်လည်း လှပပြီး ချစ်စဖွယ်ကောင်းတဲ ဆရာမဆုကို ပြန်ကြည့်လိုက်မိကာ ထွက်ပြေးမဲ့စိတ်ကူးကို ထိန်းချုပ်လိုက်တယ်။ သူက လင်းချွမ်ကို မယဥ်ကျေးစွာ စိုက်ကြည့်လိုက်ပြီး :
“မင်းက ဘာကိုလာကြည့်နေတာလဲ.. မင်းကိုယ်တိုင် မလုပ်နိုင်ဘူးဆိုမှတော့ ငါ့ကို ကြည့်ခွင့်မပြုနိုင်ဘူးလား”
“အိုး.. မင်းက ဘယ်သူအကြောင်းကို ပြောနေတာလဲ”
လင်းချွမ်က သူ့ရဲ့လက်ထဲက တုတ်နဲ့ ထောက်ရင်း အရှေ့သို့ ခြေတစ်လှမ်းတိုးလာခဲ့ကာ သူ့အသံကတော့ အလွန်အမင်း အေးစက်လာခဲ့တယ်။
ထိုလက်ကြောမတင်းတဲ့လူပေလူတေက ဒီတစ်ကြိမ်မှာတော့ အမှန်တကယ်ကို ကြောက်လန့်လာခဲ့ကာ ရုတ်တရက် ယခင်တုန်းက လင်းချွမ်ဆီမှာ ရိုက်နှက်ခံခဲ့ရတဲ့အချိန်ကိုပြန်တွေးလိုက်မိပြီးအတွေးတွေက ကြောက်လန့်မှုတွေနဲ့ ပြည့်လာခဲ့ရတယ်။ ဒါကြောင့် ဆက်ပြီးမနေရဲတော့ဘဲထွက်ပြေးသွားခဲ့ပေမဲ့ ပြေးနေရင်းနဲ့ ပါးစပ်ကလည်း အော်ဟစ်သွားခဲ့သေးတယ်။
“မင်းက ယောကျာ်းတစ်ယောက်တောင်မဟုတ်တော့ဘူး.. ဒါတောင်မှ မင်းက တခြားလူတွေကို မင်းရဲ့အနားမှာတစ်သက်လုံးစောင့်ကြပ်စေချင်နေသေးတယ်.. အရှက်မရှိလိုက်တာ!”
ထိုအသံက အလွန် ကျယ်လောင်လွန်းတပြီး အနီးနားပတ်ဝန်းကျင်မှ သူပြောတဲ့စကားကိုတောင် မကြားဝံ့မနာသာဖြစ်ခဲ့ကြတယ်။
ဆုဆု လင်းချွမ်ကိုကြည့်လိုက်ပြီး ထိုလူပျင်းရဲ့နောက်ကျောကို လှမ်းကြည့်လိုက်တယ်။ ထို့နောက် ဒီနေ့ခေတ်က အလွန်အမင်းခက်ခဲလှကြောင်း တွေးလိုက်မိတယ်။
သူမက လင်းချွမ် ဒေါသထွက်နေလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် တစ်ဖက်လူက သူမဆီကိုအလွန်နစ်နာနေပုံရတဲ့အကြည့်နဲ့ စိုက်ကြည့်နေမယ်ဆိုတာကိုတော့ ဘယ်သူက သိခဲ့မှာလဲ။
“ကိုယ်...”
? ? ?
သူဘာပြောဖို့ကြိုးစားနေတာလဲ။
သို့သော်လည်း အဆုံးမှာတော့ သူ ဘာမှမပြောလာခဲ့ဘူး။ အခန်းထဲကိုရောက်လာတဲ့အချိန်ကျမှ သူ့ရဲ့လက်ကိုဆန့်တန်းကာ ဆုဆုကို နံရံဆီမှာ ပိတ်ဆို့ထားရင်း ပြောလာတယ်။
“ကိုယ် အဲလိုမဟုတ်ဘူး.. လုပ်နိုင်တယ်”
O(╯□╰)o
“ကိုယ် မကြာခင် သက်သာလာမှာပါ.. ကိုယ် မင်းကို ဘယ်တော့မှ မုဆိုးမဖြစ်ခွင့်မပေးဘူး.. ဒါကြောင့် စိတ်မပူနဲ့...”
“တကယ်လို့ မင်း အလျင်လိုနေတယ်ဆိုရင်.. မင်းအားလုံး....”
“... ကျွန်မက ဘယ်တုန်းက အလျင်လိုနေလို့လဲ.. ကျွန်မကို မြန်မြန်လွှတ်ပေးတော့ .. ဒီလိုနေတာက ရှင့်အတွက်မကောင်းဘူး”
ဆုဆုအနေနဲ့ လူနာကို အဝေးသို့ မတွန်းထုတ်နိုင်တာကြောင့် သူမရဲ့လက်လေးတွေနဲ့ ညင်သာစွာ အကွာအဝေးခြားခိုင်းရုံသာလုပ်နိုင်တယ်။
သို့ပေမယ့် လင်းချွမ်အတွက်တော့ သူ့ကို လက်သည်းလေးတွေနဲ့ ကုတ်ခြစ်သလိုခံစားရစေတယ်။ ဒါပေမယ့်လည်း သူ့မှာရွေးချယ်စရာမရှိဘူးလေ။ သူ့ရဲ့ ဒဏ်ရာသက်သာလာမဲ့အချိန်ကိုပဲ စောင့်ဆိုင်းရဦးမှာပဲ။
သူတို့နှစ်ယောက်လုံး ပူးကပ်ရင်း စကားပြောနေချိန်မှာ တံခါးက ပွင့်ဟလာပြီး လင်းဟိုင်တစ်ယောက် တံခါးထဲသို့ ခြေတစ်လှမ်းချလာခဲ့တယ်။ သို့ပေမယ့် သူက အတွင်းမှမြင်ကွင်းကိုမြင်လိုက်ရချိန်မှာတော့ သူ့ရဲ့ခြေထောက်ကို ပြန်ရုတ်ပြီး မျက်နှာ နီမြန်းစွာနဲ့ ပြောလာတယ်။
“ကျွန်တော် ဘာမှ မတွေ့ဘူးနော်”
သူက ပြောပြီးတာနဲ့ တံခါးကိုမမေ့မလျော့ပြန်ပိတ်ကာ အနောက်သို့လှည့်ပြီး ထွက်ပြေးသွားခဲ့တယ်။
ဆုဆုက လင်းချွမ်ရဲ့ လက်မောင်းတွေကြားထဲမှ ရှက်ရွံ့စွာနဲ့ထွက်ဖို့လုပ်တယ်။
“ရှင် ဒါကို ရှင်းပြနေဖို့ မလိုပါဘူး .. ကျွန်မသိပါတယ်”
ပိုင်ရှင်ရဲ့ ဖိနှိပ်ထားမှုကြောင့်သာမဟုတ်ဘူးဆိုရင် ထိုရှောင်ချွမ်ချွမ်က သူမဆီကနေ ဟိုးအရင်အချိန်တွေက ကန့်ကွက်ခံခဲ့ရလိမ့်မယ်။
**