← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

လင်းချွမ်က ထိုနို့မှုန့်လက်မှတ်တွေကို ဘယ်နေရာမှာ အသုံးပြုတာလဲဆိုတဲ့အကြောင်းကို အတိအကျသိထားတယ်။ ဇနီးတစ်ယောက်ကိုအမှန်တကယ် မပိုင်ဆိုင်နိုင်သေးတဲ့ လူပျိုစစ်စစ်တစ်ယောက်အနေမဲ့ ထိုစကားလုံးကိုကြားလိုက်ရတဲ့အချိန်မှာ ကလေးလေးအကြောင်းကို ရုတ်တရက် တွေးတောမိသွားခဲ့ပြီး ထိုကလေးယူရမဲ့ လုပ်ငန်းစဥ်အကြောင်းကိုပါ တွေးတောမိသွားရတယ်။ သူတို့က အခု အရမ်းကိုနီးကပ်နေပြီပဲ။ အဲဒါက မဟုတ်....

စိတ်ကူးအတွေးက အသားတွေပြည့်ဝလွန်းနေပေမဲ့ လက်တွေ့မှာ ခြောက်ကပ်လွန်းနေတာကတော့ အလွန် သနားစရာကောင်းလွန်းတယ်။

သူ့ရဲ့ဒီဒဏ်ရာနဲ့ဆိုရင် သူဘာမှ လုပ်နိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် ထိုအရာက သူ့ဦးနှောက်ရဲ့ တွေးခေါ်မှုတွေကို မနှောင့်နှေးစေနိုင်သလို သူ့ရဲ့ခန္ဓာကိုယ်မှ တုံ့ပြန်မှုတွေကိုလည်း မနှောင့်နှေးစေဘူး။

“အိပ်တော့”

သူ ဒီခေါင်းစဥ်အကြောင်းကို ဆက်မပြောချင်တော့ဘူး။ အဲဒါက သူ့ကို ပေါက်ထွက်သွားစေလိမ့်မယ်။

ဆုဆုသည်လည်း အလွန် တွေးတောစဥ်းစားပေးခဲ့တယ်။ သူမက တစ်ဖက်လူ ပင်ပန်းနေပြီလို့ထင်ခဲ့တာကြောင့် စကားပြောနေတာကို ရပ်တန့်လိုက်ပြီး သူမရဲ့အပေါ်ထပ်ဂျာကင်ကိုချွတ်ကာ လင်းချွမ်ရဲ့ စောင်အပေါ်မှာ ဖြန့်တင်လိုက်တယ်။

ဒီတည်းခိုခန်းမှပေးထားတဲ့ စောင်က အလွန်ပါးလွှာတာကြောင့် သွေးအလွန်အကျွံထွက်ထားတဲ့ လင်းချွမ်ကို အများကြီးအေးခဲနေစေမှာကို သူမ စိတ်ပူနေခဲ့တယ်။

သို့သော်လည်း လင်းချွမ်ကတော့ လွန်ခဲ့တဲ့ နှစ်ရက်အတွင်းမှာ တရုတ်သကြားသီးနဲ့ ဂျိုဂျီလက်ဖက်ရည်တို့ဖြင့် သွေးအားတွေကိုပြန်လည်ဖြည့်ပေးထားခဲ့တာလေ။ ဒီတော့ သူက သွေးအားမချို့တဲ့ရုံတင်မကဘဲ သွေးတွေက တဟုန်းဟုန်း တောက်လောင်နေခဲ့တယ်။ သူ့အနေနဲ့ ဒီအချိန်မှာ မအေးဘူးဆိုပေမယ့် သူ့ဇနီးရဲ့ ကြင်နာမှုအပေါ်မှာ သည်းခံထားရုံကလွဲပြီး ရွေးချယ်စရာမရှိခဲ့ဘူး။

ဒါပေမယ့် ဒီတည်းခိုခန်းမှ ခုတင်က ရိုးရိုးခုတင်ဖြစ်တာကြောင့် သူ့ရဲ့ဇနီးက ခန်မရှိပဲ တစ်ညလုံးနေရဖို့အတွက် ကျင့်သားရမှာမဟုတ်လောက်ဘူး ဟုတ်တယ်မလား?

အဆုံးမှာ အနောက်မြောက်ပိုင်းရဲ့ ဆောင်းရာသီရဲ့ အအေးဒဏ်ကို ခန်မရှိဘဲ အိပ်စက်မယ်ဆိုရင် သူမ တောင့်ခံထားနိုင်မှာမဟုတ်ဘူး။ သေချာတာပေါ့။ ဒီတစ်ခုတည်းတင်မဟုတ်သေးဘူး။ ဒီတည်းခိုခန်းရဲ့ အခြေအနေတွေက တော်တော်ကိုဆိုးရွားလွန်းတယ်။

သူ တွေးမိသလိုပဲ။ ဆုဆုက ခဏလောက်လှဲပြီးတဲ့နောက်မှာ အလွန်အေးစက်လာပြီးမသက်မသာ ခံစားလာခဲ့ရတယ်။

သူတို့နှစ်ယောက်က ခုတင်တစ်လုံးတည်းမှာအတူ လဲလျောင်းနေကြပေမဲ့ စောင်နှစ်ထည် ခွဲပြီးခြုံထားခဲ့ကြတယ်။ ဒီဘက်ခေတ်ကာလမှာ နှစ်လွှာပါဝင်တဲ့စောင်တွေနည်းပါးပြီး အကုန်လုံးက တစ်ထပ်တည်းစောင်တွေသာဖြစ်တာကြောင့် သူမရဲ့နောက်ကျောဘက်မှ အေးစိမ့်လာမှုကြောင့် ဆုဆု သည်းမခံနိုင်ခဲ့ဘူး။

သူမ ဘာလုပ်ရမလဲ စဉ်းစားနေတုန်းမှာ လင်းချွမ်က ပြောလာတယ်။

“မင်းရဲ့ အနွေးထည်ကို အောက်ဘက်မှာ ချခင်းပြီး ကိုယ်နဲ့အတူလာအိပ်လိုက်လေ”

“ဟင်?”

ဒါက စောင်အတူခြုံဖို့ပြောတာလား။

စုစုသည် အနည်းငယ် ရှက်သွားပေမဲ့လည်း အဆုံးမှာ အအေးဒဏ်ကို ကြောက်ခဲ့တာကြောင့် လင်းချွမ်ရဲ့စကားတွေကို  နားထောင်ပြီး ခုတင်အောက်ဘက်မှာ သူမရဲ့ အနွေးထည်ကို ဖြန့်ခင်းလိုက်ကာ သူ့အပေါ်ကို စောင် ခြုံပေးလိုက်ပြီး သူနဲ့အတူ စောင်ထဲကိုဝင်လိုက်တယ်။

သူမ အနည်းငယ် ရှက်နေခဲ့ပေမဲ့ တစ်ဖက်လူက သူ့မကို ကျောပေးထားတာကြောင့် သိပ်ပြီးမရှက်တော့ဘူး။

ဆုဆုတစ်ယောက် သူ့ရဲ့စောင်ထဲကို ဝင်သွားတဲ့ချိန်ကျမှ အမျိုးသားတွေရဲ့ ခန္ဓာကိုယ် အပူချိန်က အမျိုးသမီးတွေထက် ပိုမြင့်နေတယ်ဆိုတဲ့အကြောင်းကို နားလည်သွားရတယ်။ သူမက သူမရဲ့ တစ်ကိုယ်လုံးကို သူ့အပေါ်မှာ မှီထားခဲ့ပေမယ့် သူ့ခြေထောက်မှာရှိနေတဲ့ ဒဏ်ရာကို ထိမိမှာစိုးတာကြောင့် ခြေထောက်ကိုတော့ မထိရဲခဲ့ဘူး။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ လင်းချွမ်ဘက်က အစပြုပြီး သူ့ခြေထောက်တွေကို နောက်ဘက်သို့ပြန်ရွှေ့ကာ သူမရဲ့ခြေထောက်တွေ အေးစက်မနေစေဖို့ အနွေးဓာတ်ပေးရန်အတွက် မြှောက်ပေးလာခဲ့တယ်။

“ကျေးဇူးတင်ပါတယ်.. ကျွန်မ ရှင့်ရဲ့ဒဏ်ရာကို မထိမိပါဘူနော်”

“မထိမိဘူး”

လင်းချွမ်၏ အသံရဲ့အသံက သြရှနေခဲ့ပြီ

သူ့အနေနဲ့ လီနန်ရှပ်အင်္ကျီကို ၀တ်ဆင်ထားသော်လည်း သူ့ရဲ့ နောက်ကျောပေါ်ရှိ ပျော့ပျောင်းနူးညံ့တဲ့အသားတွေကိုတော့ ခံစားနိုင်သေးတယ်။ အဲဒါနေရာက ဘာလဲဆိုတာကိုလည်း သူအတိအကျသိတယ်။ သူ့ဇနီးရဲ့ ခန္ဓာကိုယ်က ဘယ်လိုပုံစံလဲဆိုတာကိုလည်း သူကောင်းကောင်းသိထားသေးတယ်..။

မဟုတ်ဘူး။ အဲဒါကို စဉ်းစားလို့မရဘူး။

လင်းချွမ် သူ့ကိုယ်သူ အိပ်ဖို့ အတင်းအကြပ်ဖိအားပေးခဲ့တယ်။ ကံကောင်းထောက်မစွာနဲ့ တစ်နေ့တာလုံး ကားစီးခဲ့ရပြီးတဲ့နောက်မှာ သူ တကယ်ကို  ပင်ပန်းနေခဲ့တာကြောင့် ခဏအကြာမှာပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တယ်။

ဒါပေမယ့် နောက်နေ့မနက်နိုးလာချိန်မှာတော့ သူလုံးလုံးလျားလျား ရှက်ရွံ့သွားရပြန်တယ်။  ဆုဆုရဲ့လက်က သူ့ရဲ့ဗိုက်ရဲ့အောက်ဘက်နားအပေါ်မှာ ရောက်နေပြီး သူမရဲ့တစ်ကိုယ်လုံးနီးပါးက သူ့ရဲ့ခါးအောက်ပိုင်းနားဆီမှာ တွယ်ကပ်နေခဲ့တယ်။

ဒီကိုယ်ဟန်အနေအထားက တကယ်ကို ဒွိဟဖြစ်စရာအနေအထားမျိုးပဲ။  ဘာပဲဖြစ်ဖြစ် လင်းချွမ်ကတော့ သူ့အနေနဲ့ အနာဂတ်မှာ မနက်တိုင်း အနည်းလောက် ခံစားနေရတော့မယ်လို့ တွေးမိနေခဲ့ရတယ်။ မနက်ပိုင်းတွေက စိတ်လှုပ်ရှားဖို့ လွယ်ကူလွန်းတယ်လေ။

သူက အစောကြီးနိုးလာခဲ့တာကြောင့် သူ့ရဲ့ဇနီးကို အချိန်အနည်းငယ်ပိုကြာအောင်အိပ်ခိုင်းဖို့ တွေးလိုက်တယ်။.

သူ ထိုအခြေအနေအတိုင်းတောင့်တင်းစွာနဲ့ သည်းခံနေခဲ့ပြီး ခဏအကြာမှာ သူ့ရဲ့နောက်ကျောဘက်မှ အနည်းငယ်လှုပ်သွားသလို ခံစားလိုက်ရကာ နှစ်ယောက်ကြားမှာလည်း လှုပ်ရှားလာခဲ့တယ်။

“နိုးပြီလား?”

“အင်း အာ..”

သူမ ကိုင်ထားတဲ့အရာက မမှန်တာကို သိသွားခဲ့တာကြောင့်ဖြစ်နိုင်တယ်။ ဆုဆုက လက်ကို အမြန်ပြန်ရုတ်လိုက်ပြီး နောက်သို့  အလျှင်အမြန်ပြန်ဆုတ်သွားခဲ့ကာ ခုတင်ပေါ်ကနေ ပြုတ်ကျလုနီးပါးဖြစ်သွားရတယ်။

ကံကောင်းစွာနဲ့ လင်းချွမ်က အချိန်မီတုံ့ပြန်ခဲ့ပြီး သူမရဲ့အင်္ကျီကော်လံလည်ပတ်နေရာကို ဆွဲကိုင်ဖမ်းဆုတ်လိုက်မိတယ်။ သူက သူမကို ကယ်တင်နိုင်ခဲ့တယ်ဆိုပေမဲ့ ကော်လာပေါ်ရှိ ကြယ်သီးကို ပြုတ်ထွက်သွားစေခဲ့ကာ နက်ရှိုင်းတဲ့မြောင်းနေရာကို ဖော်ထုတ်လိုက်မိလေတယ်။

ထိတ်လန့်တုန်လှုပ်သွားရတဲ့ ဆုဆုကတော့ ထိုအကြောင်းကိုမသိသေးဘဲ သူမရဲ့ ရင်ဘတ်ကို ပွတ်သပ်ရင်းပြောလာခဲ့တယ်။

“ကျေးဇူးတင်ပါတယ်.. ကျွန်မ သေလောက်အောင်ကြောက်သွားတာ”

“...ကြယ်သီး ပြုတ်ကျသွားတယ်”

“...”

ဆုဆု  ခေါင်းငုံ့ကြည့်လိုက်တော့ သူမရဲ့ ကြယ်သီးက အမှန်တကယ်ပြုတ်ထွက်နေတာကို မြင်လိုက်ရတယ်။ သူမ ရှက်ရွံ့စွာနဲ့ ခုတင်ပေါ်မှ ကြယ်သီးကို ကပြာကယာကောက်ယူလိုက်ကာ အိပ်ယာပေါ်မှ ခုန်ထပြီးပြောလိုက်တယ်။

“ကျွန်မ.. ကျွန်မ မျက်နှာသစ်ဖို့လုပ်လိုက်ဦးမယ်”

သူမ ရေယူပြီး ပြန်လာချိန်မှာ လင်းတုံဟဲနဲ့ စစ်သားလေးတို့က ကားပေါ်မှ နှင်းတွေကိုသန့်ရှင်းရေးလုပ်ပြီးနေပြီဆိုတာကိုမြင်လိုက်ရတယ်။ ကြည့်ရတာ သူတို့ ထမင်းစားပြီးလို့ ထွက်ဖို့ အဆင်သင့်ဖြစ်နေပုံရတယ်။

ဒီလောက်တောင် မြန်တာလား။

သူမ အလျှင်အမြန်ပြန်လာပြီး လင်းချွမ်ကိုမျက်နှာသစ်ခိုင်းလိုက်ပေမဲ့ လင်းချွမ်က သူမကိုအရင်သစ်ခိုင်းလာတယ်။

“ဘယ်သူပဲ အရင်သစ်သစ် အတူတူပဲမဟုတ်ဘူးလား”

“ကိုယ့်ရဲ့မျက်နှာက ဒဏ်ရာအတွက် ဆေးတွေ ပါနေတယ်”

သူက ပြန်ပြောလာခဲ့တယ်။

ဒီအချိန်ကျမှ ဆုဆု မနေ့ညတုန်းက တတစ်စုံတစ်ယောက်ကို mask ကပ်ပေးခဲ့ပြီး ဆိုးကျိုးမရှိတဲ့အတွက် မျက်နှာကို ရေဆေးခွင့်မပေးခဲ့တာကို ပြန်တွေးမိသွားတယ်။

သူမ သူ့ရဲ့မျက်နှာကို အနီးကပ်ကြည့်လိုက်တော့ ရလဒ်ကမဆိုးမှန်းတွေ့လိုက်ရတယ်။

သူမမျက်နှာကို ဆေးကြောလိုက်ပြီးမှ လင်းချွမ်က သူရဲ့မျက်နှာကိုဆေးလိုက်တယ်။

ထို့နောက်မှာတော့ ဆုဆုတစ်ယောက် မယုံနိုင်စရာကောင်းတဲ့အရာကို တွေ့လိုက်ရလေတယ်။ လင်းချွမ်ရဲ့မျက်နှာပေါ်မှာရှိတဲ့ ရောင်ရမ်းမှုတွေက ပျောက်ကွယ်သွားခဲ့ပြီး သူ့ရဲ့မျက်နှာပေါ်မှ အမည်းရောင်အမာရွက်တွေတောင်မှ မှိန်ဖျော့သွားခဲ့တယ်။

ဒီတော့ Mask ကို တစ်ခါမှ မသုံးဖူးတဲ့သူတွေအတွက်ဆိုရင် အကျိုးသက်ရောက်မှုက သိသိသာသာ ပိုပြီးကောင်းမွန်နိုင်တာများလား။

ဒါပေမယ့် ဒါက အလွန်အမင်းကောင်းလွန်းနေတယ်လေ။ မနေ့တစ်ညပဲသုံးလိုက်တာကို ဒီလောက်ထိ ဖြူသွားခဲ့တယ်။

သူမ အနာဂတ်မှာ သူ့ကို Maskကပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။  အိမ်မှာရှိနေတုန်းမှာ သူ့ကိုမျက်နှာဖြူလေးဖြစ်အောင် ကြိုးစားပေးရမယ်။

ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် သူမဆီမှာ ပိုက်ဆံရှိပြီး ဒီဘက်ခေတ်မှ ကံဆိုးတဲ့အမျိုးသားကိုဖြူဖွေးပြီးအဆီများလာအောင် သူမကျွေးမွေးထားနိုင်တယ်။

သူမက သူမ တစ်ဦးတည်းကသာ ဒီအကြောင်းကို ဂရုပြုမိခဲ့တယ်လို့ ထင်မိသော်လည်း အပြင်ကိုထွက်လာတဲ့အချိန်မှာ စစ်သားလေးက လှမ်းပြောလာတယ်။

“ ဗိုလ်ကြီး .. ဗိုလ်ကြီးရဲ့မျက်နှာက အများကြီးပိုကောင်းလာသလိုပဲ.. တချို့နေရာတွေက အရင်ကထက် ပိုဖြူလာတယ်”

“မင်းရဲ့မရီးက ငါ့ကို ဆေးပေးခဲ့တာ”

ဆုဆုက သူအဆင်မပြေဖြစ်နေလိမ့်မယ်လို့ထင်ခဲ့ပေမဲ့ လင်းချွမ်က  ဂုဏ်ယူစွာပြောနေခဲ့တယ်။

ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ ဒီဘက်ခေတ်မှ လူတွေက maskဆိုတာ ဘာလဲဆိုတာကိုတောင် သိမှာမဟုတ်လောက်ဘူး။ သူတို့က maskကို ဆေးအဖြစ်ပဲ သဘောထားကြလောက်တယ်။

သူမက အလှပြင်ပစ္စည်းကိုသုံးခဲ့တာဖြစ်ပေမဲ့ အကျိုးသက်ရောက်မှုက မှော်ဆန်လွန်းနေခဲ့တယ်။

နောက်ပြီး လင်းချွမ်ရဲ့ဂုဏ်ယူနေတဲ့မျက်နှာက ဘယ်ကနေ ရောက်လာရတာလဲ။

သူမ နားမလည်နိုင်စွာ ရယ်မောချင်နေမိပေမဲ့ ထိန်းထားလိုက်ရတယ်။

သူတို့တွေ ကားပေါ်တက်ပြီး နှစ်နာရီကျော်လောက်မောင်းနှင်ပြီးနောက်မှာ ကွန်မြူနတီကို ရောက်ရှိလာခဲ့ကြတယ်။ သို့ပေမယ့်  လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း တောင်တွေဘက်မှာ နှင်းတွေ ထူထပ်စွာကျဆင်းခဲ့တာကြောင့် ကားက အတွင်းပိုင်းကိုမဝင်နိုင်ခဲ့ဘူး။

ဒီတော့ ရွာထဲကိုဝင်ဖို့အတွက် ကွန်မြူနတီကနေ မြည်းလှည်းငှားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ဘူး။ စစ်သားလေးကိုတော့ ကွန်မြူနတီမှာ ခဏအနားယူပြီး ပြန်သွားဖို့ပြောခဲ့တယ်။

သို့ပေမယ့် စစ်သားလေးက လင်းချွမ်ကို အိမ်အထိ လိုက်ပို့ပေးခဲ့တယ်။ အဆုံးမှာ လင်းချွမ်ကိုပြန်ပို့ပေးဖို့က သူ့ရဲ့တာဝန်ပဲလေ။

ဒီလိုနဲ့ သူတို့ အားလုံး မြည်းလှည်းထဲကိုဝင်ပြီး အိမ်သို့ ပြန်ခဲ့ကြတယ်။ ဒီလမ်းက တကယ်ကို အန္တရာယ်များလွန်းတယ်။ ကြည့်ရတာ သူတို့ ဆေးရုံကိုသွားခဲ့တဲ့အချိန်အတွင်း နှင်းတွေ အများကြီးကျထားခဲ့ပုံရပြီး လမ်းလျှောက်ဖို့အတွက် အလွန်ခက်ခဲနေခဲ့တယ်။

မြည်းလှည်းကလည်း သွားလာရခက်ခဲတာကြောင့် သူတို့တွေ ခဏလောက်သွားလိုက် ပြန်လည်အနားယူလိုက်လုပ်ကာ ခရီးဆက်လာခဲ့ရတယ်။

နောက်ဆုံးတော့ သူတို့ ရွာသို့ရောက်လာခဲ့ကြပြီး လင်းမိသားစုဝင်တွေက သူတို့ရဲ့ကလေးတွေ ရွာအပြင်ကနေ ဝင်လာတာကို မြင်တွေ့ခဲ့ကြတယ်။ သူတို့သားက မစ်ရှင်ကာလမှာ မသေမပျောက်ဖြစ်လာတာကိုမြင်မှ အမေလင်းက စိတ်သက်သာရာရစွာနဲ့ မျက်ရည်တွေ သုတ်လိုက်မိတယ်။

လင်းချွမ် လှည်းပေါ်ကနေ ဆင်းလိုက်ပြီး လှမ်းပြောလိုက်တယ်။

“အမေ အဖေ.. ကျွန်တော် အခု အလုပ်ကခွင့်ယူခဲ့တယ်”

“အဆင်ပြေပါတယ်”

အဖေလင်းက လင်းချွမ်ကိုအပေါ်အောက် ကြည့်လိုက်ပြီး စိတ်သက်သာရာရရသွားကာ လင်းဟိုင်ရဲ့ပုခုံးကိုပုတ်ရင်း အစ်ကိုဖြစ်သူကို အနောက်ဖက်အိမ်သို့ခေါ်သွားဖို့ ခိုင်းလိုက်တယ်။ သူ ဒီလမ်းလျှောက်တာက သိသိသာသာကို မတည်ငြိမ်နေခဲ့ဘူး။ ဒီတော့ သူ့ရဲ့ခြေထောက်ကိုဒဏ်ရာရခဲ့တာဖြစ်လိမ့်မယ်။

လင်းဟိုင် သူ့ရဲ့ အစ်ကိုကို တွဲပေးဖို့အတွက် အလျင်အမြန် လျှောက်သွားပြီး မရီးဖြစ်သူကိုမေးလိုက်တယ်။

“ မရီး အိမ်ထဲကိုသွားချင်လား ဒါမှမဟုတ် အနောက်ဖက်အိမ်ကို သွားချင်လား”

All Chapters