အော့မေ့ဂိုဏ်းမှကျူးကျော်မှု
Vol. 3 Ch. 274
အော့မေ့တောင်
သိုင်းလောက၏ဂိုဏ်းကြီးခြောက်ဂိုဏ်းအနက်အော့မေ့ဂိုဏ်း၏အခြေစိုက်နေရာဖြစ်သည် ။
မူလက ထိုတောင်တွင်အခြားနာမည်တစ်ခုခုရှိဟန်တူသော်လည်း အော့မေ့ဂိုဏ်းကိုတည်ထောင်ပြီးနေက်တွင် အော့မေ့တောင်ဟူ၍သာကျော်ကြားလာသည်မှာ နှစ်ရာပေါင်းများစွာရှိလေပြီ။
အော့မေ့ဂိုဏ်းမှာ သိုင်းလောကအတွင်းရှိဂိုဏ်းကြီးခြောက်ဂိုဏ်းမှတစ်ဂိုဏ်းအပါအဝင်ဖြစ်သည့်အတွက် သူတို့၏အခြေခံအုတ်မြစ်မှာနက်ရှိုင်းကာ အင်အားတောင့်တင်းသည်။
သိုင်းလောကတစ်ခုလုံးတွင် ထိပ်တန်းအဆင့်အင်အားစုများ နှစ်ဆယ်ထက်မနည်းရှိကာ ထိုအထဲမှသုံးပုံနှစ်ပုံမှာ အလယ်ပိုင်းဒေသတွင်ရှိသည် ။
ဤသည်ကိုကြည့်ကာ အလယ်ပိုင်းဒေသ၏အင်အားမှာ ကျန်ဒေသများစုပေါင်းထားခြင်းထက်ပင်သာလွန်သည်ကိုသိနိုင်သည်။
သိုင်းလောကတွင် အင်အားစုများနှင့်သိုင်းသမားများကို အဆင့်အမျိုးမျိုးသက်မှတ်ထားသည် ။
အဆင့်နိမ့် ၊ အလယ်အလက်အဆင့် ၊ အဆင့်မြင့်သိုင်းသမား ၊ ထိပ်တန်းသိုင်းသမားများစသည်ဖြင့် ရှိကြသည်။ သို့သော် ထိုလူများမှာ သိုင်းလောကတွင်နေရာအနှံ့တွေ့နိုင်ကာသိုင်းပညာမြင့်မားသည့်ဟုပြော၍မရပေ။
ထိပ်တန်းအဆင့်သိုင်းသမားများမှာမူ ပထမတန်းစား၊ ထိပ်တန်းအဆင့် အင်အားစုများ၏အဓိကအဖွဲ့ဝင်များဖြစ်ကာာမဆိုးဟုပြော၍ရသည်။
သူတို့၏အထက်တွင်အဆင့်လွန်သိုင်းသမားများရှိကာ ထိုလူများကို ထိပ်သီးအဆင့်ဟုလည်းခေါ်ကြသည် ။
အဆင့်လွန်သိုင်းအဆင့်သို့ရောက်လျှင် သိုင်းလောကတွင်လက်မထောင်နိုင်ပြီဟုစကားရှိကာ ပထမတန်းစားအင်အားစုများ၏ခေါင်းဆောင်များပင်အဆင့်လွန်သိုင်းသမားများဖြစ်ကြသည်။
သိုင်းဝိဇ္ဇာအဆင့်မှာမူ လွန်စွာနည်းပါးသည့်အရေအတွက်သာထိုအဆင့်သို့ရောက်ကာ ထိပ်တန်းအဆင့်အင်အားစုများ၏ကျောရိုးဖြစ်သည် ။
သို့သော် သိုင်းဝိဇ္ဇာများကိုသိုင်းလောကထဲတွင်တွေ့မြင်နိုင်ရန်မလွယ်ကူလှပေ။ ထိုလူများအားလုံးမှာဂုဏ်သိက္ခမြင့်မားကာ သူတို့၏လှုပ်ရှားမှုများမှာ ကမ္ဘာမြေကြီးကိုပင်တုန်လှုပ်စေသည် ။
ထိုစကားမှာ ချဲ့ကားပြောဆိုခြင်းဖြစ်သော်လည်း ထိပ်တန်းအဆင့်အင်အားစုများတွင်ပင်သိုင်းဝိဇ္ဇာအဆင့်များစွာမရှိသည့်အတွက် သိုင်းဝိဇ္ဇာများမှာအံ့အားသင့်ဖွယ်ကောင်းလှသည်။
ထိပ်တန်းအဆင့်အင်အားစုတစ်ခုမှာ သိုင်းဝိဇ္ဇာများအတွကိ များစွာကြောက်မက်ဖွယ်မကောင်းသော်လည်း နှစ်ရာပေါင်းများစွာတည်ရှိလာသည့်ဂိုဏ်းကြီးများမှာမူ သိုင်းဝိဇ္ဇာများပင် အလွယ်တကူရန်မစဝံ့ပေ။
အင်အားစုတစ်ခုကိုတည်ထောင်ရခြင်းထက်ထိုအင်အားစုတည်မြဲရန်လုပ်ဆောင်ရသည်က အဆပေါင်းများစွာခဲယဉ်းသည်။
ခေတ်အဆက်ဆက်တွင်ထိပ်တန်းအဆင့်အင်အားစုများတစ်ခုပြီးတစ်ခုထွက်ပေါ်လာတတ်သော်လည်း နှစ်ရာဖြင့်ချီ၍တည်ရှိနေသည့်ဂိုဏ်းများမှာ ဂိုဏ်းကြီးငါးဂိုဏ်းသာရှိသည်။
နှစ်ပေါင်းထောင်နှင့်ချီ၍တည်မြဲလာသည့်ရှောင်လင်ကျောင်းတော်လိုအင်အာစုမျိူးကား ဆိုဖွယ်မရှိပြီ။
ထိုဂိုဏ်းကြီးများ၏အုတ်မြစ်နှင့်အမွေအနှစ်များမှာသာမန်သိုင်းသမားများ စိတ်ကူးထားသည်ထက်ပင်ကျော်လွန်ပေသည် ။
ထို့ကြောင့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ အလယ်ပိုင်းဒေသတစ်ခုလုံး၏ခေါင်းဆောင်ဖြစ်ကာ မည်သူမှမစော်ကားဝံ့သည့်တည်ရှိမှုများဖြစ်ကြသည်။
ထိုအထဲတွင်ခရမ်းရောင်သွေးလဂိုဏ်းတော့မပါဝင်ပေ။
ခရမ်းရောင်သွေးလဂိုဏ်းမှာ အလယ်ပိုင်းဒေသရှိအနက်ရောင်အင်အားစုများကိုပေါင်းစည်းထားကာ သူတို့၏တစ်ဂိုဏ်းချင်းအင်အားမှာ ဂိုဏ်းကြီးခြောင်ဂိုဏ်းထက်ပင်သာလွန်သည် ။
ဘုရင်ငါးပါး၊ အာဏာရှင်နှစ်ယောက်နှင့် ဂိုဏ်းချူပ်နှင်းငွေ့မိစ္တာသခင်တို့မှာ ခရမ်းရောင်သွေးလဂိုဏ်း၏အုပ်ချုပ်သူများဖြစ်ကာ မကြာသေးမီက နှင်းငွေ့မိစ္တာသခင်မှာ ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းဝိဇ္ဇာများကို စိန်ခေါ်တိုက်ခိုက်ကာအနိုင်ယူထားသည် ။
ပြီးခဲ့သည့်ရက်များက နှင်းငွေ့မိစ္ဆာသခင်၏တပည့်ခရမ်းရောင်သွေးလဂိုဏ်းမှ အာဏာရှင် ငရဲဓားဝမ်းတ၏သေဆုံးမှုကြောင့် မကြာမီသိုင်းလောကအတွင်းသွေးလွှမ်းသည့်ဖြစ်ရပ်များဖြစ်ပွားတော့မည်ကိုကြိုမြင်သူများလည်းရှိကြသည်။
သူတို့တွေးထင်ထားသည့်အတိုင်းပင် .......
အော့မေ့ဂိုဏ်း
သိုင်းလောကထိပ်တန်းအဆင့်အင်အားစုကြီးများဖြစ်သည့် ဂိုဏ်းကြီးခြောက်ဂိုဏ်းမှတစ်ခုဖြစ်သည် ။
ဂိုဏ်း၏တပည့်လက်ခံပုံမှာထူးဆန်းကာ အမျိုးသမီးများကိုသာတပည့်အဖြစ်လက်ခံပြီး ထိုတပည့်များမှာလည်း ရသေ့မများဖြစ်လာကြသည်။
လက်ရှိအချိန်တွင် အော့မေ့တောင်၏နေရာအနှံ့တွင်တိုက်ပွဲများဖြစ်နေကာ ခရမ်းရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့်သိုင်းသမားများစွာမှာ အော့မေ့ဂိုဏ်းဝင်များကို ရက်စက်စွာတိုက်ခိုက်သတ်ဖြတ်နေကြသည်။
ထိုလူများမှာ လူဦးရေနှစ်ရာခန့်သာရှိသော်လည်း ထိပ်သီးနှစ်ဆယ် ၊ ထိပ်တန်းအဆင့်ငါးဆယ်နှင့် အဆင့်မြင့်သိုင်းသမားတစ်ရာကျော်မှာ ထိပ်တန်းအဆင့်အင်အားစုများကိုပင်ဖျက်ဆီးနိုင်သည်။
အော့မေ့ဂိုဏ်းဝင်များမှာမူလူဦးရေနှစ်ရာကျော်သာရှိကာအားနည်းသည့်မိန်းကလေးများဖြစ်ကြသည်။
သို့သော် ထိုမိန်းကလေးများမှာ ဓားကိုယ်စီကိုင်ထားကြပြီး ကျူးကျော်လာသူများကို ရဲဝံ့စွာခုခံတိုက်ခိုက်နေကြသည်။
အော့မေ့ဂိုဏ်းသူများမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများထက် လူအင်အားနည်းပါး သော်လည်း သူတို့၏ဂိုဏ်းဝင်တစ်ယောက်ချင်းစီကအရည်အချင်းပြည့်ဝကာ လူနှစ်ဆယ်လျှင်တိုက်ခိုက်ရေးဝင်္ကပါတစ်ခုဖွဲ့ကာ ခရမ်းရောင်သွေးလဂိုဏ်းသားများကိုအပေါ်စီးမှတိုက်ခိုက်နေကြသည်။
သူတို့၏ဂိုဏ်းချုပ်ကျောက်စိမ်းမျက်နှာရသေ့မမှာ သိုင်းလောကတွင်နံပါတ်တစ်ဝင်္ကပါပညာရှင်လည်းဖြစ်ကာ သူမ၏အစီအမံကြောင့်ပင်အော့မေ့ဂိုဏ်းသူများ အသာစီးရနေခြင်းဖြစ်သည်။
သို့တိုင်အောင် ကျဆုံးသည့်လူများရှိနေဆဲပင်။ ခရမ်းရောင်သွေးလဂိုဏ်းသားများကား အော့မေ့ဂိုဏ်းဝင်မျာထက်ပို၍ဆုံးရှုံးပေသည်။
ခရမ်းရောင်သွေးလဂိုဏ်းသားများကိုဦးဆောင်လာသူမှာမူ အသက်ခြောက်ဆယ်အရွယ်ပိန်ကပ်ကပ်နှင့် ရုပ်ဆိုးသည့်အဖိုးအိုတစ်ယောက်ဖြစ်သည် ။
ထိုအဖိုးအိုမှာ အလယ်ပိုင်းမှဟုတ်ပုံမရသည့်ထူးဆန်းသည့်ဝတ်စုံကိုဝတ်ဆင်ထားကာ အော့မေ့ဂိုဏ်းချုပ်ကျောက်စိမ်းမျက်နှာရသေ့မဖုန်းရှင်းယင်ကိုလက်ဗလာဖြင့်တိုက်ခိုက်နေသည်။
အဖိုးအိုမှကြီးမားသည့်အတွင်းအားဖြင့်ပြင်းထန်သည့်လက်ဝါးသိုင်းတစ်မျိုးကိုအသုံးပြုနေသည်။
အဖိုးအို၏ပိန်လှီနေသည့်လက်ချောင်းများမှာလွန်စွာအန္တရာယ်ကြီးကာသူ၏အင်္ကျီလက်စတစ်ချက်ယမ်းလိုက်ပါက တဝုန်းဝုန်းမည်ဟည်းသွားစေသည်။
သို့တိုင် ဖုန်းရှန်းယင်၏လက်ဝါးရိုက်ချက်များကိုခုခံနိုင်ရုံသာရှိသည်။ ဖုန်းရှန်းယင်၏လက်ဝါးများသည်လည်း အားအင်ပြည့်ဝကာ လျှင်မြန် ရက်စက်သည်။
ဖုန်းရှန်းယင်မှာ အသက်ရှစ်ဆယ်ကျော်အရွယ်ဖြစ်ကာ သူမငယ်စဥ်က လွန်စွာချောမောခဲ့သော်လည်း ယခုအခါပါးရေနားရေမတားတွန့်နေပြီး ဆံပင်များဖြူဖွေးအိုမင်းနေပြီဖြစ်စည်။
သို့သော် သူမ၏လက်နှစ်ဖက်မှာမူဖြူဖွေးလှပကာ နူးညံ့သည့်ပုံရသည်။ ထိုနူးညံ့သည့်လက်နှစ်ဖက်မှာ အကြင်နာကင်းမဲ့ကာရက်စက်သည့်လက်ဝါးကွက်များကိုထုတ်ဖော်နေကာ အဖိုးအိုကို လျှင်မြန်စွာတိုကခိုက်လျက်ရှိသည်။
ကျောက်စိမ်းမျက်နှာဖုန်းရှန်းယင်၏ အကြင်နာမဲ့လက်ဝါးသိုင်းမှာ ရန်စ၍ကောင်းသည့်ပညာမဟုတ်ပေ ။
သူမ၏လက်ဝါးကွက်မှာ အတော်လေးလျှင်မြန်ကာ အားပင်ပြင်းထန်လှသည်။ ထို့အပြင် အော့မေ့ဂိုဏ်းမှအခြားသိုင်းပညာများထက်ပို၍ရက်စက်ပေသည်။
ထို့ကြောင့်ပင် အဆိပ်ဘုရင်အဖိုးအိုမှာ စတင်တိုက်လိုက်သည့်အချိန်မှစ၍ဖိအားပေးခံနေရခြင်းဖြစ်သည် ။
အကြင်နာမဲ့လက်ဝါးသိုင်း
ကိုးဆက်မြောက်အော့မေ့ဂိုဏ်းချုပ်တီထွင်ခဲ့ခြင်းဖြစ်သည်။
အကြင်နာမဲ့လက်ဝါးသိုင်းမှာ လျှင်မြန်ခြင်းကိုအထူးပြုထားကာ တိုက်ကွက်များသည်လည်း ပြင်းထန်ရက်စက်ပေသည်။
ထိုလက်ဝါးသိုင်းမှာ သူတစ်ခုတည်းဆိုပါကအဆင့်မြင့်သိုင်းပညာတစ်ရပ်သာဖြစ်သော်လည်း သံယောဇဉ်မဲ့အတွင်းအားနှင့်တွဲသုံးပါက ထိပ်တန်းအဆင့်သိုင်းကျမ်းများထက်ပင်ပို၍အစွမ်းထက်သည်။
သို့သော် သံယောဇဉ်မဲ့အတွင်းအားမှာလေ့ကျင့်ရခက်ခဲကာ လေ့ကျင့်သူမှာ နောက်ပိုင်းအဆင့်များသို့ရောက်လာသည်နှင့်သံယောဇဉ်နှောင်ဖွဲ့မှုများအားလုံးလျော့နည်းသွားမည်ဖြစ်ကာ ခံစားချက်မဲ့သည့်ရေခဲတုံးတစ်ခုကဲ့သို့ဖြစ်သွားပေမည်။
ဖုန်ရှန်းယင်မှာ ထိုအတွင်းအားကျင့်စဉ်ကိုစတင်လေ့ကျင့်သည့်အချိန်မှစ၍ အေးစက်သွားကာ ကျောက်စိမ်းမျက်နှာရသေ့မဟုဘွဲ့နာမည်ရသည်အထိပင်။
သို့သော် ဖုန်ရှန်းယင်မှာ သံယောဇဉ်မဲ့အတွင်းအားကိုအဆင့်ကုန်အောင်မြင်သေးပုံအရချေ ။ သူမထံတွင်စိတ်ခံစားချက်အနည်းငယ်ကျန်ရှိမည်ကသေချာပေသည် ။
အဖိုးအိုလည်း စိတ်ထဲတွင်လျှင်မြန်စွာတွက်ချက်ကာ တိုက်ခိုင်ရင်းဖြင့် သူ၏လက်ကိုမသိမသာဝေ့ယမ်းလိုက်သည်။