← Chapters

အရိုးဖြူလက်ချောင်းနှင့်ပန်းသုံးပွင့်

Vol. 3 Ch. 275

အရိုးဖြူလက်ချောင်းနှင့်ပန်းသုံးပွင့်

Vol. 3 Ch. 275

အလစ်တိုက်ခိုက်မှု

မှန်ပေသည် ။ အဖိုးအိုမှ ဖုန်းရှန်းယင်ကိုအသာစီးမရနိုင်သည့်အတွက်လှည့်ကွက်များကို စတင်အသုံးပြုတော့သည်။

လေတိုးသံမကြားရဘဲ သေးငယ်သည့်အစိမ်းရောင်ပုံရိပ်လေးခုနှစ်ခုမှာ လူးလွန့်ကာပြေးသွားပြီး ဖုန်းရှန်းယင်၏လည်ပင်းနှင့် ခန္တာကိုယ်အစိတ်အပိုင်းခြောက်ခုဆီသို့တိုးဝင်သွားသည်။

အဆင့်တူသိုင်းသမားနှစ်ဦးတိုက်ခိုက်ရာတွင် သိုင်းပညာအတွင်းအား စသည်တို့သာလွန်သည့်လူကအမြဲအနိုင်ရသည်မဟုတ်ဘဲ တစ်ခါတစ်ရံ‌ကံကောင်းသည့်လူ သို့မဟုတ် ဉာဏ်ကောင်းသည့်လူမှအနိုင်ရတတ်ပေသည်။

အနက်ရောင်သိုင်းသမားအများစုမှာမူ မည်သည့်အခါမှမှန်မှန်ကန်ကန်မတိုက်ကြဘဲ အောက်တန်းကျသည့်လှည့်ကွက်များကို အမြဲလိုလိုအသုံးပြုတတ်ကြသည်။

သို့သော် ဤသည်ကလည်း သူတို့၏စွမ်းရည်ပင်ဖြစ်ကာ သေခြင်းရှင်ခြင်းတိုက်ပွဲတွင်ရှုံးနိမ့်မည့်သူမှာ‌သေဆုံးမည်ဖြစ်ကာ အနိုင်ရသူကဘုရင်ပင်ဖြစ်သည်။

ထို့ကြောင့် တိုက်ခိုက်စဉ်အောက်တန်းကျသည့်လှည့်ကွက်များအသုံးပြုခြင်းသို့မဟုတ် အလစ်တိုက်ခိုက်ခြင်းစသည်တို့မှာ အနက်ရောင်သိုင်းသမားများအတွက်ရိုးအီနေပြီဖြစ်သည်။

ဖုန်းရှန်းယင်၏မျက်နှာတစ်ချက်ပျက်သွားကာ သူမ၏လက်ကိုလျှင်မြန်စွာလှုပ်ယမ်းလိုက်သည်။

“ ရွှပ် “

ဓားချက်မှာတစ်ခုထဲဖြစ်‌သော်လည်း မြေပြင်ထက်တွင် ထက်ပိုင်းပြတ်နေသည့်အစိမ်းရောင်မြွေလေးခုနှစ်ကောင် လှုပ်ရှားလျက်ရှိသည်။

နာမည်ကျော် ရေခဲကျောင်စိမ်းဓားမှာ သူမ၏လင်ထဲသို့ရောက်နေပြီဖြစ်ကာ အဆိပ်ဘုရင်၏မြွေစိမ်းများကိုပိုင်းဖြတ်လိုက်ခြင်းဖြစ်သည်။

“ အရှက်မရှိလိုက်တာ အဆိပ်စံအိမ်ကလူဖြစ်ပြီး အောက်တန်းကျလှချေလား “

ဖုန်းရှန်းယင်မှ အေးစက်နေသည့်မျက်နှာဖြင့်ပြောလိုက်သည်။ သူမ၏လေသံမှာ ပြစ်တင်ပြောဆိုခြင်းဖြစ်သော်လည်း သာမန်ပုံစံကဲ့သို့ပင်။

ထိုမြွေစိမ်းလေးနှစ်ကောင်မှာ လွန်စွာအဆိပ်ပြင်းထန်လှသည်မြွေများဖြစ်ကာ အစွယ်ဖျားဖြင့်ခြစ်မိရုံဖြင့် ထိပ်တန်းအဆင့်သိုင်းသမားကိုတုံးခနဒလဲကျသေဆုံးစေနိုင်သည်။

ဖုန်ရှန်းယင်၏အတွင်းအားဖြင်ဆိုလျှင်သေဆုံးနိုင်မည်မဟုတ်သော်လည်း အဆိပ်ကိုနေ့တစ်ဝက်နီးနီးတိုက်ထုတ်ရပေမည်။

သေခြင်းရှင်ခြင်းတိုက်ပွဲတွင် အဆိပ်ဘုရင်အဖိူးအိုမှ နေ့တစ်ဝက်ခန့်အချိန်ပေးမည်လော ။

‌

ထိုမြွေစိမ်းလေးများမှာ ပြည်မတွင်မရှိဘဲ မြောင်ကျန်းဟုခေါ်သည့် မြောင်ဒေသတွင်သာရှိပေသည်။ ထို့ကြောင့် ဖုန်းရှင်းယင်မှာ အဖိုးအို၏ဇာတ်မြစ်ကိုခန့်မှန်းမိသွားသည်။

“ ဟဲ ဟဲ ကျုပ်ကအဆိပ်သမား‌လေ အဲ့တော့ အဆိပ်သုံးတာသဘာဝကျပါတယ် ။ ဂိုဏ်းချုပ်ခေါင်းမကောင်းဘူးလား ။

ပြီးတော့ ကျုပ်မွေးထားတဲ့ တန်ဖိုးကြီးအကောင်လေးတွေအတွက် မင်းရဲ့အသက်ကိုပေးရမယ် ။ အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပဲ “

အဆိပ်ဘုရင်မှ မြေပြင်ထက်တွင်လူးလွန်နေသည့် သူ၏မြွေစိမ်းလေးများကိုနှမြောတသဖြစ်ဟန်‌ဖြင့်ကြည့်ကာပြောလိုက်သည်။

သူ၏လေသံမှာ သာမန်ဖြစ်သည်ဆိုသော်ငြားလည်း ဖုန်းရှန်းယင်ကိုဒေါသထွက်စေရန်လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။

သူ၏ရည်ရွယ်ချက်မှာ မအောင်မြင်။

သိုင်းလောကတွင် မြင့်မားသည့်သိုင်းပညာနှင့်အေးစက်သည့်စိတ်သဘောထားကြောင့်ကျောက်စိမ်းမျက်နှာရသေ့မဘွဲ့ရဖုန်းရှင်းယင်မှာ သံယောဉ်ဇဉ်မဲ့အတွင်းအားကြောင့် အမြဲလိုလိုအေးစက်ကာခံစားချက်ကင်းမဲ့နေသည်။

သူမက ဟန်မူယာကင်းမဲ့သည့်ပုံဖြင့် သူမ၏ဓားကိုဆန့်ထုတ်ကာ ထပ်မံတိုက်ခိုက်လိုက်သည်။ ဓားကိုဆွဲထုတ်ပြီးနောက်တွင် ထပ်မံထည့်သွင်းတော့မည်မဟုတ်ပေ ။

အဖိုးအိုလည်း ဖုန်းရှင်းယင်ဒေါသမထွက်လာသည်ကိုမြင်သည်နှင့် သူ၏မျက်နှာရှုံ့မဲ့ကာ သက်ပြင်းချလိုက်သည်။

သူ၏ရည်ရွယ်ချက်ကျရှုံးသွားသည်နှင့်အိပ်နေသည့်နဂါးကို နှိုးမိသလိုဖြစ်မည်ကိုနားလည်ပေသည် ။

ယခုတစ်ကြိမ်တွင်ဖုန်းရှန်းယင်မှာ အကြင်နာမဲ့လက်ဝါးသိုင်းကိုထပ်မံအသုံးပြုတော့ဘဲ သူမ၏ကျော်ကြလှသည့်ပန်းသုံးပွင့်ဓားသိုင်းဖြင့်တိုက်ခိုက်တော့သည်။

ဖုန်းရှန်းယင်၏ အစိမ်းရောသ်တောက်ပသည့်ဓားရှည်မှာ အလွန်အမင်းမြန်ဆန်ခြင်းမရှိသလို အားအင်ပြင်းထန်ခြင်းလည်းမရှိပေ ။

သို့သော် ဓားကွက်များမှာ ရိုးရိုးရှင်းရှင်းနှင့်အစွမ်းထက်လှကာ တစ်ဖက်လူကိုချောင်ပိတ်မိစေကာ ဟာကွက်ပျော့ကွက်များကိုလျှင်မြန်စွာထိုးနှက်ပေသည် ။

အဖိုးအိုမှာဖုန်းရှန်းယင်၏ ကြောက်မက်ဖွယ်ဓားကွက်များကို သူ၏ကြီးမားသည့်အတွင်းအားကိုအားပြုကာ ခုခံနေရသည် ။

ဖုန်းရှန်းယင်မှာ လွန်ခဲ့သည့်နှစ်များစွာထဲက သိုင်းလောကထဲတွင်ကျော်ကြားခဲ့သူတစ်ဦးဖြစ်ကာ သိုင်းဝိဇ္ဇာတစ်ဦးလည်းဖြစ်သည်။ ထို့ကြောင့် သူမ၏အတွင်းအားမှာ အဆိပ်ဘုရင်အဖိုးအိုထက်လျော့နည်းမည်မဟုတ်ပေ။

သို့သော် ဖုန်းရှန်းယင်မှာ အတွင်းအားကိုများစွာသုံးစွဲခြင်းမရှိဘဲ သူမ၏နာမည်ကျော်ပန်းသုံးပွင့်‌ဓားသိုင်းဖြင့်အ‌‌ဆိပ်ဘုရင်ကိုဖိအားပေးထားသည်။

အကယ်၍ယခုပုံစံအတိုင်းသာဆက်သွာမည်ဆိုပါက အဆိပ်ဘုရင်အဖိုးအိုမှာ အတွင်းအားဦးစွာလျော့နည်းလာမည်ဖြစ်ကာ လုံးဝအနိုင်ရတော့မည်မဟုတ်ပေ။

“ နဂါးနက်ဒေါသရိုက်ချက် “

အဖိုးအိုမှ မာန်သွင်းအော်ဟစ်၍ ဖုန်ရှန်းယင်ကို သူ၏အင်္ကျီလက်စနှစ်ဖက်ဖြင့်တိုက်ခိုက်လိုက်သည်။

အနက်ရောင်အင်္ကျီစလက်များမှာ အသက်ဝင်နေသည့်မြွေနဂါးကြီးနှစ်ကောင်ပမာ တဝုန်းဝုန်းမည်လျက်ဖုန်းရှန်းယင်ထံသို့တိုးဝင်သွားသည် ။

ဖုန်းရှန်းယင်လည်း ထိုတိုက်ခိုက်မှုကြောင့်တည်ကြည်သွားကာ သူမ၏ဓားဖြင့် အလျားလိုက်ပိုင်းဖြတ်လိုက်သည် ။

“ ကျောက်စိမ်းပန်းပွင့်ခုခံမှု “

ဖုန်းရှန်းယင်၏ရေခဲကျောက်စိမ်းဓားမှ အစိမ်းရောင်ဓားလှိုင်းကြီးတစ်ခုပြေးထွက်သွားကာ အဖိုးအို၏မြွေနဂါးနှစ်ကောင်ကိုပိုင်းဖြတ်လိုက်သည်။

မြွေနဂါးနှစ်ကောင်မှာ အားအင်ပြင်းထန်သည့်ဓားလှိုင်း၏ချေဖျက်ခြင်းခံလိုက်ရကာ ပျက်ပြယ်သွားသည်။

ရုတ်ချည်း ပတ်ဝန်းကျင်တစ်ခုလုံးညှီစို့စို့အနံ့ကြီးပျံ့လွင့်လာကာ ဝတ်ရုံအောက်မှထွက်ပေါ်လာသည့် အဖိုးအို၏လက်နှစ်ဖက်မှာ သွေးမရှိသလိုဖြူစွတ်နေသည်။။

“ သိုင်းလောကထဲက ပျောက်ကွယ်သွားတဲ့ အရိုးဖြူလက်ချောင်းသိုင်းလား “

ဖုန်ရှန်းယင်မှာ မျက်နှာကွက်ခနဲပျက်သွားပြီးရေရွတ်လိုက်သည်။

အရိုးဖြူလက်ချောင်းသိုင်းမှာ ထိပ်တန်းအဆင့်အစွမ်းထက်အောက်လမ်းသိုင်းတစ်ခုဖြစ်ကာ သိုင်း‌လောကထဲမှပျောက်ကွယ်နေသည်မှာ အချိန်ကြာမြင့်လှပြီဖြစ်သည်။

ထိုလက်ချောင်းသိုင်းမှာ ပြင်းထန်လှသည့်အဆိပ်တစ်ရာကိုအသုံးပြု၍ကျင့်ကြံရခြင်းဖြစ်ကာ လက်ချောင်းနှင့်ထိမိရုံဖြင့်ခန္တာကိုယ်အတွင်းသို့ အဆိပ်အတွင်းအားများတိုးဝင်လာမည်ဖြစ်ကာ အစောပိုင်းကမြွေစိမ်းအဆိပ်ထက်အဆပေါင်းများစွာပြင်းထန်သည်။

“ ဟီး ဟီး ဂိုဏ်းချုပ်ကဗဟုသုတရှိသားပဲ “

အဆိပ်ဘုရင်မှလှောင်ပြောင်လိုက်ပြီးနောက် ရှေ့သို့ရိပ်ခနဲတိုးဝင်သွားကာ ‌ဖုန်းရှန်းယင်၏ပခုံးကိုသူ၏လက်ငါးချောင်းဖြင့်ထိုးစိုက်လိုက်သည် ။

ဖုန်းရှန်းယင်မှာ အဆိပ်ဘုရင်၏တိုက်ခိုက်မှုကို သတိကြီးစွာထားကာ ခုခံလိုက်သည်။ သူမ၏လက်ထဲမှဓားမှာ အစိမ်းရောင်အရိပ်တစ်ခုလိုပြောင်းလဲသွားကာ အဆိပ်ဘုရင်၏လက်ကိုခုတ်ဖြတ်လိုက်သည်။

“ ဝှစ် “

အဆိပ်ဘုရင်၏လက်ငါးချောင်းမှာ ချက်ခြင်းလိုလိုဘေးဘက်သို့ရွေ့သွားကာ ဓားချက်ကိုရှောင်တိမ်းလိုက်သည် ။

ထိုအချိန်တွင်လှုပ်ရှားမှုမရှိသေးသည့်သူ၏ညာလက်မှာ ဖုန်းရှန်ယင်၏ရင်ဘက်ကိုကုတ်ဆွဲလိုက်သည်။

“ ‌ မကောင်းတော့ဘူး “

ဖုန်းရှန်းယင်လည်း အန္တရာယ်အရိပ်အငွေ့ကိုခံစားမိလိုက်ကာ လျှင်မြန်စွာနောက်ဆုတ်‌လိုက်သည် ။

အဆိပ်ဘုရင်၏လက်ငါးချောင်းမှာ ဖုန်းရှန်းယင်၏ခန္တာကိုယ်နှင့်တစ်လက်မအကွာမှဖြတ်သွားကာ အေးစိမ့်သည့်အတွင်းအားလှိုင်းများကိုပင်ခံစားမိနေသည်။

အကယ်၍အစောပိုင်းမှအလစ်တိုက်ခိုက်မှုသာအောင်မြင်သွားပါက ဖုန်းရှန်းယင်မှာ သိုင်းတစ်ကွက်တည်းဖြင့်ကိစ္စပြတ်ပေမည်။

ဖုန်းရှန်းယင်လည်းနောက်အတော်ဝေးဝေးသို့ဆုတ်လိုက်ပြီးမှ အဆိပ်ဘုရင်အဖိုးအိုကိုအေးစက်စက်ကြည့်လိုက်သည်

သိုင်းလောကတွင် ပြောစရာမလိုဘဲသိထားရမည့်စည်းမျဉ်းများရှိပေသည် ။

ထိုအချက်များထဲတွင် မိန်းကလေးသိုင်းသမားတစ်ယောက်၏ရင်ဘက်ကို‌တိုက်ခိုက်ခြင်းမှာ မသင့်လျော်သည့်အချက်လည်းပါဝင်သည်။

သူမထိုလူကိုနောက်ထက်တစ်ကြိမ်လျော့တွက်မိမှန်နားလည်လိုက်သည်။ ထိုလူ၏လှည့်ကွက်များမှာ များပြားကာ အောက်တန်းကျပေသည်။

“ ဝှစ် “

လေတိုးသံတစ်ချက်နှင့်အတူ ဖုန်းရှန်းယင်မှာ ရှေ့သို့ထပ်၍တက်လာကာ သူမ၏ဓားကိုဝေ့ယမ်း၍တိုက်ခိုက်လိုက်ပြန်သည်။

ယခုတစ်ကြိမ်တွင် သူမ၏ဓားကွက်များမှာ ပို၍လျှင်မြန်လာကာ အဆိပ်ဘုရင်၏ ရှောင်တိမ်းမည့်နေရာများကို ကြိုတင်ပိတ်ဆို့ထားသည်ဟု ထင်ရသည်။

“ ပန်းတစ်ရာချုပ်နှောင်ခြင်းဓားကွက် “

အဆိပ်ဘုရင်အဖိုးအို၏မျက်ခုံးများထိစက်သွားကာ အလေးအနက်ဖြစ်လာသည်။ ထိုအဖွားကြီးမှာ သူမ၏အစွမ်းထက်ဓားကွက်များကိုစတင်အသုံးပြုနေပြီဖြစ်မှန်းသိလိုက်သည်။

ဖုန်းရှန်းယင်မှာ ဓားဆန္ဒကိုနားလည်ထားသည့်အပြင် သူမ၏ဓားသိုင်းမှာ လွန်စွာအစွမ်းထက်ကာ သာမန်သိုင်းဝိဇ္ဇာအဆင့်များကို သတ်ဖြတ်နိုင်သည်။

အဖိုးအိုလည်း သူ၏အရိုးဖြူလက်ချောင်းသိုင်းမှလူသတ်ကွက်များကို စတင်အသုံးပြုလိုက်သည်။

“ အရိုးသရဲ၏လွတ်မြောက်ခြင်း “

အဆိပ်ဘုရင်၏လက်ချောင်းများမှာ လေထုကိုတရွှီးရွှီးထိုးခွင်းကာ ဖုန်းရှန်းယင်၏ခန္တာကိုယ်ရှိအရေးကြီးသည့် သေကွင်းသေကွက်နေရာများကို ထိုးစိုက်လိုက်သည်။

All Chapters