← Chapters

အနိုင်ရရှိမှု

Vol. 3 Ch. 276

အနိုင်ရရှိမှု

Vol. 3 Ch. 276

အကယ်၍ ဖုန်းရှန်းယင်သာ ဓားရိပ်များဖြင့်ဆက်၍ပိတ်ဆို့ထားပါက ရှေ့သို့အရူးလိုတိုးဝင်တိုက်ခိုက်လာသည့် အဆိပ်ဘုရင်က်ုကျိန်းသေဒဏ်ရာအပြင်းအထန်ရရှိအောင်ပြုလုပ်နိုင်မည်ဖြစ်သည်ညာ

သို့သော် အဆိပ်ဘုရင်၏လက်ချောင်းများသည်လည်း ဖုန်းရှန်းယင်၏ခန္တာကိုယ်ပေါ်သို့ထိုးစိုက်မိသွားပေမည်။

ထိုသို့နှစ်ဦးစလုံးဒဏ်ရာကိုယ်စီရရှိသွားပါက အဆိပ်ဘုရင်မှာ ဓားဒဏ်ရာများသာ ရမည်ဖြစ်သော်လည်း ဖုန်းရှန်းယင်မှာမူ အဆိပ်ဘုရင်၏လက်ချောင်းဖြင့်ထိမိရုံဖြင့်ပင် လွန်စွာပြင်းထန်သည့်အဆိပ်သင့်ပေမည်။

ဖုန်းရှန်းယင်လည်း အဆိပ်ဘုရင်၏ရည်ရွယ်ချက်ကိုရိပ်စားမိသော်လည်း မည်သို့မှမတတ်နိုင်ဘဲ သူမ၏ဓားကွက်များကို ဖြေလျော့ပေးကာ နောက်ဆုတ်လိုက်ရသည်။

အဆိပ်ဘုရင်အဖိုးအိုမှာ ထိုအချိန်ကိုစောင့်မျှော်နေခြင်းဖြစ်ကာ ဖုန်းရှန်ယင်၏ ဓားရိပ်များပျောက်ကွယ်သွားသည်နှင့် ရှေ့သိုရိပ်ခနဲတိုးဝင်သွားလိုက်သည်။

သူ၏လက်နှစ်ဖက်ကိုပူးကပ်ကာ တစ်ဖန်တစ်စုံတစ်ရာအားဆွဲဖွင့်လိုက်သည့်သဏ္ဍာန်ပြုလုပ်လိုက်သည်။

“ ရွှီး... “

ဖုန်းရှန်းယင်၏အင်္ကျီလက်စမှာ အဆိပ်ဘုရင်၏လက်ထဲတွင်ကျန်နေခဲ့ကာ ပွတ်ကာသီကာဖြင့်လွတ်မြောက်သွားလေသည်။

အကယ်၍ သူမသာအနည်းငယ်နောက်ကျခဲ့ပါက သူမ၏ဘယ်လက်ကိုအဆိပ်ဘုရင်၏လက်ချောင်းများထိုးဖောက်သွားမည်ဖြစ်ကာ ဒဏ်ရာရရှိရုံသာမကအဆိပ်ဒဏ်ကိုလည်း အပြင်းအထန်ခံစားရပေမည်။

ဖုန်းရှန်းယင်၏မျက်လုံးများအေးစက်သွားကာ သူ၏ဓားအတွင်းသို့အတွင်းအားများစွာပို့လွှတ်လိုက်သည်။

အစိမ်းရောင်တောက်နေသည့်ဓားအဖျားမှာ တဆက်ဆက်တုန်ယင်ကာ ခါယမ်းနေသည်။ ထို့နောက်ဖုန်းရှန်းယင်မှ ဒုတိယတစ်ကြိမ်တိုက်စစ်ဆင်လိုက်ပြန်သည်။

“ ပန်းလွှာသုံးခုပေါင်းစည်းခြင်း “

ဖုန်းရှန်းယင်၏ဓားမှာ အစိမ်းရောင်ဓားလှိူင်းတစ်ခုလိုအဆိပ်ဘုရင်၏ရင်ဘက်‌ဆီသို့တိုးဝင်လာသည် ။

အဆိပ်ဘုရင်မှာ အန္တရာယ်အရိပ်အငွေ့ကိုစတင်ခံစားလိုက်မိကာ သတိကြီးစွာထား၍ဘေးဘက်သို့ရှောင်တိမ်းလိုက်သည်။

သို့သော် အစိမ်းရောင်ဓားရိပ်မှာ အဆိပ်ဘုရင်၏နောက်သို့လိုက်ပါလာကာ လွန်စွာလျှင်မြန်သည့်အရှိန်ဖြင့် နှစ်ချက်ဆင့်ထွက်ပေါ်လာသည်။

“ ရွှပ် ရွှပ် “

အဆိပ်ဘုရင်၏ဘယ်ဘက်ရင်အုံမှာ ဓားသွားဖြင့်လျှပ်ထိကာ သွေးများဖြာထွက်လာသည်။

အဆိပ်ဘုရင်မှာ သူ၏လည်ပင်းဆီသို့တိုးဝင်လာသည့်ဓားကိုရှောင်တိမ်းနိုင်လိုက်သော်လည်း ဘယ်ဘက်ရင်အုံ့ဆီသို့ရောက်လာသည့်ဓားကိုမူ လွတ်အောင်မရှောင်တိမ်းနိုင်လိုက်ပေ။

“ အဖွားကြီးကတကယ်သတ်ချင်နေပြီဟ “

အဆိပ်ဘုရင်မှာ ဖုန်းရှန်းယင်၏ရေခဲလိုအေးစက်နေသည့်မျက်လုံးများကိုကြည့်ကာ စတင်ထိတ်လန့်လာသည် ။

အစောပိုင်းကတိုက်ခိုက်မှုများမှာ ဖုန်းရှန်းယင်မှ သူ့ကိုအမှန်တကယ်မသတ်ဖြတ်လိုသေး၍ သူအခွင့်အရေးများကခဲ့ခြင်းဖြစ်သည်။

နှမြောစရာကောင်းသည်မှာ ထိုအခွင့်အရေးများငိုအသုံးပြုကာ တစ်ကြိမ်ပြီးတစ်ကြိမ်အလစ်တိုက်ခိုက်ခဲ့သော်လည်းဖုန်းရှန်းယင်ကိုမသတ်နိုင်ဘဲ သူမ၏ဒေါသကိုဆွပေးသလိုဖြစ်လာမိသည်။

ယခုအခါ ဖုန်းရှန်းယင်မှာ သူ့ကိုအမှန်ပင်သတ်ဖြတ်ချင်နေပြီဖြစ်သည်။

“ ဝှစ် ဝှစ် “

ဖုန်းရှန်းယင်၏အစိမ်းရောင်ဓားရိပ်မှာ တစ်ခုပြီးတစ်ခုဆင့်ကဲဆင့်ကဲထွက်ပေါ်လာသည်။

သူမ၏ဓားမှာ ရှုပ်ထွေးကာလျှင်မြန်နေသည့်အပြင် လားရာလမ်းကြောင်းကိုခန့်မှန်းရခက်ခဲလှသောကြောင့် အဆိပ်ဘုရင်မှာ ဒုက္ခအကြီးအကျယ်ရောက်နေသည်။

အဆိပ်ဘုရင်မှာ ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်ကာ သက်ပြင်းတစ်ချက်ချလိုက်မိသည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ လူအင်အား သိုင်းထိပ်သီးများ ပို၍သာလွန်သော်လည်း အော့မေ့ဂိုဏ်းဝင်များ၏ပူးပေါင်းတိုက်ကွက်အောက်တွင်တစ်ယောက်ပြီးတစ်ယောက်သေဆူံးနေကြသည်။

ယခုအချိန်ဆုတ်ခွာထွက်ပြေးလျှင် သူလွတ်မြောက်နိုင်မည်ဖြစ်သော်လည်း သူခေါ်ဆောင်လာသည့်ဂိုဏ်းသားများကာ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ထိုသို့ဆိုလျှင် နှင်းငွေ့မိစ္ဆာသခင်ဆီသို့ မည်သည့်မျက်နှာဖြင့် ပြန်ရမည်နည်း။

သူရွေးချယ်စရာရှိသည်ကား အသေအကြေတိုက်ခိုက်ရန်တစ်ခုသာရှိတော့သည်။

ဖုန်းရှန်းယင်၏ဓားမှာ သူ၏ရင်ဘက်ဆီသို့နောက်ထပ်တစ်ကြိမ်ပြေးဝင်လာပြန်သည်။

အဆိပ်ဘုရင်မှာ စွန့်စားရန်ဆုံးဖြတ်လိုက်သည်။ သူအောင်မြင်လျှင်အသက်ရှင်မည် ကျရှုံးလျှင်သေမည်။

“ စွပ် “

ဖုန်းရှန်းယင်၏ဓားမှာ အဆိပ်ဘုရင်၏ရင်ဘက်အတွင်းသို့စိုက်ဝင်သွားသည် ။ သို့သော် ဓားဦးမှာ အဆိပ်ဘုရင်၏ညာလက်ဖြင့်တင်းကြပ်စွာဆုပ်ကိုင်ထားခြင်းခံရကာ အသားအတွင်းသို့တစ်လက်မခန့်သာစိုက်ဝင်သည်။

အဆိပ်ဘုရင်၏မျက်နှာတွင်ကောက်ကျစ်သည့်အပြုံးတစ်ခုထွက်ပေါ်လာကာ သူ၏ဘက်လက်ကိုချက်ခြင်းဝေ့ယမ်းလိုက်သည်။

တောက်ပသည့်ဓားပျံငယ်ငါးချောင်းမှာ အဆိပ်ဘုရင်၏အင်္ကျီလက်စအတွင်းမှထွက်ပေါ်လာကာ ဖုန်းရှန်းယင်၏မတူညီသည့်ခန္တာကိုယ်အစိတ်အပိုင်းများထံသို့တိုးဝင်လာသည်။

ဖုန်းရှန်းယင်၏ အေးစက်သည့်မျက်နှာထက်တွက်မဲ့ပြုံးတစ်ခုပေါ်လာကာ အော့မေ့ဂိုဏ်းမှရေထဲလမ်းလျှောက်သိုင်းကွက်ဖြင့် နောက်သို့အလျှင်အမြန်ဆုတ်လိုက်သည်။

သို့သော် သူမ၏ညာဘက်ခြေထောက်မှာမြောက်တက်လာကာ ရေခဲကျောက်စိမ်းဓားရိုးကိုအတွင်းအားအကုန်ထည့်၍ကန်လိုက်သည်။

ဓားမြောင်သုံးချောင်းမှာ ဖုန်းရှန်းယင်၏ခန္တာကိုယ်ကိုဖြတ်ကျော်သွားသော်လည်း သူမ၏ဝဲဘက်ပခုံးနှင့်ညာဘက်ခြေထောက်တွင်ဓားမြောင်တစ်ချောင်းစီစိုက်ဝင်နေသည်။

အဆိပ်ဘုရင်မှာမူ သူ၏ဘယ်ဘက်ရင်အုံနှင့်ထိကပ်နေသည့်ဓားရိုးကိုစိုက်ကြည့်နေကာ နောက်ဘက်သို့လဲကျသွားတော့သည် ။

ရေခဲကျောက်စိမ်းဓားမှာ သူ၏ဘယ်ဘက်ရင်အုံကိုဖောက်ဝင်သွားကာ နောက်ကျောဘက်မှပြန်၍ထွက်နေသည်။

ဖုန်းရှန်းယင်လည်း တစ်ချက်ယိမ်းယိုင်သွားသည်။ သူမ၏အနီးသို့အော့မေ့ဂိုဏ်းသူနှစ်ယောက်ပြေးကပ်လာကာ ထိမ်းထားပေးလိုက်ကြသည်။

“ ဂိုဏ်းချုပ် “

ထိုဂိုဏ်းသူနှစ်ယောက်မှာ အသက်သုံးဆယ်ကျော်လေးဆယ်ဖြစ်ကာ ဖုန်းရှန်းယင်၏တပည့်ကြီးများဖြစ်ကြသည်။

သူတိူ့၏သိုင်းအဆင့်မှာ အဆင့်လွန်သိုင်းအဆင့်သို့ရောက်နေပြီဖြစ်သော်လည်း အစောပိုင်းကတိုက်ပွဲမျိုးတွင် သိုင်းသုံးကွက်ပင်ခံနိုင်မည်မဟုတ်ပေ။

“ ဝေါ့ “

ဖုန်းရှန်းယင်မှ သူမ၏တပည့်နှစ်ယောက်ကိုလက်ကာပြကာ သွေးတစ်လုပ်အန်ထုတ်လိုက်သည်။

ထို့နောက် သူမ၏ခန္တာကိုယ်တွင်စိုက်ဝင်နေသည့်ဓားမြောင်နှစ်ချောင်းကိုနုတ်ကာ ချက်ခြင်းထိုင်ချလိုက်သည်။

ဓားဒဏ်ဂာနေရာမှ မည်းနက်နေသည့်သွေးများစီးကျလာကာ သူမ၏အညိုရောင်ဝတ်စုံနှင့်ရောနှောသွားသည်။

ဖုန်းရှန်းယင်မှာ သူမ၏အင်္ကျီကြားမှဆေးပုလင်းတစ်လုံးကို အလျှင်အမြန်ထုတ်ကာ ဆေးလုံးအချို့ကိုသောက်လိုက်သည်။

ထိုအချိန်အတော်အတွင်း သူမ၏မျက်နှာမှာ ညိုမည်းလာနေပြီဖြစ်သည်။

အဆိပ်ဘုရင်ကို သူမသတ်ဖြတ်နိုင်လိုက်သော်လည်း တန်ဖိုးကြီးကြီးပေးလိုက်ရပေသည်။ အဆိပ်ဘုရင်၏ဓားမြောင်နှစ်ချောင်းမှအဆိပ်များမှာ ထင်းရှီကိုတိုက်ခိုက်စဉ်ကထက်အဆများစွာပြင်းထန်ကာသိုင်းဝိဇ္ဇာအဆင့်အတွင်းအားရှိလျှင်ပင်လွယ်ကူမည်မဟုတ်ပေ။

သူမ၏တပည့်ကြီးနှစ်‌ယောက်မှာ ဓားကိုယ်စီကိုင်ကာ သူမ၏ဆရာအနီးတွင်စောင့်ရှောက်ပေးနေကြသည်။

“ အဆိပ်ဘုရင်သေသွားပြီဟ “

“ မဖြစ်နိုင်တာ “

မည်သူမှစ၍အော်ဟစ်လိုက်သည်မသိသော်လည်း ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အဆိပ်ဘုရင်၏အလောင်းကိုကြည့်ကာ ခြောက်ချားသွားကြသည်။

သူတို့၏တိုက်ခိုက်မှုများမှာ အားပျော့လာကြကာ အနိုင်တိုက်ခိုက်ရန်ထက် ထွက်ပြေးလွတ်မြောက်ရန်ကိုကိုသာ ဦးတည်နေကြသည် ။

အော့မေ့ဂိုဏ်းဝင်များလည်း စိတ်ဓာတ်တက်ကြွလာကြကာ သူတို့၏တိုက်ခိုက်မှုများကိုပို၍အားထည့်လာကြသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ အလဲလဲအကွဲကွဲဖြင့် ဆုတ်ခွာထွက်ပြေးကုန်ကြသည်။

အော့မေ့ဂိုဏ်းသူများမှာ အောင်ပွဲကြောင့်ပျော်ရွှင်စွာအော်ဟစ်လိုက်ကြ‌မိသော်လည်း ဘေးပတ်ဝန်းကျင်ကိုပြန်၍ကြည့်လိုက်ကြမိကာ ငြိမ်သက်သွားကြသည်။

ခရမ်းရောင်သွေးလဂိုဏ်းသားများမှာ လူငါးဆယ်နီးပါးသာထွက်ပြေးလွတ်မြောက်ကာ ကျန်လူများမှာ အော့မေ့တောင်ပေါ်တွင်သာထာဝရကျန်ရစ်ခဲ့တော့သည် ။

ထိုနည်းတူ အော့မေ့ဂိုဏ်းမှလူနှစ်ရာကျော်မှ ငါးဆယ်ကျော်မှာ ဂိုဏ်းကိုကာကွယ်ရင်းအသက်ပေးသွားရရှာသည်။ ဒဏ်ရာရရှိသူများမှာလည်း ထက်ဝက်ခန့်ရှိသည်။

ဤသည်မှာ ဖုန်းရှန်းယင်၏စီမံမှုများကြောင့်ယခုလိုသူမတို့ထက်အင်အားသာလွန်လှသူများကိုအနိုင်တိုက်နိုင်ခြင်းဖြစ်ကာ ယခင်အတိုင်းဆိုပါက သူတို့ခရမ်း‌ရောင်သွေးလဂိုဏ်းမှ ထိပ်သီးများ၏လက်ချက်ဖြင့်အားလုံး မလွှဲမသွေသေဆုံးကြရပေမည်။

သူတို့၏ဆုံးရှုံးမှုမှာ ခရမ်းရောင်သွေးလဂိုဏ်းသားများနှင့်စာလျှင်နည်းပါးလှသော်လည်း ကျဆုံးသွားကြသည့်ဂိုဏ်းဝင်တစ်ယောက်ချင်းစီတိုင်းမှာ သူတို့အတွက် ညီအစ်မလိုရင်းနှီးကျွမ်းဝင်သူများဖြစ်ကြသည်။

အော့မေ့ဂိုဏ်းမှမိန်းကလေးများမှာ သူမတို့နှင့်ရင်းနှီးသူများ၏အလောင်းများကိုကြည့်ကာ မျက်ဝန်းများနီရဲလာကြပြီး တရှုံ့ရှုံ့ဖြင့်စတင်ငိုကြွေးလိုက်ကြသည်။

ထိုညီအစ်မများမှာ လွန်ခဲ့သည့်ရက်များကသူမတို့နှင့်အတူပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသော်လည်း သွေးလွှမ်းသည့်တိုက်ပွဲအပြီးတွင် ခွဲခွာသွားခဲ့ကြသည်။

အတွင်းအားကျင့်စဉ်ကိုလှည့်ပတ်ကာ အဆိပ်ကိုတိုက်ထုတ်နေသည့်ဖုန်းရှန်းယင်လည်း မျက်လုံးများပွင့်လာကာ ထရပ်၍ သူမ၏ဂိုဏ်းသူများကို ဝေ့ကြည့်လိုက်သည်။

All Chapters