မုန်တိုင်းပြီးနောက်
Vol. 3 Ch. 277
ဖုန်းရှန်းယင်၏မျက်နှာမှာ ဖြူဖျော့လျက်ရှိနေသေးကာ သူမပြန်မကောင်းသေးမှန်းသိသာပေသည်။
သို့သော် သူမ၏ကိုယ်ဟန်မှာ ဖြောင့်မက်လျက်ရှိကာ အားနည်းသည့်သွင်ပြင်ကိုလုံးဝမပြသပေ။
“ ဂိုဏ်းသူတွေနားထောင်ကြစမ်း “
သူမ၏အေးစက်စက်လေသံကြောင့် ဝမ်းနည်းပူဆွေးနေကြသည့်အော့မေ့ဂိုဏ်းသူများမှာ မော့ကြည့်လိုက်ကြသည်။
ပုံမှန်အချိန်များတွင် ဖုန်းရှန်းယင်၏အေးစက်စက်လေသံကိုကြားလျှင် အလိုလိုနေရင်းကြောက်ရွံ့ကြမည်ဖြစ်သော်လည်း ယခုအခါသူမတို့၏စိတ်ခံစားချက်များကြောင့် တည်ငြိမ်လျက်ရှိကြသည်။
ဖုန်းရှန်းယင်လည်း သေဆုံးသွားကြသည့်သူမ၏ဂိုဏ်းဝင်များကိုကြည့်ကာ သူမ၏မျက်နှာထက်တွင်ဝမ်းနည်းရိပ်များပေါ်လာသည်။
“ ဒီနေ့ ငါတို့မုန်တိုင်းကြီးတစ်ခုကိုကျော်ဖြတ်နိုင်ခဲ့ပြီ။
ဒီနေ့လိုမျိုးထပ်ပြီးမကြုံချင်ဘူး မင်းတို့ချစ်ခင်တဲ့လူတွေကို မခွဲခွာချင်ဘူးဆိုရင် မင်းတို့နောက်ပိုင်းတွေမှာ ပိုပြီးကြိုးစားဖို့လိုအပ်တယ်။
မင်းတို့သာလုံလုံလောက်လောက်အားကောင်းနေရင် ဘယ်မှမှလာပြီးရန်မစဝံ့ဘူး ရန်လာစတဲ့လူတွေကိုလည်း ပြတ်ပြတ်သားသားအနိုင်ယူနိုင်လိမ့်မယ် ။
သေခြင်းရှင်ခြင်းတိုက်ပွဲတွေမှာ သနားကြင်နာတာတွေ နူးညံ့နေတာတွေကအသုံးမဝင်ဘူး။ မင်းတို့ရနိသူတွေကို မသတ်ရင်သူတို့ကမင်းတို့ကိုသတ်ဖြတ်သွားလိမ့်မယ်။
မင်းတို့နည်းနည်းလေးတွန့်ဆုတ်နေလိုက်တာနဲ့ ရန်သူတွေက မင်းတို့ရဲ့ညီအစ်မတစ်ယောက်ချင်းစီတိုင်းကိုသတ်ဖြတ်နေလိမ့်မယ်။
ဒါကြောင့် ဒီနေ့ဖြစ်ရပ်ကိုသင်ခန်းစာယူပြီး နောက်ပိုင်းမှာ ငါတို့ဂိုဏ်းကိုပိုပြီးတိုးတက်အောင် မင်းတို့ရဲ့သိုင်းပညာတွေပိုပြီး တိုးတက်အောင်ကြိုးစားကြပါ “
ဖုန်းရှန်းယင်၏စကားဆုံးသည်နှင့် အော့မေ့ဂိုဏ်းသူများမှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်ကြကာ ပြိုင်တူအော်ဟစ်လိုက်ကြသည် ။
“ ဂိုဏ်းချုပ်ရဲ့ ဆုံးမစကားအတိုင်းကျမတို့ပိုပြီးကြိုးစားပါ့မယ် “
သူမဂိုဏ်းဝင်များ၏ပြောင်းလဲသွားမှုကိုကြည့်ကာ ဖုန်းရှန်းယင်မှာ ကျေနပ်စွာဖြင့်ခေါင်းညိမ့်လိုက်မိသည်။
ယနေ့ဖြစ်ရပ်ပြီးသည့်အချိန်တွင် သူမတို့၏အော့မေ့ဂိုဏ်းမှာ ယခင်ကထက်များစွာတိုးတက်တော့မည်ဟုလည်းသိလိုက်သည်။
ဂိုဏ်းတစ်ခု၏တိုးတက်မှုမှာ ဂိုဏ်းဝင်များ၏စိတ်ဓာတ်နှင့်သက်ဆိုင်သည်။
သိုင်းလောကကြီးမှာ ရက်စက်ကြမ်းတမ်းပေသည်။ အရာရာတိုင်းတွင် နူးညံ့ကာကိုယ်ချင်းစာစိတ်ထားနေစရာမလိုဘဲ တစ်ခါတစ်ရံတွင် ရက်စက်ပြတ်သားသည့်စိတ်ဓာတ်ရှိမှသာ အဆင်ပြေပေမည်။
ထိုမှသာ ဂိုဏ်းတစ်ခုမှာ လုံလုံလောက်လောက်တိုးတက်ကြီးထွားလာပေမည်။
အော့မေ့ဂိုဏ်း၏တည်နေရာမြေကွက်လပ်မှအနည်းငယ်ကွာဝေးသည့် တောင်တန်းတစ်နေရာရှိသစ်ပင်ကြီးတစ်ပင်အောက်တွင် အဖိုးအိုတစ်ယောက်ရပ်လျက်ရှိသည် ။
ထိုအဖိုးအိုမှာ အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကာ တည်ငြိမ်လှသည့်ဟန်အမူအယာရှိကာသူ၏မျက်ဝန်းများမှာ အကန့်အသက်မရှိနက်ရှိုင်းသည့်ရေကန်အောက်ခြေတစ်ခုကဲ့သို့ငြိမ်းချမ်းကာအေးချမ်းပေသည်။
အဖိုးအိုလည်း လက်နှစ်ဖက်နောက်ပစ်ကာ ငြိမ်သက်စွာရပ်လျက်အော့မေ့ဂိုဏ်းမှအခြေအနေများကိုအတန်ကြာစောင့်ကြည့်နေပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။
“ အင်း .. ကန်ရေပြင်လိုတည်ငြိမ်တဲ့စိတ်အခေုအနေရောက်တာတောင် သံယောဇဉ်ကြိုးကိုဖြက်တောက်နိုင်ဖို့ခက်ခဲနေတုန်းပဲ။
အတွင်းစိတ်ငြိမ်သက်မှုကိုရရှိဖို့ဘယ်လောက်ခက်ခဲလိုက်ဦးမလဲ “
အဖိုးအိုမှတစ်ဦးတည်းခပ်တိုးတိုးရေရွတ်ကာ ထိုနေရာမှ ဖြေးညင်းစွာထွက်ခွာသွားတော့သည်။
&&&&
ဝါဆန်းဂိုဏ်း
ဝါဆန်းဂိုဏ်းသည်လည်း အော့မေ့ဂိုဏ်းနှင့်ထူးမခြားနားပင်။
နေရာအနှံ့အလောင်းများပြန်ကျဲနေရာ သွေးချောင်းစီးနေသည်ဟုပြောလျှင်လွန်မည်မထင်ပေ။
ဝါန်းဆန်းဂိုဏ်းသားများမှာ သိုင်းပညာမြင့်မားသော်လည်း ခရမ်းရောင်သွေးလဂိုဏ်းမှသိုင်းထိပ်သီးများစွာနှင့် သိုင်းပညာအဆင့်မြင့်သည့်ဂိုဏ်းသားအများအပြားမှရုတ်တရက်တိုက်ခိုက်လာသည့်အတွက် ဆုံးရှုံးမှုအများအပြားကိုခံစားလိုက်ရသည်။
သူတို့ထံတွင် ပူးပေါင်းတိုက်ကွက်များရှိမနေသလို သူတို့၏ဂိုဏ်းချုပ် လျှပ်စီးဓားချိုးရှင်းယင်သည်လည်း ဝင်္ကပါပညာရှင်မဟုတ်ပေ။
ထို့ကြောင့် ဝါဆန်းဂိုဏ်းသားများမှာ နောက်ဆုံးတ်ွုအနိုင်ရခဲ့ကြသော်လည်း ဂိုဏ်းသားများစွာသေကြေခဲ့ရသည်။
သူတို့ကိုဦးဆောင်လာသည့် သရဲဘုရင်ဆိုသူကိုမူ ဝါဆန်းဂိုဏ်းချုပ်လျှပ်စီးဓားချိုးရှင်းယင်မှသတ်ဖြတ်နိုင်ခဲ့သည် ။
သို့သော် ချိုးရှင်းယင်သည်လည်း သရဲဘုရင်ကိုသိုင်းကွက်ပေါင်းငါးရာကျာ်သည်အထိအပြင်းအထန်တိုက်ခိုက်ခဲ့ရကာ သူ၏ကိုယ်ပေါ်တွင် သေစေနိုင်သည့်ဒဏ်ရာကြီးသုံးခုပင်ရရှိခဲ့သည်။
ချိူးရှင်းယင်၏ခန္တာကိုယ်တစ်ခုလုံးတွင်ပြင်းထန်သည့်ဒဏ်ရာမနည်းမနောရခဲ့ပြီးမှ နောက်ဆုံးတွင်သရဲဘုရင်၏ခေါင်းကိုဖြတ်နိုင်ခဲ့သည် ။
သရဲဘုရင်သေဆုံးပြီးနောက် မျက်နှာဖုံးအောက်မှမျက်နှာမှာ တစ်ချိန်ကသိုင်းလောကတွင်ကျော်ကြားခဲ့သည့် သရဲငိုဓားသမားဖြစ်ကြောင်းကိုသိခဲ့ရသည်။
သူတို့၏တိုက်ပွဲမှာ အနိုင်ရခဲ့သည်ဆိုသာ်ငြားလည်း ဆုံးရှုံးမှူကြီးမားလှသည်။
သူတို့နှင့်စာလျှင်ခွန်လွန်ဂိုဏ်းမှာ ဆုံးရှုံးမှုနည်းပါးလှသည်။
ခွန်လွန်ဂိုဏ်းမှာ သူတို့၏ဂိုဏ်းချုပ်မာရှောင်ကျင်းမှသိုင်းဝိဇ္ဇာအဆင့်မရောက်သေးဘဲ သိုင်းဝိဇ္ဇာမရှိဟုထင်ရပေသည် ။
သို့သော် တိုက်ပွဲအစတွင်ပင် ခရမ်းရောင်သွေးလဂိုဏ်းသားများကို ဦးဆောင်လာသူ လက်ဝါးဘုရင်ကိုသိုင်းဝိဇ္ဇာအဆင့်အဖိုးကြီးနှစ်ယောက်မှ နှစ်ယောက်ပေါင်းတိုက်ကာ သတ်ဖြတ်ခဲ့သည် ။
ထိုအဖိူးကြီးများမှာ ယခင်ဂိုဏ်းချုပ်ဟောင်း၏ ဂိုဏ်းတူအစ်ကိုနှစ်ယောက်ဖြစ်ကာ ဂိုဏ်းထဲတွင်လျှို့ဝှက်နေထိုင်ပြီး သိုင်းလောကသားများပင် သူတို့အကြောင်းကို မသိကြပေ ။
ခွန်လွန်ဂိုဏ်းကိုတိုက်ခိုက်ခဲ့သည့်လက်ဝါးဘုရင်ဆိုသည်မှာလည်း အရှေ့ပိုင်းမှဇာတ်မြုပ်နေထိုင်သည့် သိုငိးထိပ်သီးတစ်ဦးဖြစ်သည်။
ဂိုဏ်းကြီးခြောက်ဂိုဏ်းအနက်မှ ရှောင်လင်၊ဝူတန်းနှငိ့ သူတောင်းစားဂိုဏ်းတို့သာတိုက်ခိုက်မခံကခြင်းဖြစိကာ ကျန်ဂိုဏ်းများမှာ ခရမ်းရောင်သွေးလဂိုဏ်း၏ကျူးကျော်မှုကိုခံခဲ့ရသည်။
ထိုအဖြစ်အပျက်မှာ သိုင်းလောကတစ်ခုလုံးကိုတုန်လှုပ်သွားစေကာ ဂိုဏ်းကြီးခြောက်ဂိုဏ်း၏တုံ့ပြန်မှုကိုစောင့်ကြည့်နေကြသည် ။
ခရမ်းရောင်သွေးလဂိုဏ်းမှာ အင်အားကြီးမားလှသော်လည်း သူတို့၏လုပ်ရပ်မှာ အသိဉာဏ်နည်းပါးလှသည်ဟုလည်းတွေးလိုက်ကြသည် ။
အကယ်၍ ဂိုဏ်းကြီးသုံးဂိုဏ်းကို တစ်ပြိုင်ထဲတိုက်ခိုက်ခြင်းမရှိဘဲ သူတို့၏လူအင်အားကိုသာ အကုန်အသုံးပြုကာ ဂိုဏ်းတစ်ခုထဲသိူ့တိုက်ခိုက်ပါက ရှောင်လင်ဝူတန်းကဲ့သို့ ထိပ်ဆုံးဂိုဏ်းကြီးများပင်ခုခံနိုင်မည်မဟုတ်ပေ။
ယခုအခါတွင်မူသူတို့၏ဂိုဏ်းသားငါးရာခြောက်ရာခန့်ဆုံးရှုံးသွားသည့်အပြင် သိုင်းဝိဇ္ဇာအဆင့်ဘုရင်နှစ်ပါးပါသေဆုံးခဲ့ရသည်။
နှင်းငွေ့မိစ္ဆာသခင်မှာ နောက်ထပ်လှုပ်ရှားမှုပြုလုပ်မည်ဟုတွေးထင်လိုက်ကြသော်လည် ခရမ်းရောင်သွေးလဂိုဏ်းမှာ ထိုဖြစ်ရပ်အပြီးတွင်ငြိမ်သက်နေကာ ဂိုဏ်းကြီးငါးဂိုဏ်းမှာမူသူတို့၏အင်အားများကိုစုဆောင်းနေကြသည်။
ထို့ကြောင့် မကြာခက်အချိန်အတောတွင်း အဆုံးသတ်တိုက်ပွဲကြီးတစ်ခုဖြစ်တော့မည်ဟုလည်း သိလိုက်ကြသည် ။
&&&&
မြေအောက်နန်းဆောင်
နှင်းငွေ့မိစ္ဆာသခင်မှာ ထိုင်ခုံကြီးပေါ်တွက် ထိုင်လျက်ရှိကာ သူ၏ရှေ့ဘက်တွင် အရိပ်တပ်ဖွဲ့ခေါင်းဆောင်သစ် ၊ အမှောင်လက်ဝါးဝမ်းတနှင့် သံမဏိဘုရင်တို့ရှိနေကြသည်။
အရိပ်တပ်ဖွဲ့ဟုပြောသော်လည်း ယခုအခါ လူ လေးဆယ်ရှိသည့်အရိပ်တပ်ဖွဲ့မှာ ခေါင်းဆောင်နှင့်လူလေးငါးယောက်သာကျန်ရှိတော့သည် ။
အရိပ်တပ်ဖွဲ့ခေါင်းဆောင်ဟောင်းသစ္စာဖောက်စဉ်က သူနှင့်အတူလူဆယ်ယောက်လိုက်ပါသွားကာ ကျန်လူများမှာမူ ငရဲဓားဝမ်းတုထောင်ချောက်ဆင်ခံလိုက်ရပြီးနောက် နှင်းငွေ့စ္ဆာသခင်မှသူသံသယရှိသည့်လူများကိုတုံ့ဆိုင်းခြင်းမရှိသတ်ဖြတ်ခဲ့သည်။
ယခုရှိနေကြသည့်ခေါင်းဆောင်သစ်နှင့်သူ၏လက်အောက်မှလူငါးယောက်မှာလည်း နည်းလမ်းတစ်မျိုးဖြင့်ထိမ်းချုပ်ထားသည့်အတွက် နှင်းငွေ့မိစ္ဆာသခင်အပေါ်လုံးဝသစ္စာရှိကာ မသတ်ဘဲချန်ထားခဲ့ခြင်းဖြစ်သည် ။
“ သခင်ကြီး ကျုပ်တို့အင်အားတွေအကုန်နီးပါးပျက်စီးကုန်ပြီ။
ဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုက်ခိုက်တုန်းကအသက်ရှင်ကျန်ခဲ့တဲ့လူတွေကလည်း ဂိုဏ်းကိုပြန်မလာဘဲပုန်းရှောင်နေကြတယ် “
အရိပ်တပ်ဖွဲ့ခေါင်းဆောင်မှ ဒူးထောက်နေရင်းနှင်းငွေ့မိစ္ဆာသခင်ကိုပြောလိုက်သည်။ သူ၏ဦးခေါင်းမှာ ကြမ်းပြင်ကိုစိုက်ကြည့်နေကာညနှင်းငွေ့မိစ္ဆာသခင်ကို မော့ကြည့်ရဲခြင်းမရှိပေ။
ဤသည်မှာ သူ၏အဆင့်အတန်းကိုပြသနေခြင်းလည်းဖြစ်ကာ ထိုလူ၏အဆင့်မှာ ဝမ်းတနှင့်သံမဏိဘုရင်ထက်ပို၍လျော့နည်းပေသည်။
“ ဟမ့် ဒီကောင်တွေပြန်မလာတော့ဘာဖြစ်လဲ ငါကလဲပြန်လာတဲ့လူတွေကိုသတ်မိန့်ထုတ်ပြီးပြီလေ။
ငါတိူ့ရဲ့ဌာနချုပ်ကသူတောင်းစားဂိုဏ်းရဲ့လက်ထဲကိုရောက်သွားပြီး သူတို့ကလည်း အသက်စွနိ့မတိုက်တဲ့အတွက် ခရမ်းရောင်သွေးလဂိုဏ်းသားတွေမဟုတ်ကြတော့ဘူး။ မင်းကငါ့ကိုမေးခွန်းထုတ်နေတာလား “
နှင်းငွေ့မိစ္ဆာသခင်မှ အေးစက်စက်နှာခေါင်းရှူံကာပြောလိုက်သည်။
သူ၏စကားကြောင့် အရိပ်တပ်ဖွဲ့ခေါင်းဆောင်မှာ တုန်လှုပ်သွားကာ အလျှင်အမြန်ခေါင်းယမ်းလိုက်သည်။