← Chapters

နှင်းငွေ့မိစ္ဆာသခင်၏ အစီအစဉ်

Vol. 3 Ch. 278

နှင်းငွေ့မိစ္ဆာသခင်၏ အစီအစဉ်

Vol. 3 Ch. 278

“ မဟုတ် မဟုတ်ပါဘူး သခင်ကြီး ကျုပ်က ဂိုဏ်းရဲ့အင်အားကိုလျော့နည်းသွားစေလို့ စိုးရိမ်လို့မေးတာပါ “

အရိပ်တပ်ဖွဲ့ခေါင်းဆောင်မှာ ကြောက်ရွံ့တုန်လှုပ်သွားကာ အလျှင်အမြန်ဖြေရှင်းချက်ပေးလိုက်သည် ။

ဘေးနားတွင်ရပ်နေသည့်သံမဏိဘုရင်မှ သူ၏ကျားဟိန်းသံလို ကျယ်လောင်သည့်အသံကြီးဖြင့် ဝင်ရောက်ပြောဆိုလိုက်သည်။

“ ဟုတ်တယ်သခင် ကျုပ်လည်းနားမလည်နိုင်ဘူး ။။ဟိုဘုရင်ဆိုတဲ့ကောင်တွေက သုံးစားမရပေမယ့် သူတို့သိုင်းပညာကတော့မဆိုးဘူး။။

နောက်ပြီးဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုက်ခိုက်တော့ ကျုပ်တို့ရဲ့ ဂိုဏ်းသားတွေအများကြီးသေသွားပေမယ့် ဘာမှလဲဖြစ်မလာဘူး “

သံမဏိဘုရင်၏မေးခွန်းကြောင့် နှင်းငွေ့မိစ္ဆာသခင်မှ ခေါင်းကိုအသာညိမ့်ကာပြောလိုက်သည်။

“ ဟုတ်တယ် ငါကသူတို့ကိုဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုက်ခိုက်ခိုင်တာက အကျိုးအမြတ်မရဘဲနဲ့ ဆုံးရှုံးခဲ့တယ် ။ ဘုရင်‌သုံးယောက်လည်းသေဆုံးသွားခဲ့တယ်။

ဒါပေမယ့်သူတို့သုံးယောက်က ငါ့ဆီကိုအကျိုးအမြတ်ကြောင့်ပူးပေါင်းလာကြတာပဲ ။ ငါတို့ရဲ့ဆက်ဆံ‌ရေးက အကျိုးအမြတ်အပေါ်မူတည်နေတယ်။

သူတို့ရဲ့စိတ်နှလုံးကငါ့ဆီမှာရှိမနေဘူး။ နောင်တစ်ချိန်ကျရင်သူတို့ကပြန်ပြီးဒုက္ခပေးနိုင်တယ် ။ ငါကသူတို့လေးယောက်လုံးကိုမမှုပေမယ့် အရိပ်တပ်ဖွဲ့ခေါင်ဆောင်ဟောင်းတုန်းကလို မလိုလားအပ််တဲ့ပြဿနာတွေမဖြစ်စေချင်ဘူး။

ဒါကြောင့် ငါတို့ရဲ့အစီအစဉ်ကြီးမတိုင်မှမှာ သူတို့ကိုရှင်းထုတ်လိုက်တာပဲ “

နှင်းငွေ့မိစ္ဆာသခင်မှ ခန်ညားစွာပြောလိုက်ကာ သူ၏လေသံမှာ အားမာန်ပါလှသည်။

“ ဝမ်ဘူ မင်းဘာလို့ငါ့နောက်ကိုသစ္စာရှိရှိလိုက်နေတာလဲ “

နှင်းငွေ့မိစ္ဆာသခင်မှစကားဖြတ်ကာမေးလိုက်သည့်အတွက် သံမဏိဘုရင်လည်းအံ့အားသင့်သွားပြီး ဒူးထောင်ထိုင်ချကာပြောလိုက်သည်။

“ အဲဒီအချိန်တွေတုန်းက သခင်သာကျုပ်ကို မတော်တဆတွေ့ပြီးမကယ်တင်ဘူးဆိုရင် ကျုပ်က ဘာမှအသုံးမကျတဲ့ကျွန်တစ်ယောက်ဖြစ်နေပြီး ကျုပ်မျိုးနွယ်စုရဲ့ရန်ငြိုးကိုလည်းလက်စားချေပေးနိုင်မှုမဟုတ်ဘူး ။

အခုလို သိုင်းအဆင့်ထိရောက်အောင် သခင်ကလေ့ကျင့်ပေးခဲ့ပြီးတော့ ကျုပ်ရဲ့ရန်သူမျိုးနွယ်စုကိုကျုပ်တစ်ယောက်မကျန်သတ်ဖြတ်ပြီးလက်စားချေခဲ့တယ် ။ နောက်ပြီးကျုပ်အသက်ရှင်နေသရွေ့ သခင်ကိုသစ္စာစောင့်သိပြီး သခင်ခိုင်းသမျှကိုလုပ်ပေးမယ်လို့ကျိန်ဆိုခဲ့တယ် “

သံမဏိဘုရင်၏စကားကြောင့် သူ၏ဇာတ်မြစ်ကို သိရှိမထားသည့်ဝမ်းတနှင့်အရိပ်တပ်ဖွဲ့ခေါင်းဆောင်မှာ အံ့အားသင့်သွားကြသည်။

သိုင်းဝိဇ္ဇာများကိုပင်သတ်ဖြတ်နိုင်သည့် ခရမ်းရောင်သွေးလဂိုဏ်းမှသံမဏိဘုရင်မှာ နှင်းငွေ့မိစ္ဆာသခင်၏အစေခံတစ်ယောက်သာဖြစ်ခဲ့သည်။

နှင်းငွေ့မိစ္ဆာသခင်၏အမူအယာမှာပျော့ပြောင်းသွားကာ ညင်သာစွာပြောလိုက်သည်။

“ မင်းကငါ့ရဲ့အစေခံဆိုပေမယ့် ငါကမင်းကိုဘယ်တုန်းကမှအစေလခံလိုသဘောမထားတာမင်းသိသားပဲ ။ မင်းကငါ့ရဲ့အားအကိုးရဆုံးလက်အောက်ငယ်သားပဲ။

မင်းသာထွက်သွားချင်ရင် အချိန်မရွေးထွက်သွားလို့ရတယ်လို့ငါပြောထားပြီးသားပဲ “

နှင်းငွေ့မိစ္ဆာသခင်၏သဘောထားကြောင့် ဒူးထြော်လျက်ထိုင်နေသည့် သံမဏိဘုရင်၏ခန္တာကိုယ်ကြီးမှာတုန်ခါလာသည်။

ထို့နောက် နှင်းငွေ့မိစ္ဆာသခင်ကို မျက်ရည်များပြည့်နေသည့်မျက်လုံးများဖြင့်မော့ကြည့်ကာ ခိုင်မာပြတ်သားစွာ ပြောလိုက်သည်။

“ ကျုပ် သခင်ကြီးရဲ့သဘောထားကြောင့်ကျုပ်‌သေပျော်ပါပြီ ။ ကျုပ်မသေမချင်း သခင်ကြီးရဲ့အနားကထွက်သွားမှာမဟုတ်ပါဘူး ။ သခင်ကြီးရဲ့ရည်မှန်းချက်တွေအောင်မြင်အောင်အသက်စွန့်ပြီးဆောင်ရွက်ပေးသွားမှာပါ “

သူ၏လေးနက်သည့်စကားများထဲမှ စိတ်ဓာတိခိုင်မာမှုနှင့် စိတ်ဆုံးဖြတ်ထားမှုကိုတွေ့နိုင်သည် ။

နှင်းငွေ့မိစ္ဆာသခင်လည်းကျေနပ်စွာဖြင့်ခေါင်းတဆက်ဆက်ညိမ့်လိုက်ကာ ပြောလိုက်သည်။

“ ကောင်းတယ် ကောင်းတယ် ထပါ ။

မင်းရယ် အရိပ်တပ်ဖွဲ့ခေါင်းဆောင်သစ်နဲ့ ငါ့ရဲ့တပည့်ဝမ်းတဆိုတာကလည်း သေတာတောင်ငါ့အပေါ်ကိုသစ္စာဖောက်မှာမဟုတ်ဘူ။ ဒီလိုလူမျိုးတွေနဲ့ ဘုရင်သုံးယောက်ကိုဘယ်လိုလုပ်နှိုင်းယှဥ်နိုင်မှာလဲ။

ဒါကြောင့်လည်းငါက သူတို့ကို အင်အားအများအပြားခွဲဝေပေးပြီး ဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုက်ခိုက်ခိုင်းရတာပဲ။ ငါ့ရဲ့ရည်ရွယ်ချက်ကသူတို့ကိုအနိုက်ရဖို့မဟုတ်ဘူး သူတို့ရဲ့စုပေါင်းအင်အားကိုအများကြီးလျော့ကျသွားအောင်လို့ပဲ “

နှင်းငွေ့မိစ္ဆာသခင်၏စကားကြောင့်ထိူလူများလည်းခေါင်းညိမ့်လိုက်မိကြသည်။ ထို့နောက်ဝမ်းတမှ အနည်းငယ် နားမလည်သည့်ဟန်ဖြင့်မေးမြန်းလိုက်သည်။

“ ဆရာ သူတို့ကရောဘာလို့ ဆရာ့ကိုအမှန်တကယ်သစ္စာရှိတာမဟုတ်ဘဲနဲ့ အသက်စွန့်ပြီးတိုက်ခိုက်ရတာလဲ “

သူ၏မေးခွန်းကြောင့် နှင်းငွေ့မိစ္ဆာသခင်မှသဘောကျစွာပြုံးလိုက်သည်။

“ သူတို့ကို လက်ရွေးစင်ဂိုဏ်းသားနှစ်ရာစီပေးပြီးတော့ ဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုင်ခိုက်ခိုင်းတယ်ဆိုတာ တကယ်တော့ ကိုယ်ကိုယ်ကိုသတ်သေခိုင်းတာတဲ့အတူပဲ။

သူတို့အနိုင်မရနိုင်ဘူးဆိုတာကိုလဲ ငါသိတယ် ။နှစ်ရာနဲ့ချီပြီးတည်မြဲလာတဲ့ဂိုဏ်းတွေရဲ့အုတ်မြစ်ကမင်းတို့တွေးထင်တာထက်ပိုပြီးနက်ရှိုင်းတယ် “

သူ၏စကားကြောင့် ဝမ်းတတို့သုံးယောက်မှာပို၍အံ့အားသင့်သွားကြသည် ။နှင်းငွေ့မိစ္ဆာသခင်မှာဆက်၍ပြောလိုက်သည်။

“ ဘယ်နေရာမှမဆို ထွက်ပေါက်တစ်ခုပေးထားသင့်တယ် ။သူတို့ကိုငါက ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ဂိုဏ်းချုပ်တွေကိုသတ်ဖြတ်နိုင်ရင် ကျန်တဲ့ဂိုဏ်းသားတွေကိုဂရုစိုက်စရာမလိုဘဲ ပြန်လာလို့ရတယ်လို့အမိန့်ပေးလိုက်တယ်လေ။

သူတို့နဲ့အတူလိုက်သွားတဲ့ လက်ရွေးစင်ခြောက်ရာက ဂိုဏ်းကြသုံးဂိုဏ်းကိုအင်အားချိနဲ့‌ စေဖို့ရည်ရွယ်ထားတာပဲ ။

သူတို့အနိုင်ရမယ်လို့ ငါဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး ။ သိုင်းဝိဇ္ဇာအဆင့်တွေဆိုတာ ဂုဏ်သိက္ခာရှိပြီး ပြောစကားကိုတည်ကြတယ်။။

ဒါကြောင့်လည်း သူတို့က အရေးနိမ့်တာတောင် ထွက်ပြေးဖို့မကြိုးစားဘဲ ဂိုဏ်းချုပ်တွေကိုသတ်ဖို့အစွမ်းကုန်ကြိုးစားခဲ့တာပေါ့ သူတို့သုံးယောက်လုံးသေဆုံးသွားတာကတော့ ကံတရားပဲလေ ။ “

နှင်းငွေ့မိစ္ဆာသခင်မှအေးစက်စက်ပြောလိုက်သည် ။သူ၏လေသံတွင် သနားကြင်နာမှုတို့ရှိမနေဘဲ ဘုရင်သုံးပါးသေဆုံးသွားရသည်ကိုမည်သို့မှဖြစ်ဟန်မတူပေ။

ဝမ်းတတို့လူစုမှာ နှင်းငွေ့မိစ္ဆာသခင်၏အစီအစဉ်ကိုသိရှိပြီးနောက် ပင့်သက်ရှိုက်လိုက်မိကြသည် ။

ထိုအစီအစဉ် များစွာကောင်းမွန်သလို ရက်စက်အကွက်ကျလှသည် ။

ဂိုဏ်းကြီးသုံးဂိုဏ်းကို တိုက်ခိုက်ရင်းသေဆုံးသွားကြသည့် ခရမ်းရောင်သွေးလဂိုဏ်းသားများကား နှင်းငွေ့မိစ္ဆာသခင်၏အစီအစဉ်ထဲမှ ပွန်းရုပ်လေးများပင်ဖြစ်သည်။

နှင်းငွေ့မိစ္ဆာသခင်၏ အမူအယာမှာ တည်ကြည်‌လေးနက်သွားကာ သူ၏လေသံသည်လည်း ပြောင်းလဲသွားသည် ။

“ အခု ငါတို့ရဲ့အတွင်းပြဿနာတွေကိုဖြေရှင်းပြီးပြီဆိုတော့ ဂိုဏ်းကြီးခြောက်ဂိုဏ်းကို အမှန်တကယ်စိန်ခေါ်လို့ရပြီ။

ပြီးခဲ့တဲ့ အဖြူအနက်ယှဉ်ပြိုင်ပွဲက ဂိုဏ်းချုပ်တွေရဲ့အင်အားကိုသိချင်လို့ငါစမ်းသပ်တာပဲ။

‘ တစ်ယောက်ကောင်းရင် တစ်သောင်းဗိုလ်ချေညက်ညက်ကျေတဲ့ ‘

ကိုယ်က လုံလုံလောက်လောက်အားကောင်းနေရင် နောက်လိုက်နောက်ပါတွေရဲ့အင်အားကိုအများကြီးအားထားစရာမလိုဘူး ။

ခရမ်းရောင်သွေးလဂိုဏ်းဆိုတာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုအင်အားချိနဲ့သွားစေဖို့ငါဖန်တီးထားတာပဲ။

အရင်တုန်းကပုံစံနဲ့သာဆိုရင် ဂိုဏ်းကြီးခြောက်ဂိုဏ်းရဲ့ပူးပေါင်းတိုက်ခိုက်မှုဖြစ်လာရင် ငါတို့ဘယ်လိုမှတောင့်ခံနိုင်မှာမဟုတ်ဘူး ။

ဒါပေမယ့် အခုကမတူတော့ဘူး ။ ဘုရင်သုံးပါးနဲ့ဂိုဏ်းသားတွေကြောင့်ဂိုဏ်းကြီးသုံးခုကအင်အားနည်းနေပြီ။ ဝူတန်းကိုဓားဘုရင်တာဝန်ယူလိမ့်မယ်။

သူတောင်းစားဂိုဏ်းကအင်အားများပေမယ့် သိုင်းထိပ်သီးဒီလောက်ရှိတာမဟုတ်ဘူ။ ငါတို့တကယ်ရင်ဆိုင်ရမှာ ရှောင်လင်တစ်ခုထဲ ။

ရှောင်လင်ထဝူတန်းဂိုဏ်း ၊ သူတောင်းစားဂိုဏ်းနဲ့ အင်အားချိနဲ့နေတဲ့ဂိုဏ်းသုံးခုကို ဖြိုနိုင်ရင် ငါတို့အလယ်ပိုင်းရဲ့အရှင်သခင်ဖြစ်ပြီ

အလယ်ပိုင်းကို အနိုင်ရပြီးရင်ကျန်တဲ့ဒေသတွေကိုသိမ်းပိုက်ဖို့ဆိုတာ ငှက်ပျောသီးအခွံခွာရတာထက်ပိုပြီးလွယ်ကူတယ်။ “

နှင်းငွေ့မိစ္ဆာသခင်၏ တည်ကြည်လေးနက်သည့်လေသံကြောင့် ဝမ်းတတို့သုံးယောက်မှာကြက်သီးဖျန်းဖျန်းထသွားကာ စိတ်အားတက်ကြွလာကြသည်။

“ အရိပ် မင်းက ဒီလရှစ်ရက်နေ့ကျုံးဟွာတောင်ထိပ်မှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကိုခရမ်းရောင်သွေးလဂိုဏ်းကစိန်ခေါ်တယ်လို့ာသိုင်းလောကထဲမှာသတင်းဖြန့်လိုက်။

သူတို့ဒီရက်ပိုင်းအထိနာထားတော့ ဘယ်လိုမှငြိမ်နေမှာမဟုတ်ဘူး ။ ငါတို့ကိုသေချာပေါက်လက်စားချေမှာပဲ။ နောက်ပြီးငါတို့ရဲ့အင်အားတွေပျက်စီးသွားပြီလို့တွေးနေကြမှာပဲ။

သံမဏိနဲ့ဝမ်းတက မင်းတို့လေ့ကျင့်ပေးထားတဲ့လူတွေနဲ့ နှလုံးကြွေဆေးလုံးစားထားတဲ့လူတွေကိုအသင့်ပြင်ထား ။ အချိန်ကျလာရင်ဂိုဏ်းကြီးခြောက်ဂိုဏ်းကလူတွေအံ့ဩသွားစေရမယ် “

နှင်းငွေ့မိစ္ဆာသခင်မှသူတို့ကိုအမိန့်အသီးသီးပေးလိုက်ကြသည့်အတွက် ဝမ်းတတို့သုံးယောက်လည်းဒူးထောင်ကာ ခေါင်းညိမ့်လိုက်ကြသည်။

နှင်းငွေ့မိစ္ဆာသခင်၏ခန္တာကိုယ်မှ လွန်စွာကြောက်မက်ဖွယ်ကောင်းသည့်အခိုးအငွေ့မျထွက်ပေါ်လာကာ အေးစိမ့်နေသည့်လေသံဖြင့်ရေရွတ်လိုက်သည် ။

“ အဲဒီအချိန်ကျရင် သွေးလဖျက်ဆီးသူဆိုတဲ့ကောင်တွေရောပေါ်လာမှာပဲ။ သူတို့ကို အမှန်တကယ်ဖျက်ဆီးပစ်ပြီးငရဲကျသလိုခံစားစေရလိမ့်မယ် ။ဒီလိုမှမဟုတ်ရင် ဝမ်းတုကိုမျက်နှာပြနိုင်မှာမဟုတ်တော့ဘူး “

နှင်းငွေ့မိစ္ဆာသခင်၏ကြောက်မက်ဖွယ်ပုံစံကြောင့် သံမဏိဘုရင်နှင့်အရိပ်တပ်ဖွဲ့ခေါင်းဆောင်တို့တုန်လှုပ်သွားကြသော်လည်း ဝမ်းတမှခေါင်းမော့ကာ ရူးသွပ်သည့်လေသံဖြင့် ရယ်မောလိုက်သည်။

သူ၏လေသံထဲတွင် သွေးဆာရက်စက်ခြင်းများပြည့်နှင်နေသည်။

All Chapters