← Chapters

စူးဟိုင်မှသိုင်းသမားများ

Vol. 3 Ch. 279

စူးဟိုင်မှသိုင်းသမားများ

Vol. 3 Ch. 279

သိုင်း‌လောကထဲတွင် သတင်းတစ်ခုပျံ့နှံ့လာသည်။ ခရမ်းရောင်သွေးလဂိုဏ်းမှာ ဂိုဏ်းကြီးခြောက်ဂိုဏ်းကို ဟူပေနယ်နှင့်ထျန်ကျင်းနယ်တို့ဆုံရာ ကျုံးဟွာတောင်ပေါ်တွင် ငါးလပိုင်းရှစ်ရက်နေ့တွင်တိုက်ခိုက်ရန်စိန်ခေါ်သည့်သတင်းဖြစ်သည် ။

ထိုသတင်းမှာ တိုးတိုးကြိတ်ကြိတ်ထွက်ပေါ်လာခြင်းမဟုတ်ဘဲ သိုင်းလောကတစ်ခုလုံးလှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပျံ့နှံ့နေခြင်းဖြစ်သည်။

ယခင်က ခရမ်းရောင်သွေးလဂိုဏ်းချုပ်နှင်းငွေ့မိစ္ဆာသခင်မှ ဂိုဏ်းကြီးခြောက်ခုမှ ဂိုဏ်းချုပ်များကိုစိန်ခေါ်ခဲ့သော်လည်း

ထိုစဉ်က သိုင်းပညာယှဉ်ပြိုင်မှုသာဖြစ်ခဲ့သည်။

ယခုတစ်ကြိမ်မှာမူ ခရမ်းရောင်သွေးလဂိုဏ်းမှဂိုဏ်းကြီးခြောက်ဂိုဏ်းကိုစိန်ခေါ်ခြင်းဖြစ်သဖြင့် ကိုယ်စားပြုကွဲပြားပေသည် ။

ပြီးခဲ့သည့်ရက်များက ခွန်လွန်၊အော့မေ့၊ဝါဆန်းဂိုဏ်းများသို့ ခရမ်းရောင်သွေးလဂိုဏ်းမှ ဘုရင်သုံးပါးဦးဆောင်ကာ သိုင်းထိပ်သီးများစွာပါသည့်အင်အားအလုံးအရင်းဖြင့်ဝင်ရောင်တိုက်ခိုက်ခဲ့ကြသည်။

ထိုတိုက်ပွဲများတွင် ဂိုဏ်းကြီးသုံးဂိုဏ်းဘက်မှအောင်ပွဲဆင်ကာ ခရမ်းရောင်သွေးလဂိုဏ်း၏ဘုရင်သုံးပါးလုံးကိုသတ်ဖြတ်နိုင်ခဲ့သော်လည်း သူတို့ဂိုဏ်းသုံးခုသည်လည်း လူပေါင်းများစွာသေကြေကာ စုစုပေါင်းအင်အား၏ထက်ဝက်နီးနီးဆုံးရှုံးခဲ့ရသည် ။

ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ထိုဖြစ်ရပ်ကိုအခဲမကျေဖြစ်နေသည်မှာ သေချာလှကာ ယခုကျုံးဟွာတောင်ပေါ်တွင် လက်စားပြန်ချေနိုင်ပေသည်။

ခရမ်းရောင်သွေးလဂိုဏ်းမှာမူ ဘုရင်သုံးပါးသေဆုံးပြီးသည့်အပြင့် ဂိုဏ်းကြီးသုံးဂိုဏ်းကိုတိုက်ခိုက်စဉ်

သူတို့၏အင်အားအားလုံးနည်းပါးမှာ သေဆုံးသူများစွာရှိကာ ထွက်ပြေးသူများလည်း မနည်းမနောပင်။

ထို့ကြောင့် ယခုစိန်ခေါ်မှုမှာ ရူးမိုက်လှသည့်လုပ်ရပ်ဖြစ်သော်လည်း သိုင်းဝိဇ္ဇာသုံးယောက်ကိုတစ်ဦးတည်းသတ်ဖြတ်ဖူးသည့်နှင်းငွေ့မိစ္ဆာသခင်မှာ လွန်စွာကြောက်မက်ဖွယ်ကောင်းလွန်းသည် ။

တစ်ဦးချင်းသိုင်းပညာအရပြောရလျှင်နှင်းငွေ့မိစ္ဆာသခင်ကို ဂိုဏ်းကြီးခြောက်ဂိုဏ်းဘက်မှယှဉ်နိုင်သူမရှိဘဲ နှင်းငွေ့မိစ္ဆာသခင်ကိုအနိုင်ရရန် သိုင်းဝိဇ္ဇာ လေးယောက် သို့မဟုတ် ငါးယောက်အထိပူးပေါင်းတိုက်ခိုက်ရပေမည်။

ဤသည်မှာ အနိုင်ယူနိုင်ရန်လိုအပ်ချက်သာဖြစ်ကာ နှင်းငွေ့မိစ္ဆာသခင်အားသတ်ဖြတ်နိုင်ရန်မှာမူ လွန်စွာကြီးမားသည့်တန်ဖိုးတစ်ခုပေးဆပ်ရပေမည် ။

သိုင်းဝိဇ္ဇာများအတော်များများသေဆုံးသွားရနိုင်သည်။ ထို့အပြင် ခရမ်းရောင်သွေးလဂိုဏ်းဘက်မှ ဓားဘုရင်နှင့် သံမဏိဘုရင်တို့ကျန်ရှိနေသေးသည်။

ဂိုဏ်းကြီးခြောက်ဂိုဏ်းဘက်မှလည်း သူတို့၏ဂိုဏ်းသားများကိုစုစည်း၍ သိုင်းဝိဇ္ဇာအဆင့်များဦးဆောင်လာသည်ဟု သတင်းထွက်ပေါ်နေသည်။

ထို့ကြောင့် နှစ်တစ်ရာလျှင်တစ်ကြိမ်သာကြုံနိုင်သည့် ကမ္ဘာတုန်လောက်သည့်တိုက်ပွဲကြီးကိုကြည့်ရှုနိုင်ရန် သိုင်းလောကသားအများအပြားမှာ ကျုံးဟွာတောင်ရှိရာသို့ ဦးတည်၍လာရောက်နေကြသည် ။

&&&&

စူးဟိုင်မြို့

ထျန်ကျင်းပြည်နယ်မှ မြို့ငယ်လေးဖြစ်သည်။

စူးဟိုင်မြို၏ပတ်လည်တွင်သစ်တောကြီးများရှိကာာ တောင်ဘက်တွင် ဟူ‌ပေကျဲလောင်နယ်ချင်းစပ်လမ်းရှိသည်။ ထို့ကြောင့် စူးဟိုင်မြို့မှာ လူဦးရေနည်းပါးကာ အနည်းငယ်သောလူများသာ အရောင်းအဝယ်ပြုလုပ်ရန်လာရောက်လေ့ရှိသည်။

ယခင်ကစူးဟိုင်မြိုမှာ ခရီးသွားနည်းပါးသော်လည်း ယခုအခါတွင်မူနေ့စဉ် လူရာနှင့်ချီ၍ဝင်ထွက်နေကြသည် ။

ထိုလူများမှာလည်း ဂိုဏ်းအဖွဲ့အသီးသီးမှသိုင်းသမားများဖြစ်ကာ တစ်ကိုယ်တော်သိုင်းသမားများစွာလည်းပါဝင်သည် ။

အဖြူအနက်‌သိုင်းလောကသားများစုစုံလာကြသည့်အတွက် မြို့ငယ်လေးထဲတွင် သတ်ဖြတ်ပွဲများ ၊ တိုက်ခိုက်မှုများနေ့စဉ်ဖြစ်ပွားလျက်ရှိကာာပရမ်းပတာနိုင်လှသည်။

ယခင်ကအေးအေးချမ်းချမ်းနေလာသည့် သာမန်မြို့သသားများမှာ အိမ်ထဲတွင်တံခါးပိတ်ကာနေကာ သူတို့်မြို့၏ထူးခြားလှသည့်ဖြစ်ရပ်များကိုထိန်လန့်တုန်လှုပ်ကာ ပုံမှန်အတိုင်းပြန်ဖြစ်ပါစေဟု နေ့စဉ်ဆုတောင်းလျက်ရှိကြသည်။

အကြောင်းကား စူးဟိုင်မြို့၏ အရှေ့ဘက်တွင်ကျုံးဟွာတောင်ရှိကာ ကျုံးဟွာတောင်၏ပတ်လည်မိုင်နှစ်ရာအတွင်းတစ်ခုတည်းသောမြိုဖြစ်သည့်အတွက်ကြောင့်ပင်။

မိုးကောင်းကင်စားသောက်ဆိုင်

မိုးကောင်းကင်စားသောက်ဆိုင်မှာ စူးဟိုင်မြိုတွင်တစ်ခုတည်းသောစားသောက်ဆိုင်ဖြစ်သည်။

ခြောက်ကပ်နေသည့်မြို့ငယ်လေးမှာ စားသောက်ဆိုင်တစ်ခုနှင့်တည်းခိုခန်းတစ်ခုသာရှိကာ မိုးကောင်းကင်စားသောက်ဆိုင်မှာ ထိုနှစ်ခုထဲမှတစ်ခုဖြစ်သည်။

စားသုံးသူနည်းပါးသည့်ဆိုင်ဖြစ်သည့်အား‌လျော်စွာ ဆိုင်ရှိအစားအသောက်များသည်လည်း အနည်းငယ်ညံ့ဖျင်းပေသည်။။

သို့သော် ကျုံးဟွာတောင်မှစိန်ခေါ်ပွဲကိုစိတ်ရောက်နေကြသည့်သိုင်းသမားများကားထိုအစားအသောက်များကိုသာ ကြိတ်မှိတ်စားကြရသည်။

ထို့အပြင် မိုးကောင်းကင်စားသောက်ဆိုင်မှာ ထူးခြားချက်တစ်ခုရှိသည်။

ဆိုင်ထဲတွင်စားသောက်သည့်မည်သူမဆို ကျသင့်ငွေ့ကိုအပြည့်အဝပေးချေ‌ပြီးမှ ဆိုင်မှပြန်၍ထွကိခွာဝံ့သည်။

သို့မဟုတ်ပါက သိုင်းလောကထဲမှကျော်ကြားသည့်အဆင့်လွန်သိုင်းသမားများပင် ဆိုင်အစောင့်အရှောက်သိုင်းသမား၏လက်သီးကိုအရှုံးပေးကြရသည်။

ယနေ့လည်း မိုးကောကင်းကင်စားသောက်ဆိုင်တွင်စားသုံးသူများနှင့်စည်ာကားလျက်ရှိကာ ဆိုင်ထဲတွင်လူများပြည့်နှက်နေသည် ။

အသက်လေးဆယ်ကျော်ငါးးဆယ်အရွယ်လူကြီးတစ်ယောက်မှာ ဓားတစ်လက်ကိုကျောတွင်လွယ်ကာ အောက်သိုးသိုးမျက်မှာဖြင့်ဆိုင်ထဲသို့ဝင်လာသည် ။

ထိုလူမှ ဝူတန်းဂိုဏ်းသားဝတ်စုံကို ဖိုသီဖတ်သီဝတ်ဆင်ထားကာ အနည်းငယ်ပင်ပန်းနွယ်နယ်နေဟန်ရသည်။

ထိုလူ၏သွင်ပြင်မှာ သိုင်းသမားတစ်ဦးဖြစ်မှန်းသိသာသော်လည်း သူ၏မျက်နှာကမူ တစ်လောကလုံးသူ၏လုပ်စာထိုင်စား‌နေရသည့်ဟန်ဖြင့် တင်းမာခတ်ထန်လှသည် ။

ထိုလူမှာ ဆိုင်ထဲတွင်ပြည့်ကြပ်နေသည့်သိုင်းသမားများကိုတစ်ချက်ဝေ့ကြည့်ကာ ဆိုင်ထဲသို့ဝင်လာသည်။

ဆိုင်အတွင်းရှိသိုင်းသမားအနည်းငယ်မှာ ဂိုဏ်းကြီးငါးဂိုဏ်းထဲမှသိုင်းသမားတစ်ဦးဖြစ်သည့်အတွက်အနည်းငယ်အံ့အားသင့်နေကြသည်။

သူတို့သိထားသလောက် ဂိုဏ်းကြီးငါးဂိုဏ်းမှသိုင်းသမားများမျာ အလုံးအရင်းဖြင့်ကျုံးဟွာတောင်ပေါ်သို့သွားနေပြီဖြစ်သည်။

သူတို့လည်းနံနက်စားစားသောက်ပြီးပါက တိုက်ပွဲကြည့်ရန်ကျုံးဟွာတောင်သို့သွားမည်ဖြစ်သည်။

“ ထောက် “

ထိုလူမှာ ဝင်ပေါက်အနီးရှိစားပွဲတစ်လုံးမှ တူကို တိုက်ချသွားကာ ဆိုင်ထဲသို့ဆက်သွားသည်။

“ ဟေ့ကောင် ဘယ်လိုလုပ်လိုက်တာလဲ “

ထိုစားပွဲတွင်ထိုင်နေသည့်ထွားကြိုင်းသန်မာသည့်သိုင်းသမားမှ ဝုန်းခနဲထရပ်ကာ ဒေါသတကြီးမေးလိုက်သည် ။

ထိုလူကြီးမှာ အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထား၍နောက်ကျောတွင်ကြီးမားသည့်ပုဆိန်နှစ်လက်ကိုသိုင်းလွယ်ထားကာ တောင်ခွဲပုဆိန်ဟုအနက်ရောင်သိုင်းလောကတွင်နာမည်ကျော်ကြားသည့်အဆင့်လွန်သိုင်းသမားတစ်ဦးဖြစ်သည်။

သူ၏ဝိုင်းမှအခြားသိုင်းသမားသုံးယောက်သည်လည်းနာမည်ရှိသိုင်းသမားများဖြစ်ကြသည်။ ထိုလူစုမှာ ဝူတန်းဂိုဏ်းသားကိုဘုကြည့်ကြည့်နေကြသည်။

ဝူတန်းဂိုဏ်းသားမှာ သူ့ကိုရည်ရွယ်၍ပြောသည်ကိုမသိပေ။ မျက်မှောင်ကြီးကြုတ်လျက် စားပွဲလွတ်များကိုရှာဖွေနေသည်။

တောင်ခွဲပုဆိန်မှာ ထိုလူမှသူ့ကိုလျစ်လျူရှူထားသည်ဟုထင်ကာ သူ၏မျက်နှာမဲမှောင်သွားသည်။ ထို့နောက် သတိပေးခြင်းမရှိဘဲ ထိုလူ၏နောက်ကျောကိုလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

သိုင်းသမားချင်းတိုက်ခိုက်ရာတွင် နောက်ကျောဘက်မှအလစ်တိုက်ခိုက်ခြင်းမှာ လွန်စွာအောက်တန်းကျသော်လည်း ထိုလူမှာမူ သိုင်းလောကစည်းမျဉ်းများကို ဂရုစိုက်ခြင်းမရှိပေ။

ထို့အပြင် သာမန်အချိန်များတွင်ဂိုဏ်းကြီးခြောက်ဂိုဏ်းမှဝူတန်းဂိုဏ်းသားကို ထိုကိစ္စလေးဖြင့်ရန်စဝံ့

မည်မဟုတ်သော်လည်း ယခုအခါဂိုဏ်းကြီးခြောက်ဂိုဏ်းမှာ နှင်းငွေ့မိစ္ဆာသခငိနှင့်အသေအကြေတိုက်ရမည်ဖြစ်ကာ ကျန်ဝူတန်းဂိုဏ်းသားများမှာလည်းကျုံးဟွာတောင်ပေါ်သို့ရောက်နေပြီဖြစ်၍ တိုက်ခိုက်ရဲခြင်းဖြစ်သည်။

“ ဝုန်း.... “

“ ခွမ်း..... “

ထိုလူ၏ခန္တာကိုယ်မှာ ရှေ့ဘက်သို့ရောက်သွားကာ စားပွဲတစ်လုံးကိုလက်ထောက်လိုက်ရသည်။

ဆိုင်အတွင်းရှိလူအားလုံးမှာ ထိုနေရာသို့အာရုံရောက်သွားကြကာ သိုင်းသမားနှစ်ယောက်တိုက်ခိုက်ကြတော့မည်ဖြစ်၍ စိတ်အားတတ်ကြွလာကြသည်။

အချို့လူများမှာမူ မျက်စိမျက်နှာပျက်ကာ ထိတ်လန့်သွားသည့်ဟန်ပင် ။

အံ့ဩဖွယ်ကောင်းစွာ ထိပ်တန်းအဆင့်သိုင်းသမားတစ်ယောက်ကိုသွေးပွတ်ပွတ်အန်သွားစေသည့်လက်သီးချက်မှာ ဝူတန်းဂိုဏိးသားကိုဘာမှဖြစ်မသွားစေပေ။

“ မင်းကတိုက်ခိုက်ချင်တာလား “

ဝူတန်းဂိုဏ်းသားမှ အေးစက်နေသည့်လေသံဖြင့်မေးကာ သူ၏ခန္တာကိုယ်မှ အားကောင်းလှသည့်အငွေ့အသက်များထွက်ပေါ်လာသည် ။

အစောပိုင်းကတိုက်ခိုက်မှုတွင် သူ၏နောက်ကျောသို့အတွင်းအားဖြင့်အလိုအလျောက်ခုခံမိခြင်းမရှိပါက သူ၏အဆင့်ဖြင့်ပင် အနည်းငယ်ထိခိုက်စေမည်ဖြစ်သည်။

တောင်ခွဲပုဆိန်၏ဝိုင်းမှလူများနှင့် အနီးအနားမှထိပ်တန်းအဆင့်သိုင်းသမားများမှာ ထိုဖိအားကြီး၏အောက်တွင်အသက်ရှူကြပ်လာသလိုခံစားလိုက်မိကာ တောင်ခွဲပုဆိန်လည်း တဆက်ဆက်တုန်ယင်လာသည်။

“ မဟုတ်ပါဘူး ကျုပ် ကျုပ်တောင်းပန်ပါတယ် “

တောင်ခွဲပုဆိန်မှာ သူ၏လည်ကုတ်ပေါ်တွင်အေးစက်သည့်ဓားသွားတစ်ခုတင်ထားသလိုခံစားလိုက်မိကာ အလျှင်အမြန်တောင်းပန်လိုက်သည်။

“ ထွက်သွားစမ်း “

ဝူတန်းဂိုဏ်းသားမှ ထိုလူများကိုဂရုစိုက်ခြင်းမရှိဘဲ ထောင့်မှစားပွဲလွတ်သို့လျှောက်သွားလိုက်သည်။

“ ဟုတ် ဟုတ်ကဲ့ *

တောင်ခွဲပုဆိန်နှင့်သူ၏လူသုံးယောက်မှ အလျှင်အမြန်ဦးညွတ်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အပြေးတစ်ပိုင်းထွက်သွားလိုက်ကြသည်။

All Chapters